October 2023

ကိုယ်စောင့်နတ်က စောင့်မတာ
ငယ်ငယ်က ကြားဖူးလိမ့်မယ်။

လူတစ်ယောက်မှာလဲ မတူညီတဲ့ နတ်တွေရှိတယ်လို့ဥပစာပုံစံနဲ့ စဥ်းစားကြည့်ကြည့်။ တချို့နတ်တွေက နတ်ကောင်းနတ်မြတ်။တချို့က နတ်ဆိုး။ တချို့က နတ်ပျင်း။ တချို့က နတ်ဖျင်း။တချို့က နတ်ငပေါ။ ဒီလိုမတူညီတဲ့ နတ်တွေကိုမတူညီတဲ့အချိန်တွေမှာ လှုပ်နှိုးနိုင်ဖို့ သူတို့နဲ့ ဆက်ဆံရေးကောင်းဖို့လိုတယ်။ ဒါကို Law of Relationship လို့နာမည်ပေးထားကြည့်တယ်။ လူတိုင်းမှာက Bright Side ရှိသလို Dark Side လဲရှိတယ်။ Inside Out Movie ထဲကလိုပဲ။ ကိုယ်က အဲ့ဒီနတ်တွေနဲ့ ဆက်ဆံရေးကောင်းပြီးဘယ်အချိန်မှာ ဘယ်နတ်ကိုခေါ်ရမလဲ၊ ဘယ်အချိန်မှာ နောက်ဆုတ်ခိုင်းရမလဲသိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်စောင့်နတ်က စောင့်မတာ
ငယ်ငယ်က ကြားဖူးလိမ့်မယ်။
Read More »

အရင်ပေးပါ။

Give and Take ပါ။ Take and Give မဟုတ်ပါဘူး။ တစ်ခုခုလိုချင်တာရှိရင်ကိုယ့်ဖက်က အရင်ပေးရပါတယ်။ ဒါကိုတော့ Law of Reciprocity လို့ခေါ်ကြတယ်။ Reciprocity ဆိုတာ Re (ပြန်လည်ရဖို့)Pro (အရင်) လုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဆုတောင်းတယ်ဆိုတာလဲ ကိုယ့်မသိစိတ်က လာအောင် အတွေးအခေါ်ကြိမ်နှုန်း အရင်ကြိုပေးရတယ်။ လေးစားမှုဆိုတာမသိတဲ့ကလေးတွေကလေးစားမှုဆိုတာကို ပြန်မပေးတတ်တာကိုတွေ့ရပါလိမ့်မယ်။ ဘာတွေ အရင်ပေးရမလဲ။ ၁။ အတွေး၂။ အကြံ၃။ အလုပ် ကောင်းမွန်တဲ့ဘဝရဖို့ ကောင်းမွန်တဲ့အတွေး၊ ကောင်းမွန်တဲ့အကြံ၊ကောင်းမွန်တဲ့အလုပ် အရင်ပေးရပါတယ်။ ဒါကတော့ ဥပဒေသ နံပတ်လေးပါ။ သူ့အရှေ့မှာ Law of Attraction Law of Action Law of Appreciation ရှိပါတယ်။ Phyo Paing @

အရင်ပေးပါ။ Read More »

တော်တဲ့သူက ပိုတော်တယ်။

ကိုယ့်ကိုပေးလိုက်တဲ့ အရာတစ်ခုကိုကျေးဇူးတင်လေလေ၊ ဒီလို အရာက ကိုယ့်ဘဝထဲပိုရောက်လာလေလေ။ တော်တဲ့သူက ပိုတော်တယ်။ ချမ်းသာတဲ့သူက ပိုချမ်းသာတာတွေ့ကြလိမ့်မယ်။ ကိုယ်သဘောကျတဲ့အရာကို တစ်ဖက်လူကို သဘောကျကြောင်းကျေးဇူးတင်ကြောင်းပြောတဲ့အခါပိုလုပ်ပေးချင်စိတ်များသလို ကိုယ့်ကိုမသိစိတ်ကိုလဲကျေးဇူးတင်ကြောင်းပြောပေးရတယ်။တချို့ကလဲ ယူနီဗာ့ကို ကျေးဇူးတင်ကြောင်းပြောကြတယ်။ အကြောင်းအရင်းတစ်ခုက ကိုယ့်ဘဝမှာ ရရှိထားတဲ့ ကိုယ်ကျေနပ်စိတ်တိုင်းကျတဲ့အရာတွေကိုကျေးဇူးတင်တတ်ဖို့ပါ။ ဒါကို Law of appreciation လို့ခေါ်လိုက်တယ်။ ကိုယ့်ဘဝမှာ ကျေးဇူးတင်တဲ့အရာတွေကို ချရေးကြည့်ကြည့်ပါ။နောက် အမြဲစဥ်းစားကြည့်ပါ။ ကျွန်တော့်အနေနဲ့ဆို ကိုယ်ရူးသွပ်တဲ့ အကြောင်းအရာတွေကို မျှဝေခွင့်ရတာ ကျေးဇူးတင်တယ်။ ဒီလိုမျှဝေရင်းနဲ့ လုပ်ငန်းတွေတည်ဆောက်လို့ရတာကျေးဇူးတင်မိတယ်။ နောက်ကိုယ့်ကိုနားလည်တဲ့သူတွေ၊ကူညီဖို့ဆို အသင့်ဆိုတဲ့သူတွေရှိနေတာကျေးဇူးတင်တယ်။ ကိုယ်လိုချင်တာတွေကို မဖြစ်ဖြစ်အောင်လုပ်ပေးတဲ့ကိုယ့်ကိုယ်ကိုလဲ ကျေးဇူးတင်တယ်။ Law of AttractionLaw of Action နဲ့တွဲတဲ့နောက်ဥပဒေသတစ်ခုက Law of Appreciation Phyo Paing @ Derek

တော်တဲ့သူက ပိုတော်တယ်။ Read More »

ကောက်ခါငင်ခါပေါ်လာတဲ့ အိုင်ဒီယာကို ချက်ချင်းအသုံးချပါ။

Law of attraction မှာ ကိုယ်လိုချင်တာရဖို့ အတားအဆီးတွေဖြုတ်ပြီးရင်ဒုတိယ လုပ်ရမှာက Law of action ပါ။ ဒီ Law of action လုပ်ဖို့ စဥ်းစားဥာဏ်ထက်မြင့်တဲ့ အလိုလိုသိစိတ် intuition ကို အသုံးချနိုင်ဖို့လိုတယ်။ အကောင်းဆုံးအိုင်ဒီယာတချို့ကခရီးသွားရင်း၊ ရေချိုးရင်း၊တရားထိုင်ရင်း၊ ကားမောင်းရင်းကောက်ခါငင်ခါ ရတတ်ပါတယ်။ ဒါကြောင့် သိစိတ်ရဲ့စဥ်းစားဥာဏ်အပြင်မသိစိတ်ရဲ့ စွမ်းအားဖြစ်တဲ့ အလိုလိုသိစိတ်က ပေးတဲ့ မက်ဆေ့ကိုအသုံးပြုပြီးလုပ်ဆောင်ဖို့လိုတယ်။ တချို့လုပ်ရပ်တွေက နေ့စဥ်လုပ်ဆောင်နေရတယ်။တချို့လုပ်ရပ်တွေက ကောက်ခါငင်ခါလုပ်ဆောင်ရတယ်။ ဒီ မသိစိတ်၊ တချို့ကတော့ ယူနီဗာ့ပေါ့။ဒီကပေးတဲ့ မက်ဆေ့တွေကို ကောက်ခါငင်ခါလုပ်ယူလိုက်လို့ရတယ်။ ဒါကတော့ Law of Action ပါ။ တခါတလေ ကိုယ့်မသိစိတ်ကိုပြန်မေးကြည့်။ အခုငါဘာလုပ်သင့်သလဲ။ Phyo Paing @ Derek

ကောက်ခါငင်ခါပေါ်လာတဲ့ အိုင်ဒီယာကို ချက်ချင်းအသုံးချပါ။ Read More »

