June 2023

Branding လုပ်တယ်ဆိုတာ

ပိုက်ဆံရှာတာထက်ပိုက်ဆံလာအောင်လုပ်တာက အမှတ်တံဆိပ်တည်ဆောက်ခြင်းပဲ။Branding လုပ်တယ်ဆိုတာသံလိုက်ဓာတ်တည်ဆောက်တာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Branding လုပ်တယ်ဆိုတာ Read More »

ကိုယ်မပါရုံတင်မဟုတ်ဘူး။
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတွေပါ
တည်ဆောက်လို့ရတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်လို့အရမ်းမခက်တဲ့ လုပ်ငန်းတွေထဲမှာ “Digital Business” တွေပါဝင်ပါတယ်။ ကိုယ်မပါရုံတင်မဟုတ်ဘူး။အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတွေပါတည်ဆောက်လို့ရတယ်။ Digital Product/ Service လုပ်တဲ့ထဲမှာApp, software, website ကစလို့သတင်းအချက်အလက် ကုန်ပစ္စည်းInformation products တွေ ပါဝင်တယ်။Digital content library ကို ငှါးတဲ့လုပ်ငန်းတွေ ပါဝင်တယ်။ တစ်ခါတည်းရောင်းတဲ့ model သွားသလို၊SaaS လို့ခေါ်တဲ့ Software-as-a-Service သွားတယ်။Content-as-a-service သွားတယ်။PaaS လို့ခေါ်နဲ့ Platform-as-a-service သွားတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါရုံတင်မဟုတ်ဘူး။
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတွေပါ
တည်ဆောက်လို့ရတယ်။
Read More »

လုပ်ငန်းနှစ်မျိုးရှိတယ်။

လုပ်ငန်းနှစ်မျိုးရှိတယ်။ တစ်မျိုးက အကြီးကြီးလုပ်ချင်တာ။တမျိုးက ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်ချင်တာ။ ရည်ရွယ်ချက်ပေါ်မူတည်ပြီးဒီိဇိုင်းလုပ်တဲ့ပုံစံမတူဘူး။ ပထမတစ်ခုအတွက် စျေးကွက်ကြီးတဲ့ mass market ကိုသွားတယ်။ ဒုတိယတစ်ခုအတွက်ဒိုင်လျိုလေး niche market ကိုသွားတယ်။ Niche Market ကိုကြားဖူးလားအမျိုးတို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

လုပ်ငန်းနှစ်မျိုးရှိတယ်။ Read More »

ကိုယ်အစွမ်းအစရှိသလောက်ပဲ
ကိုယ့်လုပ်ငန်းတိုးတက်တယ်။

အလုပ်ထွက်မည့်သူကိုအသစ်ဝင်မည့်သူအား training ပေးခိုင်းတာဖြစ်နိုင်ရင် မလုပ်တာကောင်းတယ်။ ထွက်တော့မည့်သူက ကုမ္ပဏီကိုချစ်ကောင်းချစ်လိမ့်မယ်။ ဒါပေမယ့် သူ့မှာ ပိုကောင်းတဲ့ သို့ပိုကောင်းတယ်လို့ ယူဆတဲ့ အခွင့်အလမ်းတစ်ခုရှိလို့ ကုမ္ပဏီက ထွက်တတ်ကြတယ်။ အဲ့ဒီအချိန် ထွက်မည့်ဝန်ထမ်းကို အသစ်ဝင်တဲ့ဝန်ထမ်းကိုအစအဆုံးသင်ပေးလိုက်ဆိုပြီးအလွယ်လုပ်မိတတ်ကြတယ်။ Over ပေးတာပေးလို့ရပေမယ့်နှစ်ယောက်ထဲလွတ်ထားတာကုမ္ပဏီအတွက် ရေရှည်မကောင်းဘူးလို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့လူဟောင်းကထွက်သွားပေမယ့်လူဟောင်းရဲ့ အိုင်ဒီယာတွေကလူသစ်မှာ ကျန်နေခဲ့နိုင်တယ်။ ကိုယ်အစွမ်းအစရှိသလောက်ပဲကိုယ့်လုပ်ငန်းတိုးတက်တယ်။ တချို့အတွေအတွက်ကကိုယ်မပါရင် ကုန်သွားလိမ့်မယ်။ ဒါကို လုပ်ငန်းကို တကယ်လုပ်ဖူးတဲ့လုပ်ငန်းရှင်တွေပဲ နားလည်လိမ့်မယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ကိုယ်အစွမ်းအစရှိသလောက်ပဲ
ကိုယ့်လုပ်ငန်းတိုးတက်တယ်။
Read More »

