June 2024

အဖြေရှာထားရမည့်အချိန်ပဲ။

Browser မသိ၊ Website domain name ဆိုတာမသိတဲ့ နေရာမှာ ကိုယ့်လုပ်ငန်းဆီဝယ်နေကျသူတွေကိုကိုယ့် App မှာ ဝယ်နေကျ“အကျင့်” ဖြစ်အောင်လုပ်ရမည့်အချိန်ပဲ။ Social Media Marketing မှာ ၁။ တင် (Post တင်တယ်။)၂။ မြင် (လူတွေမြင်တယ်၊ စိတ်ဝင်စားတယ်။)၃။ မေး (မေးမြန်းတယ်။)၄။ ဝယ် (ဝယ်ယူတယ်။)၅။ ထပ်ဝယ် (ထပ်ဝယ်တယ်။)၆။ ညွှန်း (တဆင့်စကားတဆင့်ညွှန်းတယ်။) ဒီအဆင့်တွေမှာ Facebook, Tik Tok, Instagram, Linkedin, Youtube, etcအကုန်လုံးက တင်ပြီးမြင်အောင်လုပ်။မေးပြီဆိုတာနဲ့ ဝယ်အောင်ကိုယ့် App/ Website/ Platform က လုပ်နိုင်ဖို့ ဖြေးဖြေးပြောင်းသွား။ ပုံမှန် messenger ထဲမှာ ဝယ်ရင်ကိုယ့် owned media ဖြစ်တဲ့ App/ […]

အဖြေရှာထားရမည့်အချိန်ပဲ။ Read More »

ဖောက်သည်ဝန်ဆောင်မှု
ကာစတမာဆားဗစ်။

ကိုယ်ဘယ်လောက်တော်တော်၊ကိုယ့်ထုတ်ကုန်ဘယ်လောက်ကောင်းကောင်းလူမသိရင် မအောင်မြင်ဘူး။ သိစေချင်တဲ့သူ သိအောင်လုပ်တာ မားကတ်တင်း။ သိပြီးဝယ်ချင်အောင်၊ မေးအောင်လုပ်တာ ကြော်ငြာ။ မေးရင် ရောင်းတာ အရောင်း။ဝယ်ပြီးထပ်ဝယ်ချင်အောင်လုပ်တာဖောက်သည်ဝန်ဆောင်မှု ကာစတမာဆားဗစ်။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဖောက်သည်ဝန်ဆောင်မှု
ကာစတမာဆားဗစ်။
Read More »

လမ်းလျှောက်ရင်း လမ်းပျောက်တတ်ကြတယ်။

ဘဝမှာ လမ်းမပျောက်ဖို့ အလုပ်အကိုင်သေချာရွေးချယ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့အလုပ်က ကျွန်တော်တို့ ဘယ်သူဖြစ်တယ်ဆိုတဲ့Identity ပေါ် သက်ရောက်မှုကြီးမားတဲ့အတွက်ဖြစ်တယ်။ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ရွေးချယ်တဲ့အခါတချို့က ကံကောင်းပြီး ကိုယ်လုပ်တဲ့အလုပ်နဲ့တခါတည်း တသားကျသွားတဲ့သူတွေရှိတယ်။တချို့က ကိုယ်လုပ်တဲ့အလုပ်နဲ့ တစ်သားတည်းမကျဘူး။ ဘဝဆိုတာ တိုတိုလေး။ နေရတဲ့ခဏတာမှာ ကိုယ်နဲ့ကိုက်ညီတဲ့သဟဇာတဖြစ်တဲ့အလုပ်လုပ်နိုင်ရင်အလုပ်လုပ်ရင်းပိုပျော်နေမယ်။ ပိုတော်နေမယ်။ဝင်ငွေ ပိုတိုးပွားနေမယ်။တခြားသူတွေကို ပိုမျှဝေပိုပေးနိုင်မယ်။ ဒီလိုလုပ်ဖို့ အဆင့် သုံးဆင့်ကိုရိုးရိုးရှင်းရှင်းဖန်တီးထားတာရှိပါတယ်။ ၁။ ရှာ Search လူတွေရဲ့ ဘဝဖြတ်သန်းမှု၊ကြီးပြင်းလာမှု၊ စိတ်ဝင်စားမှု၊ဦးနှောက်အလုပ်လုပ်တဲ့ အားသာချက်မတူကြပါဘူး။တချို့က ဖန်တီးတာကိုကြိုက်တယ်။တချို့က ဆက်သွယ်တာကို ကြိုက်တယ်။တချို့က ပူးပေါင်းအလုပ်လုပ်ရတာကြိုက်တယ်။တချို့က အသေးစိတ်စစ်ဆေးရတာကြိုက်တယ်။ ဒီလို ကိုယ်ချစ်တဲ့အလုပ်တွေ့ဖို့ မတူညီတဲ့ အလုပ် အနည်းဆုံးများများလုပ် စမ်းကြည့်ပါ။ ဒီလိုလုပ်ဆောင်ဖို့ အကောင်းဆုံးနည်းတစ်ခုကအလုပ်ခွင်မှာ ပျော်နေတဲ့ လူ ၁၂ ယောက်လောက်နဲ့လိုက် အင်တာဗျူးကြည့်ပါ။ “အလုပ်ခွင်မှာ ပျော်နေတဲ့ ဆိုတဲ့ အချက်” အရေးကြီးပါတယ်။ သူတို့

