February 2024

Chiasmas

ကိုယ်က ပြဿနာကို အရင်ရှာမှာလား၊ပြဿနာက ကိုယ့်ကိုအရင်လာရှာမှာလား။Contingency Plan ဆိုတာ အဲ့ဒါပဲလို့ပြောလို့ရတယ်။ ပြဿနာကိုယ့်ကို လာရှာမှဖြေရှင်းတဲ့အခါ ပိုကြာနိုင်တယ်။ကိုယ်က ဖြစ်နိုင်တဲ့ပြဿနာကို ကြိုရှာထားတဲ့အခါရလဒ်ပိုင်းမှာ ပိုသာနိုင်တယ်။ ဒါကတော့ “ကိုယ့်နိုင်ငံက ကိုယ့်အတွက်ဘာလုပ်ပေးနိုင်လဲ မကြည့်နဲ့။ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်လဲကြည့်။”ဆိုတဲ့ John F Kennedy သုံးခဲ့တဲ့Rhetoric နည်းလမ်းတွေထဲကchiasmas နည်းလမ်းဖြစ်ပါတယ်။ ငါတို့က အသုံးစရိတ်တွေကို ထိန်းချုပ်မလား၊အသုံးစရိတ်တွေ ငါတို့ကို ထိန်းချုပ်တာခံမလား။ဒါက နောက်ဥပမာတစ်ခု။ Are we going to seek out the problem first, or will the problem find us first? That’s essentially what Contingency Planning is all about. […]

Chiasmas Read More Âť

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။

လွယ်သလိုလိုနဲ့ အမျိုးတွေကို ရှင်းပြဖို့ခက်တာကိုယ်လုပ်နေတဲ့အလုပ်ပဲ။ ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ အသိပညာတွေကို လိုချင်တဲ့သင်ယူမှုရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒီဇိုင်းဆွဲပေး၊သင်ကြားပေးတဲ့သူKnowledge engineer = Instructional designer/ teacher စွန့်ဦးတီထွင် Entrepreneur = Solving market problem in creative ways တိုင်ပင်ဆွေးနွေး အကြံပေးThinking Partner = Coaching/ Consulting Explaining my work to relatives often proves challenging. When they inquire about my occupation, I simply respond with “KET.” I’m involved in designing educational paths and

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ Read More »

ဘဝမှာ အမြဲရှိနေမည့်အရာက
“ပြဿနာ” တွေပဲ။

နှစ်ကုန်ပြီဆို နောက်တစ်နှစ်မှာဖြစ်နိုင်တဲ့ “အဆိုးဆုံးပြဿနာ” တွေကိုချရေးထားလေ့ရှိတယ်။ ငယ်ငယ်လေးထဲက ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာတာများတဲ့ လောကမှာအကောင်းတွေမျှော်လင့်တာထက်အဆိုးတွေ မျှော်လင့်ထားတတ်တာအကျင့်လိုဖြစ်နေတတ်တယ်။ အဆိုးဆုံးဖြစ်နိုင်တဲ့ ပြဿနာတွေထဲမှာကိုယ့်ကို “အထိအခိုက်ကြီးစေနိုင်တဲ့ပြဿနာတွေ” ကို ချရေးပြီးရှောင်လိုရမည့်အရာတွေ၊လျော့လို့ရမည့်အရာတွေ စဥ်းစားကြည့်တယ်။ နောက် ဒီအန္တရာယ်တွေကို လျော့ချတယ်။ ဘဝမှာ သေချာတာတစ်ခုကတော့လောကဓံရှိတဲ့အတွက်အမြဲလဲ ဆိုးနေမှာ မဟုတ်သလို၊အမြဲလဲ ကောင်းနေမှာ မဟုတ်ဘူး။ ဘဝမှာ အမြဲရှိနေမည့်အရာက “ပြဿနာ” တွေပဲ။ ပြဿနာမရှိတဲ့ ဘဝဆိုတာ မရှိဘူး။ဆန္ဒ (လိုချင်တာ၊ လိုအပ်တာ) တွေရှိနေသမျှပြဿနာကတော့ ရှိနေမှာပဲ။ ကိုယ့်တာဝန်က ပြဿနာအဖြေရှာရမှာဖြစ်တဲ့အတွက်ပြဿနာတွေနဲ့ ချစ်ကျွမ်းဝင်ဖို့ အရေးကြီးတယ်။ At the end of the year, it’s common to contemplate the “worst possible problems” that could arise

