December 2023

အကုန်လုံးကို ကော်ပီကူးလို့မရဘူး။

ပြိုင်ဖက်တွေ ကော်ပီကူးမရတာဦးဆောင်တဲ့သူကိုပဲ။ ကိုယ့်ခေါင်းထဲထည့်ထားတဲ့အရာတွေအကုန်လုံးကို ကော်ပီကူးလို့မရဘူး။ အတွေးတချို့၊ အကြံတချို့၊ အလုပ်တချို့ကိုကော်ပီကူးလို့ရနိုင်ပေမယ့်မဟာဗျူဟာတစ်ခုလုံး ကော်ပီကူးလို့မရဘူး။ ရေတို ဗျူဟာလောက်ပဲ ကော်ပီကူးနိုင်လိမ့်မယ်။စီးပွါးရေးဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အကုန်လုံးကို ကော်ပီကူးလို့မရဘူး။ Read More »

စီးပွါးရေး ပညာလေ့လာပါ။

စီးပွါးရေး ကိုနားလည်အောင်စီးပွါးရေး ပညာလေ့လာပါ။နားလည်မှ ထိရောက်အောင်ပိုအသုံးချနိုင်မှာ။တခြားလုပ်ငန်းတွေနဲ့မတူအောင်ဖန်တီးနိုင်မှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွါးရေး ပညာလေ့လာပါ။ Read More »

အဓိကနဲ့ သာမညကိုခွဲသိဖို့။

ဘဝမှာ အရေးအကြီးဆုံးပညာရပ်တစ်ခုက အဓိကနဲ့ သာမညကိုခွဲသိဖို့။ နောက် အဓိကကို အာရုံစိုက်လုပ်ဆောင်ဖို့။ တစ်ရက်တစ်ရက် လုပ်နေတဲ့အလုပ်တွေထဲမှာ ဘယ်အရာတွေက အဓိကကျသလဲ? ကိုယ်လုပ်နေတဲ့အလုပ်တွေက ကိုယ့်အတွက်၊ ကိုယ့်လုပ်ငန်းအတွက်ဒီနေ့အတွက်၊ အနာဂတ်အတွက်နှစ်ခုစလုံးအတွက် အထောက်အကူပြု အားဖြည့်ပေးနေလား။ Phyo Paing @ Derek

အဓိကနဲ့ သာမညကိုခွဲသိဖို့။ Read More »

No လို့ပြောရဲဖို့ရယ် လိုတတ်တယ်။

စျေးကွက်က သတ်မှတ်တဲ့တန်ဖိုးနဲ့ တကယ်တန်တဲ့ တန်ဖိုးမတူဘူး။ Market value နဲ့ intrinsic value ကတခါတလေ စျေးကွက်တန်ဖိုးကနည်းနေတတ်တယ်။တခါတလေ မတန်တဆ များနေတတ်တယ်။ စျေးကွက်ဆိုတာ ဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မူတည်ပြီးဖြစ်တယ်။ ဝယ်လိုအားများနေရင် စျေးတက်မယ်။ တချို့ဝယ်လိုအားတွေက တစ်ပတ်။ တချို့က တစ်လ။ တစ်ချို့က တစ်နှစ်။ အခြေအနေ မတူကြဘူး။ လူတွေရဲ့ ဒေါသ၊ သောကနဲ့ လောဘတွေကိုသိရင် စျေးကွက်စိတ်ပညာကို လေ့လာလို့ရပြီ။ ဝါရင်းဘူဖေးပြောသလို စျေးဆိုတာ ကိုယ်ကပေးလိုက်ရတာ။ တန်ဖိုးဆိုတာ ကိုယ်ကပြန်ရတာတဲ့။ Price is what you pay. Value is what you get တဲ့။ အရှိကို အရှိအတိုင်းမြင်တတ်ဖို့ရယ်၊တချို့ ငါးစာတွေ့တိုင်း မဟတ်မိဖို့ရယ်။ No လို့ပြောရဲဖို့ရယ် လိုတတ်တယ်။ Akyanpay

No လို့ပြောရဲဖို့ရယ် လိုတတ်တယ်။ Read More »

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။

တချို့က ပြဿနာကို မြင်တယ်။တချို့က အဖြေကို မြင်တယ်။ တချို့က ပြဿနာကို အပြစ်တင်ဖို့ရှာတယ်။တချို့က ပြဿနာကို အဖြေရှာတယ်။ တချို့က ပြဿနာကပေးမည့် ဒုက္ခကိုအဓိက စဥ်းစားတယ်။တချို့က ဖြေရှင်းပြီးရင်ရမည့် သုခကို အဓိက စဥ်းစားတယ်။ လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ်ပဲ။ မှန်တယ်၊ မှားတယ်မရှိဘူး။ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Read More »

