September 2023

အတွေးတွေကို ဂရုတော်တော်စိုက်ရတယ်။

မြန်မာပြည်မှာနေရင် မြန်မာလိုတွေးနိုင်ငံခြားမှာ အလုပ်ဖြစ်တဲ့အရာဒီမှာ ဖြစ်မှာမဟုတ်ဘူး။ အမေရိကားမှာ အလုပ်ဖြစ်တဲ့အရာတရုတ်မှာ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အဲ့လို စဥ်းစားတဲ့ သူတွေရှိတယ်။ အမေရိကားမှာ အလုပ်ဖြစ်တဲ့အရာကိုတရုတ်မှာ အလုပ်ဖြစ်အောင်တရုတ်ယဥ်ကျေးမှုနဲ့ ကိုက်အောင်ဘယ်လိုလုပ်မလဲစဥ်းစားတဲ့သူတွေရှိတယ်။ ဘဝတွေ အကြီးကြီး ကွာသွားတယ်။ အတွေးတွေကို ဂရုတော်တော်စိုက်ရတယ်။ Phyo Paing @ Derek

အတွေးတွေကို ဂရုတော်တော်စိုက်ရတယ်။ Read More »

ခေါင်းဆောင် နဲ့ မန်နေဂျာ

ခေါင်းဆောင်က စနစ်နဲ့ကစားကွက်ကို ချမှတ်တယ်။ မန်နေဂျာက စနစ်နဲ့ကစားကွက်ကို အကောင်အထည်ဖော်တယ်။ ဒါက ကျွန်တော်နားလည်တဲ့ခေါင်းဆောင်နဲ့ မန်နေဂျာကွာခြားချက်။ Phyo Paing @ Derek

ခေါင်းဆောင် နဲ့ မန်နေဂျာ Read More »

ဘဝဆိုတာ အတွေ့အကြုံတစ်ခုပဲ။

လူသားဖြစ်တဲ့ အတွေ့အကြုံကိုအပြည့်အဝ ယူနိုင်ဖို့လိုတယ်လို့ထင်တယ်။ ခန္ဓာကိုယ်အထိအတွေ့ အာရုံငါးပါးကြောင့်သာယာမှု။ လိုချင်တာရလိုက်တဲ့အတွက်ပျော်ရွင်မှု။ မထင်မှတ်ထားပဲ အံ့အားသင့်စေတဲ့အရာကြောင့်ဖြစ်တဲ့ပီတိ။ အာရုံကို အာဏာကုန်တစ်ခုတည်းမှာပဲ စိုက်ထားနိုင်တဲ့သမာဓိ။ စိတ်ကို မပျံ့လွင့်ပဲ ခန္ဓာကိုယ်ရဲ့လုပ်ရှားမှုတိုင်း အဖြစ်အပျက်တိုင်းကိုသိနေတဲ့ သတိပဋ္ဌာန်။ စာချင်တာစား၊ သွားချင်တာသွားပြီးအာရုံငါးပါးကိုလှုံ့ဆော်ပြီး တဒင်္ဂကောင်းမွန်မှုဟာသာယာမှုအတွေ့အကြုံ။ လိုချင်တာတွေရအောင်လုပ်တာပျော်ရွင်မှု။ရထားတာတွေ ပြန်လိုချင်အောင်တင်းတိမ်အောင်လုပ်တာစိတ်ပြီးပြည့်စုံချင်မှု။ ကိုယ်ကြိုးစား အားထုတ်မှု၊ လုပ်ရပ်ကြောင့်မထင်မှတ်ထားတဲ့ ရလဒ်၊ အကြောင်းဖြစ်တဲ့အခါခံစားရတဲ့ ပီတိ။ အလုပ်ကို စျာန်ဝင်ပြီးလုပ်နိုင်တာ၊တစ်ခုတည်းအာရုံစိုက် လုပ်ဆောင်တဲ့အခါသမာဓိ။ အမြဲ အိမ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးကတခြားနေရာတွေကို အလည်သွားနေတဲ့စိတ်ကို အိမ်ကိုပြန်ခေါ်ပြီးသတိနဲ့ အဖြစ်အပျက်တွေကိုရှုနိုင်တာသတိပဋ္ဌာန်။ ကိုယ့်အနေနဲ့ လူဖြစ်တုန်းလူသားအတွေ့အကြုံကိုအပြည့်ခံစားသွားဖို့ လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ အတွေ့အကြုံတစ်ခုပဲ။ Read More »