ဘဝမှာ အမြဲရှိနေမည့်အရာက
“ပြဿနာ” တွေပဲ။
Read More Âť

self-taught ဆိုတဲ့ စကားလုံးက
အရေးကြီးသထက် အရေးကြီးလာပြီ။

DIY (Do-it-yourself) ကိုယ်ထူကိုယ်ထဆိုတာ ကျွမ်းကျင်မှုတစ်ခုမဟုတ်ဘူး။စိတ်နေစိတ်ထားတစ်ခုပဲ။ DIY စိတ်နေစိတ်ထားရှိတဲ့သူတွေအလုပ်ခန့်တဲ့အခါ အလုပ်ပြီးတာပိုမြန်တယ်။ ကွန်ပြူတာတစ်လုံးပေးလိုက်တယ်။ Video editing ကို အင်တာနက်ကကြည့်ပြီးလေ့လာဖို့ပြောလိုက်တယ်။ ၂ ပတ်ကြာတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ကြော်ငြာတစ်ခုထွက်လာပြီ။ ဒီနေ့ခေတ် သတင်းအချက်အလက်အကုန်နီးပါးအင်တာနက်မှာရှိတဲ့ခေတ်မှာself-taught ဆိုတဲ့ စကားလုံးကအရေးကြီးသထက် အရေးကြီးလာပြီ။ DIY (Do-it-yourself) is not just a skill; it’s a mindset. People with a DIY mindset complete tasks faster when hired because they are proactive and willing to learn on their own. For instance, if given

self-taught ဆိုတဲ့ စကားလုံးက
အရေးကြီးသထက် အရေးကြီးလာပြီ။
Read More Âť

စီးပွားရေး ပတ်ဝန်းကျင်သုံးသပ်မှု
Business Environment Analysis

လုပ်ငန်းတစ်ခု ဘာ စီမံကိန်းပဲချချပထမဆုံးလုပ်ရတာ စီးပွားရေး ပတ်ဝန်းကျင်သုံးသပ်မှုBusiness Environment Analysis လို့ခေါ်ပြီး သုံးပိုင်းကို ပြုလုပ်တယ်။ ပထမတစ်ပိုင်းကို ကိုယ်လုံးဝထိန်းချုပ်လို့မရတဲ့ အပိုင်း။ Uncontrollable variables လို့ခေါ်တယ်။ သူကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥပဒေ ပြောင်းအလဲ။ဒါကိုတော့ အတိုကောက် PESTLE လို့ခေါ်ကြတယ်။Political, Economics, Social, Technology, Legal and Environmental factors ပေါ့။ ဒါကို ထိန်းချုပ်လို့မရတဲ့အခါကြိုတင်ခန့်မှန်းမှုပြုလုပ်ပြီးစီမံကိန်းလုပ်ဆောင်ရတယ်။ ဒါကို Predict ခန့်မှန်း၊ Plan စီမံကိန်းချတယ်လို့ခေါ်ပြီးအခြေခံယူဆချက်တွေ ထုတ်ရတယ်။ ဒါကို assumption လို့ခေါ်တယ်။ ပိုကောင်းမလား၊ ပိုဆိုးမလား၊ ပိုနေမြဲကြားနေမြဲလား၊ ရေတို၊ ရေလတ်၊ ရေရှည်မှာဘာဖြစ်နိုင်လဲ။ ဒီပေါ်မူတည်ပြီး ဖြစ်နိုင်ခြေတွေကိုအတိတ်နဲ့ လက်ရှိအခြေအနေတွေကိုသုံးသပ်ပြီး

