June 2024

နေ့စဥ်

၁။ စိတ်ငြိမ်းချမ်းဖို့ နံပတ်တစ်၂။ ကိုယ့်အာရုံကိုယ်ထိန်းနိုင်ဖို့ နံပတ်နှစ်၃။ ကိုယ့်ဘဝရဲ့ အနာဂတ်အမြင်ပုံဖော်၄။ နေ့စဥ် အပျက်မကွက်လုပ်မည့်အလုပ်တွေလုပ်၅။ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေလုပ်၆။ ဒီနေ့အတွက် လျှို့ဝှက်ချက်သစ်ရှာဖွေ၇။ ကိုယ့်ဘဝသွားနေတဲ့လမ်းကြောင်း ပြန်သုံးသပ် Phyo Paing @ Derek

နေ့စဥ် Read More »

လူတွေကို နားလည်ချင်ရင်

သူတို့ ငယ်ဘဝ ဖြတ်သန်းမှုကို ပြန်ကြည့်။ ကြမ်းတမ်းတဲ့ဘဝ ဖြတ်သန်းလာတာချင်းတူရင်တောင် အဓိပ္ပာယ်ဖွင့်ဆိုမှုချင်းမတူကြဘူး။ ဘယ်အရာက ကွာသွားစေသလဲ။ သူတို့ရဲ့ ရှင်သန်မှု မဟာဗျူဟာ။ တချို့တွေက လိုချင်တာရဖို့လူတွေအပေါ် nice ဖြစ်ရတယ်။ဆက်ဆံရေးကောင်း လူတွေလိုအပ်ချက်နားလည်ရတယ်။ဒီတော့ social ကောင်းသူကြီးတွေဖြစ်လာတယ်။ တချို့က လူတွေအပေါ်ကောင်းလို့မရဘူး။ချီကျမှ ရတယ်။ ညစ်မှ ရတယ်။ လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ဘူး။အညစ်ကြီးတွေ ဖြစ်လာတယ်။ တချို့က လိုချင်တာရဖို့ တခြားသူတွေကို ဂရုအရမ်းစိုက်နေရင်ခံစားချက်တွေများပြီး အလုပ်မလုပ်နိုင်ဘူး။ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်မှရတာ။ တချို့က သတင်းတွေ ထိန်းချန်ထားမှရတာ။အကုန်ပေးမသိနဲ့။ မလိမ့်တပတ်လုပ်။ တချို့က တောက်ပထူးချွန်ပြမှရမှာ။ဒါမှ လူတွေငါလိုချင်တာပေးမှာ။ တချို့က ကိုယ်က စိတ်ဓာတ်ကျပြမှလူတွေ ဂရုစိုက်မှာ။ တချို့က လူတွေကို ကူညီမှ လူတွေကို ကိုယ့်ကိုချစ်မှာ။ လူတွေက ဘဝဂိမ်းကို မတူညီတဲ့ မဟာဗျူဟာတွေနဲ့ ပလေးနေကြတယ်။

လူတွေကို နားလည်ချင်ရင် Read More »

မနှိုင်းယှဥ်နဲ့။

ပျော်ချင်ရင် မတူညီတဲ့ နယ်ပယ်မှာလုပ်နေတဲ့သူနဲ့ ကိုယ်နဲ့ မနှိုင်းယှဥ်နဲ့။ ကိုယ်နဲ့ စူပါပါဝါမတူညီတဲ့သူနဲ့သွားမနှိုင်းယှဥ်နဲ့။ ဘဝရဲ့ပေးထားချက်နဲ့ဖြေရှင်းနေတဲ့ပုစ္ဆာမတူညီတဲ့သူနဲ့သွားနှိုင်းမယှဥ်နဲ့။ လူတိုင်း ဘဝရဲ့ပေးထားချက်မတူသလိုဖြေရှင်းနေတဲ့ပုစ္ဆာ၊ ဒုက္ခတိုင်းရဲ့ နောက်ကွယ်က ဘဝရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မတူကြဘူး။ လူတွေနဲ့ မပြိုင်ပဲ နိုင်အောင်လုပ်လို့ရပါတယ်။ Phyo Paing @ Derek

မနှိုင်းယှဥ်နဲ့။ Read More »

