October 2023

ယုံကြည်မှုတွေကို ကော်ပီကူးတယ်

ယုံကြည်မှုတွေကို ကော်ပီကူးတယ်။ပထမဆုံးအပြောင်းအလဲလုပ်ချင်တဲ့အခါကိုယ်လိုချင်တဲ့ အပြောင်းအလဲရှိထားတဲ့သူကိုလိုက်ရှာ လေ့လာပြီးသူ့ရဲ့ ယုံကြည်မှုတွေကို အရင်ကူးတယ်။ဒါက အရေးအကြီးဆုံးနဲ့ အလွယ်ဆုံးပဲ။ ကျန်းမာရေးကောင်းချင်တယ်။ကျန်းမာကြံ့ခိုင်ချင်တယ်ဆိုအဲ့လိုလူရဲ့ ယုံကြည်မှုကို အရင်ကလုံးတယ်။​ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာလဲမလားတူပဲ။ ယုံကြည်မှု အရေးကြီးတယ်။ Phyo Paing @ Derek

ယုံကြည်မှုတွေကို ကော်ပီကူးတယ် Read More »

ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့က

ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့ကအတွေးက စတင်တယ်။ တွေးတောင်မတွေးရဲရင်ကြံဆဖို့ဆိုတာ မဖြစ်နိုင်ဘူး။မကြံပဲ လုပ်တဲ့အလုပ်ကအောင်မြင်ဖို့လဲ မလွယ်ဘူး။ ဒါကြောင့် အတွေး၊ အကြံ၊ အလုပ်ဒီသုံးခုကို ကိုယ်မသေခင်အကောင်အထည်ဖော်ချင်တဲ့အရာတွေအတွက်တွေးရဲ၊ ကြံရဲ၊ လုပ်ရဲဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့က Read More »

ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာ

ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာကိုယ့်ရဲ့အစွမ်းအစတွေကိုအလဟသ ဖြုန်းတီးပစ်တာပဲ။ လူရယ်လို့ဖြစ်လာရင်တခြားသူတွေကို တနည်းနည်းနဲ့အကျိုးပြုရမယ်လို့ ယူဆထားတယ်။​ လယ်သမားတွေ ထွန်ယက်စိုက်ပျိုးလို့ထမင်းဆိုတာ စားရတယ်။တီးထွင်တဲ့သူတွေကြောင့်ဖုန်းတို့၊ ကားတို့၊ နည်းပညာတွေသုံးရတယ်။ သူတို့အကျိုးပြုမှုကြောင့်ဘဝကြီးက နေသာထိုင်သာပိုရှိလာတယ်။ ကိုယ်ကလဲ အကျိုးပြန်ပြုပေးဖို့လိုတယ်။ ကိုယ်က ဘယ်လို ပြန်လည်အကျိုးပြုမလဲကိုကိုယ့်ရဲ့ ရည်ရွယ်ချက်လို့ခေါ်တယ်။တချို့တွေက ဘဝရဲ့ ခေါ်သံ calling၊တချို့က သမိုင်းပေးတာဝန် missionတချို့က ဘဝရဲ့ ရည်ရွယ်ချက် purposeအမျိုးမျိုး နာမည်ပေးကြတယ်။ ဘဝဆိုတာ ပိုက်ဆံရှာမယ်။​သုံးမယ်၊​ ဖြုန်းမယ်တစ်ခုထက်ပိုတယ်လို့ယူဆထားတယ်။ မိတ်ဆွေရဲ့ mission ကတော့ မသိဘူး။ ကျွန်တော်ကတော့ ပညာရေးနဲ့နည်းပညာ အသုံးးပြုပြီးလူသားတွေရဲ့ ဘဝကိုတိုးတက်ပြောင်းလဲဖို့ ကူညီချင်တယ်။ ကိုယ့်အတွေ့အကြုံနဲ့စမ်းသပ်မှုတွေကို ပြန်လည်မျှဝေပေးချင်တယ်။ Phyo Paing @ Derek

ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာ Read More »

မနေ့ကနဲ့ မနက်ဖြန်ကို
ကွာခြားစေမှာက ဒီနေ့။

မနေ့ကနဲ့ မနက်ဖြန်ကိုကွာခြားစေမှာက ဒိနေ့။ ဒီနေ့မှာ၁။ ဘာအတွေးအသစ်တွေးရမလဲ။၂။ ဘာအကြံအစီတွေ စီစဥ်ရမလဲ။၃။ ဘာအလုပ်တွေ လုပ်ရမလဲ။ Phyo Paing @ Derek

မနေ့ကနဲ့ မနက်ဖြန်ကို
ကွာခြားစေမှာက ဒီနေ့။
Read More »

ဘဝမှာ စွဲလမ်းစရာအကောင်းဆုံးက တိုးတက်မှုပဲ။

ကျန်းမာကြံ့ခိုင်ရေးအရ တိုးတက်နေတဲ့ အရသာ။ ငွေရေးကြေးရေးအရတိုးတက်နေတဲ့ အရသာ။ အလုပ်အကိုင် ကျွမ်းကျင်မှုတိုးတက်နေတဲ့ အရသာ။ ဥာဏ်ပညာ တိုးတက်နေတဲ့အရသာ။ တိုးတက် is the way. Phyo Paing @ Derek

