PhD ဆိုတာ Doctor of Philosophy Philo ဆိုတာ Philia ဆိုတဲ့ ဂရိစကားကလာတယ်။ ချစ်တယ်လို့ အဓိပ္ပာယ်ရတယ်။ – Sophy ဆိုတာ ဥာဏ်ပညာ၊ သင်ယူမှု၊ အသိပညာကိုခေါ်တာ။ Philosophy ကို မြန်မာလို အတွေးအခေါ်ပညာလို့ခေါ်တယ်။ ဒဿနလို့လဲခေါ်တယ်။ မားကတ်တင်းလုပ်တယ်ဆိုတာ လူတွေကို ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေပဲရောင်းတာမဟုတ်ဘူး။ ဒဿနတွေ ရောင်းရတယ်။ အတွေးအခေါ်တွေရောင်းရတယ်။အိုင်ဒီယာတွေ ရောင်းရတယ်။ အမှတ်တံဆိပ်ရဲ့ အတွေးအခေါ်ပညာကိုBrand philosophy လို့ခေါ််တယ်။ စီမံခန့်ခွဲမှု အတွေးအခေါ်ကို Management Philosophy လို့ခေါ်တယ်။ တရုတ်တွေ စီမံခန့်ခွဲတဲ့ ဒဿန၊ဂျပန်တွေ စီမံခန့်ခွဲတဲ့ ဒဿန၊အမေရိကန်တွေ စီမံခန့်ခွဲတဲ့ ဒဿန မတူဘူး။ ကိုယ့် ဒဿန ကိုယ်ရှိ။ ကိုယ့် ဒဿန ကိုယ်သိ။ ကိုယ့်