May 2024

Problem Formulation

AI ခေတ်မှာ အနာဂတ်အတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုကPrompt Engineering တဲ့။ အကောင်းဆုံးအဖြေရဖို့ မေးခွန်းကိုသေချာမေးတာလို့အလွယ်ဆုံးမှတ်ယူလို့ရတယ်။ AI က အဖြေမေးဖို့ မေးခွန်း (Prompt = Input) မေးတဲ့အခါမေးတဲ့ အကြောင်းအရာကို တိကျ၊ ခိုင်မာ ပြီး သုံးသပ်မှုရှိရှိနဲ့မေးလေလေအဖြေရတာ ပိုကောင်းလေလေဖြစ်သွားမယ်။ တိကျ ကိုယ်မေးမည့်အကြောင်းကို တိတိကျကျမေးနိုင်ရမယ်။ဘယ်အတွက်၊ ဘာကို၊ ဘယ်လို၊ ဘယ်ပုံစံထုတ်ပေး။ ခိုင်မာ ခိုင်မာတဲ့အဖြေရဖို့ ဘယ်လို လူမျိုးအနေနဲ့ပြောပေးပါ။သက်သေပြဖို့လိုရင် ထည့်ဖို့။ သုံးသပ်မှုရှိရှိ ဒီလို မေးနိုင်ဖို့ ကိုယ်အဖြေရှာတဲ့ အကြောင်းအရာကိုProblem Formulation ကို သေချာသိရမယ်။ဘာပြဿနာကို ဖြေရှင်းမလဲ။ဒီပြဿနာကို ဖြေရှင်းဖို့ Problem diagnosis ပြဿနာရဲ့အရင်းအမြစ်ကို အဖြေရှာနိုင်ဖို့လိုတယ်။ရှုပ်ထွေးတဲ့ ပြဿနာကြီးကို Problem Decompositionတစ်စစီဖြုတ် သုံးသပ်တတ်ဖို့လိုတယ်။ မတူညီတဲ့ ရှုထောင့်က ပြဿနာကို မြင်ကြည့်Problem […]

Problem Formulation Read More »

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။

တရုတ် Starbucks မှာ ဝန်ထမ်းမမြဲတဲ့ပြဿနာ အမြဲဖြစ်ခဲ့တယ်။လေ့လာကြည့်တော့ဝန်ထမ်းအများစုက တက္ကသိုလ်ကျောင်းသားတွေ၊တက္ကသိုလ်ဘွဲ့ရစတွေ ဖြစ်ပြီးမိဘအများစုရဲ့အမြင်က တက္ကသိုလ်တက်ပြီး ကော်ဖီရောင်းနေရတယ်။အဲ့လို မြင်ပြီး Apple တို့၊ Google တို့မှာအလုပ်ရစေချင်တယ်။ ဒါနဲ့ Starbucks က သူ့ရဲ့ People First Policy ကိုမိဘတွေ သိအောင်ရှင်းပြတဲ့အပြင်အာမခံကို ဝန်ထမ်းတွေပါမကသူတို့ မိဘတွေအတွက်ပါ စီစဥ်ပေးလိုက်တယ်။ နောက်ပိုင်း Starbucks မှာလုပ်တဲ့အမြင်က တဖြည်းဖြည်းပြောင်းလာတယ်။ Paypal ကို လူသုံးများအောင်စလုပ်သုံးကသူငယ်ချင်းတွေကို သုံးအောင်ညွှန်းပေးရင်$10 ပေးတယ်။နောက်ပိုင်း ကုန်ကျစရိတ်များလာတော့ဒီ ပရိုဂမ်ကိုရပ်ရင်လဲ လူအုပ်ကြီးရဲ့ပြဿနာရှိတယ်။ဒီတော့ visa/ master နဲ့ ချိပ်ပြီး$50 သွင်းရင် $10 fee ပေးတဲ့အပိုင်းလေးထည့်လိုက်တယ်။ Instagram ကို မစခင် ဓာတ်ပုံရိုက်၊ Checkin တင်တဲ့ Burbn ကိုလုပ်တယ်။Founder Kevin

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။
Read More »

