April 2024

ဘယ်အရာမှ အလကားမဖြစ်ဘူး။

ဆေးကျောင်းမှာ စာမေးပွဲပြီးလို့ပျော်ရမယ် မကြံနဲ့ နောက်စာမေးပွဲတစ်ခုက ထပ်လာပြီ။ တစ်လ စာမေးပွဲတစ်ခုလောက်ရှိတယ်ပြောရမယ်။ စာသင်ရတယ်။ ဆေးရုံသွားရတယ်။ စာမေးပွဲဖြေရတယ်။ တကယ့်လက်တွေ့ဘဝရောက်တဲ့အခါအလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ပြီးလစဥ် စာမေးပွဲစစ်သလို Project အသစ်တွေ လုပ်တဲ့အခါခံနိုင်ရည်ရှိလာတယ်။ လူနာတွေ့ရင် ရောဂါရာဇဝင်မေးတာ၊ စမ်းသပ်ရတာ၊ ရောဂါအမျိုးအမည်ကို ခွဲခြားဆုံးဖြတ်ပေးတာ၊ ဖြစ်စေတဲ့အကြောင်းအရင်းကို ရှာဖွေတာ၊ကုသဖို့လမ်းကြောင်းပေးတာ။ ဒီ အရာတွေ အကုန်လုံးကအကြံပေးလုပ်တဲ့အခါ ထင်မှတ်မထားလောက်အောင်အသုံးဝင်တယ်။ တကယ်တမ်း ကိုယ်လုပ်ခဲ့တဲ့ဘယ်အလုပ်မှ အလကားဖြစ်သွားတယ်မရှိဘူး။ ကျွမ်းကျင်မှုတွေက လွဲယူလို့ရတယ်။ အရေးကြီးတာ စတိဂျော့ပြောသလို You can only connect the dots by going backward ဆိုသလို ဘဝရဲ့မဟာဗျူဟာအတွက်ပစ္စုပ္ပန်နဲ့ အတိတ်ကို ချိပ်ဆက်အနာဂတ်ကို ဖန်တီးနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘယ်အရာမှ အလကားမဖြစ်ဘူး။ Read More »

မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး

ကြည့်တိုင်း မြင်ဖို့၊မြင်တိုင်း သိဖို့၊သိတိုင်း နားလည်ဖို့။ နားလည်မှု အဆင့်မြင်လေလေလောက အမြင်မတူလေလေ၊လောကကို ကြည့်တဲ့အကြည့် မတူလေလေ။ ကြက်ဥတစ်လုံးပြုတ်ပြီးအစိမ်းပြန်မဖြစ်တော့တာကိုဓာတုဇီဝ ပညာရပ် biochemistry မှာsecondary denaturation လို့ခေါ်တယ်။ နားလည်မှု တစ်ဆင့်မြင့်သွားတာနဲ့မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး။ Phyo Paing @ Derek

မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး Read More »

Go Big or Go Home

ဘဝမှာ ယုံကြည်လက်ခံထားတာတစ်ခုက Go Big or Go Home ပဲ။ ဘဝရဲ့ ပေးထားချက်ကိုလက်ခံ စရာမလိုဘူး။လိုချင်ရင် ပြောင်းယူလို့ရတယ်။ ကိုယ်လိုချင်တဲ့ ကျွမ်းကျင်မှု၊အလုပ်အကိုင်၊​ ကျန်းမာကြံ့ခိုင်မှု၊အချစ်ရေး၊ ငွေရေးကြေးရေး၊စီးပွားရေးလုပ်ငန်း၊လိုချင်တာ ရအောင်လုပ်လို့ရတယ်လို့အကြွင်းမဲ့ ယုံကြည်ထားတယ်။ သေချာတာ တစ်ခုကတော့ဆုတောင်း ရုံတစ်ခုထဲနဲ့ မရဘူး။စိတ်ဆန္ဒပြင်းပြမှု၊စူးစမ်းလေ့လာ အဖြေရှာမှု၊လက်တွေ့ လုပ်ဆောင်မှု၊အမှားတွေကပြန်လည်သင်ခန်းစာယူမှု၊အမြဲ မပြတ်လေ့ကျင့်မှု၊အာရုံစူးစိုက်မှု၊ဇွဲနဲ့ ဒူပေဒါပေခံမှုလိုတယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို နေလို့ရပေမယ့်ဖြစ်သလိုနေတာကကိုယ်ရင်ခုန်တဲ့ဘဝမဟုတ်ရင်ဘဝကြီးကို ဖြစ်သလိုရေဆုန်မြော ဖြတ်သန်းတာကအဖြေမဟုတ်ဘူး။ Phyo Paing @ Derek

