စီးပွားရေးတစ်ခု စဖို့
စီးပွားရေးတစ်ခု စဖို့ နေရာ၊ လုပ်အား၊ ငွေကြေး၊ စွန့်ဦးတီထွင်မှုလိုတယ်။ စွန့်ဦးတီထွင်က ကျွမ်းကျင်လုပ်သားတွေရဲ့လုပ်အား၊ ငွေရဲ့လုပ်အားအသုံးပြုပြီးစျေးကွက်ရဲ့ဝယ်လိုအားကိုဖြည့်ဆည်းဖို့ စျေးကွက်ပြဿနာကိုရှာဖွေဖော်ထုတ်ပြီးကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုဝယ်ယူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချတယ်။ ကိုယ်က လုပ်ငန်းရှင်ဆို လုပ်ငန်းရှင်တတ်သင့်တာ တတ်ဖို့လိုတယ်။ ၁။ ကျွမ်းကျင်လုပ်သားရှာဖွေ၊ လေ့ကျင့်၊ ထိန်းသိမ်း၊ အုပ်ချုပ်ရေး။ ၂။ ငွေကြေးရှာဖွေ၊ ထိန်းသိမ်း၊ အုပ်ချုပ်ရေး။ ၃။ စျေးကွက်ပြဿနာကို တီထွင်ဆန်းသစ်မှုရှိရှိ အဖြေရှာရေး။ ၄။ ကိုယ့်ထုတ်ကုန်ကို အဆက်အပြတ်ရောင်းချနိုင်ရေး။ ဒီကျွမ်းကျင်မှုမရှိရင် လုပ်ငန်းရှင် တာဝန်မကျေဘူးလို့ဆိုရမယ်။ ထုတ်ကုန်အဆက်အပြတ်ရောင်းချနိုင်ရေးအတွက်မားကတ်တင်း၊ အရောင်း၊ ဝန်ဆောင်မှုအဆက်အပြတ်လုပ်နေတဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်လို့ရတဲ့ စနစ်လိုတယ်။ စျေးကွက်ပြဿနာကို အဖြေရှာဖို့ ထောက်လှမ်းနေဖို့လိုတယ်။ ထုတ်ကုန်သစ်တွေ ရှာဖွေဖန်တီးနေလို့လိုတယ်။ ငွေကြေးအဆက်မပြတ်ဝင်နေပြီးဝင်ငွေကထွက်ငွေထက် များအောင်စီမံခန့်ခွဲနေရတယ်။ လူတော်လူကောင်းတွေလာအောင်နည်းလမ်းရှာပြီးမြဲအောင်၊ တိုးတက်အောင်လုပ်ဆောင်တဲ့ ရုံးတွင်းယဥ်ကျေးမှုတည်ဆောက်နိုင်ဖို့လိုတယ်။ ကိုယ်က တခြားသူလုပ်ငန်းငှားပြီးဝင်ငွေရှာတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေ […]
စီးပွားရေးတစ်ခု စဖို့ Read More »