May 2024

ဗုဒ္ဓက သင်ကြားပေးလိုက်တဲ့
ဘဝနေထိုင်မှု ၇ ခု

၁။ မှန်ကန်တဲ့ အမြင်ဘဝမှာ ကျွန်တော်တို့ထင်တဲ့ သုခတွေရှိသလိုဒုက္ခတွေလဲ ရှိမယ်။လောကဓံရှစ်ပါးရှိတယ်။ ဒီတော့ အမြဲတမ်းကောင်းတာတွေဖြစ်မှာမဟုတ်သလို၊အမြဲ ဆိုးတာတွေလဲ မဖြစ်ဘူး။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းရှိနေမယ်။အရာရာ မတည်မြဲဘူး။အနိစ္စ။ ဒီတော့ မှန်ကန်တဲ့ မျှော်မှန်းချက်ထားလို့ရတယ်။ ၂။ မရှာပဲ တွေ့နိုင်တယ်။ပျော်ရွင်မှုဆိုတာ လိုက်ရှာစရာမလိုဘူး။အသက်ရှူနဲ့ နှာသီးဖျားကို အာရုံပြန်လာခဲ့။ဘားမှ လုပ်စရာမလိုဘူး။ငြိမ်းချမ်းမှုရှိတယ်။ကိုယ့်ရဲ့အတွေးတွေက ကောင်းတဲ့ခံစားချက်ဖြစ်စေသလို၊ဆိုးတဲ့ ခံစားချက်လဲဖြစ်စေတယ်။ဒါတွေရဲ့ ပကတိနေရာကတော့နှာသီးဖျားပဲ။ ၃။ သီလ၊ သမာဓိ၊ ပညာ။ကောင်းမွန်တဲ့ စေတသိက်တွေပွားများ။ အလိုမပြည့်တဲ့ လောဘ၊ မခံချင်စိတ်ကြောင့်ဖြစ်တဲ့ ဒေါသ၊ တွေဝေမိုက်မဲစေတဲ့ မောဟ ဒီသုံးခုကို စီမံခန့်ခွဲဖို့သတိ၊ သမာဓိ၊ ပညာလိုတယ်။ သတိ၊ သမာဓိ၊ ပညာဖြစ်ဖို့အနှောက်အယှက်ဖြစ်စေတဲ့အတွေးအခေါ်နဲ့ မူးယစ်မှုတွေရှောင်ဖို့လိုတယ်။ နေ့စဥ် journaling လေးတာ သတိတိုးဖို့၊စာဖတ်၊ တရားထိုင်တာ သမာဓိတိုးဖို့၊ နေ့စဥ် လေ့လာ၊ စမ်းသပ်လုပ်ဆောင်တာ ပညာတိုးဖို့။ […]

ဗုဒ္ဓက သင်ကြားပေးလိုက်တဲ့
ဘဝနေထိုင်မှု ၇ ခု
Read More »

ဘဝမှာ အကြောက်တရားကင်းကင်းနဲ့ နေပျော်ချင်ရင်

ကိုယ့်ကိုယ်ကို နားလည်ပြီးကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလေလေသူတပါး အထင်အမြင်ကြောင့်စိတ်ညစ်တာ နည်းလေလေပဲ။ဘဝမှာ အကြောက်တရားကင်းကင်းနဲ့နေပျော်ချင်ရင်Self-awareness နဲ့Self-confidence အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ အကြောက်တရားကင်းကင်းနဲ့ နေပျော်ချင်ရင် Read More »

