နေ့စဥ် သင်ယူ။
မြန်မာပြည်မှာ ဆင်ရဲတွင်းက ထွက်ဖို့ ဖော်မြူလာကတော့ဒါလေးဖြစ်မလားမသိဘူး။ အတွေးအခေါ်မှန်ဖို့ လုပ်။ နေ့စဥ် သင်ခန်းစာယူ။အပြစ်တင်တတ်တဲ့စိတ်ဖျောက်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုယ်ရှင်းရှင်းလင်းလင်းသိ။ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကို မကန့်သတ်ထားနဲ့။ ကိုယ်နဲ့ပေါင်းတဲ့သူတွေကို ဂရုစိုက်။ တစ်ဖက်ပိတ်အမြင်နဲ့ အသက်မရှင်နဲ့။ နေ့စဥ် သင်ယူ။ သင်ယူထားတာကို ချရေးမှတ်သား။ ပြန်လည်အသုံးချ။ ပိုကောင်းတဲ့ အခွင့်အလမ်းအမြဲရှာဖွေ။ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ ဘဝကြီးကို ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေ။ ဘာသာစကားအသစ်သင်။ လူတွေကို လေ့လာ။ဘူနေတဲ့သူ၊ သာမာန်လူ၊ အောင်မြင်သူ၊အရမ်းအောင်မြင်သူ သူတို့ရဲ့ အတွေးအခေါ်ဘာကွာလဲ၊ အမူအကျင့်ဘာကွာလဲလေ့လာ။ အတုယူလို့ရတာတွေကိုကိုယ့်ဘဝမှာ ပြန်လည်အသုံးချ။ Phyo Paing @ Derek