April 2024

လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့သံသရာခရီး ဖြတ်သန်းနေကြတာပဲ

လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့သံသရာခရီး ဖြတ်သန်းနေကြတာပဲ။လူတွေကို နားလည်ရင်အငြင်းမသန်တော့ဘူး။လူတွေကို နားလည်ရင်ကိုယ်ချင်းစာတတ်လာမယ်။လူတွေနဲ့ သံသရာကို နားလည်ဖို့မှန်ကန်တဲ့ အမြင်ရှိရမယ်။ မှန်ကန်တဲ့အမြင်ဆိုတာဖြစ်ပြီးပျက်မယ်။ပျက်ပြီး ပြန်ဖြစ်မယ်။ဘဝမှာ လိုချင်တာတွေလဲဖြစ်မယ်။မလိုချင်မဖြစ်ချင်တာတွေလဲဖြစ်မယ်။ဘဝကို သုညနဲ့ စပြီးသုညနဲ့ဆုံးတယ်။ Phyo Paing @ Derek

လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့သံသရာခရီး ဖြတ်သန်းနေကြတာပဲ Read More »

သုံးလေးငါးနှစ် မကြည့်နဲ့

သုံးလေးငါးနှစ် မကြည့်နဲ့။ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်အနည်းဆုံးကြည့်။ဘဝကို စီမံကိန်းချရတာ လွယ်သွားလိမ့်မယ်။ဒီလိုလုပ်ဖို့ ကိုယ့်ရဲ့ မစ်ရှင်သမိုင်းပေးတာဝန်လိုတယ်။လူသားတွေရဲ့ဘဝကို ပညာရေးနဲ့နည်းပညာအသုံးပြု ပြောင်းလဲပေးနိုင်ရမယ်။ Phyo Paing @ Derek

သုံးလေးငါးနှစ် မကြည့်နဲ့ Read More »

ခပ်ညံ့ညံ့ဘဝ မနေချင်ရင်

အာရုံစူးစိုက်မှု၊ဇွဲ၊ ဒူပေဒါပေခံမှု၊လေ့လာမှု၊ ဆန်းစစ်သုံးသပ်မှု၊မြန်ဆန်မှု၊ လေးစားမှု၊စိတ်ရှည်မှု ဘဝရဲ့အမူအကျင့်တွေ အရေးကြီးတယ်။ ခပ်ညံ့ညံ့ဘဝ မနေချင်ရင်ခပ်ညံ့ညံ့ အမူအကျင့်တွေရှောင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ခပ်ညံ့ညံ့ဘဝ မနေချင်ရင် Read More »

ငွေရှာဖို့ အိုင်ဒီယာ သုံးခု

၁။ ရောင်းချဖို့ ကုန်ပစ္စည်းရှာ  ဒီ winning product ကို မှာ။  ဒါကို နိုင်ငံတကာမှာ trending ဖြစ်နေတာကိုကြည့်။ ၂။ ပစ္စည်းမှာထားတဲ့ အချိန်မှာ  content ဖန်တီး၊  pre-order ကြော်ငြာ run ထား။ ၃။ ပစ္စည်းရောက်တာနဲ့ ပို့။ ပြန်လည် ဆန်းစစ်။  အမှတ်တံဆိပ်တည်ဆောက်။

ငွေရှာဖို့ အိုင်ဒီယာ သုံးခု Read More »

