November 2023

ဘဝမှာ အတွေးအခေါ်စမ်းသပ်မှုလိုတယ်။

အဆင့်မြင့်တဲ့ ဖျော်ဖြေရေးထဲမှာ“အတွေးအခေါ် ဖျော်ဖြေရေး”ပါတယ်။ အတွေးအခေါ်တွေကအလင်းတွေ ပေးတယ်။ အတွေးအခေါ်တွေကမတူညီတဲ့ လမ်းတွေကိုပြပေးတယ်။ အတွေးအခေါ်တွေကမတူညီတဲ့ အမြင့်တွေကနေမတူညီတဲ့ အမြင်တွေကို ပြပေးတယ်။ အတွေးအခေါ်တွေကလူတွေ high စေတယ်။ အတွေးအခေါ်တွေကဘဝနေထိုင်မှုကိုမတူညီတဲ့ရှုထောင့်ကကြည့်ပြီးမိုက်စေတယ်။ အတွေးအခေါ်ပညာကကျောင်းတုန်းကလို အမှတ်ပေးစည်းမျဥ်းမရှိဘူး။အမှားနဲ့ အမှန်ကကြည့်တဲ့သူရဲ့ ရှုထောင့်ပေါ်မူတည်တယ်။ နယူတန်က ပန်းသီးကျတာကြည့်အတွေးအခေါ်စမ်းသပ်မှုလုပ်ရင်းကမ္ဘာ့ဆွဲအားကို သိလာတယ်။ အိုင်စတိုင်းက ရထားပေါ်ကအတွေးအခေါ်စမ်းသပ်မှုလုပ်ရင်းသီအိုရီအသစ်တွေ တွေ့လာတယ်။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ်။​နောက်တစ်ခုက ဒီမိုကရေစီဆိုတာအိုင်ဒီယာတစ်ခု။ ကိုယ့်ဘဝမှာ အိုင်ဒီယာအသစ်တွေ၊အတွေးအခေါ်စမ်းသပ်မှုတွေကိုတခြားသူတွေ ဘယ်လောက်တားတားလုပ်ရဲဖို့လိုတယ်။ တချို့လူတွေ လူမှုကွန်ယက်ကနေဝေဖန်ကြလိမ့်မယ်။ပျက်ရယ်ပြုကြလိမ့်မယ်။အရူးတစ်ယောက်လို ဟာသလုပ်လိမ့်မယ်။ဒီကြားထဲက အတွေးအခေါ်စမ်းသပ်မှုပြုလုပ်ပြီးချပြနိုင်တာကအတွေးအခေါ် တော်လှန်ရေးပဲ။ ဒီအတွေးအခေါ်တော်လှန်ရေးကြောင့်အတွေးသစ်လှုပ်ရှားမှုNew Thought Movement တွေဖြစ်လာတယ်။အတွေးအခေါ် တော်လှန်ရေးကြောင့်လမ်းအသစ်တွေ တွေ့လာတယ်။ လူတွေနဲ့ တိရစ္ဆာန်တွေကို ကွာခြားစေတဲ့အချက်တွေအများကြီးထဲက တစ်ခုကအသိဥာဏ်ပဲ။ အသိဥာဏ်ကို နှိုးဆွဖို့၊ဘဝကို မေးခွန်းထုတ်ဖို့လိုတယ်။ မဟုတ်ရင် မနက် ကိုးနာရီရုံးတတ်၊ငါးနာရီပြန်၊လကုန်လစာထုတ်၊အိမ်လခပေး၊ပိုက်ဆံစု၊ဖျားတော့ အကုန်ကုန်သွား။ ဘဝမှာ အတွေးအခေါ်စမ်းသပ်မှုလိုတယ်။ဒီကမှ

ဘဝမှာ အတွေးအခေါ်စမ်းသပ်မှုလိုတယ်။ Read More »

ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့
မေ့ထားလို့မရဘူး။

ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့မေ့ထားလို့မရဘူး။ လူတွေမှာ ဇောတွေရှိတယ်။ဇောဆိုတဲ့ ခက်ဆစ်အဓိပ္ပာယ်ကအရှိန်အဟုန်ဖြင့်ဖြစ်သောစိတ်တဲ့။ တချို့က လောဘဇော။တချို့က ဒေါသဇော။တချို့က မာန်မာနဇော။တချို့က မောဟဇော။ ဇောတွေနဲ့ လောလောပြီးကနေတဲ့လောကမှာ မေ့ထားလို့မရတဲ့အရာကကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့ပဲ။ တချို့ဇောတွေက အရှိန်တင်ဖို့လိုတယ်။တချို့ဇောတွေက ဘရိတ်အုပ်ဖိုလိုတယ်။ အရေးကြီးတာ ဇောတွေရဲ့ထိန်းချုပ်မှုမှာ သတိ၊ အသိလိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့
မေ့ထားလို့မရဘူး။
Read More »

လမ်း

လမ်းဆိုတာ လျှောက်ဖို့။​လမ်းတွေ့ပြီး မလျှောက်ရင်ခရီးရောက်မှာ မဟုတ်ဘူး။ သိပြီး မလုပ်တာကမသိတာနဲ့ ဘာမှသိပ်မထူးခြားဘူး။ အခွင့်အလမ်းတစ်ခု၊အသိပညာတစ်ခုကိုသိပြီး အသုံးမချတာကနှမြောဖို့ကောင်းတယ်။ လမ်းတွေတွေ့ဖို့ Learn နေကြတယ်။အရေးကြီးတာ ပြန်ပြီးအသုံးချဖို့ပဲ။ Phyo Paing @ Derek