ဘဝကို ဘာကြောင့် အထာကျကျ
ဖြတ်သန်းဖို့ အချက် ၁၅ ချက်

၁။ ဘူကောင်တွေကိုရှောင်။၂။ လိုချင်တာတွေကိုပဲ အာရုံစိုက်။၃။ ကိုယ့်ကို စိတ်ဒုက္ခပေးနိုင်မည့်သူတွေရဲ့ အဝေးမှာနေ။၄။ ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တဲ့အလုပ်ကို စိတ်ပါပါမပါပါ လုပ်။၅။ နေ့စဥ် ကိုယ့်ကိုကိုယ် ပိုကောင်းအောင်ပဲတည်ဆောက်။၆။ စိတ်ရှည်။၇။ စိတ်မှတ်ရှိ။၈။ ကိုယ့်အတွက် အရေးမပါတဲ့လူတွေရဲ့အထင်အမြင်ကို အရာမပေးနဲ့။၉။ အတွေးအခေါ်တွေကို ဂရုစိုက်။၁၀။ အကြွေး personal debt မယူနဲ့။၁၁။ ပိုက်ဆံကို လျှောက်မသုံးနဲ့။ အကုန်လုံးမရင်းနှီးလိုက်နဲ့။ ငွေဆိုတာ စွမ်းအင်ဆိုတာ သတိပြု။ သူ့ကိုချစ်မှ သူပြန်ချစ်မှာ။ ၁၂။ နေ့စဥ် ကိုယ်သွားနေတဲ့ ပန်းတိုင်နဲ့ ပိုနီးအောင်လုပ်။ ငွေတစ်ခုတည်းအတွက် အလုပ်မလုပ်နဲ့။ ငွေထက်ပိုအရေးကြီးတာ အချိန်။ ၁၃။ အချိန်မဆွဲနဲ့။၁၄။ စိတ်ညစ်စရာရှိရင် ဖြေရှင်း။ Feel ခံမနေနဲ့။ ၁၅။ အခြေအနေကို ပြောင်းလို့မရရင် အတွေးအခေါ်ကိုပြောင်း။ Phyo Paing @

ဘဝကို ဘာကြောင့် အထာကျကျ
ဖြတ်သန်းဖို့ အချက် ၁၅ ချက်
Read More »

ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တဲ့
သူတွေကြောင့် အဖွဲ့အစည်းက
ရှေ့မရောက်တတ်ကြဘူး။

လူတစ်မျိုးရှိတယ်။ ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တာ။ စွန့်ဦးတီထွင်တွေ၊ စွမ်းဆောင်ရည်မြင့်တဲ့သူတွေ၊ စွမ်းဆောင်ရည်မြင့်တဲ့ ဦးဆောင်သူတွေကဘယ်တော့မှ သူတို့ကိုယ်သူတို့ အမြဲမှန်တယ်လို့ မထင်ဘူး။ ဒီတော့ ပြုပြင်ပြောင်းလဲရမှာဘယ်တော့မှ မကြောက်ဘူး။ ငါထင်တဲ့ ယူဆချက် assumption တွေမမှန်ကြောင်း ရလဒ်တွေကပြတဲ့အခါသွားနေတဲ့လမ်းကြောင်း၊ လုပ်ရပ်တွေကို ပြောင်းရဲတဲ့သတ္တိရှိတယ်။ အမြင်သာဆုံးက လီကွမ်းယူပဲ။ သူတို့ချမှတ်ထားတဲ့ စီမံကိန်းတွေအလုပ်မဖြစ်တာတွေဖြစ်လာတဲ့အခါခေါင်းခံပြီး ငြင်းမနေဘူး။ ဟုတ်တယ်အလုပ်မဖြစ်ဘူး။ ငါတို့ ဒီကနေ သင်ခန်းစာယူမယ်။ဘာသင်ခန်းစာတွေရသလဲ။နောက်တစ်ခါ ဘယ်လိုပိုကောင်းအောင်လုပ်မလဲ စဥ်းစားတယ်။ ဒါကြောင့် အောင်မြင်ရေး ဖော်မြူလာကအလုပ်ဖြစ်တာ၊ မဖြစ်တာသိ။ အလုပ်ဖြစ်တာလုပ်တဲ့။ ကိုယ့်ကိုကိုယ် အမြဲမှန်တယ်လို့ထင်တဲ့သူတွေကြောင့် အဖွဲ့အစည်းကရှေ့မရောက်တတ်ဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တဲ့
သူတွေကြောင့် အဖွဲ့အစည်းက
ရှေ့မရောက်တတ်ကြဘူး။
Read More »

ပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူ
ဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။

သူငယ်တန်းကလေး အယောက် ၁၀၀ ဝိုင်းဖြေလဲဆယ်တန်းကအောင်မှာမဟုတ်ဘူး။အဲ့လိုပဲ ကိုယ့်လုပ်ငန်းမှာလူအယောက် ၁၀၀ ရှိတာကောင်းတယ်။အဲ့အယောက် ၁၀၀ မှာA player ကောင်းကောင်းပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။ ကိုယ့်ရဲ့ ဦးဆောင်တဲ့ team ရဲ့brain power ကို အဓိကမြင့်ထားဖို့လိုတယ်။ လူတော်တွေကို train မှလုပ်ငန်းခုန်ပျံကျော်လွှားတိုးတက်မှာ။ လူတွေမှာ A player, B player, C player ရှိတယ်။စွမ်းဆောင်ရည်၊ စွမ်းအင်၊ စိတ်ဓာတ်၊စဥ်းစားပုံ မတူကြဘူး။ ဒီ စ “၄” လုံးမတူတဲ့အတွက် သင်တန်းမပေးခင်အဆင့်အလုပ်ခေါ်တဲ့အဆင့်၊ရွေးချယ်တဲ့အဆင့်က သင်တန်းပေးတဲ့အဆင့်ထက် ပိုအရေးကြီးတယ်။ ဒီလို လူတော်တွေ A player တွေလာအောင်ကိုယ့်လုပ်ငန်းက C player တွေအများကြီး မဖြစ်နေဖို့လိုတယ်။နောက် ဦးဆောင်သူကလဲကိုယ့်ကိုကိုယ် ဖြည့်ထားဖို့အရေးကြီးတယ်။ Phyo Paing @

ပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူ
ဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။
Read More »

“သတင်းအချက်အလက်” တွေက
လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။

သတင်းအချက်အလက်တွေပေါ်မူတည်ပြီး“သေချာစုစည်း” နိုင်ရင် “ပညာ”ဖြစ်တယ်။ပညာက အရာရာကို သတိပြုနားလည်သဘောပေါက်ခွဲခြားစိတ်ဖြာလုပ်ဆောင်နိုင်စွမ်းကိုပေးတယ်။ ဒီ ပညာကို နေ့စဥ်အသုံးချမှုလုပ်ဆောင်ပြီးလေ့ကျင့်ရင် အချိန်တစ်ခုရောက်ရင်ကျွမ်းကျင်မှု တစ်ခုဖြစ်တယ်။ နေ့စဥ် သတင်းအချက်အလက်အသစ်တွေနဲ့ကိုယ့်ရဲ့ “ပညာဘဏ်” knowledge bank ကို တိုးတက်အောင် လုပ်ပြီးကိုယ်လုပ်တဲ့အလုပ် နေ့စဥ်ပိုကျွမ်းကျင်ရမယ်။Skill ပိုတိုးတက်လာရမယ်။ Phyo Paing @ Derek

“သတင်းအချက်အလက်” တွေက
လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။
Read More »