Law of attraction

ကိုယ်စိတ်ကူးထားတဲ့ အရာတိုင်းကဘဝထဲကို တဖြည်းဖြည်းရောက်လာတဲ့Law of attraction ဆိုတာရှိတယ်။ ဒါနဲ့ အတူအလုပ်လုပ်တဲ့ ဥပဒေသ ငါးခုထပ်ရှိတယ်။ ပထမတစ်ခုက Law of Attraction ကိုယ်လိုချင်တာကို စိတ်ကူးပုံဖောက်ကြည့်။ခံစားကြည့်ကြည့်။ လိုချင်တာတွေ ရလာဖို့ အဆင်သင့်ဖြစ်နေဖို့စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်။ ဒီ Law of attraction ကိုသုံးဖို့အတားအဆီးတစ်ခုက ပိတ်ဆို့မှု blockage ပဲ။ စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှု။ မဖြစ်နိုင်ပါဘူး။ အပိုတွေပါ။ အဲ့အတွက် အချိန်တွေစောင့်ဖို့လိုသေးတယ်။ ဒီ အတားအဆီး၊ အစိုင်အခဲတွေကိုဖယ်ရှားဖို့လိုတယ်။ ဒါကိုကျော်ဖြတ်ဖို့နည်းလမ်းအများကြီးရှိတယ်။အဲ့ဒီနည်းလမ်းအများကြီးထဲမှာဆို ဟာဝိုင်ရီက လူမျိုးတွေအသုံးပြုတဲ့ho’oponopono ဆိုတဲ့နည်းအသုံးပြုလို့ရတယ်။ I am sorry. Please forgive me. I love you. Thank you. ငါမှားသွားတယ်။ငါ့ကိုခွင့်လွတ်ပါ။ ငါမင်းကိုချစ်တယ်။ ကျေးဇူးတင်ပါတယ်။

Law of attraction Read More »

သေသွားတဲ့အခါ လိပ်ပြာလုံချင်တယ်။

ကျွန်တော်ကတော့ အားလုံးအတွက်ကိုယ်လုပ်ပေးနိုင်တာကလဲများများစားစားမရှိဘူး။ ကျွမ်းကျင်တာလဲများများစားစားမရှိဘူး။ ကိုယ်မွေးခဲ့တဲ့ မွေးရပ်မြေအတွက်ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးအပြောင်းအလဲလုပ်ပေးနိုင်ရမယ်လို့လုံးဝ ခံယူထားတယ်။ တစ်ပြိုင်တည်းမှာပဲလုပ်ချင်တာတွေ ဆက်လုပ်ဖို့ပိုက်ဆံရှာဖို့လဲလိုတယ်။ ဒီခံယူချက်နဲ့ပဲ ဖြတ်သန်းလာတာပဲ။ ဒါကြောင့်လဲ နေ့တိုင်းမဖြစ်မနေကိုယ်သိထားတာတွေကိုကိုယ့်လိုတိုးတက်ချင်တဲ့သူတွေအတွက်မျှဝေပေးခဲ့တာ ၂၀၁၆ တည်းကပဲ။ ဒရာမာတွေနဲ့လဲ အချိန်ကုန်မခံချင်ဘူး။ သေသွားတဲ့အခါ လိပ်ပြာလုံချင်တယ်။ကိုယ့်ကြောင့်အနာဂတ်ကလေးငယ်တွေဘဝပိုလှပ လာရမယ်။ကျွန်တော်စဉ်းစားတာ မှန်ချင်မှလဲမှန်လိမ့်မယ်။ Phyo Paing @ Derek

သေသွားတဲ့အခါ လိပ်ပြာလုံချင်တယ်။ Read More »

လုပ်နိုင်မလုပ်နိုင် မသိရင်
အရင် Yes လို့ပြောလိုက်။
နောက်မှ နည်းလမ်းရှာ။

တူညီတဲ့အကြံဥာဏ်တစ်ခုကမတူညီတဲ့ ဘဝအခြေအနေမှာရှိနေသူတွေ အားလုံးအတွက်မတူညီတဲ့ ရလဒ်တွေရနိုင်တယ်။ Virgin တည်ထောင်သူRichard Branson က အခွင့်အရေးတစ်ခုပေးလို့ လုပ်နိုင်မလုပ်နိုင် မသိရင်အရင် Yes လို့ပြောလိုက်။ နောက်မှ နည်းလမ်းရှာတဲ့။ Warren Buffett ကတော့တကယ်အောင်မြင်တဲ့သူတွေက အရာရာတိုင်းနည်းပါးကို No လို့ပြောကြတယ်တဲ့။ အခွင့်အရေးတွေ့တိုင်း Yes လို့မပြောဘူး။ အကြံဥာဏ်တစ်ခုယူရင်ကိုယ်က ဘယ်အချိန်၊ ဘယ်အခြေအနေမှာလဲသိဖို့လိုတယ်။ မတူညီတဲ့ အချိိန်၊မတူညီတဲ့ အခြေအနေမှာမတူညီတဲ့ လုပ်ဆောင်မှုတွေလိုတယ်။ Phyo Paing @ Derek

