December 2023

ပိုကြီးနေဖို့လိုတယ်

ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။

ပိုကြီးနေဖို့လိုတယ် Read More »

စဥ်းစားတယ်ဆိုတာ

လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ဒါကြောင့်လူအများစုက ဝေဖန်မှုတွေပဲလုပ်ကြတယ်လို့ကြားဖူးလိမ့်မယ်။ စဥ်းစားတယ်ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် ခေါင်းသုံးပြီးရည်ရွယ်ချက်ရှိရှိ စဥ်းစားတာမျိုးပေါ့။ ဒါိကို intentional thinking လို့ခေါ်ပါတယ်။ သူနဲ့ပြောင်းပြန်ကတော့ automatic thinking လို့ခေါ်တယ်။ အထင်အမြင်နဲ့ တခါတည်းကောက်ချက်ချလိုက်တာမျိုး။ နောက်ပြီး လူတွေကဘက်လိုက်တတ်တဲ့အတွေးတွေ ရှိတတ်ကြတယ်။သတိမမြင် ဂူမမြင်ဆိုသလို။ ကိုယ်ယုံကြည်တာကို သက်သေပြဖို့ကြိုးစားတဲ့ confirmation bias လိုမျိုး။ တွေးတတ်၊ ခေါ်တတ်ဖို့အတွက် အတ္တကို ဘေးချရတယ်။ကိုယ်ထင်တာအကုန် မမှန်နိုင်ဘူးဆိုတာ နှလုံးသွင်းဖို့လိုတယ်။မှားနေရင် ပြင်ဖို့လိုတယ်။ ဒီလို လုပ်နိုင်ဖို့က ငါက ငါ့အတွေးမဟုတ်ဘူး။ ငါက ငါ့လုပ်ရပ်မဟုတ်ဘူး။ဒီလို ကွဲကွဲပြားပြားသိရမယ်။ မှားရင်မှားမှန်းသိပြီး ပြင်နိုင်ဖို့လိုတယ်။ ဒါကို ပျော့ပျောင်းတဲ့ စိတ်ရှိဖို့လိုတယ်။ တချို့သူတွေ သေခြင်းတရားနဲ့နီးသွားတဲ့အခါလောကကို မြင်တဲ့အမြင်တွေပြောင်းသွားသလိုမျိုး။ လူတွေက အခြေအနေတွေကြောင့်လဲလောကအမြင်တွေ ပြောင်းသွားတတ်တယ်။ စူးစမ်းလိုစိတ်ရှိဖို့လိုတယ်။ စူးစမ်းလိုစိတ်ဟာ ပညာသင်တဲ့နေရာမှာလဲအထောက်အကူပြုတယ်။ စူးစမ်းလိုစိတ်ဟာ

စဥ်းစားတယ်ဆိုတာ Read More »

ကြိုတင်ပြင်ဆင်မှုနဲ့
အခွင့်အလမ်း တိုက်ရိုက်ဆုံတဲ့အခါ
အောင်မြင်မှုဆိုတာ ဖြစ်တယ်။

ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်း တိုက်ရိုက်ဆုံတဲ့အခါအောင်မြင်မှုဆိုတာ ဖြစ်တယ်။ အနာဂတ်အခွင့်အလမ်းတွေကိုအမိအရ ရယူဖို့ ထင်မြင်ယူဆချက် Hypothesis ဟာလုပ်ငန်းတစ်ခုမှာ အလွန်အရေးကြီးတယ်။ ကိုယ့်ရဲ့အလားအလာရှိတဲ့ဖောက်သည်တွေက ဘယ်သူတွေလဲ။သူတို့ဘာတွေ စိတ်ဝင်စားသလဲ။သူတို့ဘာကြောင့် ကိုယ့်ကုန်ပစ္စည်း၊ဝန်ဆောင်မှုကို ဝယ်လိမ့်မလဲ၊ဘယ်လိုသိအောင်လုပ်မလဲကစလို့၊ အနာဂတ်စီးပွားရေးလည်ပတ်မှုပုံစံနဲ့စီးပွားရေးမြေပြင်အခြေအနေဒါတွေအတွက် လုပ်ငန်းရဲ့ထင်မြင်ယူဆချက်ထုတ်ပြီးပြန်လည်ဆန်းစစ်မှု ပြုလုပ်ဖို့လိုတယ်။ နောက်မဟာဗျူဟာဘယ်လိုပြင်ဆင်မလဲ။ဒီမဟာဗျူဟာကို ကိုယ့်ဝန်ထမ်းတွေကိုဘယ်လို ပြောကြားမလဲ strategic narrative လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ကြိုတင်ပြင်ဆင်မှုနဲ့
အခွင့်အလမ်း တိုက်ရိုက်ဆုံတဲ့အခါ
အောင်မြင်မှုဆိုတာ ဖြစ်တယ်။
Read More Âť