စဉ်းစားတဲ့ ပုံစံမတူကြဘူး။

ကုန်သည်တွေက စျေးကွက်ရဲ့လောဘနဲ့ သောကကြားမှတစ်နေရာက ပစ္စည်း၊ တစ်နေရာရွေ့၊အချိန်တိုဝယ်ရောင်းလုပ်အကွက်ရွေ့ရင်း ပိုက်ဆံရှာတယ်။ စီးပွားရေးသမားတွေကစျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားတယ်။ စွန့်ဦးတီထွင်တွေက စျေးကွက်ရဲ့ လိုအပ်ချက်ကိုတီထွင်ဆန်းသစ်မှုရှိရှိ ဖြည့်ဆည်းဖို့ကြိုးစားတယ်။ ရင်းနှီးမြုပ်နှံသူက တစ်ရာတန်ကိုငါးဆယ်နဲ့ရတဲ့အချိန်ဝယ်ပြီးလူတွေ လောဘတက်တဲ့အချိန်သူက ထုတ်ရောင်းပြီး၊လူတွေ ကြောက်တဲ့အချိန်ပြန်ဝယ်လေ့ရှိတယ်။စိတ်ရှည်တယ်။ ငြင်းရတယ်။ တော်ရုံရင်မခုန်ဘူး။ မြန်မာပြည်မှာ အမှတ်တံဆိပ်တစ်ခုကိုရေရှည်တည်ဆောက်ဖို့ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ကိစ္စ။ မထင်ထားတဲ့ Black swan ပေါ်လာတဲ့အခါလေးလလောက် လှုပ်ခပ်လိုက်တာနဲ့နှစ်နှစ်စာမြတ်ထားတာ အသာလေး ပြုတ်သွားနိုင်တယ်။ ဒါကြောင့် မြန်မာလိုနိုင်ငံမှာစွန့်ဦးတီထွင်လုပ်brand and business အမှတ်တံဆိပ်နဲ့ စီးပွားရေးတည်ဆောက်တဲ့အခါကျစ်လစ်ပြီး လစဥ်ထွက်ငွေနည်းပြီး Operating expensesအမြတ်များတဲ့ လုပ်ငန်းမျိုးစဥ်းစားကြည့်တာ မမှားဘူး။ မဟုတ်ရင် လုပ်လေမြုပ်လေလုပ်ငန်းတွေ တွေ့ဖူးမလားမသိဘူး။ လေး၊ ငါး၊ ဆယ်နှစ်ရှိနေပြီဒုံရင်းက ဒုံရင်းပဲ။ ပိုက်ဆံပဲ ရှာနေလို့မရဘူး။ ထိန်းသိမ်းနိုင်ဖို့လဲလိုတယ်။ ပွားနိုင်ဖို့လဲလိုတယ်။ ဒီသုံးခုက တူမလိုနဲ့

စဉ်းစားတဲ့ ပုံစံမတူကြဘူး။ Read More »

ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီး
ဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။

ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကိုမဖြည့်ဆည်းနိုင်ရင် စိတ်ထွက်ပေါက်တွေရှာရင်းစိတ်ခံစားမှုတွေ ဖြစ်တယ်။ဒီမှာဆုံးဖြတ်ချက်မှားတွေ ချမိတတ်တယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုဆိုတာ ကိုယ့်အတွက် အရေးအကြီးဆုံးအရာတွေပဲ။ တချို့အတွက်က လှုံခြုံမှု၊တချို့အတွက်က လွတ်လပ်မှု၊တချို့အတွက်က တိုးတက်မှု၊တချို့အတွက်က ချစ်မြတ်နှိုးခံရမှု။လူတစ်ယောက်တည်းမှာ သုံးလေးငါးခုလောက်ဖြစ်နိုင်တယ်။ ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီးဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီး
ဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။
Read More »

ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ
သေချာလုပ်တတ်မှ ရမယ်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ပိုက်ဆံကတော့ရှာရမှာပဲ။ နည်းတာနဲ့ များတာပဲကွာမယ်။ ပိုက်ဆံရှာဖို့ စီးပွားရေးလုပ်ရမှာပဲ။ စီးပွားရေးလုပ်ဖို့ လုပ်နည်းတော့နားလည်ဖို့လိုတယ်။ ဝယ်ရောင်းလုပ်တာ၊ ပွဲစားလုပ်တာက ပိုက်ဆံရှာတာ။ စီးပွားရေးလုပ်ငန်းတည်ဆောက်အမှတ်တံဆိပ်တည်ဆောက်ပြီးငွေရှာတာကပိုက်ဆံလာအောင်လုပ်တာ။ ငွေကို ငွေနဲ့ပြန်ရှာတာက ပိုက်ဆံပွားတာ။ ရှာ၊ လာ၊ ပွား အဆင့်မှာမရှိတဲ့ငွေကို ပွားလို့မလွယ်ဘူး။ ဒီတော့ ငွေလာဖို့ လုပ်ငန်းတည်ဆောက်တဲ့အခါအမှတ်တံဆိပ်တည်ဆောက်တာ၊လူတွေစိတ်ဝင်စားမေးမြန်းအောင်လုပ်တာ၊ ရောင်းတာ၊ ဝန်ဆောင်မှုပေးတာ၊ ဝန်ထမ်းခေါ်ယူ၊ သင်ကြား၊ စီမံတာ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ သေချာလုပ်တတ်မှ ရမယ်။ ဒါကြောင့်လဲ အိမ်စာမြန်မြန်နဲ့ မှန်မှန်လုပ်ဖို့ကိုယ့်ကိုယ်ကို အမြဲသတိပေးဖြစ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ
သေချာလုပ်တတ်မှ ရမယ်။
Read More »

ကိုယ့်စူပါပါဝါ ကိုယ်သိ။

မားကတ်တင်း ဒီပုံစံလုပ်လိုက်လို့ဒီလောက်ရောင်းအားတက်သွားတယ်။မှန်တယ်။ အဲ့ဒါ ခဏပဲရလိမ့်မယ်။ ရေရှည်ခံချင်ရင် အရေးကြီးတာ ကိုယ့်လုပ်ငန်းရဲ့ စူပါပါဝါကိုသိရမယ်။ဒါကို ရေရှည်ခံအောင်လုပ်ရမယ်။ ဒါကို ဝါရင်ဘူဖတ်ရဲ့ ပါတနာ ချာလီမန်ကာက ဘယ်လိုပြောခဲ့လဲဆိုရင် “Charlie says that once we have decided we’re capable of understanding the business, the next thing to determine is whether the business has an intrinsic competitive advantage that is durable. In Buffett’s investing strategy, this concept is referred to as a

ကိုယ့်စူပါပါဝါ ကိုယ်သိ။ Read More »