June 2023

မြင်ကားမြင်၏ မတွေ့
ဒီလိုမဖြစ်အောင် စနစ်လိုတယ်။

ဒီနေ့ခေတ်လို ရွေးချယ်စရာတွေများတဲ့ခေတ်မှာကိုယ့်ကို ကိုယ့်လုပ်ငန်း၊ ကုန်ပစ္စည်း၊အမှတ်တံဆိပ်ကို လူတွေမှတ်မိခံစားနိုင်ဖို့ကွဲထွက်နေဖို့လိုတယ်။ ကိုယ်က post တွေတက်လိုက်တယ်။လူတွေမြင်အောင် boost လိုက်တယ်။မြင်တော့မြင်တယ် မတွေ့သွားဘူး။ လူတွေထင်တာ မြင်တိုင်းတွေ့တယ်လို့ထင်တာ။မဟုတ်ပါဘူး။ဒါကြောင့် မားကတ်တင်းမှာSee-Think-Do ဆိုတဲ့ framework လေးရှိတယ်။ မြင်ပြီးတွေ့ဖို့ ကိုယ်တင်လိုက်တဲ့စာ၊ ဓာတ်ပုံ၊ ဗီဒီယို content တစ်ခုကလူတွေကို ခဏရပ် စဉ်းစားသွားစေဖို့လိုတယ်။ မြင်ကားမြင်၏ မတွေ့ ဒီလိုမဖြစ်အောင် စနစ်လိုတယ်။ Phyo Paing @ DerekGuerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မြင်ကားမြင်၏ မတွေ့
ဒီလိုမဖြစ်အောင် စနစ်လိုတယ်။
Read More »

မားကတ်တင်းဆိုတာ အထာပဲ။

LV သွားဝယ်ရင် အိတ်ကို လက်ဗလာနဲ့ မကိုင်ဘူး။ လက်အိတ်စွပ်ပြီးကိုင်တယ်။ဒီအတိုင်း ကောင်တာပေါ်မချဘူး။Tray ပေါ်တင်ပြီးမှ ချတယ်။ Item လို့မသုံးဘူး။ Collection ဆိုတဲ့ စကားလုံးသုံးတယ်။ စျေးလျော့မလားလို့ ဘယ်သူမှမပေးဘူး။မရောင်းရရင် ဖျက်စီးလိုက်တယ်။ဒစ်စကောင့်မပေးဘူး။ Luxury ဆိုတာရောင်းတဲ့အခါ Brand မှာ အထာလေးတွေ ရှိတယ်။ Apple ဘယ်တော့မှ ကောင်မလေးတွေPromo တွေခေါ်ပြီးဆိုင်ရှေ့မှာ ကတာလုပ်တာ မတွေ့ဖူးဘူး။ လော်စပီကာအကျဲကြီးနဲ့အော်ပြီးစျေးတွေချတာ မလုပ်ဘူး။ လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။ကိုယ့်လုပ်ငန်းအထာက ကိုယ်ဆက်သွားမည့် ရည်မှန်းချက်ပန်းတိုင်နဲ့ကိုက်သလား။ စျေးကြီးတိုင်း luxury brand မဖြစ်ဘူး။Brand တိုင်းမှာ အထာလိုတယ်။စျေးကြီးမှ brand ဖြစ်တာလဲမဟုတ်ဘူး။ လုပ်ငန်းတိုင်းမှာ ကိုယ်တိုင်ရဲ့အထာလိုတယ်။ နာမည်မကြီးခင်ကတည်းကကိုယ့် brand ရဲ့ရပ်တည်ချက်ကိုသေချာသိဖို့လိုတယ်။ သူများတွေလုပ်တိုင်း လိုက်မယောင်မိဖို့လိုတယ်။ ကတာမကောင်းဘူးပြောချင်တာတော့မဟုတ်ဘူး။ကိုယ့် brand ရဲ့အထာဆိုရင်လုပ်တာမမှားဘူး။ ကိုယ့်အထာနဲ့ကိုယ်။ အနာနဲ့

မားကတ်တင်းဆိုတာ အထာပဲ။ Read More »