Go Big or Go Home Read More »

ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်

အလုပ်ကို တာဝန်ကျေလုပ်တာနဲ့၊မြတ်နိုးတန်ဖိုးထားလို့လုပ်တာအတော်ကွာတယ်။ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ရွေးချယ်နိုင်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek drphyopaing

ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ် Read More »

အပြစ်မတင်နဲ့ အဖြေရှာ

Master Your Flow အပြစ်မတင်နဲ့ အဖြေရှာ။ပေးထားချက်နဲ့ အရေးထားချက်ကို တွဲ။ သင်၊ မြင်၊ ပြင်။အတွေး၊ အကြံ၊ အလုပ်။ Noise များရင် Voice မကြားပဲ Choice မှားမယ်။အရေးမပါတာတွေကို အရာမပေးနဲ့။နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။ မပြိုင်ပဲ နိုင်အောင်လုပ်။အဟဇာတက ဘဝရဲ့ အလှပဲ။တစ်သားတည်းဖြစ်နေဖို့ လိုတယ်။ တံတားလေး တစ်စင်းပဲလိုတယ်။ (သတင်းအချက်အလက်)စာဖတ်တိုင်း ဓားသွေးတာပဲ။ပြဿနာတွေကို ခုတ်ထစ်မှအောင်မြင်တယ်။နားထောင်မှ နားလည်မယ်။ နားလည်မှ နားချ (nurture) လို့ရမယ်။ အတွေးအခေါ် ဘေးချော်ရင် အရေးပေါ်ပြင်ဖို့လိုတယ်။အမြင်မမှန်ရင် အမှန်မမြင်ဘူး။See မှ ပွားမယ်။ စီးပွား။ တစ်ရက်တာအတွက် မနက်အခါက အရေးကြီးတယ်။အမြင့်မတူရင် အမြင်မတူပြန်ဘူး။လာရာမတူလဲ လားရာတူရင် တူတူသွားလို့ရတယ်။ မရှာနဲ့ လာအောင်လုပ်။ Phyo Paing @ Derek

အပြစ်မတင်နဲ့ အဖြေရှာ Read More »

သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ်

နိဗ္ဗာန်ရောက်ဖို့လဲ ကျင့်ရတာပဲ။ပညာရပ်တစ်ခု ထူးချွန်ဖို့လဲ ကျင့်ရတာပဲ။ဘဝမှာ စိတ်ထားတတ်အောင်လဲ ကျင့်ရတာပဲ။ဘဝမှာ ကောင်းတာအကုန်လုံးကကျင့်ယူမှ ရတတ်တယ်။ သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ လောကီပိုင်ဆိုင်မှု၊လောကုတ္တရာ ရည်ရွယ်ချက်အားလုံးကကျင့်မှ အကောင်အထည်ပေါ်မှာ။ Phyo Paing @ Derek

သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ် Read More »

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ်

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ်။ အချစ်လို့ပြောလိုက်ရင်လိင်ပိုင်းဆိုင်ရာ အဓိက မဟုတ်ဘူး။အဓိက စိတ်ခံစားမှု။ ဒီစိတ်ခံစားမှုက ခလုတ်သံစဉ်တွေလိုပဲ။သူ့မှာ သံစဉ်လေးတွေရှိိတယ်။ လူတွေက အဲ့ဒီသံစဉ်တွေရှိနေရင်ပြီးပြည့်စုံတယ်လို့ခံစားကြရတယ်။ အဲ့ဒီသံစဉ်တွေက ကိုယ်ငယ်ငယ်ကလိုချင်ခဲ့တဲ့ အဖေ၊ ဒါမှမဟုတ် အမေရဲ့ပုံစံစိတ်ကူးထဲက ပုံမျိုးဖြစ်နိုင်တယ်။ ဥပမာ ကိုယ်ဘာလုပ်လုပ်အပြစ်မမြင်ပဲ မေတ္တာနဲ့ချစ်ပေးတဲ့အဖေကို လိုချင်ခဲ့တဲ့အခါအဲ့လိုလူတွေ့ရင် အရမ်းချစ်မိတာမျိုး။ ဒါမှမဟုတ် ကိုယ့်အဖေ၊ အမေကကိုယ့်ကို အားကိုးတဲ့အခါကိုယ်က တစ်ခုခုဆို ကယ်တင်ချင်စိတ်ဖြစ်ပြီးBroken ဖြစ် ပျက်နေတဲ့အရာကိုပြင်ပေးချင်တဲ့ သူကြီးဖြစ်နေတတ်တာမျိုး။ အချစ်ရေးမှာ တိုင်ပတ်သူကအမြဲ တိုင်ပြန်ပတ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ခေါင်းထဲက သံစဉ်တွေကြောင့်။သေချာမသိနားမလည်ရင်ဒါကို ချိန်ငြိဖို့ ခက်တတ်တယ်။ Phyo Paing @ Derek

