May 2024

တန်ဖိုးတော့ မတူဘူး။

အလုပ်ကြိုးစားတိုင်းမအောင်မြင်ဘူး။အလုပ် လုပ်တတ်မှ လိုရာခရီးရောက်မှာ။ အလုပ်လုပ်တတ်ဖို့ ကြံစည်တတ်ရမယ်။ကြံစည်တတ်ဖို့ တွေးတတ်ရမယ်။အတွေး၊ အကြံ၊ အလုပ် ကောင်းဖို့လိုတယ်။ ဘယ်လိုတွေးလဲ၊ဘယ်လိုကြံစည်သလဲ၊ဘယ်လို အလုပ်လုပ်သလဲပေါ်မူတည်တယ်။ အတွေးကောင်းဖို့ ပညာသင်တယ်။ ပညာတိုင်း တန်ဖိုးရှိတယ်။ဒါပေမယ့် တန်ဖိုးတော့ မတူဘူး။ Phyo Paing @ Derek

တန်ဖိုးတော့ မတူဘူး။ Read More »

စီးပွါးရေးလုပ်တယ်ဆိုတာ
အမဲလိုက်တာ မဟုတ်ဘူး။

အိုင်ဒီယာက မျိုးစေ့ဆို၊ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအနေနဲ့ပြောင်းနိုင်တာရေလောင်းပေါင်းသင်တာပဲ။ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အပင်ပေါက်တဲ့အခါလိပ်ပြာ၊ ပျားပန်းတုံးလေးတွေကိုဆွဲဆောင်တယ်။ဒါက ဖောက်သည်တွေ။အသီးအပွင့်ကတော့ အမြတ်။ကိုယ်စိုက်ပျိုးထားတဲ့ ဥယျာဉ်ကကိုယ့်လုပ်ငန်းကြီ။ တချို့က လိပ်ပြာဖမ်းဖို့အပင်အမျိုးမျိုးပြောင်းစိုက်ကြတယ်။တချို့က လိပ်ပြာလာအောင်သေချာပေါင်းသင်စိုက်ပျိုးတယ်။ တခါက ပြောဖူးသလိုစီးပွါးရေးလုပ်တယ်ဆိုတာအမဲလိုက်တာ မဟုတ်ဘူး။ ကောက်စိုက်ပေါင်းသင်သလိုနေ့စဉ် ရေလောင်းပေါင်းသင်ရတယ်။ ကိုယ်စိုက်ချင်တဲ့မျိုးစေ့ အပင်နဲ့စိုက်မည့်နေရာ ကာလံဒေသံကိုလဲတချက်ကြည့်ရသေးတယ်လုပ်ငန်းရှင်တို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွါးရေးလုပ်တယ်ဆိုတာ
အမဲလိုက်တာ မဟုတ်ဘူး။
Read More »

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။

ပြဿနာမကြုံတဲ့ လူမရှိဘူး။ပြဿနာမကြုံတဲ့ လုပ်ငန်းလဲမရှိဘူး။အခုမကြုံ နောက်ကြုံမှာပဲ။ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာ၊ငွေကြေးဆိုင်ရာ၊အလုပ်အကိုင်ဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာပြဿနာက ရှိမှာပဲ။ ဒါကြီးကို စိတ်ညစ်ညစ်နဲ့ဖြတ်သန်းလို့ရတယ်။ဒါကို စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Phyo Paing @ Derek =========================No one is without problems. No business is without problems. If you’re not facing a problem now, you will in the future. Problems can be related to: Mental well-beingPhysical healthSocial relationshipsFinancesCareerThoughts and mindsetProblems will always exist. You can go through

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Read More »

အကောင်းဆုံးစဥ်းစားနည်းက

အကောင်းဆုံးစဥ်းစားနည်းက အဆိုးဆုံးကို စဥ်းစားထားခြင်းပဲ။ ဘဝမှာ အမြဲတမ်း အဆိုးဆုံးကိုပဲစဥ်းစားထားတယ်။အဲ့လို စဉ်းစားထားတဲ့အခါ ဖြစ်လာတဲ့ ဘဝပြဿနာတိုင်းက ကိုယ်စဥ်းစားထားသလောက်မဆိုးတဲ့အတွက်ခံသာတယ်။ Phyo Paing @ Derek

အကောင်းဆုံးစဥ်းစားနည်းက Read More »

အဖြေရှာနိုင်ရင်

ကိုယ့်လုပ်ငန်းကြုံတွေ့နေတဲ့ ပြဿနာတွေကိုချစ်ကျွမ်းဝင်ပြီး အဖြေရှာနိုင်ရင်နောက်တစ်ဆင့်တက်ပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အဖြေရှာနိုင်ရင် Read More »

လူတိုင်းက ကျွမ်းကျင်မှုသေးသေးလေးတွေလိုတယ်

ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ကြီးပွါးတဲ့ခေတ် မဟုတ်တော့ဘူး။လူတိုင်းက ကျွမ်းကျင်မှုသေးသေးလေးတွေလိုတယ်။လူရှေ့စကားပြောနည်း၊စာရေးနည်း၊အိုင်ဒီနည်းပညာအသုံးချခြင်း၊Micro-skills တွေလိုတယ်။ကျွမ်းကျင်မှုတစ်ခုတည်းနဲ့သွားတဲ့ခေတ် ကုန်ပြီ။T-shaped ခေတ်။ Phyo Paing @ Derek