Differentiate or Die

ကိုယ့်မားကတ်တင်းမအောင်မြင်တာ“Me Too” ဖြစ်နေလို့။ သူက အဲ့စျေးလား၊ ငါလဲ အဲ့စျေးပေးတယ်။ သူ့ ပုံစံအတိုင်း ငါလုပ်ပေးလို့ရတယ်။ဒါဆို “Me Too” ဖြစ်နေပြီ။ မားကတ်တင်းမှာ Differentiate or Die လို့ကျွန်တော်ကတော့ နာမည်ပေးထားတယ်။ မတူအောင်လုပ်မှာလား၊ ကျဆုံးမှာလား။ မတူအောင်လုပ်တာကို မားကတ်တင်းမှာ positioning လိုခေါ်တယ်။ လူတွေရဲ့ နှလုံးသားတစ်ထောင့်မှာဘယ်လို ပုံစံနေရာယူမလဲဆိုတဲ့ ကြိုးစားအားထုတ်မှုပဲ။ ဘယ်လိုပုံစံ positioning လုပ်ကြသလဲဆိုအလွယ်ကူဆုံး 7 P နဲ့လုပ်တယ်။ ၁။ ဒီဇိုင်းကာလာ ဘာညာအနေအထားနဲ့မတူညီအောင်လုပ်လို့ရတယ်။ ဒါကို Product လို့ခေါ်တယ်။ ဖောက်သံမလိုတဲ့ နို့ဆီဗူးဆို One Tea ကို ပြေးမြင်သလိုပေါ့။ ၂။ ပေါချောင်ကောင်းဖုန်းလို့ပြောလိုက်ရင်ကွာလတီကောင်းပြီး စျေးသက်သာတယ်ဆိုတဲ့Xiaomi ဖုန်းတွေကို ပြေးမြင်တတ်ကြတယ်။ ဒါကိုတော့ စျေးနှုန်း Price

Differentiate or Die Read More »

မားကတ်တင်းဆိုတာ

ကိုယ့်ဖောက်သည်တွေကို တခြားသူတွေထက် အနားလည်ဆုံးဖြစ်အောင်ကြိုးစားအားထုတ်တာ။ ကိုယ့်ဖောက်သည်တွေကို သူတို့နားလည်တာထက် ပိုနားလည်နေတာ။ ဒါက အရေးအကြီးဆုံးပဲ။ ပြီးမှ ကျန်တာလာတယ်။ Guerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မားကတ်တင်းဆိုတာ Read More »

အသက် ၁၀၀ မနေရ၊
အမှု ၁၀၀ တွေ့ရတတ်တာ
သဘာဝပါပဲ။

လူတိုင်းကိုယ့်က သဘောကျရမယ်ဆိုတာမဖြစ်နိုင်ဘူးလေ။ ပုထုဇဥ်ဖြစ်တဲ့အတွက် အမှားကလဲလုပ်မိမှာပဲ။ လူမှုကွန်ယက်မှာလဲ အလားတူပဲ။မီးလောင်ကျွမ်းတာ အင်မတန်မြန်တယ်။ ပျံ့နှံ့မှု လောင်ကျွမ်းမှု မြန်ဆန်တဲ့အတွက်Social Media PR ကလဲ အရေးကြီးတယ်။ လူတွေကိုယ့်ကို အထင်လွဲရင်ဒီအထင်လွဲတဲ့ အထင်အမြင်ကိုဘယ်လို ပြန်ဖြည်မလဲ reframe လုပ်မလဲ။ ကိုယ်စဥ်းစားတဲ့ပုံစံကို လူတွေနားလည်အောင်ဘယ်လို ပြန်ပြောမလဲ တော်တော် အရေးကြီးတယ်။ ဘဝမှာလဲ အကြိမ်ကြိမ် လူမှုကွန်ယက် မီးတွေကြုံရခဲ့ဖူးတယ်။လူတွေရဲ့ narrative ကိုပြန်ပြောင်းဖို့ အတတ်ပညာလိုတယ်လို့ထင်တယ်။ဒါကတော့ Social Media PR ပဲ။ Guerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

အသက် ၁၀၀ မနေရ၊
အမှု ၁၀၀ တွေ့ရတတ်တာ
သဘာဝပါပဲ။
Read More »