ဖောက်ပြန်မှု

သဘာဝဖြစ်စဥ်နဲ့ သွေဖယ်ပြီးအဆိုးဖက်ရောက်သွားတာကိုဖောက်ပြန်တယ်လို့ ခေါ်တယ်။ ခန္ဓာကိုယ်ကြီးက ပုံမှန်ဖြစ်စဥ်မဟုတ်ပဲရောဂါဘယဝင်တဲ့အတွက်ဖောက်ပြန်တတ်တယ်။ စိတ်ဆိုတဲ့အရာကလဲ ပုံမှန်ဖြစ်စဥ်မဟုတ်ပဲအတွေး၊ အခြေအနေ အမျိုးမျိုးကြောင့်ဖောက်ပြန်တတ်တယ်။ စိတ်က ကိုယ်ထက် ဖော်ပြန်လွယ်တယ်။တစ်ရက်ကို အတွေးပေါင်း သောင်းချီတွေးနေတဲ့စိတ်ကိုမလေ့ကျင့်တတ်ရင်ဖောက်ပြန်မှု အပေါင်းသရဖူဆောင်းတဲ့အခါလောကသဘာဝနဲ့ သဟဇာတ မဖြစ်တဲ့အခါဘဝက အံဝင်ဂွင်ကျမဖြစ်၊စိတ်သွားတိုင်း ခရီးမတွင်၊စိတ်အလိုမကျ ဖြစ်တတ်တယ်။ စိတ်ဖောက်ပြန်တာကိုအာရုံစိုက်မှုနဲ့ အစားထိုးလို့ရတယ်။အာရုံစိုက်မှုကို စာဖတ်ခြင်း၊တရားထိုင်ခြင်း၊ကိုယ့်ရဲ့အတွေးတွေကို ပြန်လည်ဆန်းစစ်ခြင်းနဲ့သွားလို့ရတယ်။အာရုံကို အာဏာကုန်တစ်ခုတည်းကိုစူးစိုက်နိုင်တဲ့အခါ သမာဓိ ဖြစ်တယ်။ သမာဓိဆိုတာ စိတ်ဒဏ်ရာတွေရဲ့သမားတော်ပဲ။ စကားလုံးကြီးသာ ကြီးနေတာ။သမာဓိဆိုတာ စိတ်တည်ကြည်ခြင်းကိုဆိုတာ။အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်သမာဓိ တည်ကြည်ဖို့စိတ်ကို လေ့ကျင့်ဖို့၊စိတ်ထဲ အမှိုက်တွေ မထည့်ဖို့၊ထည့်မိတဲ့အမှိုက်တွေကို ခြေဖျက်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ဖောက်ပြန်မှု Read More »

အမှိုက်ပစ်မခံနဲ့။

အမှိုက်ပစ်မခံနဲ့။ ဘဝမှာ လူတွေရဲ့ ဘဝအပေါ်ဒေါသတွေ၊ သောကတွေ၊ လောဘတွေကအမှိုက်အဖြစ်ပြောင်းပြီးစကားလုံးတွေအနေနဲ့ပြောင်းပြီးကိုယ့်အပေါ် လာလာပစ်တတ်ကြတယ်။ တချို့လူတွေက မေတ္တာတရားကြီးမားတော့အမှိုက်တွေကို မေတ္တာရေနဲ့ဆေးတယ်။ တချို့ကျတော့ သနားငဲ့ငြာပြီး ဂရုဏာရေနဲ့ဆေးတယ်။ တချို့ကျတော့ ဥပက္ခာရေနဲ့ဆေးတယ်။ တချို့ကျတော့ ဘာရေနဲ့ ဆေးဆေးခဏခဏ လာပစ်တော့မှတ်လောက်သားလောက်အောင်အကြောက်တရားရေနဲ့ ဆေးပေးမှရတယ်။ 😀 ဒါကြောင့် ကိုယ်က သူတော်ကောင်းမဟုတ်ရင်၊ဘူတော်အပေါင်းကို အမှိုက်ခဏခဏ လာအပစ်မခံပါနဲ့။ ရေနဲ့ မဆေးတတ်ရင် အမှိုက်ပုံကြီးဖြစ်နေတတ်တယ်အားတီ အားမေတို့။ Phyo Paing @ Derek

အမှိုက်ပစ်မခံနဲ့။ Read More »

ဒီမိုကရေစီ

အိုင်ဒီယာတွေက အန္တရာယ်ရှိတယ်။ဒီမိုကရေစီဆိုတာဒီ အိုင်ဒီယာတွေကိုလွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဝေမှုကိုကန့်သတ်ပိတ်ပင်ခြင်းမရှိခွင့်ပြုတာ။ လိုချင်တာ ဒီမိုကရေစီဖြစ်ပြီးကိုယ်နဲ့မတူတဲ့ အိုင်ဒီယာတိုင်းကိုအန္တရာယ်ရှိစေနိုင်တဲ့အတွက်လိုက်တိုက်ခိုက်တာကကိုယ်လိုချင်တဲ့ စနစ်နဲ့ ပြောင်းပြန်ဖြစ်စေတယ်။ မတူညီတဲ့ အိုင်ဒီယာ၊အတွေးအခေါ်တွေကို၁။ နားထောင်၂။ နားလည်လက်မခံရင် အကျိုးသင့်အကြောင်းသင့်ပြန်၃။ နားချဒီလို လုပ်နိုင်မှပဲ progressive ဖြစ်တဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်မှာ။ အရာရာက အိုင်ဒီယာက စတယ်။ တခါတလေ ကိုယ်တိုင်အပါအဝင်အသီးအပွင့်ကိုပဲ ခူးခပ်ချင်တတ်ကြတယ်။

ဒီမိုကရေစီ Read More »