ကိုယ့်ကိုယ်ကို ဆုံးမစာ။

အောင်မြင်မှုနောက်မလိုက်နဲ့။ တိုးတက်မှုနောက်လိုက်။ အောင်မြင်မှုက အဖြစ်အပျက်။တိုးတက်မှုက ဖြစ်စဥ်။ အောင်မြင်မှုကို ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ကိုယ့်ရဲ့တိုးတက်မှုကို ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့ရတယ်။ အောင်မြင်မှုက တခဏ။ တိုးတက်မှုက သေချာလုပ်ဆောင်ရင် တစ်ဘဝ။ အောင်မြင်တိုင်း အကြာကြီးမပျော်ဘူး။တိုးတက်နေရင် အကြာကြီးပျော်တယ်။ လိုချင်တာရတဲ့အခါ အောင်မြင်မှုလို့ခေါ်တယ်။သာမာန်ထက် ပိုဆွတ်ခူးနိုင်ရင် အောင်မြင်မှုလို့ခေါ်ကြတယ်။လိုချင်တာရလို့ ပျော်တာ အချိန်မကြာဘူး။လူတွေရဲ့ အထင်အမြင်ပေါ်မူတည်ပြီးပျော်တာအချိန် အကြာကြီး မခံဘူး။ ကိုယ့်တိုးတက်မှုပေါ်မူတည်ပြီးပျော်တာအချိန်အကြာကြီးခံတယ်။ အောင်မြင်မှုနောက် မလိုက်နဲ့။ တိုးတက်မှုနောက်လိုက်။ တိုးတက်ရင် ဘေးက အောင်မြင်မှုကbonus တစ်ခုလို ကပ်ပါလာနိုင်တယ်။ ကျန်းမာရေးတိုးတက်အောင်အစားအသောက် လေ့ကျင့်ခန်းဂရုစိုက်လုပ်ဆောင်။ဥာဏတိုးတက်အောင်စာဖတ်၊ ပြဿနာတွေ အဖြေရှာ။ အလုပ်အကိုင်၊ စီးပွားရေးတိုးတက်အောင် အချိန်ပေးစဥ်းစားလုပ်ဆောင်။ စိတ်ငြိမ်းချမ်းရေးအတွက်နေ့စဥ်အမှိုက်တွေစွန့်ပစ် တရားထိုင်၊ ဆုတောင်း။ငွေရေးကြေးရေးအတွက် ရသမျှ အကုန်မသုံးနဲ့။စုပြီးပွား။ အပြစ်မတင်ပဲ၊ အဖြေရှာ။ ကိုယ့်ကိုယ်ကို ဆုံးမစာ။ Phyo Paing  @ Derek

ကိုယ့်ကိုယ်ကို ဆုံးမစာ။ Read More »

မာစတာကီး

စကားလုံးတွေ အိုင်ဒီယာတွေကသော့တွေနဲ့ တူတယ်။ နောက်တစ်ဆင့်တက်ဖို့ သော့အသစ်တွေလိုတယ်။ တချို့သော့တွေကအဆင့်တော်တော်များများကိုဖွင့်ပေးနိုင်တဲ့ ပါဝါရှိတယ်။ ဒါကို မာစတာကီးလို့ခေါ်ကြတယ်။ ကိုယ့်ဘဝရဲ့ လှေကားထစ်တော်တော်များများတက်နိုင်အောင်တံခါးတွေဖွင့်ဖို့ ကူညီခဲ့ပေးတဲ့ သော့အကြံဥာဏ် အိုင်ဒီယာတစ်ခုဆိုဘာများဖြစ်နေမလဲ? Phyo Paing @ Derek

မာစတာကီး Read More »

ငယ်ငယ်က အိပ်မက်တွေရှိလိမ့်မယ်။

အတားအဆီးတွေကြောင့်ကိုယ့်အိပ်မက်တွေကို အရှင်လတ်လတ် မြေမမြုပ်လိုက်ဖို့လိုတယ်။ အိပ်မက်တွေကအတားအဆီးတွေထက်အများကြီး ပိုကြီးဖို့လိုနိုင်တယ်။ ငယ်ငယ်က အိပ်မက်တွေရှိလိမ့်မယ်။ဘယ်လို ဘဝမျိုးနေချင်တာ၊ ဘာတွေ ပိုင်ဆိုင်ချင်တာ၊ ဘယ်လို လူမျိုးဖြစ်ချင်တာ၊ ဘာအလုပ်တွေ လုပ်နေချင်တာ။ ဒီအိပ်မက်တွေကို ပြန်လည်တူးဆွဖို့လိုနိုင်တယ်။ အိပ်မက်တွေရဲ့ဆွဲငင်အားကအတားအဆီးတွေရဲ့ ပိတ်ပင်မှုထက်ပြင်းအားပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ငယ်ငယ်က အိပ်မက်တွေရှိလိမ့်မယ်။ Read More »

ပြင်းပြတဲ့ စိတ်ဆန္ဒ

ပြင်းပြတဲ့ စိတ်ဆန္ဒမရှိပဲသာမာန်ထက်ကျော်တဲ့အရာတွေကို တည်ဆောက်ဖန်တီးလုပ်ဆောင်နိုင်ဖို့မလွယ်ဘူး။ ပြင်းပြတဲ့ စိတ်ဆန္ဒ၊ စူးစမ်းလိုစိတ်၊ သတ္တိ၊ လဲကျပြန်ထရဲတဲ့စိတ်၊ အဖြေရှာလိုစိတ်၊ ကျေးဇူးတင်စိတ်၊နေ့စဥ်အလုပ်တွေလုပ်ရင်းပြဿနာတွေကို အဖြေရှာရင်းပျော်တဲ့စိတ်ဒီ စိတ်ဓာတ်တွေကဘဝကို ဆေးရောင်စုံလှလှ ခြယ်ပေးတယ်။ Phyo Paing @ Derek