စီးပွားရေး ပတ်ဝန်းကျင်သုံးသပ်မှု
Business Environment Analysis
Read More Âť

ကိုယ်ဖြေရှင်းနေတဲ့ ပြဿနာတွေက
အပြောင်းအလဲ ဖြစ်သွားတတ်တယ်။

လူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့အခါအကျိုးအမြတ်တစ်ခုပြန်ရတတ်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အသိမှတ်ပြုမှုတစ်ခုဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ငွေကြေးအနေနဲ့ ဖြစ်ရင်ဖြစ်မယ်။ လူတိုင်းက ပြဿနာတွေ ဖြေရှင်းပေးရင်းသမာအာဇီဝကျကျ ငွေရှာကြပါတယ်။ ရုံးဝန်ထမ်းတစ်ယောက်က အလုပ်ရှင်မပေးနိုင်တဲ့အချိန်နဲ့ ကျွမ်းကျင်မှုကို ရောင်းချပြီး လုပ်ခ လစာ အနေနဲ့ ငွေရှာပါတယ်။ စွန့်ဦးတီထွင်တစ်ယောက်ဟာ ဖောက်သည်ရဲ့ ပြဿနာကို ဖြေရှင်းပေးရင်း ငွေရှာပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်တိုင်းကိုယ်ဖြေရှင်းနေတဲ့ ပြဿနာတွေက အပြောင်းအလဲ ဖြစ်သွားတတ်တယ်။ စီးပွားရေး အပြောင်းအလဲဖြစ်တဲ့ ငွေလဲလှယ်နှုန်း၊ အစိုးရချမှတ်ထားတဲ့ အတိုးနှုန်း၊ စီးပွားရေးမူဝါဒတွေ၊ ဥပဒေတွေ အပြောင်းအလဲဖြစ်တိုင်းကိုယ့်လုပ်ငန်းကပေးနေတဲ့ စျေးကွက်အဖြေတွေပြောင်းသွားတတ်တယ်။ လူတွေကြုံတွေ့နေရဲ့ ပြဿနာတွေပြောင်းသွားတိုင်းလူတွေလိုချင်တာ၊ လိုအပ်တာပြောင်းသွားတယ်။ ဒီတော့ လုပ်ငန်းတွေရောင်းချနေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ ပုံစံပြန်ပြောင်းဖို့လာပြန်တယ်။ နည်းပညာအပြောင်းအလဲ ဖြစ်တိုင်းလူတွေ၊ လုပ်ငန်းတွေရဲ့ နေထိုင် လုပ်ကိုင်မှုပုံစံပြောင်းသွားတယ်။ ဒီတော့ လူတွေ၊ လုပ်ငန်းတွေ

ကိုယ်ဖြေရှင်းနေတဲ့ ပြဿနာတွေက
အပြောင်းအလဲ ဖြစ်သွားတတ်တယ်။
Read More Âť

ပေးထားချက်တွေထဲက အကောင်းဆုံးရွေးချယ်မှုပြုလုပ်ပါ။

ဘဝမှာ ပေးထားချက်တွေရှိတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ဘဝပေးအခြေအနေမတူဘူး။ဖြတ်သန်းလာမှုမတူဘူး။ဘဝကို ဖြတ်သန်းချင်တဲ့ပုံစံမတူဘူး။အိမ်မက်တွေ မတူဘူး။အနာဂတ်အမြင်မတူဘူး။ တခါတလေ ဘဝမှာကိုယ့်ဘဝပေးထားချက်တွေ မကြည့်ပဲဖြစ်ချင်တာတွေပဲ ဇွတ်လုပ်လို့မရဘူး။ ဘဝရဲ့ ပေးထားချက်တွေပေါ်မူတည်ပြီးကိုယ့်အိမ်မက်တွေကိုတစ်ဆင့်ချင်းအကောင်အထည်ဖော်သွားဖို့ဘဝခရီးလမ်းတစ်လျှောက်မှာမှန်ကန်တဲ့ ရွေးချယ်မှုတွေပြုလုပ်ဖို့လိုတယ်။ ဒါကြောင့် ကိုယ့်ဘဝအနာဂတ်ကိုဒီဇိုင်းလုပ်တဲ့အခါဘဝရဲ့ ပေးထားချက်တွေကို ချရေးလိုက်တယ်။ကိုယ်ဘယ်အရာကို ဝါသနာပါလဲ။ဘယ်အရာတွေကို ကျွမ်းကျင်သလဲ။အနာဂတ်မှာ ဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်က ဘာလဲ။ဘဝကို ဘယ်လိုပုံစံဖြတ်သန်းချင်သလဲ။ဘယ်သူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးမလဲ။ဝင်ငွေကို ဘယ်လိုရှာမလဲ။လက်ရှိကိုယ့်ရဲ့ ကျန်းမာရေး၊အလုပ်အကိုင်၊ မိသားစု၊ အချစ်ရေး၊ငွေရေးကြေးရေး အခြေအနေကဘာတွေလဲ။ ဘာရွေးချယ်မှုတွေ ပြုလုပ်လို့ရသလဲ။အဲ့ထဲမှာ လုပ်သင့်တဲ့အရာတွေကဘာတွေလဲ။ဘယ်အချိန်မှာဘယ်မှာနေပြီး၊ဘယ်သူတွေနဲ့တွေ့၊ဘာတွေလုပ်နေသင့်သလဲ။ ဘဝဆိုတာ “ပေးထားချက်တွေပေါ်မူတည်ပြီး”“အနာဂတ်အမြင် အကောင်အထည်ဖော်ဖို့”“ရွေးချယ်မှုတွေပြုလုပ်ပြီး”၊“တကယ်လက်တွေ့ အကောင်အထည်ဖော်”တဲ့နေရာပဲ။ In life, there are given situations and choices that you must navigate. To create your best self, you need to