လူတိုင်းက ကျွမ်းကျင်မှုသေးသေးလေးတွေလိုတယ် Read More »

အလုပ်ဆိုတာ ဘဝပဲ

အလုပ်ဆိုတာ ဘဝပဲ။အလုပ်ဆိုတာ ပိုက်ဆံတစ်ခုထက်ပိုတယ်။အဲ့လိုပဲခံယူတယ်။ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာဖော်ပြတာ အလုပ်ပဲ။လူတစ်ယောက် အလုပ်ပေါ်ထားတဲ့စိတ်နေသဘောထားကြည့်ရင်အဲ့လူအကြောင်း အကြမ်းဖျင်းသိနိုင်တယ်။ အလုပ်လုပ်တဲ့အခါဒီထက်ပိုကောင်းတဲ့ရွေးချယ်စရာအလုပ်မရှိရင်ဒီအလုပ်ကို အကောင်းဆုံးလုပ်။ပိုကောင်းတဲ့ ရွေးချယ်စရာရှိရင် ရွေး။ အလုပ်ဆိုတာ money အပြင်ဘဝရဲ့ အဓိပ္ပာယ် meaning နဲ့လဲဆိုင်တယ်။ ကိုယ့်မှာ တခြားအကန့်တွေရှိသေးတာမှန်တယ်။အဲ့ထဲမှာ အလုပ်ကို ဘဝလိုတန်ဖိုးထားဖို့လိုတယ်။ အလှူအတန်းလုပ်တာ၊ စိတ်ကောင်းရှိကူညီတတ်တာ ကောင်းတယ်။ကိုယ့်အလုပ်ကိုယ် သိတတ်တာဝန်ယူအကောင်းဆုံးလုပ်နိုင်တာ ပိုကောင်းတယ်။ ဘဝမှာ reason နဲ့ result တစ်ခုပဲရတယ်။ အလုပ်မရှိရင် မေမေ့အိမ်ကတင်ကျွေးထားလိမ့်မယ်စိတ်ဖျောက်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

အလုပ်ဆိုတာ ဘဝပဲ Read More »

လုပ်ငန်းလုပ်တယ်ဆိုတာ

လုပ်ငန်းလုပ်တယ်ဆိုတာ လွတ်လပ်မှုရချင်လို့ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ ကိုယ်က စီးပွါးရေးကိုတည်ဆောက်ဖို့ထက်စီးပွါးရေးလုပ်ငန်းက ကိုယ့်ကို တည်ဆောက်ပေးဖို့ကျွန်တော့်အတွက် ပိုအရေးကြီးတယ်။ ကိုယ့်ဘဝမှာ အချိန်မရွေးနောက်လုပ်ငန်းတစ်ခုတည်ဆောက်နိုင်တယ်လို့လုံးဝ ယုံကြည်တယ်။ဒါက Entrepreneur တိုင်းရှိတဲ့ယုံကြည်မှုပဲ။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးမှ ရမယ်။ အိမ်တစ်အိမ်ဆောက်ပြီးဥစ္စာစောင့်ဖြစ်မည့် အဖြစ်မျိုးထက်အိမ်များများ မြန်မြန်ဆောက်ပြီးကြာကြာအမြတ်ငွေရပြီးထိန်းသိမ်းထားသူပဲ ဖြစ်ချင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လုပ်ငန်းလုပ်တယ်ဆိုတာ Read More »

အလုပ်

အလုပ်ကို ဖြစ်သလိုလုပ်၊အကြောင်းပြချက်တွေပဲရှာပြီးဖြစ်ချင်သလိုဖြစ်နေတဲ့ဘဝကိုအပြစ်မတင်နဲ့ပေါ့။ ကိုယ်ကို အလုပ်ခွင်မှာအလွယ်တကူ အစားထိုးလို့ရတယ်ဆိုတာအရေးမပါသေးလို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အလုပ် Read More »

သဟဇာတဖြစ်ဖို့လိုတယ်။

ရည်မှန်းချက်ပန်းတိုင်ရောက်မှပျော်နေမည့်အစားပန်းတိုင်သွားရင်းပျော်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကျန်းမာရေး၊ဝမ်းစာရေးနဲ့ ဝမ်းသာရေး သဟဇာတဖြစ်ဖို့လိုတယ်။ ဒီအဆင့်ရောက်ဖို့ အဆင့်လေးဆင့် ၁။ရွာပြင်ထွက်၂။ ပြန်မွေးဖွားဖို့သန္ဓေတည်(ပျော်ရာမှာ မနေရသေးခင်တော်ရာမှာနေ။)၃။ ပြန်လည်မွေးဖွား ပြီးပန်းတိုင်သွားရင်းပျော်၄။ အိပ်မက်တွေ တစ်ခုပြီးတစ်ခုအကောင်အထည်ဖော်။ Phyo Paing @ Derek

သဟဇာတဖြစ်ဖို့လိုတယ်။ Read More »