ပြင်းပြတဲ့ စိတ်ဆန္ဒ Read More »

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။

လူတွေကို ဂုဏ်ယူစေတဲ့အရာတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ကိုယ့် client တွေ အောင်မြင်ရင်ဂုဏ်ယူတယ်။ကိုယ်ထုတ်တဲ့ကုန်ပစ္စည်းတွေကအသုံးပြုသူတွေရဲ့ ဘဝတိုးတက်ပြောင်းလဲစေရင်ဂုဏ်ယူတယ်။မစဥ်းစားမိတဲ့ ရှုထောင့်ကရေးလိုက်တဲ့စာတခြားသူတစ်ယောက်က အကျိုးရှိသွားရင်ဂုဏ်ယူတယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့အခက်အခဲဖြစ်ဖြစ်အထာကျကျ ဖြေရှင်းနိုင်တာ ဂုဏ်ယူတယ်။ Phyo Paing @ Derek

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
Read More »

ခေတ် + စနစ် + စကေး = နေရာ

တော်တိုင်း နေရာမရဘူး။ ဥာဏ်ကောင်းတိုင်း မချမ်းသာဘူး။ကြိုးစားတိုင်း မအောင်မြင်ဘူး။ ခေတ် + စနစ် + စကေး = နေရာ ကိုယ်လုပ်တဲ့ အလုပ်၊ကိုယ့်ကျွမ်းကျင်မှုက ခေတ်၊ စနစ်နဲ့ မကိုက်ရင်အံဝင်ဂွင်ကျဖြစ်မှာ မဟုတ်ဘူး။ခေတ်၊ စနစ်၊ စကေးကကိုယ်ရောက်နေတဲ့နေရာကိုဖော်ပြတယ်။ အခုခေတ်က ဘာခေတ်လဲ။ နေနေတဲ့နေရာက ဘာစနစ်လဲ။ ကိုယ့်မှာရှိသင့်တာက ဘာစကေးလဲ။ Phyo Paing @ Derek

ခေတ် + စနစ် + စကေး = နေရာ Read More »

ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့
လုပ်ငန်းဆောင်တာပဲ။

လုပ်ငန်းရှင်တစ်ယောက်ရဲ့ဝန်ထမ်းစီမံခန့်ခွဲမှုထိန်းသိမ်းမှု အရည်အချင်းကိုတစ်ခုတည်းနဲ့ မေးကြည့်လို့ရနိုင်တယ်။ အလုပ်တွဲလုပ်တဲ့အကြာဆုံးဝန်ထမ်းသက်တမ်းဘယ်လောက်ရှိပြီလဲ။ ဝန်ထမ်းရေးရာပြဿနာကြုံတယ်ဆိုတာ ကိုယ်က ဒီပြဿနာကို အဖြေမရှာနိုင်သေးလို့။ တော်ပြီးကောင်းတဲ့ ဝန်ထမ်းတွေကိုယ့်ဆီလာအလုပ်လုပ်ချင်ဖို့၊ သူတို့တိုးတက်ပြီး အလုပ်ပြီးအောင်လုပ်ပေးဖို့၊သူတို့ကိုယ့်လုပ်ငန်းမှာ ကြာနိုင်သမျှကြာအောင်နေဖို့ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့
လုပ်ငန်းဆောင်တာပဲ။
Read More »

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေ

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေနဲ့အချိန်ကုန်ရတာဟာအချိန်ဖြုန်းတာပဲ။ Relationship တစ်ခုရဲ့ အတိမ်အနက်ကလဲဒီ စကားပြောဆိုမှု conversation တွေကလာတယ်။အလုပ်၊ အချစ်၊ ဘဝPersonal, Professional နဲ့Business relationship တိုင်းအဲ့လိုပဲ။​ တချို့ သူငယ်ချင်းတွေ အရမ်းခင်တယ်။ရင်ဘတ်ချင်းမနီးတော့ဘူး။သမီးရည်းစား လင်မယားဖြစ်ပြီးဘဝက အထီးကျန်ဆန်နေတယ်။​လုပ်ငန်းတူတူလုပ်တဲ့သူချင်းစဥ်းစားတဲ့ အတိမ်အနက်မတူဘူး။​ဒါမျိုး relationship တိုင်းမှာ ဖြစ်တတ်တယ်။ ဒါကြောင့် အပေါ်ယံတွေရှောင်ပြီးအဓိပ္ပာယ်ရှိ deep ဖြစ်တဲ့ စကားတွေပြောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံကြုံကြိုက် ဘဝကိုဖြတ်သန်းမှအဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေ Read More »