ဘဝက ပိုအထာကျလာလိမ့်မယ်။

နေ့တိုင်းအလုပ်လုပ်နေတာမဟုတ်ဘူး။နေ့တိုင်း တချို့လူတွေ အလုပ်လို့ခေါ်တဲ့ဂိမ်းကစားနေတာ။အလုပ်ကို ဂိမ်းတစ်ခုလို စွဲစွဲလမ်းလမ်းလုပ်တဲ့အခါဘဝက ပိုအထာကျလာလိမ့်မယ်။ Phyo Paing @ Derek

ဘဝက ပိုအထာကျလာလိမ့်မယ်။ Read More »

စိတ်သာရှင်စော ဘုရားဟော

ဗုဒ္ဓအကြောင်းစဥ်းစားတဲ့ခါ တချက်တချက်သံဝေဂရတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက လူ့ဘောင်မှာ အရေးမပါတာတွေကို အရာပေးနေကြတယ်။ မယုံကိုယ် အခုသေသွားကြည့်ဝမ်းနည်းကြောင်းတွေလာတင်ပြီးတစ်ပတ်နေ ကိုယ့်ကိုမေ့သွားပြီ။ ဒီတော့ ဘာကြောင့် တခြားသူတွေရဲ့ အထင်အမြင်ကြောင့်စိတ်ညစ်ခံနေမလဲ စဥ်းစားမိတယ်။ နောက်တစ်ခုက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့အောင်မြင်မှုဆိုတဲ့ အရာတွေနောက်လိုက်တယ်။ရလေလို လေ အိုတစ္ဆေဖြစ်သွားမယ်။ ဒါကြောင့် အောင်မြင်မှုထက်ကိုယ့်သမိုင်းပေးတာဝန်နောက်လိုက်တာပိုကောင်းတယ်လို့စဥ်းစားမိတယ်။ နောက်ဗုဒ္ဓက အမြင်ရုပ်ဝတ္ထုတွေထက်စိတ်ကိုအဓိက ရှုမြင်နိုင်ဖို့ သင်ပေးသွားတယ်။ အမြင်ရုပ်ဝတ္ထုတွေဆိုတာ လူတွေရဲ့ စိတ်၊ စိတ်ကူးတွေကြောင့်ပေါ်လာတဲ့ အရာတွေ။ ဒါတွေက မာယာတွေပဲ။ နံရံပေါ်ပေါ်တဲ့ ပုံရိပ်တွေပဲ။ ဒါရဲ့နောက်ကွယ်က မီးမောင်းထိုးပေးတာကတော့ စိတ်ပဲ။ ဒါကြောင့်လဲ မြန်မာ့ဆိုရိုးမှာစိတ်သာရှင်စော ဘုရားဟောဆိုတာ ပြောခဲ့ကြတယ်လို့ထင်တယ်။ Phyo Paing @ Derek

စိတ်သာရှင်စော ဘုရားဟော Read More »

