May 2024

ဒီနေ့ခေတ်လူတွေက စာဖတ်ဖို့အချိန်မရှိကြဘူး။

အားလုံးသိတဲ့အတိုင်းပဲဒီနေ့ခေတ်လူတွေက စာဖတ်ဖို့အချိန်မရှိကြဘူး။Book ကို သိပ်မဖတ်ပဲFacebook ကို ပဲ ဖတ်ကြတာများတယ်။နောက်ပြီး Facebook ရဲ့သတင်းအချက်အလက်အများစုကကိုယ့်အတွက် အထောက်အကူပြုတာရှိသလိုမပြုတာများတယ်။ ကျွန်တော် လုပ်ဆောင်နေတာကတော့အနည်းဆုံးတော့ ကိုယ့်အတွက် အကျိုးရှိစေတဲ့အိုင်ဒီယာလေး တစ်ခု လေ့လာလို့ရဖို့ဖြစ်ပါတယ်။ ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးပညာကို တန်ဖိုးထားတဲ့သူတွေကိုကူညီပေးဖို့က သမိုင်းပေးတာဝန်ဖြစ်တဲ့အတွက်အခြေနေပေးသမျှ လုပ်နေမှာပဲ။ Phyo Paing @ Derek

ဒီနေ့ခေတ်လူတွေက စာဖတ်ဖို့အချိန်မရှိကြဘူး။ Read More »

လုပ်ငန်းတစ်ခုအတွက်
အရေးအကြီးဆုံးက ဘာလဲ?

Q: လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးက ဘာလဲ? A: အရောင်းပဲ။ Q: ရောင်းရအောင် ဘာလုပ်ရမလဲ။ A: မားကတ်တင်း Q: မားကတ်တင်းဆိုတာဘာလဲ။ A: သူစိမ်းကို အသိ၊အသိကိုဖောက်သည်၊ ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူပြောင်းတာ။ Q: ဒါကို ဘယ်လိုလုပ်ကြသလဲ။ A: တင်၊ မြင်၊ မေး၊ ဝယ်၊ ထပ်ဝယ်၊ ညွှန်းဒီအဆင့်တွေ နဲ့ လုပ်ကြတယ်။ Q: ဘာကြီးလဲဗျ။ A: ပို့တွေ တင်တယ်။ တင်တိုင်းလဲ မမြင်ဘူး။ လူမှုကွန်ယက်မှာ တင်တယ်။ ရေဒီယိုမှာ တင်တယ်။ Billboard တွေမှာ တင်တယ်။ တင်ပြီးရင် လူတွေ မြင်ဖို့boost လုပ်တာ။ ကြော်ငြာတာ လုပ်ကြတယ်။ ကြော်ငြာ သို့ ပို့ကို သေချာတင်ရင်စိတ်ဝင်စားမှုနဲ့

လုပ်ငန်းတစ်ခုအတွက်
အရေးအကြီးဆုံးက ဘာလဲ?
Read More »

ရောင်းရှုံးဒဏ်က ကာကွယ်ဖို့

ရောင်းရှုံးဒဏ်က ကာကွယ်ဖို့ဒီလေးချက်က အထောက်အကူပြုမလားမသိဘူး။ Not Selling or Immediate Restockingမရောင်းလို့ရသလို၊ ရောင်းပြီးတဲ့ ပစ္စည်းတွေ ချင်ချင်းပြန်ဖြည့်တာလုပ်ကြတယ်။ Hedging with Foreign Currencyတချို့က ရောင်းရတဲ့ပစ္စည်းအတွက်ကုန်ပစ္စည်းပြန်ဝယ်ဖို့ ဒေါ်လာ၊ တရုတ်ငွေ၊ ဘတ်ချက်ချင်းလဲထားတယ်။ Pre-Purchasing Goodsအနာဂတ်မှာရမည့်ပစ္စည်းအတွက်ချက်ချင်းဝယ်ပြီး ငွေချေတာမျိုးလုပ်ကြတယ်။ Budgeting in Foreign Currencyတချို့က Budgeting က တခြားငွေကြေးနဲ့လုပ်တယ်။ရောင်းရတဲ့ငွေကို ပြန်ပြောင်းထားတယ်။ နည်းတော့ အများကြီးလုပ်ကြတယ်။ဒါက တချို့ပေါ့။ တခြား forward contracts, Options ContractsFutures ContractsCurrency SwapsNatural HedgingDiversification နည်းတွေရှိသေးတယ်။အပေါ်ကလေးခုက SME တွေအလွယ်တကူလုပ်လို့ရနိုင်တယ်။ ဒီ အခြေအနေက တော်တော်လေး ကြမ်းတမ်းတော့ ငွေကြေးအခြေနေ နေ့စဥ်ထောက်လှမ်းတာတော့လုပ်ကြရမှာပေါ့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ရောင်းရှုံးဒဏ်က ကာကွယ်ဖို့ Read More »