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။

ဘဝမှာ အမြဲရှောင်လွဲလို့မရတာကအနိစ္စ၊ ဒုက်ခ၊ အနတ်တပဲ။ အနိစ္စဆိုတာ မမြဲခြင်း။ ကိုယ့်မှာရှိတာတွေကို တွယ်တာမှုလွန်ကဲတာ၊ တက်မက်မှုများလွန်းတာလျော့ဖို့လိုတယ်။အပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဘဝမှာ အို၊ နာ၊ သေ။ ဒီသုံးခုက ရှောင်လွဲလို့မရဘူး။ ဘဝအတွက် မလွယ်ကူတဲ့အရာတွေ၊မျှော်မှန်းမထားတဲ့အရာတွေဖြစ်နိုင်တယ်၊ ပေါ်နိုင်တယ်။ ဒါကလဲ နှလုံးသွင်းဖို့လိုတယ်။ ငါလို့ထင်နေတဲ့အရာက ငါမဟုတ်ဘူး။ ဒီငါဆိုတဲ့အရာက အမြဲပြောင်းနေတယ်။မတည်မြဲဘူး။အနတ္တကိုလဲ နှလုံးသွင်းဖို့လိုတယ်။ ဖက်တွယ်မှု အနည်းဆုံးနဲ့နေ။ မထင်မှတ်ထားတဲ့ ဘဝသင်ခန်းစာတွေအတွက်ကြိုတင်ပြင်ဆင်။ငါဆိုတဲ့အရာက ပြောင်းလဲနေမှာပဲသိ။ လောကဓံကို အရမ်းလဲတုန်လှုပ်ခြောက်ခြားမနေအောင်စိတ်ဓာတ်ပြင်ဆင်မှု အရေးကြီးတယ်။ Phyo Paing @ Derek

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။ Read More »

“စိတ်ရှည်” ဖို့လိုတယ်။

လုပ်ရပ်တွေအတွက် “စိတ်မြန်” ပြီး၊ရလဒ်တွေအတွက် “စိတ်ရှည်” ဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

“စိတ်ရှည်” ဖို့လိုတယ်။ Read More »

စနစ်တစ်ခုကို ဘယ်လို အမြတ်ထုတ်မလဲ?

စနစ်တစ်ခုကို ဘယ်လို အမြတ်ထုတ်မလဲ? ၁။ ကိုယ်ဘာဖြစ်ချင်သလဲ ရည်မှန်းချက်ပန်းတိုင်သတ်မှတ်၂။ စနစ်ကို နားလည်အောင်လုပ်၃။ စနစ်ရဲ့ မညီမျှမှုတွေကို ရှာဖွေ (leverage point လို့လဲခေါ်တယ်။)၄။ ဒါတွေကို အသုံးချ ၅။ ရလဒ်တွေကို ပြန်သုံးသပ်၊ လေ့လာ။၆။ လိုအပ်တဲ့ သတင်းအချက်အလက်တွေသေချာစုစည်း။၇။ ပြုပြင်မှုတွေလုပ်။ ဥပမာ တက္ကသိုလ်ကောင်းကောင်းတက်ချင်ပညာရေးစနစ်ကိုလေ့လာအရေးကြီးတာကိုလေ့လာပြင်ဆင်အသုံးချတာမျိုး။ Phyo Paing @ Derek

စနစ်တစ်ခုကို ဘယ်လို အမြတ်ထုတ်မလဲ? Read More »

ဒါကြောင့် အိုင်ဒီယာအသစ်တွေနဲ့
ထိတွေ့နေဖို့လိုတယ်။

အိုင်ဒီယာတစ်ခု၊အတွေးအခေါ်တစ်ခုကကိုယ့်ဘဝသွားနေတဲ့လမ်းကြောင်းကိုအကြီးအကျယ် အလင်းပွင့်သွားစေနိုင်တယ်။ အကြီးအကျယ် မြန်နှုန်းမြင့်သွားစေနိုင်တယ်။အကြီးအကျယ် အပြောင်းအလဲဖြစ်သွားစေနိုင်တယ်။ဒါကြောင့် လူတွေ စာဖတ်ကြတယ်။ဒါကြောင့် အိုင်ဒီယာအသစ်တွေနဲ့ထိတွေ့နေဖို့လိုတယ်။ Phyo Paing @ Derek

ဒါကြောင့် အိုင်ဒီယာအသစ်တွေနဲ့
ထိတွေ့နေဖို့လိုတယ်။
Read More Âť