အပျော်ရှာဖို့
ပိုက်ဆံရှာဖို့ ပိုက်ဆံရှိတဲ့နေရာမှာနေဖို့လိုတယ်။ ပညာရှာဖို့ ပညာရှိတဲ့နေရာမှာနေဖို့လိုတယ်။အပျော်ရှာဖို့ အပျော်ရှိတဲ့နေရာမှာနေဖို့လိုတယ်။ အရမ်းလွယ်ကူလွန်းတဲ့ လူတိုင်းသိပြီးမေ့နေတတ်တဲ့အချက်ပါပဲ။ Phyo Paing @ Derek
ပိုက်ဆံရှာဖို့ ပိုက်ဆံရှိတဲ့နေရာမှာနေဖို့လိုတယ်။ ပညာရှာဖို့ ပညာရှိတဲ့နေရာမှာနေဖို့လိုတယ်။အပျော်ရှာဖို့ အပျော်ရှိတဲ့နေရာမှာနေဖို့လိုတယ်။ အရမ်းလွယ်ကူလွန်းတဲ့ လူတိုင်းသိပြီးမေ့နေတတ်တဲ့အချက်ပါပဲ။ Phyo Paing @ Derek
ပညာသင်တယ်ဆိုတာ အမြင်ရှိဖို့။ မြင်ပြီးရင် နားလည်ဖို့။နားလည်ပြီးရင် အသုံးပြုတတ်ဖို့။ အသုံးပြုတတ်ပြီးရင် အသစ်ဖန်တီးဖို့။ ဘွဲ့တွေအိမ်မှာ ချိပ်ထားဖို့ထက်အများကြီးပိုတယ်။ Leonardo Da Vinci ဆို ရေးတတ်၊ ဖတ်တတ်တာအပြင်ကျောင်းတက်ခွင့်မရခဲ့ရှာဘူး။ ဒါပေမယ့် ကမ္ဘာ့ကျော် polymath ဖြစ်တယ်။ Edison လဲ စာဖတ်နှေးလို့ကျောင်းကနေထုတ်ပြီး အမေက သင်ပေးခဲ့တယ်။ Einstein က The only thing that interferes with my learning is my education တဲ့။ ပညာဆိုတာ ကျောင်းမှာတစ်ခုတည်းသင်ရတာမဟုတ်ဘူး။ ဒီနေ့ခေတ်လို့ MOOC (Massive Open Online Course)တွေဖြစ်တဲ့ cousera တို့online learning platform တွေအများကြီးပေါ်လာပြီး သင်ယူမှုကို ကန့်သတ်ထားတာကိုယ်ကိုယ်တိုင်ဖြစ်သွားပြီ။ AI တစ်ခေတ်ရောက်လာတော့ပိုတောင်ကြမ်းလာပြီ။
ပညာရွှေအိုး လူမခိုး။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့လိုတယ်။ Read More »
ဒီနေ့ခေတ်မှာ ဘယ်လောက်မြန်မြန်လေ့လာနိုင်တယ်။ ဘယ်လောက်မြန်မြန်အသုံးချနိုင်တယ်။ဘယ်လောက်မြန်မြန် သင်ခန်းစာယူနိုင်တယ်။ဘယ်လောက်မြန်မြန် လဲရာကပြန်ထနိုင်တယ်။ဒါက ပိုအရေးကြီးသွားမယ်။ အနာဂတ်မှာ polymath တွေပိုထွက်လာမယ်။ Polymath ဆိုတာ ပညာရပ်တစ်ခုထက်ပိုပြီးပညာရပ်တွေကို ထဲထဲဝင်ဝင်ပိုသိတဲ့လူတွေ။ အနာဂတ် စွန့်ဦးတီထွင်တွေကလဲဒီ polymath ထဲကလာမယ်။ ကျွန်တော်ကတော့ ဒီတစ်ခုပဲကျွမ်းကျင်တယ်။ကျန်တာဘာမှ မသိဘူးလုပ်လို့က အဘိုးခေတ်မှာရမယ်။ ဒီနေ့ခေတ်က T-shaped လိုကျွမ်းကျင်မှုကအခြေခံဖြစ်လာမယ်။ မားကတ်တင်းပဲ နားလည်တယ်။လူတွေရဲ့ စိတ်ပညာနားမလည်ဘူး။ ဦးနှောက်အလုပ်လုပ်ပုံမသိဘူး။ အတွေးအခေါ်ပညာမသိဘူး။ စဉ်းစားပုံမသိဘူး။စီမံခန့်ခွဲမှုမသိဘူး။ အဲ့လိုမဟုတ်တော့ဘူး။ ခေတ်တွေက ပြောင်းနေပြီ။ မြန်မြန်သင်ယူနိုင်စွမ်းအရေးကြီးလာပြီ။ Better, Smarter နဲ့ Faster ဖြစ်ဖို့လိုလာပြီ။ Phyo Paing @ Derek
ခေတ်တွေက ပြောင်းနေပြီ။
မြန်မြန်သင်ယူနိုင်စွမ်းအရေးကြီးလာပြီ။ Read More »
အသက်ကိုခပ်ပြင်းပြင်းလေးနှာခေါင်းနဲ့ရှူသွင်း လေးစက္ကန့်လောက်အောင့်ထားပြီး၊အကုန်ပြန်ရှုထုတ်။သုံး၊ လေးခါ လောက်လုပ်ကြည့်။ တခါတလေ အသက်ရှင်နေတာကိုမေ့နေတတ်တဲ့ အခိုက်အတန့်တွေရှိတတ်တယ်။
လူသိများနာမည်ကြီးပြီးလူတွေအားကျရတဲ့Influencer ဖြစ်အောင်လုပ်လို့ရတယ်။ နယ်ပယ်တစ်ခုမှာ အရေးပါအရာရောက်တဲ့ထဲထဲဝင်ဝင်သိတဲ့Thought leader ဖြစ်အောင်လုပ်လို့ရတယ်။ နှစ်ခုစလုံးလဲ လုပ်လို့ရတယ်။ တစ်ခုရှိတာ ကိုယ့်အတွေးရှုထောင့်ခပ်ကြမ်းကြမ်းတွေ ချပြပြီးInfluencer ပဲလုပ် follower များများရချင်ရင်တော့ပွဲခဏခဏ ဖြစ်တာနဲ့အလုပ်လုပ်လို့ရမှာ မဟုတ်ဘူး။ တစ်ခုကို သေချာရွေးချယ်ရတယ်။ Guerrilla Marketing CoachLow cost, high impactစရိတ်နည်းပါးထိရောက်မှုဆပွါး #gmc
လူသိများနာမည်ကြီးပြီးလူတွေအားကျရတဲ့ Influencer ဖြစ်အောင်လုပ်လို့ရတယ်။ နယ်ပယ်တစ်ခုမှာ အရေးပါအရာရောက်တဲ့ထဲထဲဝင်ဝင်သိတဲ့ Thought leader ဖြစ်အောင်လုပ်လို့ရတယ်။ နှစ်ခုစလုံးလဲ လုပ်လို့ရတယ်။ တစ်ခုရှိတာ ကိုယ့်အတွေးရှုထောင့်ခပ်ကြမ်းကြမ်းတွေ ချပြပြီးInfluencer ပဲလုပ် follower များများရချင်ရင်တော့ပွဲခဏခဏ ဖြစ်တာနဲ့ အလုပ်လုပ်လို့ရမှာ မဟုတ်ဘူး။ တစ်ခုကို သေချာရွေးချယ်ရတယ်။ Phyo Paing @ Derek
