August 2023

ဒီခံယူချက် အမြဲထားတယ်။

ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့နယ်ပယ်မှာကိုယ်ကတော့ ဆရာအကျဆုံးဖြစ်ရမယ်။ ဒီခံယူချက် အမြဲထားတယ်။ Raphael က အသက် ၃၀ လောက်မှာနန်းတော်ကြီးတွေပိုင်ပြီ။သူ့ပန်းချီကားတွေ အောင်မြင်တယ်။ကျွန်တော်သူ့ကို အားမကျဘူး။သူက သူများထွင်ထားတဲ့ဖော်မြူလာနဲ့သွားတယ်။ အဲ့အချိန်Leonardo Da Vinci က အခန်းကျဉ်းလေးမှာမိုနာလီဇာ ပန်းချီကားကိုဆွဲနေတယ်။သူ့အလင်းသီအိုရီတွေ၊ ခန္ဓာဗေဒတွေသေချာလေ့လာပြီး ဖန်တီးနေတယ်။သူ့ဖော်မြူလာသူသေချာတီထွင်ဖန်တီးတယ်။ ကျွန်တော့်ရဲ့ inspiration က Raphael မဟုတ်ဘူး။ကျွန်တော့်ရဲ့ inspiration က Leonardo Da Vinci. အဿပြာက အရေးကြီးတယ်။သူ့ထက်အရေးကြီးတာ ကိုယ့်ရဲ့ဖန်တီးမှု၊ ပညာ။ Phyo Paing @ Derek

ဒီခံယူချက် အမြဲထားတယ်။ Read More »

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့”ကိုယ်စိတ်ချမ်းသာရေး” ပဲ။ဒါထက် ဘာမှ အရေးမကြီးဘူး။ ကိုယ်ဘယ်မချိန် စိတ်ချမ်းသာလဲစဉ်းစားကြည့်ရင် “တိုးတက်”နေရင်စိတ်ချမ်းသာတယ်။ကျန်းမာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊စိတ်ငြိမ်းချမ်းမှု၊ ဥာဏ်ပညာ၊အသစ်တွေ စွန့်စားမှု ဒီအပိုင်းတွေတိုးတက်နေရင် စိတ်ချမ်းသာတယ်။ ဒီတော့ တိုးတက်နေဖို့ ဘာလိုလဲ။ဥာဏ်ရှိရှိနဲ့ အလုပ်လုပ်နေဖို့လိုတယ်။အလုပ်လုပ်လေလေ အင်အားပိုကြီးလေ။ဘဝရဲ့ ပြဿနာလေးတွေသေးသွားလေ။ ဥာဏ်မပါရင် ကံကြမ္မာက ရန်ရှာတဲ့အခါဒဏ်ရာတွေပဲ ကျန်နေမယ်။ ဥာဏ်ပါတဲ့ အလုပ်တွေလုပ်ရမယ်။ဒါမှ တိုးတက်မယ်။ဒါမှ စိတ်ချမ်းသာမယ်။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့ Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်တော့

ကိုယ့်ကိုကိုယ် နားလည်ချင်တော့အတိတ်ကို ပြန်ကြည့်တယ်။ တရားရှာတော့ ပစ္စုပ္ပာန်ကိုကြည့်တယ်။တိုးတက်မှုကိုရှာတော့ အနာဂတ်ကို ကြည့်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်တော့ Read More »

လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။
ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။