စိတ်ပျံ့လွင့်မှုဆိုတာ
ဒီနေ့ခေတ်ရဲ့ မာရ်နတ်ပဲ။

လူတစ်ယောက် ဦးနှောက်ရဲ့သတင်းအချက်အလက်တွေယူနိုင်စွမ်းက အင်မတန်အကန့်အသတ်ရှိတယ်။ အရင်ဒီနေ့စူပါမားကတ်ကြီးတစ်ခုမှာကုန်ပစ္စည်းပေါင်း ၈၀၀၀ လောက်ရှိတယ်။ ဒီနေ့ခေတ်ကကုန်ပစ္စည်းပေါင်း ၄၀၀၀၀ လောက်ရှိလာတယ်။ လူတွေတကယ်လိုတာ ၁၅၀ လောက်ပဲတဲ့။ ဒီတော့ ဦးနှောက်ကဆုံးဖြတ်ချက်ချရတဲ့အပိုင်း ပိုများလာတယ်။ ဆုံးဖြတ်ချက်ချတဲ့ စနစ်မရှိရင်သတင်းတောထဲမှာ မျှောပြီးကိုယ်လိုချင်တာ ရအောင်လုပ်ဖို့အတားအဆီးတွေ ဖြစ်တတ်တယ်။ စိတ်ပျံ့လွင့်မှုဆိုတာ ဒီနေ့ခေတ်ရဲ့ မာရ်နတ်ပဲ။ Phyo Paing @ Derek

စိတ်ပျံ့လွင့်မှုဆိုတာ
ဒီနေ့ခေတ်ရဲ့ မာရ်နတ်ပဲ။
Read More »

စိတ်ဓာတ်မကျဖို့ တွေးတတ်ဖို့အရေးကြီးတယ်။

လုပ်ငန်းရှင်တစ်ယောက်အတွက်စိတ်ဓာတ်မကျဖို့ အင်မတန်အရေးကြီးတယ်။စိတ်ဓာတ်မကျဖို့ တွေးတတ်ဖို့အရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စိတ်ဓာတ်မကျဖို့ တွေးတတ်ဖို့အရေးကြီးတယ်။ Read More »

Secondary target market လို့ခေါ်တယ်။

ရွှေရောင်းပြီး ဖုန်းငွေဖြည့်ကပ်မဲဖောက်ပေးတဲ့အခါငွေဖြည့်ကပ်မဲပေါက်တာလိုချင်တဲ့လူအများစုပဲ ဖြစ်လာမယ်။အဲ့တော့ ဒီဖောက်သည်တွေကကိုယ်လိုချင်တဲ့ ဖောက်သည်လားပြန်မေးကြည့်လို့ရတယ်။ လူ့အလိုနတ်မလိုက်နိုင်တဲ့အတွက်ဘယ်လိုဖောက်သည်တွေကိုပဲအဓိက ဝန်ဆောင်မှုပေးမယ်ဆိုတာ သတ်မှတ်ကြတယ်။ ဒါကိုတော့ မားကတ်တင်းမှာ ပထမဦးစားပေး ဖောက်သည်အမျိုးအစား၊ ဒုတိယဦးစားပေး ဖောက်သည်အမျိုးအစားPrimary target market, Secondary target market လို့ခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Secondary target market လို့ခေါ်တယ်။ Read More »

ဆန္ဒအပြိုင်ကို အနိုင်ရဖို့လိုတယ်။

ဆန္ဒတွေအပြိုင် ဆယ်တန်းအမှတ်ကောင်းဖို့လုပ်တုန်းစိတ်ကစားစိတ်။ ဝိတ်ချနေတုန်း အစာစားချင်စိတ်။ ကိုယ်လိုချင်တဲ့ လုပ်ငန်းတည်ဆောက်တုန်းအလေလိုက်လိုစိတ်။ ဆန္ဒအပြိုင်ကို အနိုင်ရဖို့လိုတယ်။ Phyo Paing @ Derek

ဆန္ဒအပြိုင်ကို အနိုင်ရဖို့လိုတယ်။ Read More »

”ပ” သုံးလေးလုံး

တချို့က ပိုက်ဆံကို “ပညာ” နဲ့ရှာတယ်။တချို့က ပိုက်ဆံကို “ပိုက်ဆံ” နဲ့ရှာတယ်။တချို့က ပိုက်ဆံကို “ပါဝါ” နဲ့ရှာတယ်။တချို့က “ပေါင်းစပ်” ပြီးရှာတယ်။ Phyo Paing @ Derek

”ပ” သုံးလေးလုံး Read More »