ဘယ်အရာမဆို
နားလည်ပြီး ထိန်းသိမ်း ဒီဇိုင်းလုပ်တာ
အရေးကြီးမယ်လို့ ထင်တယ်။
လူတွေက အချစ်ကိုရှာတဲ့အခါငယ်ငယ်က ကိုယ့်စိတ်ကူးထဲမှာလိုချင်တဲ့ အဖေ ဒါမှမဟုတ် အမေရဲ့ပုံစံရှာတတ်ကြတယ်။ အိမ်မှာ ဒရာမာတွေ များလေလေ၊ဒရာမာတွေ များလေလေအချစ်ကို ကိုးကွယ်တတ်လေလေပဲ။ တချို့ အိမ်မှာ “စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အရမ်းပြည့်စုံတော့”အချစ်ဆိုတာ အရမ်းမတောင့်တ တတ်ကြဘူး။ တချို့က အကုန်လုံးပြီးပြည့်စုံနေလဲ“စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် မပြည့်စုံတဲ့အခါ”အချစ်ကို ပိုကိုးကွယ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့လူတိုင်း ကမ္ဘာလောကထဲကိုမျက်စိသူငယ်နားသူငယ်နဲ့ ရောက်လာပြီးအားကိုးရှာတဲ့အခါအဖေ ဒါမှမဟုတ် အမေ၊အဒေါ်တို့ဆီက အားကိုးမှုယူကြတယ်။ ဒီပေါ်မှာ မူတည်ပြီး လောကကို မြင်တဲ့ အမြင်တွေ ဖြစ်လာတတ်တယ်။နောက်မိဘ၊ အဘိုးအဘွားရဲ့မျိုးရိုးဗီဇကလဲ ပါမယ်။ လူတွေရဲ့ စိတ်က ထူးဆန်းတတ်တယ်။ မသိမသာ လေ့လာကြည့်ရင်လူတွေမှာ သူတို့ ပြောနေတဲ့ပုံပြင်တွေရှိတတ်တယ်။ တချို့က အမြဲ ခံရတဲ့ဖက်ကကြီး။ တချို့က အမြဲ ကြေကွဲနေတယ်။တချို့က အမြဲ တက်ကြွနေတယ်။တချို့က အချစ်နဲ့စတွေ့ရင် အရမ်းတက်ကြွ။နောက်ပိုင်း အကြောင်းစုံသိလာတဲ့အခါတက်ကြွမှုတွေ နည်းလာတယ်။ […]
ဘယ်အရာမဆို
နားလည်ပြီး ထိန်းသိမ်း ဒီဇိုင်းလုပ်တာ
အရေးကြီးမယ်လို့ ထင်တယ်။ Read More »