လူတွေကို မသိလိုက် မသိဖာသာ
လွမ်းမိုးနေတာ
လူမှု အဖွဲ့အစည်းပဲ။

လူတွေကို မသိလိုက် မသိဖာသာလွမ်းမိုးနေတာလူမှု အဖွဲ့အစည်းပဲ။ ကိုယ့်ဘေးနားက လူတွေကကိုယ့်ကို သိပ်လွမ်းမိုးမှုရှိတယ်။ မသိလိုက်ပဲ သင်ယူနေတယ်။ ဒါကို immersion လို့ခေါ်တယ်။ စိတ်နစ်ပြီး လူမှုအဖွဲ့အစည်းထဲဝင်လေလေကိုယ့်အပေါ်လွမ်းမိုးမှုရှိလေလေ။ ဒါကြောင့် ဘယ်လူမှုအဖွဲ့အစည်းကိုစိတ်နစ်ရမလဲ၊ ဘယ်လူမှုအဖွဲ့အစည်းနဲ့ ခပ်ခွာခွာနေရမလဲစဥ်းစားဖို့လိုနိုင်တယ်။ Phyo Paing @ Derek

လူတွေကို မသိလိုက် မသိဖာသာ
လွမ်းမိုးနေတာ
လူမှု အဖွဲ့အစည်းပဲ။
Read More »

အမှိုက်တွေ နေ့တိုင်းရှင်းပါ။

အမှိုက်တွေ နေ့တိုင်းရှင်းပါ။နေ့တိုင်း အကြည်ဓာတ်အပြည့်နဲ့အလုပ်လုပ်ဖို့ဆိုတာအမှိုက်တွေ နေ့တိုင်းရှင်းနိုင်ဖို့လိုတယ်။ လူတွေက သိလိုက်သည်ဖြစ်စေ၊မသိလိုက်သည်ဖြစ်စေသူတို့ အမှိုက်ကို ဘေးနားလူတွေကိုသွားပစ်တတ်ကြတယ်။ လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊အပြင်မှာပဲ ဖြစ်ဖြစ်ဒီအမှိုက်တွေကို သိသိသာသာတစ်ကြောင်း၊မသိမသာ တစ်ကြောင်း ပစ်တဲ့အခါကိုယ်က အမှုမဲ့၊ အမှတ်မဲ့နေရင်အမှိုက်တွေက ကိုယ့်ဆီပါလာမယ်။အနံ့နံလာမယ်။လေးလံထိုင်းမှိုင်းလာမယ်။ ဒီနေ့ နေ့တိုင်း အဲ့အမှိုက်တွေကိုပြန်လည်ခြေဖျက်စွန့်ပစ်ဖို့လိုနိုင်တယ်။ ဒါကြောင့် နေ့တိုင်းကိုယ့်အတွေးတွေကို ချရေးခြင်းအားဖြင့်သတိနဲ့ ဘယ်အရာက အမှိုက်၊ဘယ်အရာက အမိုက်၊ဘယ်အရာက အကြိုက်ဆိုတာ သိနိုင်တယ်။နေ့တိုင်း မေတ္တာပွားများခြင်းဖြင့်လူတွေကို ခွင့်လွတ်ပြီးအမှိုက်ခြေဖျက်လို့ရနိုင်တယ်။နေ့တိုင်း တရားထိုင်ခြင်းဖြင့်အမှိုက်တွေကို ခြေဖျက်လို့ရတယ်။ Phyo Paing @ Derek

အမှိုက်တွေ နေ့တိုင်းရှင်းပါ။ Read More »

ပျော်တဲ့အရာတွေကိုနေ့တိုင်း လုပ်နိုင်လာမယ်

လုပ်နေတဲ့အရာတွေကိုပျော်အောင်အရင်လေ့ကျင့်၊ဒါမှနောက်ပိုင်းပျော်တဲ့အရာတွေကိုနေ့တိုင်း လုပ်နိုင်လာမယ်။ Gym စသွားတဲ့အချိန်တိုင်းပင်ပန်းလို့ မပျော်ဘူး။စာစဖတ်တိုင်း ခေါင်းပူလို့မပျော်ဘူး။ ဘဝက အဲ့လိုပဲ။ပျော်တဲ့အရာတွေ လုပ်ခွင့်မရခင်၊လုပ်တဲ့အရာတွေကို အရင်ပျော်အောင်လုပ်။ Phyo Paing @ Derek

ပျော်တဲ့အရာတွေကိုနေ့တိုင်း လုပ်နိုင်လာမယ် Read More »

