ကိုယ့်ဘဝ ကိုယ့်တာဝန်
ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်လို့ကိုယ်တိုင်တာဝန်ယူ။လူဖြစ်ရင် ပြဿနာရှိမှာပဲ။ကိုယ့်ဘဝ ကိုယ့်တာဝန်။ Phyo Paing @ Derek
ကိုယ့်ဘဝ ကိုယ့်တာဝန် Read More »
ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်လို့ကိုယ်တိုင်တာဝန်ယူ။လူဖြစ်ရင် ပြဿနာရှိမှာပဲ။ကိုယ့်ဘဝ ကိုယ့်တာဝန်။ Phyo Paing @ Derek
ကိုယ့်ဘဝ ကိုယ့်တာဝန် Read More »
စီးပွားရေး လုပ်တဲ့အခါစီးပွားရေး ဆန်မှရမယ်။ အလှူအတန်းလုပ်တဲ့အခါသဒ္ဒါစိတ်နဲ့ အလှူအတန်းဆန်မှရမယ်။ စီးပွားရေးဆန်တယ်ဆိုတာ ကိုယ့်ဦးစားပေးဖောက်သည်ရဲ့ လိုချင်တာ၊ လိုအပ်တာကိုဖြည့်ဆည်းပေးရင်းနှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင်လုပ်တာ။ စီးပွားရေးလုပ်ပြီး စေတနာမပါတာလို့ပြောတဲ့အခါစျေးသက်သာတဲ့ Budget airline စီးတဲ့အခါ စျေးသက်သာတဲ့အရည်အသွေးပဲရမှာပဲ။ ဇိမ်ခံအရည်အသွေးမြင့်လေကြောင်းစီးရင်သူနဲ့တူတဲ့ အရည်အသွေးရမှာပဲ။ ယူတာနဲ့ တန်းတူပြန်မပေးနိုင်ရင်၊တန်ဖိုးပိုပြန်မပေးနိုင်ရင် ဘယ်လုပ်ငန်းမှ တာရှည်မခံဘူး။ စီးပွားရေးလုပ်တဲ့အခါ စီးပွားရေး ဆန်မှရမယ်လို့ထင်တယ်။ မှန်ကန်တဲ့ မျှော်မှန်းချက်ထားဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
စီးပွားရေးဆန်တယ်ဆိုတာ… Read More »
တစ်နေ့ကျရင် ကိုယ်လေ့လာချင်တဲ့အိမ်ခြံမြေအကြောင်း၊ငွေကြေးစီမံခန့်ခွဲမှု၊မားကတ်တင်း၊စိတ်ပညာ၊ စီမံခန့်ခွဲမှု၊ဒစ်ဂျစ်တယ် ကုန်ပစ္စည်းတွေအကြောင်း၊အလှအပရေးရာ၊Influencer တစ်ယောက်ဖြစ်အောင်၊အမှတ်တံဆိပ်ကြီးတွေနဲ့ အလုပ်လုပ်နည်း၊ဗီဒီယိုတွေ ဖန်တီးနည်း၊စာရေးနည်း၊ထမင်းချက်၊ ဟင်းချက်နည်းအစအစ ရှိတာတွေကိုဒါတွေကို တကယ်ကျွမ်းကျင်သူတွေဆီကနေ့စဥ် တိုက်ရိုက်လေ့လာလို့ရမယ်ဆိုဘယ်လောက် ကောင်းလိုက်မလဲ။ ပညာသင်တဲ့အခါ ဒီအသိပညာ၊အတတ်ပညာကိုကျွမ်းကျင်တဲ့သူနေ့စဥ် ဘာတွေလုပ်နေလဲ၊ဘာတွေ လေ့လာလဲ၊ မျှဝေလဲထဲထဲဝင်ဝင်လေ့လာနိုင်မယ်ဆိုရင်လေ့လာရတာ ပိုမြန်မယ်။စဥ်းစားတဲ့အပိုင်းကို ပိုလေ့လာနိုင်မယ်။ ဒါကတော့ InsiderNote ကိုဖန်တီးစမ်းသပ်နေတဲ့ ရည်ရွယ်ချက်ပဲ။ Phyo Paing @ Derek
ဒါကတော့ InsiderNote ကို
ဖန်တီးစမ်းသပ်နေတဲ့ ရည်ရွယ်ချက်ပဲ Read More »
ကိုယ့်ကိုယ်ကို ဘယ်တော့မှ အပြစ်မတင်နဲ့။အကျင့်ပါသွားတတ်တယ်။ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ပျောက်သွားတတ်တယ်။ကိုယ်နဲ့ကိုယ်က အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ်နဲ့ကိုယ်က အကောင်းဆုံး
သူငယ်ချင်းဖြစ်ဖို့လိုတယ်။ Read More »