လူတိုင်းမှာ ၂၄ နာရီတူတူရှိပေမယ့်လူတိုင်းရဲ့ ဥာဏ်နှုန်းမြင့်တဲ့Prime time က မတူကြဘူး။ အဲ့ဒီ ဥာဏ်နှုန်းမြင့်အချိန်က ကိုယ့်ဘဝ၊ အသက်မွေးဝမ်းကြောင်းအလုပ်၊စီးပွားရေးအတွက် စနစ်ကောင်းချရမည့်အချိန်ပဲ။ဒါအချိန်ကို Mechanical Prime Time (MPT) လို့ခေါ်တယ်။ စနစ်ဆိုရင် အလုပ်ရှုပ်တယ်လို့ထင်တတ်ကြတယ်။အလုပ်ရှုပ်သက်သာအောင် စနစ်ချတာ။ စနစ်က အချိန်အလေအလွင့်ကို ကာကွယ်ပေးတယ်။စနစ်က စွမ်းဆောင်ရည်ကိုပိုမြင့်စေတယ်။စနစ်က တီထွင်ဆန်းသစ်မှုကိုပိုကောင်းစေတယ်။ စံနှုန်းရောက်ဖို့ စနစ်ကောင်းလိုတယ်။ ကိုယ့်ရဲ့ တစ်ရက်တစ်ရက် “ဥာဏ်နှုန်းမြင့်” အချိန်တွေကို ဖြုန်းတီးတာ နှမြောဖို့ကောင်းတယ်။ လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။ Phyo Paing @ Derek

လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။
ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။
Read More »

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ် မဖတ်ဘူး။

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ်မဖတ်ဘူး။ အခုတော့ ကိုယ်သဘောမကျဘူး၊အတွေးအခေါ် မတူဘူး။ ဖတ်ကြည့်တယ်။ ကိုယ့်အတ္တကို ဘယ်လောက်ထိလျော့ပြီးသူ့အမြင်ကို နားလည်ပေးနိုင်လဲပေါ့။ အတ္တဆိုတာ အနတ္တကို မသိခင်ဖြစ်တဲ့မာန်မာနလေးပေါ့။ Phyo Paing @ Derek

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ် မဖတ်ဘူး။ Read More »

လုပ်ငန်းတစ်ခုမှာ အဆင့်ငါးဆင့်ရှိတယ်

လုပ်ငန်းတစ်ခုမှာ အဆင့်ငါးဆင့်ရှိတယ်။ ၁။ Start စတင်ခြင်း၂။ Speed Up ကြီးထွားခြင်း၃။ Systemize စနစ်ချခြင်း၄။ Scale ချဲ့ထွင်ခြင်း၅။ Sell လုပ်ငန်းကို စတော့စျေးကွက်ပေါ်တင်ခြင်း (သို့) လုပ်ငန်းကို ရောင်းချခြင်း ကိုယ့်လုပ်ငန်းဘယ်အဆင့်မှာဘာလုပ်ရမလဲသိဖို့လိုတယ်။ Phyo Paing @ Derek

လုပ်ငန်းတစ်ခုမှာ အဆင့်ငါးဆင့်ရှိတယ် Read More »

ဘဝမှာ alignment အရေးကြီးတယ်

ဘဝမှာ alignment အရေးကြီးတယ်။လုပ်နေတဲ့အလုပ်၊ဖတ်နေတဲ့စာ၊နေတဲ့နေရာ၊တွေ့နေတဲ့လူတွေ၊တန်ဖိုးထားမှု။အလိုင်းမန့်တည့်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ alignment အရေးကြီးတယ် Read More »

ဒီ S လေးလုံးကို အသုံးချဖို့လိုတယ်။

ဒီနေ့ခေတ် လုပ်ငန်းတွေကဒီ S လေးလုံးကို အသုံးချဖို့လိုတယ်။ ၁။ Social Media လူမှုကွန်ယက်၂။ Sales Offer ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၃။ Sales Sequences မေးမြန်းမှုကို အရောင်းပြောင်းခြင်း၄။ Sales Specialist ကျွမ်းကျင် အရောင်းသမား Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒီ S လေးလုံးကို အသုံးချဖို့လိုတယ်။ Read More »

အရေးမပါတာတွေကို
အရာမပေးတော့တာ

ဘဝကို အထာကျကျနဲ့ဖြတ်သန်းနိုင်တဲ့သူတွေကလောကဓံကို မကြုံဖူးတာမဟုတ်ဘူး။ကြုံဖူးတာများသွားပြီးကျော်လွှားသွားနိုင်တဲ့အတွက်ဒုက္ခအသေးစားလေးတွေကိုfeel မလာတော့တာ။ အရေးမပါတာတွေကိုအရာမပေးတော့တာ။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးတော့တာ
Read More »