လမ်းလျှောက်ရင်း လမ်းပျောက်တတ်ကြတယ်။ Read More »

ဖြစ်ချင်တာ ဖြစ်အောင်လုပ်

အတိတ်ကို ပြန်ကြည့် နောက်တရပြီး၊အနာဂတ်ကိုကြည့် စိတ်ပူနေတာ ကောင်းတဲ့အချက်မဖြစ်နိုင်ဘူး။ အတိတ်ကို ပြန်ကြည့်စိတ်ကျေနပ်မှုရပြီး၊အနာဂတ်ကိုကြည့် ရင်ခုန်မှုရဖို့လိုတယ်။ ဒီလိုလုပ်ဖို့ ပတ်ဝန်းကျင်၊ တွေ့နေတဲ့သူတွေ၊ကိုယ်တွေးနေတဲ့အတွေး၊ အကြံ၊ အလုပ်တွေကို ချိန်ငြိဖို့လိုနိုင်တယ်။ ဖြစ်ချင်တာ ဖြစ်အောင်လုပ်ရင်ကြည်နူးမှုရမယ်။ဖြစ်လာမှာကို စဥ်းစားနေ့တိုင်းလုပ်ရင်ရင်ခုန်တက်ကြွမှုရမယ်။ Phyo Paing @ Derek

ဖြစ်ချင်တာ ဖြစ်အောင်လုပ် Read More »

ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲရေးမှာ Trauma တွေက Drama ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။ ဒါကြောင့် ကျွန်တော် ကျင့်သုံးခဲ့တဲ့ အဆင့် ၃ ဆင့်နဲ့ မျှဝေပေးချင်တယ်။ ၁။ Release ရှင်းထုတ် လူတိုင်း ငယ်ဘဝဖြတ်သန်းမှုသမိုင်းမှာအမှိုက်တွေ တွယ်ကပ်လာတတ်တယ်။ ဒီအရာတွေက စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်တွေလိုတစ်ချက်တစ်ချက် ဝင်ဒုက္ခပေးတတ်တယ်။ ဒီ အပျက်စိတ်၊ အငုံစိတ်၊ ကြောက်စိတ်၊ခွင့်လွတ်စရာ၊ စိတ်ဒဏ်ရာ၊ ဝမ်းနည်း၊ ကြေကွဲ၊ ယူကြုံးမရဒါတွေကို ဖြစ်စေတဲ့ ဘဝမှာကြုံခဲ့တဲ့အဖြစ်အပျက် significant emotional events (SEE) တွေကိုပြန်လည်ကုသဖို့လိုတယ်။ ဒီလို လုပ်ဖို့ ဒီအဖြစ်အပျက်တွေကို အဓိပ္ပာယ်ပြောင်းဖို့လိုတယ်။ ဒီအဖြစ်အပျက်တွေကို နားလည်ပေးလိုက်ဖို့လိုတယ်။ဒီလို အဓိပ္ပာယ်ပြောင်းဖို့ သင်ခန်းစာယူဖို့လိုတယ်။ တချို့က Therapy နဲ့ လုပ်တယ်။ အကောင်းဆုံးနည်းကတော့ self-therapy ဖြစ်နိုင်တယ်။ ဒီလို

ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။ Read More »

ဘဝ

ဘာမှန်းမသိပဲရောက်လာတယ်။ဝဝလင်လင်နေဖို့ အလုပ်လုပ်ရတယ်။ဘောင်ဝင် လူဝင်ဆန့်ဖို့ လူ့ဘောင်မှာနေတတ်ရတယ်။ဘဝင်လေဟပ် အောင်မြင်မှုဆုတံဆိပ်တွေအတွက် ကြိုးစားရပြန်တယ်။ဘာဝနာပွားပြီး သံသရာက ထွက်ရမယ်။ Phyo Paing @ Derek

ဘဝ Read More »