ဘဝမှာ စွဲလမ်းစရာအကောင်းဆုံးက တိုးတက်မှုပဲ။ Read More »

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။

ကိုယ့်လုပ်ရပ်နဲ့ စွမ်းဆောင်ရည်အပေါ်ပဲထားတယ်။ဆယ်နှစ်ကို အဆ ၁၀၀ ဖြစ်ဖို့ဘာတွေများထပ်လုပ်ဖို့လိုမလဲစဉ်းစားကြည့်မိတယ်။ Phyo Paing @ Derek

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။ Read More »

The Way

ဘဝမှာ ပိုက်ဆံရှိရင်ပြီးရောမဟုတ်ဘူး။ဘယ်လိုပုံစံနဲ့ ပိုက်ဆံရှိလာချင်တာလဲစိတ်ကူးထားတဲ့ “နည်းလမ်း” ရှိတယ်။ ဘဝမှာ လူသိရင်ပြီးရော မဟုတ်ဘူး။ကိုယ့်ကို ဘယ်လို သိစေချင်တာလဲ။ဘာနဲ့ တွဲသိစေချင်တာလဲ နည်းလမ်းရှိတယ်။ ဘဝမှာ အောင်မြင်ရင်ပြီးရောမဟုတ်ဘူး။ဘယ်လို အောင်မြင်ချင်တာလဲ စိတ်ကူးထားတဲ့ နည်းလမ်းတွေ လူတိုင်းမှာ ရှိကြတယ်။ ဒါကြောင့် ကိုယ့်လမ်းနဲ့ သူ့လမ်းတူချင်မှ တူလိမ့်မယ်။ Phyo Paing @ Derek

The Way Read More »

ဘဝက ပို အေးချမ်းလာတယ်။

ကိုယ်ဖက်က လုပ်စရာရှိတာအကောင်းဆုံးလုပ်ပေးလိုက်။ ကျန်တာ ဘယ်လိုပုံစံကိုယ့်ကို ပြန်ဆက်ဆံရမယ်သိပ်မမျှော်မှန်းနဲ့။ အဲ့ဒါက လိပ်ပြာသန့်တယ်။ ဘဝမှာ အဲ့ဒီဥပဒေသထည့်ပြီးကတည်းကဘဝက ပို အေးချမ်းလာတယ်။ Phyo Paing @ Derek

ဘဝက ပို အေးချမ်းလာတယ်။ Read More »

မဖြစ်နိုင်ဘူးလို့
အများယူဆတဲ့အရာတွေ
ဖြစ်အောင်လုပ်နိုင်ဖို့

ဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ဇွဲလုံ့လ အဓိကလိုတယ်။ မဖြစ်နိုင်ဘူးလို့အများယူဆတဲ့အရာတွေဖြစ်အောင်လုပ်နိုင်ဖို့သတင်းအချက်အလက်နဲ့ဥာဏ်ပညာ အဓိကလိုတယ်။ Phyo Paing @ Derek

မဖြစ်နိုင်ဘူးလို့
အများယူဆတဲ့အရာတွေ
ဖြစ်အောင်လုပ်နိုင်ဖို့
Read More »

ဘဝကို နောက်တစ်ကြိမ်
စရမှာ မကြောက်တာ
ကောင်းတဲ့အချက်ရှိတယ်။

အကြောက်တရား နည်းသွားတာ။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်ဘဝ၊ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ အဆင်မပြေတာတွေကို ထိုင်စိတ်ညစ်နေမည့်အစားနောက်တစ်ကြိမ် အသစ်စဖို့စဥ်းစား လုပ်ဆောင်မိတာအကောင်းဆုံးအချက်တစ်ချက်ပဲ။ Personal Life မှာဆိုအချစ်ရေး၊ အိမ်ထောင်ရေး၊ ဘဝနေထိုင်မှုပုံစံ။ Professional Life မှာဆို ယူတဲ့ဘွဲ့၊ တတ်ခဲ့တဲ့ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပြုတဲ့အရာတွေ။ Business Life မှာဆို စတင်ခဲ့တဲ့အလုပ်၊ အသုံးချချင်တဲ့ စီးပွားရေးမော်ဒယ်ပုံစံ၊ဝန်ဆောင်မှုပေးချင်တဲ့ ဖောက်သည်ပုံစံ၊လုပ်ငန်းတည်ဆောက်မှုပုံစံ။ အသစ်တဖန် အစက ပြန်စဖို့ကြောက်နေလို့မရနိင်ဘူး။ ဘဝဆိုတာ iterative process တစ်ခုပဲ။ အဆင်မပြေရင် ထပ်ခါထပ်ခါပြန်လည်မွမ်းမံ ပြုပြင်ရတာပဲ။ လိုအပ်ရင် လမ်းကြောင်းပြောင်း၊ဘဝကို နောက်တဖန် ပြန်ဖန်တီးReinvention လုပ်ဖို့လိုတတ်တယ်။ ကိုယ့်ရဲ့ အကောင်းဆုံး ဗားရှင်းမတည်ဆောက်နိုင်ရင်တခြားသူတွေကိုလဲ အကောင်းဆုံးဗားရှင်းတည်ဆောက်ရေးမှာကူညီပေးနိုင်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

ဘဝကို နောက်တစ်ကြိမ်
စရမှာ မကြောက်တာ
ကောင်းတဲ့အချက်ရှိတယ်။
Read More »