ဘဝအပြောင်းအလဲဖြစ်ဖို့
ဒီလေးခုကို ဂရုစိုက်။

လူ၊ နည်းပညာ၊ စျေးကွက်၊ အလုပ်။ လူတိုင်းရဲ့ ဘဝဟာကိုယ့်ကိုယ်အပြောင်းအလဲဖြစ်စေတဲ့ဆရာသမား၊ စီးပွားရေးပါတနာ၊ ဝန်ထမ်းကောင်း၊ အချစ် ဒါမှမဟုတ် သူငယ်ချင်းတွေပြီးနောက်တဆင့်တက်သွားတတ်ကြတယ်။ ဒါမှမဟုတ် နည်းပညာအသုံးချတတ်မှုလျှို့ဝှက်ချက်တွေကြောင့်လဲဘဝအပြောင်းအလဲဖြစ်တယ္။ တတိယအချက်ကတော့ စျေးကွက်အပြောင်းအလဲကြားမှာ သေချာ လက်ဆုပ်လက်ကိုင်ယူနိုင်ရင်လဲဖြစ်တယ်။ ဒီသုံးချက်က အလုပ်မပါရင်အကောင်အထည်ဖော်လို့မလွယ်ဘူး။ Phyo Paing @ Derek

ဘဝအပြောင်းအလဲဖြစ်ဖို့
ဒီလေးခုကို ဂရုစိုက်။
Read More »

ဘဝဆိုတာ ခဏပါ။

လူတစ်ယောက်ကို အရမ်းလဲ မချစ်နဲ့။အရမ်းလဲ မမုန်းနဲ့။အရမ်းလဲ အထင်မကြီးနဲ့။ဘဝကို အေးဆေးဖြတ်သန်းချင်ရင်အပူရှောင်။စိတ်ထားတတ်ဖို့လိုတတ်တယ်။ ဘဝကြီးမှာငွေကြေးရဲ့ချုပ်နှောင်မှု၊စိတ်ဒုက္ခဝေဒနာတွေရဲ့ ချုပ်နှောင်မှု၊ခန္ဓာကိုယ်အကျဉ်းကျခြင်းချုပ်နှောင်မှုကကင်းဝေးဖို့ နီးလမ်းရှာရမှာပဲ။ ဘဝဆိုတာ ခဏပါ။မလိုတာတွေ ပိုမလုပ်မိဖို့ လိုတတ်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပါ။ Read More »

တစ်လမ်းမောင်း တစ်လမ်းကြည့်၊
တစ်လှမ်းသွား တစ်လှမ်းကြည့်ဖို့လိုတယ်။

လမ်းမှားရင် ပိုအချိန်ကြာတယ်။တွေ့တဲ့လမ်းမောင်းတာထက်လိုရာခရီးရောက်ဖို့မြေပုံလိုတယ်။ Roadmap နဲ့ သတိတစ်လမ်းမောင်း တစ်လမ်းကြည့်၊တစ်လှမ်းသွား တစ်လှမ်းကြည့်ဖို့လိုတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

တစ်လမ်းမောင်း တစ်လမ်းကြည့်၊
တစ်လှမ်းသွား တစ်လှမ်းကြည့်ဖို့လိုတယ်။
Read More »

လူတစ်ယောက်က ကိုယ်နဲ့တွေ့တွေ့ချင်း

လူတစ်ယောက်က ကိုယ်နဲ့တွေ့တွေ့ချင်းအစွမ်းတွေ အရမ်းပြတဲ့အတွက်အရမ်းအထင်မကြီးလိုက်နဲ့။ အဲ့လိုပဲ အရမ်းညံ့လို့လဲ အရမ်းအထင်မသေးလိုက်နဲ့။ ဒီနှစ်ပိုင်း လူတွေနဲ့ အလုပ်လုပ်ရင်းနားလည်လာတာregression to the mean ဆိုတဲ့သဘောတရားပဲ။ တချို့တွေ အစပိုင်းအစွမ်းတွေ အရမ်းပြတယ်။တဖြည်းဖြည်း သာမာန်ပြန်ဖြစ်သွားတယ်။တချို့က စတဲ့အချိန် ပုံမှန်ပဲ။ဖြေးဖြေးမှန်မှန် ကြိုးစားပြီး တိုးတက်လာတယ်။ လူတွေရဲ့ စွမ်းဆောင်ရည်စစ်စစ်သိဖို့အချိန်တစ်ခုလိုတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လူတစ်ယောက်က ကိုယ်နဲ့တွေ့တွေ့ချင်း Read More »