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ် Read More »

ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ

ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ။ကိုယ်လိုချင်တာ ရထားတဲ့သူကိုအောင်မြင်သူလို့ လူတွေက သတ်မှတ်ကြတယ်။ ကျွန်တော်ကတော့ အောင်မြင်တယ်ဆိုတာအရမ်းပါဆန်နယ် ဖြစ်တယ်လို့ထင်တယ်။ တခါတလေ ကိုယ်က တကယ်လိုချင်တာလား။မီဒီယာနဲ့ ပတ်ဝန်းကျင်ကဇွတ်အတင်းသတ်မှတ်လို့ လိုချင်တာလားကွဲ ပြားဖို့လိုတယ်။ ပတ်ဝန်းကျင် ဆူညံသံ noise တွေကြားမှာကိုယ့်နှလုံးသားအသံ voice တွေမပျောက်ဖို့လိုတယ်။ ဒီ voice အသံတွေ ကျယ်လေလေကိုယ့်ရဲ့ choice တွေ မှန်ကန်လေလေပဲ။ ဆူညံသံတွေကြားကကိုယ့်နှလုံးသား အသံပြန်နားထောင်ကြည့်ပါ။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ Read More »

အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင်

အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင်၁၁ ယောက်ဖြစ်ဖို့က လွယ်တယ်။အထူးကြိုးစားစရာမလိုဘူး။ ပညာတတ် ဆယ်ယောက်နဲ့ပေါင်းရင်ကောင်းတာရဖို့အတွက်ကသေချာလေ့လာရပြီ။ စာတော်တဲ့သူဆယ်ယောက်နဲ့ပေါင်းပြီးသူတို့ရဲ့ ကောင်းတဲ့အတွေး၊ အကြံ၊ အလုပ်ကိုသေချာလေ့လာပြီး ကျင့်သုံးရင်ကိုယ်လဲ သူတို့လိုမဖြစ်ရင်တောင်သူတို့ နီးပါးဖြစ်နိုင်တယ်။ အလိုအလျောက်သာ ဖြစ်ရင်သူဌေးတွေနဲ့ အမြဲတွေ့နေတဲ့ ဟိုတယ်ကဝန်ထမ်းတွေ အောင်မြင်နေပြီ။ ကောင်းတဲ့ အမူအကျင့် အတွေးအခေါ်ရဖို့Passive ငြိမ်နေရုံနဲ့မရဘူး။တကူးတက လေ့လာရတယ်။ ပျက်တာက လွယ်တယ်။ပြုပြင်ဖန်တီးတာက ခက်တယ်။ စာသင်ခန်းထဲ ထိုင်နေရုံနဲ့ပညာတတ် ဖြစ်မလာဘူး။ ကျွန်တော်ကတော့ သင်၊ မြင်၊ ပြင်ဆိုတဲ့ဘဝပြောင်းလဲရေး framework လေးလုပ်ထားတယ်။ ၂၀၁၃ မှာ တော်တော်လေးငွေကြေးပြည့်စုံတဲ့သူတွေရဲ့ အသိုင်းအဝိုင်းမှာသူတို့ရဲ့ တွေး၊ ကြံ၊ လုပ်ဆောင်ပုံကိုသင်ကြားလေ့လာခွင့်ရတယ်။ ကိုယ်ဆို အချိန်အများစုကတခြားသူတွေ အကြောင်းစဉ်းစားပြီးအပြစ်တင်ဖို့ စဉ်းစားနေတတ်တယ်။သူတို့က ကိုယ့်အကြောင်း၊ကိုယ့်မိသားစုနဲ့ အလုပ်အကြောင်းပိုစဉ်းစားပြီးအပြစ်တင်တာထက် အဖြေရှာခြင်းကိုဦးစားပေး လုပ်ဆောင်ကြတယ်။ ဒါကို မြင်တော့အကျင့်တွေ ပြင်ဖြစ်တယ်။

အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင် Read More »