မော်ဒယ်မှားရင် မယ်တော်လဲမကယ်နိုင်ဘူး။
ပိုက်ဆံဝင်တဲ့အခါသာ ကောင်းတာ။ လူတွေကို စီမံခန့်ခွဲရတာ သိပ်မကောင်းဘူး။ ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းသာလုပ်လိုက်ချင်တယ်ဆိုတဲ့သူတွေရှိလား။ ဒါဆို ကျွန်တော်တို့ first principle thinking ကိုအသုံးပြုပြီး စီးပွားရေးဆိုတာကို တစ်စစီဖြုတ် လေ့လာကြည့်ရအောင်။ စီးပွားရေးတစ်ခုရပ်တည်ဖို့ဘာလိုမလဲ?ဒါဆို စီးပွားရေးဆိုတာ ဘာလဲ?ဖောက်သည်တွေရဲ့ ပြဿနာကိုဖြေရှင်းပေးရင်း အမြတ်ငွေရှာတာ။ဒါ စီးပွားရေးပဲ။ Solving problems for profit ပဲ။ ဒါဆို လုပ်ငန်းတစ်ခု ရပ်တည်ဖို့ဘာလိုမလဲ? ဖောက်သည်လိုတယ်။ ဖောက်သည်ဆိုတာဘာလဲ?ကိုယ့်ကို ပိုက်ဆံပေးတဲ့သူက ဖောက်သည်ပဲ။ ဟုတ်တယ်။ လုပ်ငန်းတစ်ခုက ဖောက်သည်ရှိရင်၊ဖောက်သည်ရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှိရင်၊ဖောက်သည်ကလဲ ပိုက်ဆံပေးချင်ရင်၊ နောက်ဖောက်သည်ကလဲ ပိုက်ဆံပေးနိုင်ရင်စီးပွားရေးဆိုတာ ဖြစ်တယ်။ ဒါဆို လူတစ်ယောက်တည်းနဲ့ကောစီးပွားရေးလုပ်လို့ရလား?ရဒါပေါ့။ ဖောက်သည်ရှိရင်ရတယ်။ ပိုက်ဆံပေးတဲ့သူရှိရင် ရတယ်။ ဒါကို solopreneur လို့လဲခေါ်တယ်။ ဒါဆို လူများများကို ရောင်းချင်ရင်ဖောက်သည်များများရချင်ရင် ဘာလိုမလဲ? […]
မော်ဒယ်မှားရင် မယ်တော်လဲမကယ်နိုင်ဘူး။ Read More »