ပေးထားချက်တွေထဲက အကောင်းဆုံးရွေးချယ်မှုပြုလုပ်ပါ။ Read More »

ကိုယ်ဘယ်လိုလူလဲဆိုတာ
အကြမ်းဖျင်းသိနိုင်တယ်။

၁။ ကိုယ့်ဘေးကလူတွေပျော်လား၂။ ကိုယ့်ဘေးကလူတွေ တိုးတက်နေလား၃။ ကိုယ့်ဘေးကလူတွေ ပိုတော်၊ ပိုပျော်၊ ဘဝတွေ ပိုကောင်းလာလား။ သာမာန်အချိန်အများစုကိုဒါနဲ့ကြည့်လို့ရနိုင်တယ်။ ကိုယ်နဲ့ဆက်ဆံတဲ့သူတွေကိုကြည့်ပြီးကိုယ်ဘယ်လိုလူလဲဆိုတာအကြမ်းဖျင်းသိနိုင်တယ်။ Phyo Paing @ Derek

ကိုယ်ဘယ်လိုလူလဲဆိုတာ
အကြမ်းဖျင်းသိနိုင်တယ်။
Read More Âť

ဥာဏ်နဲ့ ဥာဏ်ပညာမတူပါဘူး။

လူတွေကို ဆုံးဖြတ်ချက်အမှားတွေချမိစေတာစိတ်ခံစားမှုတွေရယ်၊ အတွေးအခေါ်လွဲသွားတာတွေပဲ။ ဥပမာ ပိရမစ်တွေကို အီဂျစ်တွေဘယ်လိုဖန်တီးခဲ့တာ သူတို့မရှင်းပြနိုင်ဘူး။ကြည့်လေ ဒါက ဂြိုလ်သားတွေဖန်တီးခဲ့တဲ့ အဓိပ္ပာယ်ပဲ။ တစ်ခုခုကို သက်သေပြလို့မရခြင်းဟာနောက်တစ်ခုကို သက်သေပြလို့ရခြင်းပုံစံစဥ်းစားမှု။Appeal to ignorance fallacy လို့ခေါ်ပါတယ်။ ကျွန်တော်ဆို ကိုလာအရမ်းကြိုက်တယ်။သောက်လဲသောက်တာပဲ။ ဒါပေမည့် ကျွန်တော်ဝလာလားကြည့်။အားကစားသမားတစ်ယောက်ကပြောတယ်ဆိုပါတော့။လူအများစုက သူ့ခန္ဓာကိုယ်နဲ့ ကိုလာသောက်တာကိုကြည့်ကောင်းကြည့်လိမ့်မယ်။ဒါပေမယ့် သူအားကစားတဲ့အချိန်နဲ့တခြားအစားအသောက်တွေကို စဥ်းစားဖို့ မေ့သွားတာမျိုးဖြစ်တတ်တယ်။Correlation proves causation fallacy လို့ခေါ်ပါတယ်။ ဆရာကြီးဘယ်သူကပြောတာပဲ။ ဒီဘယ်သူကပြောတယ်ဆိုတဲ့authority ယုံကြည်ရတဲ့သူတွေပြောတာဖြစ်တဲ့အတွက်သက်သေပြစရာမရှိလဲ ယုံလိုက်တာမျိုး။Appeal to authority fallacy ပါ။ နောက်တစ်ခုကခင်ဗျာမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ ပြည်တွင်းမှာပဲ နေမှာလား၊ပြည်ပထွက်မှာလား။နှစ်ခုပဲ ရွေးချယ်မှုရှိတဲ့ပုံစံမျိုးကြားမှာတတိယရွေးချယ်မှုမရှိတဲ့အခါ အတွေးပိတ်သွားတာမျိုး။False dichotomy လို့ခေါ်ပြီးသမ္မတ ဂျော့ဘွတ်တုန်းကလဲ အီရပ်စစ်ပွဲ ဆင်နွဲမယ်လုပ်တော့With us or against us ဆိုပြီး လုပ်ခဲ့သေးတယ်။