စာသားလေးတစ်ခု သဘောကျတယ်။ပိုက်ဆံက ပျော်ရွင်မှုကိုဝယ်လို့မရဘူး။လွတ်လပ်မှုကိုတော့ ဝယ်လို့ရတယ်တဲ့။Naval ပြောတာထင်တယ်။ Phyo Paing @ Derek
ပိုက်ဆံက ပျော်ရွင်မှုကိုဝယ်လို့မရဘူးလွတ်လပ်မှုကိုတော့ ဝယ်လို့ရတယ်တဲ့.. Read More »
အမှားများများလုပ်။အမှားမြန်မြန်လုပ်။အမှားထဲက သင်ခန်းစာယူ။ အဲ့လိုပဲ Pivot လုပ်ရတာပဲ။အလုပ်ဖြစ်တာနဲ့ မဖြစ်တာခွဲအလုပ်ဖြစ်တာလုပ်။ Phyo Paing @ Derek
အလုပ်ဖြစ်တာနဲ့ မဖြစ်တာခွဲ
အလုပ်ဖြစ်တာလုပ်။ Read More »
ကိုယ့်ကိုယ်ကို မြင်တဲ့ အထင်အမြင်က တခြားသူတွေကိုယ့်ကိုမြင်တဲ့အထင်အမြင်ထက်ပိုခိုင်မာရှင်းလင်းနေဖို့လိုတယ်။ ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်။ Phyo Paing @ Derek
ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်၊ Read More »
ဘဝမှာ အရေးအကြီးဆုံးကကိုယ့်ကိုယ်ကိုရဲ့ လေးစားမှုပဲ။ တခြားသူတွေရဲ့ အထင်အမြင်ထက်အဆ ၁၀၀ မက အရေးကြီးတယ်။ အချိန်တွေ အလဟသ ဖြုန်းလိုက်ရင်ကိုယ့်ကိုကိုယ် မလေးစားဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပျင်းလို့ မလုပ်လိုက်နိုင်ရင်လဲ မလေးစားဘူး။ ဒါမလုပ်သင့်ဘူးလို့စဥ်းစားလိုက်တယ်။ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲလုပ်မိရင်လဲ မလေးစားဘူး။ ဇွဲမရှိပဲ ခဏလေးလက်လျော့သွားရင်လဲမလေးစားဘူး။ အချိန်မလေးစားရင်လဲ မလေးစားဘူး။ ဘာဖြစ်ချင်မှန်းမသိအလေလိုက်နေရင်လဲ မလေးစားဘူး။ အားနာပြီး ကိုယ်ပြောချင်တာကိုမပြောလုပ်ချင်တာ မလုပ်လိုက်ရင်လဲ မလေးစားဘူး။ နေ့စဥ် ကိုယ့်အသက်မွေးဝမ်းကြောင်းပညာကိုမလေ့လာဖြစ်ရင်လဲ မလေးစားဘူး။ ကိုယ့်ကိုယ်ကို လေးစားတဲ့အလုပ်တွေနေ့စဥ်လုပ်နေဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို လေးစားတဲ့အလုပ်တွေနေ့စဥ်လုပ်နေဖို့လိုတယ်။ Read More »
အရောင်းဆိုတာ မားကတ်တင်းရဲ့အစိတ်အပိုင်းတစ်ခုပါ။မားကတ်တင်းကောင်းရင်တွန်းရောင်းစရာမလိုတာတချို့ အမှတ်တံဆိပ်တွေကြည့်ရင်သိနိုင်ပါတယ်။ကြော်ငြာ၊ ပရိုမိုးရှင်း၊ အရောင်း၊ပီအာ လူထုဆက်ဆံရေး၊တိုက်ရိုက်ရောင်းချခြင်းစနစ်တွေဟာမားကတ်တင်းဆက်သွယ်ရေးထဲကအခွဲတွေပါ။ #GMC #Sapwar
Mastery, Marketing နဲ့ Managementဒီသုံးခု ကတော့ လက်ကိုင်ထားတဲ့M သုံးလုံးပဲ။ အလုပ်တစ်ခုမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။ ကိုယ့်အိုင်ဒီယာကို လူတွေ လက်ခံပြီးအမာခံ ပရိသတ်တွေ တည်ဆောက်နိုင်ရမယ်။ ကိုယ်ဖန်တီးမှုတွေ၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဟာ ကိုယ်မရှိတော့သည့်တိုင် လည်ပတ်ပြီးအထာကျကျသွားနေဖို့ စီမံခန့်ခွဲမှုလိုတယ်။ #GMC #Sapwar