May 2024

ရုန်းကန်ရမည့် ဘဝကမတက်လာတာ Flow မမိလို့

ရုန်းကန်ရမည့် ဘဝကမတက်လာတာ Flow မမိလို့။ပြိုင်တိုင်း မနိုင်ဘူး။နိုင်လဲ မမြဲဘူး။မပြိုင်ပဲနိုင်အောင်လုပ်ဖို့ နည်းလိုတယ်။ဒါကတော့ Flow ပဲ။ ရုန်ကန်ရတယ်၊​ရေဆန်တက်ရတယ်ဆိုတာရေစီးကြောင်းနဲ့ သွားနေတဲ့လမ်းကြောင်းအတွေး၊ အကြံ၊ အလုပ်တစ်သားတည်းမကျလို့။ တစ်သားတည်းမကျရင်ငွေရှိကောင်းရှိမယ်​ ဒါပေမယ့်မနက်နိုးလာပြီး ဘာလုပ်ရမယ်မသိသူအများကြီး။ Phyo Paing @ Derek

ရုန်းကန်ရမည့် ဘဝကမတက်လာတာ Flow မမိလို့ Read More »

လုပ်ငန်းလုပ်တယ်ဆိုတာ

ပိုက်ဆံပဲ ရပြီးအနာဂတ် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ကျွမ်းကျင်မှု၊ အရည်အချင်းမတိုးတက်စေတာ အချိန်ကိုအလဟသဖြုန်းတာပဲ။​ နေ့တိုင်း လုပ်တဲ့အလုပ်ကကိုယ်သွားနေတဲ့ အနာဂတ်အမြင်ကိုအကောင်အထည်ဖော်ဖို့အထောက်အကူပြုရမယ်။ ဘဝမှာ အကြီးမားဆုံးတည်ဆောက်ဂုဏ်ယူရတာ ကိုယ့်ရဲ့လုပ်ငန်းမဟုတ်ဘူး။ကိုယ့်ကိုယ်ကိုပဲ။​လုပ်ငန်းလုပ်တယ်ဆိုတာကိုယ်ဖြစ်ချင်တဲ့ ကိုယ်ဖြစ်လာဖို့အတွက်လှေကားထစ်တစ်ခုပဲ။​ လုပ်ငန်းလုပ်တယ်ဆိုတာကိုယ့်ကိုယ်ကို တိုးတက်ရေးလုပ်တာ။ ကိုယ့်လုပ်ငန်းကလဲကိုယ်ကြီးသလောက်ပဲ ကြီးတယ်။ Phyo Paing @ Derek

လုပ်ငန်းလုပ်တယ်ဆိုတာ Read More »

လောကမှာ အရာရာက အပေးအယူပဲ

လောကမှာ အရာရာက အပေးအယူပဲ။ ဘာပေးမလဲ၊ ဘာပြန်ယူမလဲ။ဒီနှစ်ခုပဲ။ ပေးတိုင်းပြန်မရတာပေးတဲ့သူဆီ မရောက်လို့။အထူးသဖြင့်ရင်ထဲ။ Phyo Paing @ Derek

လောကမှာ အရာရာက အပေးအယူပဲ Read More »

အလုပ်ဖြစ်တာကိုပိုးစိုးပက်စက်လုပ်

အလုပ်ဖြစ်တာကိုပိုးစိုးပက်စက်လုပ်။ ကြိုးစားတိုင်း မအောင်မြင်ဘူး။ အလုပ်ဖြစ်တာမဖြစ်တာခွဲခြားသိပြီး၊အလုပ်ဖြစ်တာကိုပိုစိုးပက်စက် ကြိုးစားလုပ်မှအောင်မြင်တာမျိုး။ အလုပ်ဖြစ်တာ၊ မဖြစ်တာကိုခွဲခြားသိဖို့သင်ယူလေ့လာ၊ စမ်းသပ်လုပ်ဆောင်၊ပြန်လည်ဆန်းစစ် ဒီလိုလုပ်ရတာပဲ။ Phyo Paing @ Derek

အလုပ်ဖြစ်တာကိုပိုးစိုးပက်စက်လုပ် Read More »

လောကီ လွတ်မြောက်မှုကပိုက်ဆံပဲ

လောကီ လွတ်မြောက်မှုကပိုက်ဆံပဲ။ပူနေတာကို အေးအောင်လုပ်လို့ရတယ်။နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်အောင်ဝယ်လို့ရတဲ့ ခေတ်။ သွားချင်တဲ့နေရာရောက်ချင်တဲ့နေရာရောက်ဖို့ပိုက်ဆံပဲ။​ ချမ်းသာတဲ့ နိုင်ငံရောက်ပြီးမွဲနေရင်လဲ မဟုတ်ပြန်ဘူး။ 😀 ပိုက်ဆံက အရေးမကြီးဘူး။လွတ်မြောက်မှုက အရေးကြီးတယ်။ ဒါကြောင့် ပိုက်ဆံရှာ။သမာအာဇီဝကျ။အချိန်မဖြုန်းနဲ့။အင်အားတွေကို မဖြုန်းနဲ့။ ငယ်ကတည်းက ကိုယ့်ကိုယ်ကိုအမြဲဆုံးမဖြစ်တယ်။ Phyo Paing @ Derek

လောကီ လွတ်မြောက်မှုကပိုက်ဆံပဲ Read More »

လိုချင်တာကို အပြင်မှာမရှာနဲ့

လိုချင်တာကို အပြင်မှာမရှာနဲ့။ခန္ဓာကိုယ်တွင်းမှာရှိတယ်။တိုးတက်မှုရှာ ခန္ဓာတွေ့လိမ့်မယ်။ကိုယ့်အတွေး၊ အကြံအစည်၊ အလုပ်အကုန်လုံးက ကိုယ်ကစတယ်။ Phyo Paing @ Derek

လိုချင်တာကို အပြင်မှာမရှာနဲ့ Read More »