ရုပ်ဝတ္ထုတွေကပေးတဲ့ပျော်ရွင်မှုကခဏပဲ။ ပျော်ရွင်ငြိမ်းချမ်းချင်ရင် အပြင်ထက် အတွင်းကိုပြင်ဖို့လိုတယ်။ လောကကိုမြင်တဲ့ အမြင်နဲ့ ဇီဝကမ္မဖြစ်စဥ်ကို သေချာလွမ်းမိုးနိုင်ရင်စိတ်ခံစားမှုကို လွမ်းမိုးလို့ရတယ်။ စိတ်ခံစားမှုက အတွေးကိုပြန်လွမ်းမိုးတယ်။အတွေးက အကြံ၊ အကြံက အလုပ်။ အတွေး၊ အကြံ၊ အလုပ်ကို လွမ်းမိုးတယ်လို့စဥ်းစားကြည့်မိတယ်။ Phyo Paing @ Derek
စီးပွါးရေးမှာ Do or Die မဟုတ်ဘူး။Htoo or Die ပဲ။ထူးရင်ထူး။ မထူးရင်သေ။ဒါကို Differentiate or Die လို့ခေါ်တယ်။ ဒီလိုထူးဖို့အများစုမလုပ်နိုင်တာလုပ်။ဒါမှမဟုတ် အများမလုပ်ချင်တာလုပ်။ အများမလုပ်နိုင်တာဖြစ်အောင်လုပ်တဲ့သာဓကတွေကတော့ အများကြီးပဲ။ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအများစုကိုတွေ့လိမ့်မယ်။ ဒုတိကတစ်ခုကတော့ ဒါလေးနဲ့အနီးစပ်ဆုံးတူမယ်။တရုတ်က စက္ကူအမှိုက်တွေကိုပြန်အသုံးပြုနိုင်တဲ့ Recycle ♻️ လုပ်ရင်းဖြစ်လာတဲ့ ဘီလီယံဒေါ်လာကုမ္ပဏီကြီးဖြစ်တဲ့Nine Dragons ရဲ့ ပိုင်ရှင် Zhang Yin က ဥပမာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လူတွေရဲ့ ဇီဝကမ္မဖြစ်စဥ်ကိုသေချာအသုံးချတတ်ရင်ကိုယ့်ရဲ့ circadian rhythm ကိုလိုသလို ပြောင်းလို့ရတယ်။ဘယ်အချိန်အိပ်ပြီးဘယ်အချိန်ထချင်တယ်။ဘယ်လိုအလုပ်လုပ်ချင်တယ်။စွမ်းအင်ကို ဘယ်လိုစီမံခန့်ခွဲမယ်။ ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်တယ်လေ့လာတာ။ဇီဝဗေဒ Biology ရဲ့အခွဲတစ်ခုဖြစ်တယ်။ ဘောလုံးမကန်ခင်မှာသွေးပူလေ့ကျင့်ခန်းဘာကြောင့်လုပ်သလဲ? နှလုံးခုန်မြန်ပြီး သွေးလည််ပတ်မှုကောင်းပြီးကြွက်သားတွေထဲ သွေးပိုရောက်အောင်။ထိခိုက်မှုနည်းစေတယ်၊ပျော့ပြောင်းမှုပိုဖြစ်စေတယ်၊လှုပ်ရှားမှုစွမ်းဆောင်ရည်အတွက် ကူညီပေးတယ်။ဒါက ဇီဝကမ္မဖြစ်စဥ်ကို အသုံးပြုတဲ့သာဓက တစ်ခုပဲ။ အိပ်ချင်နေတယ်၊ အလုပ်ကလဲမပြီးသေးဘူး။ကော်ဖီသောက်လိုက်တယ်။သွေးထဲမှာ adenosine receptor အဒီနိုစင်းလက်ခံကိုသွားပိတ်တယ်။ အရူးသွားလုပ်တယ်။adenosine တွေက သူ့ လက်ခံနဲ့ပေါင်းလို့မရပဲသွေးထဲလည်ပတ်နေတယ်။ဒီတော့ အနားယူမည့် အိပ်ချင်စိတ်ကိုအချိန်တစ်ခုထိ ရပ်ထားဖို့ ကူညီပေးတယ်။ Phyo Paing @ Derekdrphyopaing