ဥာဏ်နဲ့ ဥာဏ်ပညာမတူပါဘူး။ Read More »

Intelligence Trap

ဥာဏ်နဲ့ ဥာဏ်ပညာမတူပါဘူး။ လူတွေကို ဆုံးဖြတ်ချက်အမှားတွေချမိစေတာစိတ်ခံစားမှုတွေရယ်၊အတွေးအခေါ်လွဲသွားတာတွေပဲ။ ဥပမာ ပိရမစ်တွေကို အီဂျစ်တွေဘယ်လိုဖန်တီးခဲ့တာ သူတို့မရှင်းပြနိုင်ဘူး။ကြည့်လေ ဒါက ဂြိုလ်သားတွေဖန်တီးခဲ့တဲ့ အဓိပ္ပာယ်ပဲ။တစ်ခုခုကို သက်သေပြလို့မရခြင်းဟာနောက်တစ်ခုကို သက်သေပြလို့ရခြင်းပုံစံစဥ်းစားမှု။ Appeal to ignorance fallacy လို့ခေါ်ပါတယ်။ ကျွန်တော်ဆို ကိုလာအရမ်းကြိုက်တယ်။သောက်လဲသောက်တာပဲ။ဒါပေမည့် ကျွန်တော်ဝလာလားကြည့်။အားကစားသမားတစ်ယောက်ကပြောတယ်ဆိုပါတော့။လူအများစုက သူ့ခန္ဓာကိုယ်နဲ့ ကိုလာသောက်တာကိုကြည့်ကောင်းကြည့်လိမ့်မယ်။ဒါပေမယ့် သူအားကစားတဲ့အချိန်နဲ့တခြားအစားအသောက်တွေကိုစဥ်းစားဖို့ မေ့သွားတာမျိုးဖြစ်တတ်တယ်။ Correlation proves causation fallacy လို့ခေါ်ပါတယ်။ ဆရာကြီးဘယ်သူကပြောတာပဲ။ဒီဘယ်သူကပြောတယ်ဆိုတဲ့authority ယုံကြည်ရတဲ့သူတွေပြောတာဖြစ်တဲ့အတွက်သက်သေပြစရာမရှိလဲ ယုံလိုက်တာမျိုး။ Appeal to authority fallacy ပါ။ နောက်တစ်ခုကခင်ဗျာမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ပြည်တွင်းမှာပဲ နေမှာလား၊ပြည်ပထွက်မှာလား။နှစ်ခုပဲ ရွေးချယ်မှုရှိတဲ့ပုံစံမျိုးကြားမှာတတိယရွေးချယ်မှုမရှိတဲ့အခါ အတွေးပိတ်သွားတာမျိုး။False dichotomy လို့ခေါ်ပြီးသမ္မတ ဂျော့ဘွတ်တုန်းကလဲအီရပ်စစ်ပွဲ ဆင်နွဲမယ်လုပ်တော့With us or against us ဆိုပြီး လုပ်ခဲ့သေးတယ်။ နောက်တစ်ခုကတော့ဆေးလိပ်သောက်တဲ့သူနားနေတဲ့အခါဆေးလိပ်ငွေ့ကြောင့် လူတွေမကျန်းမာဖြစ်တာမှန်တယ်။အဲ့ထက်ဆိုးတာဘာလဲ

Intelligence Trap Read More Âť