ဘဝမှာ ရွေးချယ်မှုလုပ်နိုင်ဖို့လိုတယ်

ပိုက်ဆံအရမ်းရပြီးကိုယ့်ရည်မှန်းချက်နဲ့သွေဖယ်မည့် အလုပ်မလုပ်ဘူး။မတိုးတက်စေမည့် အလုပ်သင်ယူမှု မရှိမည့်အလုပ် မလုပ်ဘူး။မလုပ်ချင်တဲ့ အလုပ်မလုပ်ဘူး။ ဒီလို မလုပ်ချင်တဲ့အရာကို မလုပ်ဖို့၊ကိုယ့်ဖန်တီးမှုတွေကို မရောင်းချင်တဲ့သူတွေကိုမရောင်းဖို့ အတွက်စား၊ ဝတ်၊ နေရေးအတွက် ကြိုစီစဥ်ရတယ်။ ဘဝမှာ ရွေးချယ်မှုလုပ်နိုင်ဖို့လိုတယ်။ကိုယ်ကြိုက်တဲ့အလုပ် လုပ်နိုင်ဖို့ဘွဲ့တွေ အများကြီးယူတယ်။ပညာတွေ အများကြီးလေ့လာတယ်။ဘူဖေးလိုပဲ ဒီထဲကမှ ကြိုက်တဲ့အလုပ်လုပ်တယ်။ကိုယ်လုပ်ချင်တဲ့အလုပ်က စျေးကွက်မှာမရှိရင်ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုယ်တိုင်ဖန်တီးလို့ရတယ်။ ပိုက်ဆံလဲ အလားတူပဲ။ဘာကြောင့်ပိုက်ဆံရှာသလဲ။ရွေးချယ်မှုတွေ များများလုပ်နိုင်ဖို့။ ပိုက်ဆံများများရှိလေလေရွေးချယ်လို့ရတဲ့ အရာတွေများသွားလေလေပဲ။​ ဘဝမှာ စိတ်ကြိုက် ရွေးချယ်မှုတွေလုပ်နိုင်ဖို့ပိုက်ဆံလိုတဲ့အတွက်ဝင်ငွေကို တစ်ခုတည်းက မထားမိဖို့လိုတယ်။ရှိသမျှ မဖြုန်းလိုက်ဖို့လိုတယ်။Multiple Income Streams (MIS) လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ရွေးချယ်မှုလုပ်နိုင်ဖို့လိုတယ် Read More »

စားလို့မကုန် မှားလို့ကုန်တယ်

စားလို့မကုန် မှားလို့ကုန်တယ်။ကိုယ်မကျွမ်းကျင်တဲ့ဂိမ်း (နယ်ပယ်) မှာမရှိတဲ့ ပိုက်ဆံ (ချေးငှား) ထည့်ခြင်းကမွဲဆေးဖော်တာပဲ။ Phyo Paing @ Derek

စားလို့မကုန် မှားလို့ကုန်တယ် Read More »

လမ်းကြောင်းပေါ်မရောက်ခင်လမ်းတွေ ပျောက်မယ်

တစ်နှစ်၊ နှစ်နှစ်ဆိုတာလူတစ်ယောက်ကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တယ်။ဆယ်နှစ်ဆိုရင် စဥ်းစားကြည့်လိုက်။ လမ်းကြောင်းပေါ်မရောက်ခင်လမ်းတွေ ပျောက်မယ်။ရှာလိုက် ပျောက်လိုက်နဲ့။ ဆံပင်ညပ်ခေါင်းလျှော်တာတောင်၆၀၀၀ ဆို တော်တော်စဥ်းစားရတယ်။ငါ ဖုန်းတစ်လုံးရောင်းမှ အဲ့လောက်ရမှာပါဆိုပြီး။ အရေးကြီးတာ ကိုယ်သွားချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို မမှိက်မသုန်သွားနေဖို့ပဲ။နောက်ပြဿနာတိုင်းကို အဖြေရှာပြီးနောက်တစ်ဆင့် တက်သွားဖို့ပဲ။ Phyo Paing @ Derek

လမ်းကြောင်းပေါ်မရောက်ခင်လမ်းတွေ ပျောက်မယ် Read More »