သူတို့ရဲ့ ပေတံနဲ့ ခင်ဗျားကို
တိုင်းတာကြလိမ့်မယ်။

လူ့အဖွဲ့အစည်းက ခင်ဗျားကိုသူတို့ရဲ့အထင်အမြင်တွေနဲ့ဘာလုပ်လို့ရတယ်၊​ဘာလုပ်လို့မရဘူး၊ဘောင်ခတ်ကြလိမ့်မယ်။ သူတို့ရဲ့ ပေတံနဲ့ ခင်ဗျားကိုတိုင်းတာကြလိမ့်မယ်။ ခင်ဗျားဘဝကို သူတို့ဘဝလိုထင်ပြီး မတောင်းခံပဲအကြံဥာဏ်တွေပေးဝေဖန်မှုတွေ ပြုလုပ်လိမ့်မယ်။ ခင်ဗျားဆွဲနေတဲ့ ပန်းချီကားရုပ်လုံးမပေါ်သေးတဲ့အချိန်အားပေးမှုတွေထက်သံသယမျက်လုံးတွေနဲ့ ကြည့်လိမ့်မယ်။ဘယ်အချိန်ထိ ဇွဲကောင်းမလဲရပ်သွားတဲ့အချိန်ကိုစောင့်ကောင်းစောင့်နေလိမ့်မယ်။ ခင်တယ်လို့ပြောပြီးတခြားသူတွေ ဟားတိုက်တဲ့အခါကြိတ်ပြီး ပွဲကြည့်ချင်စိတ်လေးတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါကတော့ ရွာထဲမှာ ဖြစ်နေကျပဲ။ ဒါကြောင့်ဘောင်တွေခတ်ထားတဲ့ရွာကနေ အပြီးထွက်ခဲ့တယ်။ ရွာပြင်မှာ လေကောင်းလေသန့်တွေရတယ်။ ကိုယ့်ဘဝဥပဒေသကိုယ်ဖန်တီးချင်တဲ့ ပန်းချီကားကိုယ်ဖန်တီးလို့ရတယ်။ လူတွေရဲ့ ခေါင်းထဲထည့်ထားတဲ့အသိဥာဏ်တွေ မတူဘူး။စဥ်းစားတွေးခေါ်နိုင်တဲ့ဥာဏ်ရည်တွေမတူဘူး။လေ့လာသင်ယူနိုင်စွမ်းတွေမတူဘူး။ဇွဲနဲ့ စိတ်ရှည်မှုတွေ မတူဘူး။​ရူးသွပ်မှုတွေမတူဘူး။ တချို့တွေက ဘဝကိုဖြတ်သန်းဖို့လမ်းတစ်လမ်းပဲမြင်တယ်။တချို့က နှစ်လမ်းမြင်တယ်။တချို့က သုံးလေးငါးလမ်းမြင်တယ်။ ဘဝမှာ ကိုယ်လိုချင်တဲ့ဘဝကိုယ်ဖန်တီးဖို့အမြင်ကျဥ်းတဲ့သူတွေရဲ့ဘောင်ခတ်ခြင်းကို မခံရဖို့သတိပြုဖို့လိုတယ်။ အမြင်ကျဥ်းတဲ့လူတွေ ဥဦးဆောင်တဲ့နိုင်ငံ၊အဖွဲ့အစည်း၊ လုပ်ငန်းတွေဘယ်လိုဖြစ်နေလဲ အားလုံးအတွေ့ပဲ။ အမြင်ကျဥ်းတဲ့လူက အငြင်းသန်တယ်။အမြင်ကျဥ်းတဲ့သူက လူတွေကိုနားမလည်ပေးနိုင်ဘူး။အမြင်ကျဥ်းတဲ့သူက တစ်ဖက်ပိတ်။အမြင်ကျဥ်းတဲ့သူက ဘဝမှာ နေမပျော်ဘူး။ Phyo Paing @ Derek

သူတို့ရဲ့ ပေတံနဲ့ ခင်ဗျားကို
တိုင်းတာကြလိမ့်မယ်။
Read More »