စေတနာမှန်တိုင်း အပင်မသန်ဘူး။

စေတနာတစ်ခုနဲ့ မရဘူး။အမြော်အမြင် လိုတယ်။ ဦးဆောင်သူတစ်ယောက်ရဲ့အမြော်အမြင်ကို သူကိုယ်တိုင်ရဲ့ဘဝ၊သူဦးဆောင်တဲ့ အဖွဲ့၊သူဦးဆောင်တဲ့ အဖွဲ့အစည်း၊ သူဦးဆောင်တဲ့ လုပ်ငန်း၊ သူဦးဆောင်တဲ့ နိုင်ငံ နဲ့ကြည့်လို့ရတယ်။ စေတနာမှန်တိုင်း အပင်မသန်ဘူး။ စေတနာမှန်ပြီး တိုင်ပတ်နေတဲ့အလုပ်တွေ၊ အဖွဲ့အစည်းတွေအများကြီးရှိနိုင်တယ်။ စေတနာမှန်မှန်၊အမြော်အမြင်ရှိရှိ၊မဟာဗျူဟာကောင်းကောင်း၊အကောင်အထည်ဖော်မှု သေသေသပ်သပ်၊ လေ့လာချိန်ဆ ဆက်လုပ်သွားနိုင်ဖို့လိုတယ်လို့ထင်တယ်။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စေတနာမှန်တိုင်း အပင်မသန်ဘူး။ Read More »

အလုပ်ကို အထိရောက်ဆုံး
လုပ်နိုင်တာ စမတ်ဖြစ်တာ။

မလုပ်သင့်တာကို အစကတည်းကမလုပ်တာပညာရှိတာ။အလုပ်ကို အထိရောက်ဆုံးလုပ်နိုင်တာ စမတ်ဖြစ်တာ။အလုပ်ကို အားကုန်ထည့်လုပ်တာအလုပ်ကြိုးစားတာ။Work Hard, Work Smart နဲ့ Work Wisely ကြိုးစား၊ ထိရောက်၊ ပညာရှိ။ဒီလိုလာကြတယ်။ Phyo Paing @ Derek

အလုပ်ကို အထိရောက်ဆုံး
လုပ်နိုင်တာ စမတ်ဖြစ်တာ။
Read More »

လူတွေက အနာဂတ်ဝေးဝေးအတွက်
ကြံဆပြီး သေချာစဥ်းစား
ပြင်ဆင်တတ်ကြတယ်။

အနာဂတ်ကိုမြင်တဲ့အတိုင်းလူတွေက ပြင်ကြတာပဲ။ တိရစ္ဆာန်အများစုကအနာဂတ်အတွက် “သေချာစဥ်းစား”မပြင်ဆင်တတ်ကြဘူး။ လူတွေက အနာဂတ်ဝေးဝေးအတွက်ကြံဆပြီး သေချာစဥ်းစားပြင်ဆင်တတ်ကြတယ်။ ဘာဖြစ်နိုင်တယ်။ဘယ်မှာနေမယ်။ဘယ်လို အလုပ်လုပ်မယ်။အနာဂတ်မှာ ဖြစ်နိုင်ခြေအတွက်သေချာစဥ်းစား ပြင်ဆင်မှုတွေလုပ်နိုင်တယ်။ အလုပ်ခွင်ဝင်ဖို့ ကျောင်းပညာသင်ပြီးပြင်ခဲ့ကြတယ်။ အိုစာမင်းစာ ပင်စင်ယူအလုပ်မလုပ်တဲ့အခါအတွက်သန်တုန်းမြန်တုန်းမှာ အလုပ်ကြိုးစားစုဆောင်းပွားများထားကြတယ်။ အနာဂတ် အမြင်ရှိပြီးပြင်ထားနိုင်တာ လူတွေရဲ့အစွမ်းအစပဲ။ဒါကို မေ့နေလို့မရဘူး။ စိတ်၊ ခန္ဓာ၊ ငွေကြေး၊ အလုပ်၊ လူမှုဘဝ။အကုန် သေချာစီမံ ပြင်ထားနိုင်မှတော်ကာကျမယ်။အထူးသဖြင့် ကျွန်တော်တို့လို လူတွေအတွက်ပေါ့။ Phyo Paing @ Derek

လူတွေက အနာဂတ်ဝေးဝေးအတွက်
ကြံဆပြီး သေချာစဥ်းစား
ပြင်ဆင်တတ်ကြတယ်။
Read More »

ဒီမေးခွန်းတွေမေးကြည့်ပါ။

တစ်ခုခု ဆုံးဖြတ်ချက်ချတဲ့အခါဒီမေးခွန်းတွေမေးကြည့်ပါ။ ၁။ မိမိ ဘာလိုချင်သလဲ?၂။ မိမိ ဘာမလိုချင်ဘူးလဲ?၃။ မိမိဘာလုပ်နိုင်သလဲ?၄။ မိမိထိန်းချုပ်နိုင်မှုမရှိသည့်အရာများမှာ ဘာတွေလဲ?၅။ ရွေးချယ်စရာများ ဘာတွေရှိသလဲ?၆။ အန္တရာယ်များ ဘာတွေရှိသလဲ?၇။ ဘာသတင်းအချက်တွေ ထပ်သိဖို့လိုမလဲ?၈။ ရေတို၊ ရေလတ်၊ ရေရှည် မိမိဘာလုပ်နိုင်သလဲ? Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒီမေးခွန်းတွေမေးကြည့်ပါ။ Read More »