မားကတ်တင်းမှာလဲ အတွေးအခေါ်ရှိတယ်။

ဒီလို အတွေးအခေါ်ရှိတဲ့သူတွေကိုMarketing Thought Leaders လို့ခေါ်တယ်။ ဟိုးအရင် ခေတ်ကဆို လူတွေကို စိတ်ညစ်အောင်လုပ်ပြီးမားကတ်တင်းလုပ်ကြတယ်။ TV ဇာတ်ကားကြည့်လို့ကောင်းနေချိန်ကြော်ငြာကြီးထိုးပြတာမျိုး။ ဆိုင်ထိုင်နေတဲ့အချိန် အာရုံစိုက်မှုမရရအောင် နှောက်ယှက်ပြီး မားကတ်တင်း လုပ်တာမျိုး။မသိတဲ့သူတွေရဲ့ ဖုန်းတွေခေါ်မားကတ်တင်းလုပ်တာမျိုး။ Cold call လုပ်တာမျိုးပေါ့။ ဒါတွေကို Interrupted Marketing လို့ခေါ်တယ်။ Email တွေခေတ်မစားခင်မှာ Seth Godin ကခွင့်တောင်းပြီး မားကတ်တင်းလုပ်ဖို့ Permission Marketing စာအုပ်ကိုရေးတယ်။ဝက်ဝက်ကွဲအောင်မြင်တယ်။MBA အတန်းတွေမှာ ခုထိသင်ရတယ်။ Email Marketing လုပ်တဲ့အခါဆို Marketing funnel မားကတ်တင်းကတော့တည်ဆောက်တဲ့အခါOpt in လို့သုံးတယ်။ ဒီ PDF လေး download free ယူမလား၊email ထားခဲ့။ အဲ့ဒီ စနစ်မျိုးကို သွားတယ်။ အဲ့လို မားကတ်တင်းပိုင်းမှာလဲ

မားကတ်တင်းမှာလဲ အတွေးအခေါ်ရှိတယ်။ Read More »

Marketing 1.0 to 5.0

အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။ နောက် အဖေ၊ အမေ လက်ထက်ကျတော့လက်ဟောင်းပဲ ယူချင်တယ်။စထုတ်တုန်းအရည်အသွေးကောင်းပြီးရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။ အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ကျွန်တော်ကတော့ “Me Marketing” လို့အတိုကောက်နာမည်ပေးတယ်။“ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး”မားကတ်တင်းပေါ့။ သာကောတို့ လက်ထက်ရောက်တော့ရွေးချယ်စရာတွေက စများလာပြီလေ။ ထုတ်လုပ်နိုင်လာပြီ။ စက်မှုတိုးတက်မှုက ရေနွေးငွေ့နဲ့တိုးတက်တဲ့ Industrial revolution 1.0 လျပ်စစ်မီးပေါ်လာတဲ့ Industrial revolution 2.0 အင်တာနက်နဲ့ အိုင်တီပေါ်တဲ့ Industrial revolution 3.0

Marketing 1.0 to 5.0 Read More »

ချမ်းသာကြွယ်ဝမှုတည်ဆောက်တဲ့
အဆင့်လေးဆင့်

၁။ အချိန်ရောင်းတာရေပိုက်ပြင်တဲ့သူဆိုပါတော့။အိမ်တစ်အိမ်ရေပျက်တဲ့အချိန်ရေပိုက်လာပြင်ပေးတာ။လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းအနေနဲ့အချိန်ရောင်းတာ။ ၂။ ရလဒ်ရောင်းတာProject တစ်ခုတာဝန်ယူပြီးလုပ်တာ။အိမ်ဆောက်တာနဲ့ဆိုကန်ထရိုက်တာ ပုံစံမျိုးပေါ့။Contract နဲ့ လုပ်တာ။ ၃။ အမှတ်တံဆိပ်တည်ဆောက်ပြီးလုပ်တာ။ဥပမာ property developer ဆိုပါတော့ဒီ Condo ကို တည်ဆောက်တယ်ဆိုပြီးမြေနေရာမှာ condo ဆောက်ရောင်းတဲ့အခါဖြစ်ပေါ်လာတဲ့ တန်ဖိုးကမြေပိုင်ရှင်ခိုင်းတဲ့အပေါ်မှာတိုက်ဆောက်ပေးတာထက် တာဝန်ယူမှုတာဝန်ခံမှုလဲ များလာသလိုပြန်ရနိုင်တဲ့အမောင့်ကလဲ များတယ်။ ၄။ ငွေကြေးရင်းနှီးမြုပ်နှုံမှုကိုယ့်ဆီမှာ property developer တွေနဲ့relationship ကောင်းတယ်။နောက် သူတို့ငွေလိုတဲ့အခါတိုင်းproject မစခင်တိုင်းမှာ နေရာကောင်းတချို့ကိုကြိုပြီး ရင်းနှီးမြုပ်နှံမှုလုပ်ထားလို့ရတဲ့အခွင့်အရေးရတယ်ဆိုပါတော့။ဒါက wealth creation ရဲ့နောက်တစ်ဆင့်။ သေချာတာတစ်ခုကတော့အချိန်ပဲရောင်းနေရင်ချမ်းသာကြွယ်ဝမှုဖြစ်စဥ်မှာအချိန်အများကြီးပိုကြာနိုင်တယ်။​ ဒီတော့ လူနဲ့ ငွေကိုအသုံးပြုပြီးလုပ်ငန်းတွေချဲ့ကြတယ်။ဒီနေ့မှာတော့ Naval Ravikantpermissionless leverageဆိုတဲ့ အယူအဆပေါ်လာပြီ။​Media နဲ့ Code ကို အသုံးချနိုင်ရင်ချမ်းသာကြွယ်ဝမှုကိုမြန်မြန်တည်ဆောက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့software နောက်တစ်ခုကိုပြန်ဖန်တီးမှုကုန်ကျစရိတ် marginal costအရမ်းနည်းတယ်။နောက် media ကို လွှမ်းမိုးနိုင်တယ်ဆိုကြော်ငြာစရိတ်ကို