လမ်း Read More »

တန်ခိုးဆိုတာ မြေလျိုးမိုးပျံမှမဟုတ်ဘူး

တန်ခိုးဆိုတာ မြေလျိုးမိုးပျံမှမဟုတ်ဘူး။ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တာလဲတန်ခိုးပဲ။ကိုယ့်အတွေး၊ အကြံ၊ ခံစားချက်၊အလုပ်တွေကို ထိန်းချုပ်နိုင်ရင်အရာတော်တော်များများဖြစ်အောင်လုပ်လို့ရနိုင်တယ်။ Phyo Paing @ Derek

တန်ခိုးဆိုတာ မြေလျိုးမိုးပျံမှမဟုတ်ဘူး Read More »

ကိုယ်က ကိုယ့်လုပ်ငန်းထက်
ပိုကြီးနေဖို့လိုတယ်။

ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ ဒါကြောင့်ပုံမှန် လေ့လာနေဖို့လိုတယ်။စီးပွါးရေးနဲ့ပတ်သက်လို့ ပုံမှန်လေ့လာမှုပြုနိုင်ဖို့Mini-MBA batch 4 coming soon!

ကိုယ်က ကိုယ့်လုပ်ငန်းထက်
ပိုကြီးနေဖို့လိုတယ်။
Read More »

ရလဒ်ကောင်းရဖို့ စိတ်လဲရှည်တယ်။

စီးပွားရေးမှာ ကြောက်စရာကောင်းတဲ့ပြိုင်ဖက်ကစာလဲဖတ်တယ်။လေ့လဲလေ့လာတယ်။တွေးလဲတွေးတယ်။လုပ်ဆောင်မှုလဲ မြန်တယ်။အကောင်ထည်ဖော်တာ သေသပ်တယ်။ရလဒ်ကောင်းရဖို့ စိတ်လဲရှည်တယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ရလဒ်ကောင်းရဖို့ စိတ်လဲရှည်တယ်။ Read More »

မလိုအပ်ရင် မပြောနဲ့။

ဂါထာလို အမြဲရွတ်တာကအချိန်မဖြုန်းနဲ့။ တကယ်တမ်းဘဝကို အကောင်းဆုံးဖြစ်ဖို့ optimize လုပ်ဖို့ဆို အချိန်က အများကြီးမရှိဘူး။ လိုအပ်တာပြော၊လိုချင်တာပြော၊ ပြဿနာဖြစ်ရင် အဖြေရှာ၊ဇစ်မြစ်ကို မြန်မြန်ဖြေရှင်း၊ လုပ်ရပ်မြန်မြန်လုပ်၊ရလဒ်အတွက် စိတ်ရှည်။ နေ့စဥ်သင်ယူ။ ကိုယ့်အတွက် အကျိုးမရှိတဲ့အရာ၊ သူများအတွက် အကျိုးမရှိတဲ့အရာ၊ ကိုယ့်အတွက် အခုလဲပိုက်ဆံမရ၊ နောက်လဲ ပိုက်ဆံမရမည့်အရာ၊ ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့မရတဲ့အရာမလိုအပ်ရင် မပြောနဲ့။ ဒီလိုပဲစဥ်းစားတယ်။ Phyo Paing @ Derek

မလိုအပ်ရင် မပြောနဲ့။ Read More »

ပြဿနာအများစုက
အားနာတတ်မှုက စတတ်ကြတယ်။

ပိုက်ဆံထက် တန်ဖိုးရှိတဲ့အရာတွေအများကြီးရှိတယ်။ဒါပေမယ့် တန်ဖိုးတစ်ခုကို သတ်မှတ်ဖို့ အလွယ်ကူဆုံးအရာက ပိုက်ဆံပဲ။ စီးပွားရေးလုပ်တယ်ဆိုတာ ဖောက်သည်ပြဿနာကို ပိုက်ဆံယူပြီး ဖြေရှင်းပေးတာပဲ။ ငွေအကြောင်းပြောရတာ ရှက်စရာမဟုတ်ဘူး။ ပြဿနာအများစုက အားနာတတ်မှုက စတတ်ကြတယ်။ Phyo Paing @ Derek

ပြဿနာအများစုက
အားနာတတ်မှုက စတတ်ကြတယ်။
Read More »

ကျောင်းတွေက ပညာတွေအကုန်သင်ပေးလိုက်တာမဟုတ်ဘူး။

ကျောင်းတွေကပညာကို ဘယ်လိုသင်ရမလဲဆိုတာ သင်ပေးလိုက်တာ။ ဒါကြောင့် ဘဝရဲ့ သင်ခန်းစာအများစု၊ အသိပညာ၊ အတတ်ပညာအများစုကကျောင်းပြင်ပကရတယ်။ ကျောင်းက ဘဝမှာ ဘယ်လိုလေ့လာရမလဲ သင်ပေးလိုက်တယ်။ MBA ပြီးသွားလို့ အကုန်သိသွားလားဆိုတော့မဟုတ်ဘူး။လိုအပ်တာကို ဘယ်လိုလေ့လာရမလဲ၊ ဘယ်လိုစဉ်းစားရမလဲ၊ဘယ်လိုဆုံးဖြတ်ရမလဲ သင်ပေးလိုက်တာ။ Phyo Paing @ Derek

ကျောင်းတွေက ပညာတွေအကုန်သင်ပေးလိုက်တာမဟုတ်ဘူး။ Read More »