ဘဝရဲ့ ပေးထားချက်တွေနဲ့
ဘဝပုစ္ဆာအဖြေရှာရမှာပဲ။

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူကပေါင်းသင်းဆက်ဆံရေးနဲ့သက်ဆိုင်တာနဲ့အသက်မွေး။ဥာဏ်ကောင်းတဲ့သူက ဥာဏ်ဏနဲ့ အသက်မွေး။ ကာယဗလရှိတဲ့သူကကာယဗလနဲ့ အသက်မွေး။စည်းစနစ်ကောင်းသူက စီမံခန့်ခွဲမှုနဲ့ အသက်မွေး။ အတွက်အချက်ကောင်းသူကအတွက်အချက်နဲ့။ ချိပ်ဆက်တဲ့အပိုင်းကောင်းသူကချိပ်ဆက်ပွဲစား။ လူတိုင်းက ကျွမ်းကျင်ရာလိမ္မာရာပဲ။ ဘဝရဲ့ ပေးထားချက်တွေနဲ့ ဘဝပုစ္ဆာအဖြေရှာရမှာပဲ။ Phyo Paing @ Derek

ဘဝရဲ့ ပေးထားချက်တွေနဲ့
ဘဝပုစ္ဆာအဖြေရှာရမှာပဲ။
Read More »

အကောင်အထည်ဖော်သေသပ်မှုနဲ့ဆိုင်တယ်။

လူအယောက် နှစ်ဆယ်ရှိတဲ့လုပ်ငန်းတစ်ခုကလူအယောက်နှစ်ရာရှိတဲ့လုပ်ငန်းထက် အမြတ်ငွေပိုကောင်းနိုင်တယ်။အထူးသဖြင့်လုပ်ငန်းကို သေချာ ဒီဇိုင်းလုပ်၊ ဒါရိုက်ရှင်ပေးပြီး၊ ဒလီဗာ deliver လုပ်နိုင်ရင်။ လက်ရှိအနေအထားမှာ စလုံးမှာ လူဦးရေ ၆ သန်း၊မလေးမှာ လူဦးရေ ၃၄.၃ သန်းရှိတယ်။နိုင်ငံရဲ့ကုန်ထုတ်စွမ်းအား GDP က တူတူနီးပါးပဲ။ စလုံးက ၄၆၆.၈ ဘီလီယံဒေါ်လာ။ မလေးက ၄၀၆.၃ ဘီလီယံဒေါ်လာ။ လူအရေအတွက်ထက်လုပ်ငန်းရဲ့ ဦးဆောင်တဲ့သူရဲ့အမြော်အမြင်ရှိမှု၊လူမှန်နေရာမှန်ခန့်ထားနိုင်မှု၊နည်းပညာအသုံးချမှု၊မြေပြင်အခြေအနေကို နားလည်မှု၊အကောင်အထည်ဖော်သေသပ်မှုနဲ့ဆိုင်တယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အကောင်အထည်ဖော်သေသပ်မှုနဲ့ဆိုင်တယ်။ Read More »

ဘယ်နေရာရောက်ရောက်မျက်နှာမငယ်ချင်ရင်

ဘယ်နေရာရောက်ရောက်မျက်နှာမငယ်ချင်ရင်နေ့စဥ် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်။ မွေးလာတဲ့နေရာ၊ဖြစ်တည်လာတဲ့ လူမျိုး၊ကြီးလာတဲ့ အသိုင်းအဝိုင်း၊သင်လာခဲ့တဲ့ပညာရေးဒါတွေကို ပြောင်းလို့မရဘူး။ ဒါပေမယ့် ပစ္စုပ္ပန်တိုင်းမှာနေ့စဥ် ဘာလုပ်မလဲဆိုတာရွေးချယ်လို့ရတယ်။ စိတ်၊ ခန္ဓာ၊ နှလုံးသားဒီသုံးခုကို နေ့တိုင်းတည်ဆောက်။ စိတ်ကို တည်ဆောက်ဖို့ စာဖတ်။တရားထိုင်၊ ဂျာနယ်ရေး။ခန္ဓာကိုယ်တည်ဆောက်ဖို့အစားနဲ့လေ့ကျင့်ခန်းဂရုစိုက်လုပ်။နှလုံးသားကို တည်ဆောက်ဖို့ကိုယ်မစဥ်းစားပဲမနေနိုင်တဲ့အလုပ်တွေကိုလုပ်။လူတွေကို ပြန်လည်မျှဝေပေး။ Phyo Paing @ Derek

ဘယ်နေရာရောက်ရောက်မျက်နှာမငယ်ချင်ရင် Read More »