လုပ်နိုင်မလုပ်နိုင် မသိရင်
အရင် Yes လို့ပြောလိုက်။
နောက်မှ နည်းလမ်းရှာ။
Read More »

အရောင်းသမားတစ်ယောက်က
အရောင်းအတွက် မဖြစ်မနေ
Pre-call planning ဆိုတာလုပ်ရတယ်။

ဖောက်သည်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ကလဲဖောက်သည်နဲ့မတွေ့ခင် role play တွေအကြိမ်ကြိမ်အခါခါ လုပ်ရတယ်။ အရောင်းသမားတစ်ယောက်ကလဲရောင်းချခြင်းစနစ်ထဲမှာသွားဖို့မင်္ဂလာပါအစ်ကို၊ အစ်မကစလို့ဝယ်ပြီး ပြန်တဲ့အထိ စနစ်တကျသွားရတယ်။ ဒီလိုတွေဖြစ်အောင် လုပ်ငန်းတွင်း၊လုပ်ငန်းပြင်ပ Trainer တွေခေါ်ပြီးသင်တန်းပေးကြတယ်။ ဘာကြောင့်လဲ?စနစ်ကျအောင်၊ စံမိဖို့စီမံခန့်ခွဲမှုကောင်းအောင်။ အရောင်းသမားတွေတောင်ပလန်နဲ့ စနစ်တွေလုပ်နေရင်လုပ်ငန်းကြီးကို ဦးဆောင်နေတဲ့မန်နေဂျာ သို့မဟုတ် လုပ်ငန်းရှင်က ပလန်နဲ့ စနစ်လိုမလားစဉ်းစားကြည့်ရင် သိနိုင်တယ်။ ကုန်ပစ္စည်းတွေမှာတဲ့အခါInventory Planning လိုမယ်။ကုန်ပစ္စည်းတွေပြန်စစ်ဖို့စနစ်လိုမယ်။ အလိုလိုပေါက်တာ မြက်ပင်ပဲရှိတယ်။ ပလန်နဲ့ စနစ်မလိုရင်မန်းနေ့မန့်ဆရာတွေလဲ မလိုတော့ဘူး။ ဒီရက်ပိုင်းလုပ်ဖြစ်တဲ့ Training တွေပြီးတော့စဉ်းစားမိတာလေးများ။ Phyo Paing @ Derek

အရောင်းသမားတစ်ယောက်က
အရောင်းအတွက် မဖြစ်မနေ
Pre-call planning ဆိုတာလုပ်ရတယ်။
Read More »

လူတိုင်းက ရောက်နေတဲ့ level မတူကြဘူး။

၃၁ ဘုံလိုပဲ လုပ်ငန်းမှာလဲလူတိုင်းက ရောက်နေတဲ့ level မတူကြဘူး။ အထက်ကိုတက်ပြီး လွတ်မြောက်မှုရရမှာကိုယ့်တာဝန်။ Credit to Roger Hamilton #Akyanpay

လူတိုင်းက ရောက်နေတဲ့ level မတူကြဘူး။ Read More »

ကိုယ့်တာဝန်ပဲ။

创业 စွန့်ဦးတီထွင်မှုဆိုတာ အသွေးအသားထဲ စီးဆင်းနေတဲ့သူတွေရှိတယ်။ကိုယ်လိုချင်တာတွေ ဖြစ်လာဖို့စွန့်စားဦးစီးတီထွင် ပြီး စျေးကွက်ကလက်ခံအောင်လုပ်ရမှာ ကိုယ့်တာဝန်ပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ကိုယ့်တာဝန်ပဲ။ Read More »