မှန်ကန်တဲ့ အမြင်ရှိမှုဒါတွေက အထူးအရေးကြီးတယ်

စိတ်ညစ်လို့ အလုပ်မလုပ်ဘူး။အလုပ်မဖြစ်လို့ အလုပ်မလုပ်ဘူး။လူအများက ဒါလုပ်နေတာပဲငါလဲ ဒါလိုက်လုပ်မယ်။ဒါမျိုးစဥ်းစားတာအကောင်းဆုံးရလဒ်ရဖို့အထောက်အကူမပြုနိုင်ဘူး။ အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။​ကိုယ်လုပ်ချင်တဲ့ အလုပ်လုပ်ပြီးအလုပ်ဖြစ်ဖို့ကငါးနှစ်၊ ဆယ်နှစ်လောက်တော့အချိန်ပေးရတယ်။ စိတ်ရှည်မှု၊ ဒူပေဒါပေခံမှု၊စည်းကမ်း၊ အလုပ်ကို ချစ်မြတ်နိုးမှု၊အပြစ်မတင်ပဲ အဖြေရှာမှု၊မှန်ကန်တဲ့ အမြင်ရှိမှုဒါတွေက အထူးအရေးကြီးတယ်။ Phyo Paing @ Derek

မှန်ကန်တဲ့ အမြင်ရှိမှုဒါတွေက အထူးအရေးကြီးတယ် Read More »

ရောင်းရှုံး

၂၀၁၅ ခုနှစ်ဟွားဝေ G710 တွေ ခေတ်စားချိန်။ အေပရယ် ၇ ရက်နေ့ငွေလဲစျေးက ၁ ဒေါ်လာ ၁၀၂၂ ကျပ်ရှိတယ်။အေပရယ် ၉ မှာ ၁၀၅၁ ဖြစ်သွားတယ်။ အဲ့တုန်းက နည်းနည်းလေးကွာတာနဲ့ရောင်းရှုံးဖြစ်တယ်။ အဲ့မှာ စဥ်းစားမိတာတစ်ခုက ကိုယ်တိုင် စျေးသတ်မှတ်လို့ရတဲ့ ထုတ်ကုန်တွေ အဓိကရောင်းမယ်။အဲ့လို စဥ်းစားဆုံးဖြတ်ခဲ့တယ်။ အဲ့အချိန်က MBA Thesis လုပ်၊ ဆင်ခြေဖုံးရက်ကွက်က ဖုန်းဆိုင်လေးကို တစ်နှစ်ပြည့် စလွဲဖို့လုပ်နေရင်း၊Part-time Apex Business School မှာ စာသင်နေတဲ့အချိန်။ ဒီကမှ လုပ်ငန်းတစ်ခုလုပ်တဲ့အခါအချက် ငါးချက်နဲ့ကိုက်ညီိဖို့ 5C criteria ကို ထုတ်လိုက်တယ်။ ၁။ Create ကိုယ်တိုင်ဖန်တီးတဲ့ ထုတ်ကုန်ဖြစ်ရမယ်။ ၂။ Control စျေးနှုန်းကို ကိုယ်တိုင်ထိန်းချုပ်နိုင်ရမယ်။ ၃။ Category

ရောင်းရှုံး Read More »

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်

လူတိုင်းမှာ ကံညံ့တဲ့အချိန်ဆိုတာရှိတတ်တယ်။ဘာလုပ်လုပ် အဆင်မပြေ။တိုင်တစ်ခုပြီး တစ်ခုပတ်။ဒါက ဘဝမှာ မှတ်တိုင်စိုက်တဲ့အချိန်ဖြစ်တတ်တယ်။ဘာမှ မလုပ်ပဲ ရပ်နေလို့ရတယ်။ဒါကလဲ မမှားဘူး။အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်။ဒီက အတွေ့အကြုံကကံပြန်ကောင်းရင် ကြီးကြီးကောင်းနိုင်တယ်။ကမ္ဘာ၊ မြန်မာမှာကြည့်ရင် သာဓကတွေအများကြီးပဲ။ Phyo Paing @ Derek

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ် Read More »

ဘဝအဆင့်လေးမျိုး။

ဘဝအဆင့်လေးမျိုး။ ၁။ ရုန်းကန်၂။ လမ်းလွဲ၃။ လမ်းငြိ၄။ အထာကျကျ ရုန်းကန်ရတဲ့အဆင့်မှာရေမနစ်အောင်ရေကူးနေရတဲ့အဆင့်။ သွားတော့သွားနေတယ်။လွဲနေမှန်းတော့သိတယ်။လွဲလွဲနဲ့ သွားနေတဲ့အဆင့်။ လွဲနေမှန်းသိပြီ။တဖြည်းဖြည်း ပြန်ငြိတဲ့အဆင့်။ ဘဝမှာ ဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့ သဟဇာတဖြစ်ပြီးဆက်ဖြစ်မည့်အရာအတွက်ရင်ခုန်နေတဲ့အဆင့်။ လူတိုင်းရောက်နေတဲ့အဆင့်မတူကြဘူး။ အပေါ်ရောက်ပြီးလဲအောက်ပြန်ကျနိုင်တယ်။ အဆင့်တွေ လည်နေတယ်။မတူညီတဲ့အဆင့်မှာအမြင့်မတူရင် အမြင်တွေ မတူကြဘူး။ အဆင့်တက်ချင်ရင်အမြင်ပြောင်းဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝအဆင့်လေးမျိုး။ Read More »