သမာဓိဆိုတာ

ပျော်ရွင်ချင်ရင်သာယာမှုနောက်မလိုက်နဲ့။ဥာဏ်ပညာနောက်လိုက်။ သာယာမှုကလာတဲ့ပျော်ရွင်မှုက ရည်ရှည်မခံဘူး။ဥာဏ်ပညာက လာတဲ့ပျော်ရွင်မှုက ရေရှည်ခံတယ်။ သာယာမှုကြောင့်ဖြစ်တဲ့ပျော်ရွင်မှုက ဖြစ်ပြီးပျက်တယ်။ဥာဏ်ပညာက နားလည်သဘောပေါက်ပြီးရင်လောကကို မြင်တဲ့အမြင်လုံးဝပြောင်းသွားတယ်။ ပျော်ရွင်မှုဖြစ်ဖို့သာယာမှုတွေကလိုက်ရှာတတ်တယ်။အသိအမှတ်ပြုခံရမှုတွေက လိုက်ရှာတတ်တယ်။ပျော်ရွင်မှုကိုဥာဏ်ပညာကဖြစ်ဖို့သတိနဲ့ သမာဓိလိုတယ်။ သမာဓိဆိုတာကောင်းစွာ-ငြိမ်သက်-တည်ကြည်-သော စေတသိက်။အင်္ဂလိပ်ဆို အနီးစပ်ဆုံးဆိုSingle-mindedness ဖြစ်တာ၊ဒီလိုလုပ်ဖို့ စူးစိုက်စိတ် centration လိုတယ်။ သမာဓိမရှိပဲ စာဖတ်လို့မရဘူး။တရားကြာကြာထိုင်လို့မရဘူး။လေ့ကျင့်ခန်းကြာကြာ အာရုံစိုက်လုပ်လို့မလွယ်ဘူး။စိတ်တွေ လေလွင့် သတိမကပ်ရင်မရဘူး။သမာဓိဖြစ်ဖို့ သတိလိုတယ်။ ဒါကြောင့် ပျော်ရွင်ချင်ရင်သာယာမှုက ပေးတဲ့ပျော်ရွင်မှုထက်သတိ၊ သမာဓိ၊ ပညာနောက်လိုက်။ ဒီနေ့ ရေးထားတဲ့ Journal ထဲက။ Phyo Paing @ Derek

သမာဓိဆိုတာ Read More »

ပျော်ရွင်ချင်ရင်

သာယာမှုနောက်မလိုက်နဲ့။ဥာဏ်ပညာနောက်လိုက်။ သာယာမှုကလာတဲ့ ပျော်ရွင်မှုက ရည်ရှည်မခံဘူး။ဥာဏ်ပညာက လာတဲ့ ပျော်ရွင်မှုက ရေရှည်ခံတယ်။ သာယာမှုကြောင့်ဖြစ်တဲ့ပျော်ရွင်မှုက ဖြစ်ပြီးပျက်တယ်။ဥာဏ်ပညာက နားလည်သဘောပေါက်ပြီးရင်လောကကို မြင်တဲ့အမြင်လုံးဝပြောင်းသွားတယ်။ ပျော်ရွင်မှုဖြစ်ဖို့ သာယာမှုတွေကလိုက်ရှာတတ်တယ်။အသိအမှတ်ပြုခံရမှုတွေက လိုက်ရှာတတ်တယ်။ပျော်ရွင်မှုကိုဥာဏ်ပညာကဖြစ်ဖို့သတိနဲ့ သမာဓိလိုတယ်။ သမာဓိဆိုတာ ကောင်းစွာ-ငြိမ်သက်-တည်ကြည်-သော စေတသိက်။အင်္ဂလိပ်ဆို အနီးစပ်ဆုံးဆို Single-mindedness ဖြစ်တာ၊ဒီလိုလုပ်ဖို့ စူးစိုက်စိတ် centration လိုတယ်။ သမာဓိမရှိပဲ စာဖတ်လို့မရဘူး။တရားကြာကြာထိုင်လို့မရဘူး။လေ့ကျင့်ခန်းကြာကြာ အာရုံစိုက်လုပ်လို့မလွယ်ဘူး။စိတ်တွေ လေလွင့် သတိမကပ်ရင်မရဘူး။သမာဓိဖြစ်ဖို့ သတိလိုတယ်။ ဒါကြောင့် ပျော်ရွင်ချင်ရင်သာယာမှုက ပေးတဲ့ပျော်ရွင်မှုထက်သတိ၊ သမာဓိ၊ ပညာနောက်လိုက်။ ဒီနေ့ ရေးထားတဲ့ Journal ထဲက။ Phyo Paing @ Derek

ပျော်ရွင်ချင်ရင် Read More »