ချမ်းသာကြွယ်ဝမှုတည်ဆောက်တဲ့
အဆင့်လေးဆင့်
Read More »

အနာဂတ်ရဲ့ ဘီလီယံဒေါ်လာကုမ္ပဏီက
လူသုံးယောက်လောက်နဲ့ ဖြစ်သွားမယ်တဲ့

အရင်ခေတ် ဘီလီယံဒေါ်လာကုမ္ပဏီလုပ်ဖို့လူအယောက် တစ်သောင်းကျော်လောက်လိုတယ်။နောက် နည်းပညာပေါ်လာတော့တစ်ထောင်လောက်ပဲလိုတော့တယ်။အင်တာနက်ခေတ်မှာInstagram ဆို လူ ၁၃ ယောက်လောက်နဲ့တစ်ဘီလီယံတန်ဖြစ်သွားတယ်။ဒါက Exponential Transformation ဆိုတဲ့စာအုပ်က။ အနာဂတ်ရဲ့ ဘီလီယံဒေါ်လာကုမ္ပဏီကလူသုံးယောက်လောက်နဲ့ ဖြစ်သွားမယ်တဲ့။တစ်ယောက်က CEO (Chief Executive Officer)နောက်တစ်ယောက်က CAO (Chief AI Officer)နောက် COO (Chief Operating Officer)ကျန်တဲ့ အသေးစိတ်လုပ်ဆောင်တာAI ကိုခိုင်းလို့ရတဲ့အဆင့်ဖြစ်လာမယ်။ဒါကို ExO (Exponential Organizations) လို့ခေါ်တယ်။တရုတ်မှာ 2018 ကလေးရက်ကို တစ်ဘီလီတန်ကုမ္ပဏီတစ်ခုပေါ်နေတာ။ဒါကိုတော့ unicorn လို့ခေါ်တယ်။ အခုတောင် email ရေးတာ၊JD ရေးတာ AI ပဲရေးခိုင်းလာကြတော့ဖြစ်နိုင်တယ်။ အဘိုးအဖေခေတ်က နှစ်တစ်ရာလောက်လုပ်ခဲ့တာကိုယ့်အလှည့်မှာ တစ်လနဲ့လဲ ဖြစ်လာနိုင်တယ်။ နည်းပညာစွမ်းပကားကိုအသုံးချနိုင်ဖို့လိုတယ်။Guerrilla Marketing Coach – Myanmar ကharness the power

အနာဂတ်ရဲ့ ဘီလီယံဒေါ်လာကုမ္ပဏီက
လူသုံးယောက်လောက်နဲ့ ဖြစ်သွားမယ်တဲ့
Read More »

လုပ်ငန်းလုပ်တယ်ဆိုတာ
ကိုယ်လိုချင်တဲ့ ဘဝတည်ဆောက်ချင်လို့။
ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။

ဒါကြောင့် အနာဂတ်မှာဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ နေ့စဥ်လုပ်နေတဲ့ အလုပ်တွေနဲ့ လမ်းကြောင်းတူ alignment ညီဖို့သေချာ ဒီဇိုင်းလုပ်ရတယ်။ ကိုယ့်ဝန်ထမ်းစရိတ်တွေကိုပေးတဲ့ ကုန်ကျစရိတ်က passive income/digital product/ byproduct က လာဖို့လိုတယ်။မဟုတ်ရင် တစ်လတစ်လ ရုန်းကန်နေရတာနဲ့မပြီးနိုင်တဲ့ ဘဝဆိုတာ လုပ်ငန်းရှင်တွေပဲ သိနိုင်လိမ့်မယ်။ လုပ်ငန်းလုပ်တယ်ဆိုတာ ကိုယ်လိုချင်တဲ့ ဘဝတည်ဆောက်ချင်လို့။ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းလုပ်တယ်ဆိုတာ
ကိုယ်လိုချင်တဲ့ ဘဝတည်ဆောက်ချင်လို့။
ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။
Read More »