မာကတ်တင်းအကြောင်း
မားကတ်တင်းအကြောင်း နည်းနည်းပြောပြမယ်။ မားကတ်တင်း ဗားရှင်း 1.0 အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။ မားကတ်တင်း ဗားရှင်း 2.0 နောက် အဖေ၊ အမေ လက်ထက်ကျတော့ လက်ဟောင်းပဲ ယူချင်တယ်။ စထုတ်တုန်းအရည်အသွေးကောင်းပြီး ရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။ အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ ကျွန်တော်ကတော့ “Me Marketing” လို့ အတိုကောက်နာမည်ပေးတယ်။ “ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး” မားကတ်တင်းပေါ့။ […]