မားကတ်တင်းအကြောင်း

Q: မင်္ဂလာပါ အစ်ကိုရေမားကတ်တင်းအကြောင်းလေး မေးချင်လို့။ A: ဟုတ်ကဲ့ မေးပါခင်ဗျ။ Q: ထုတ်ကုန်မားကတ်တင်းနဲ့ ကုမ္ပဏီ မားကတ်တင်း ဘာကွာသလဲ? A: အများကြီးကွာပါတယ်။ Q: တစ်ခုလောက် ဥပမာပေးပါလား။ A: မက်ဆေ့။ Q: ဟုတ်ကဲ့။ A: ဥပမာ Nike ရဲ့ အမှတ်တံဆိပ် slogan ကJust do it. Apple က Think different. အဲ့ဒါက ကုမ္ပဏီ အဆင့်မှာလုပ်တာ။ Product ထုတ်ကုန်အဆင့်မှာဆို iPhone 13 Pro တုန်းကဆိုပါတော့Oh So Pro တို့ ကြားဖူးလား။ Q: မကြားဖူးဘူးခင်ဗျ။ A: ဒါဆို iPod စ ထုတ်တုန်းက A

မားကတ်တင်းအကြောင်း Read More »

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်

အာဖရိက ချမ်းသာတဲ့လယ်သမား အလီလိုပဲ။အာဖရိက စိန်တွင်းတွေအကြောင်းကြားပြီးရင်ခုန်လွန်းလို့ မအိပ်နိုင် မစားနိုင်အိမ်ကို ရောင်းပြီး စိန်သွားတူးတယ်။ သူ့အိမ်ဝယ်လိုက်တဲ့သူကတနေ့ မထင်မှတ်ပဲလက်လက်လက်လက်တွေတွေ့တော့မြေတူးကြည့်တယ်။အိမ်အောက်မှာစိန်တွင်းကြီးတွေ့တယ်။ ဘဝမှာလဲ အလားတူပဲတခြားသူတွေရဲ့ ပုံပြင်တွေကြားမှာမျောနေပြီးကိုယ့်ရဲ့ အစွမ်းအစတွေကိုတူးဖော်ထုတ်ယူဖို့ မေ့နေတတ်တယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ် Read More »

စီးပွါးရေးဆိုတာ ဘာလဲ?

စီးပွါးရေးဆိုတာ ဘာလဲ?စီးပွါးရေးဆိုတာ အရောင်း၊ အဝယ်။ ဘာတွေရောင်း ဘာတွေဝယ်သလဲ?ထုတ်ကုန် ပစ္စည်း၊ ဝန်ဆောင်မှု ရောင်းဝယ်တယ်။ ဘာကြောင့် ဝယ်သလဲ?လိုချင်လို့၊ လိုအပ်လို့။ လိုချင်၊ လိုအပ်ရုံနဲ့ ဝယ်သလား?မဝယ်ပါ။ ဝယ်နိုင်ဖို့လဲလိုပါတယ်။ လိုချင်၊ လိုအပ်ပြီး ဝယ်နိုင်တာကိုဘာလို့ခေါ်သလဲ?ဝယ်လိုအား demand လို့ခေါ်ပါတယ်။ ဝယ်လိုအားများပြီး ရောင်းလိုအားနည်းရင်ဘာဖြစ်သလဲ?စျေးတက်ပါတယ်။ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများရင်ဘာဖြစ်သလဲ?စျေးကျပါတယ်။ ဒါဆို လုပ်ငန်းတွေ အောင်မြင်ဖို့ဘာလိုသလဲ?ဝယ်လိုအားရှိပြီး ရောင်းလိုအားနည်းဖို့လိုတယ်။ ဒီလို ရောင်းလိုအား ရှားပါးအောင်ဘယ်လိုလုပ်ကြမလဲ?တရားဥပဒေနဲ့ တင်သွင်းရခက်တဲ့အချိန်ကိုယ်က တင်သွင်းခွင့်ရရင် ရတယ်။ဒါမှ မဟုတ် ကိုယ့်ထုတ်ကုန်ကအစားထိုးရခက်ရင် ရတယ်။ ထုတ်ကုန်အစားထိုးရခက်ဖို့ ဘာလိုသလဲ?တခြားသူတွေမှာ မသိ၊ မရှိ၊ မတတ်တဲ့ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာ၊နည်းစနစ်၊ လျှို့ဝှက်ချက်လိုတယ်။ ဒါကို ဝါရင်းဘူဖက်တို့ခေါ်တာရှိပါတယ်။ ဘာတဲ့?Economic moat ကျုံးခံတပ်ပါ။ ကဲ ကိုယ့်လုပ်ငန်းရဲ့ ဒီလိုအချိန်မှာရှိတဲ့Economic moats

စီးပွါးရေးဆိုတာ ဘာလဲ? Read More »