June 2024

တိုးတက်မှုစက်ဝန်း

သူများအတွက်တော့ မသိဘူး။ဒါလေးကတော့ ကျွန်တော့်အတွက်တိုးတက်မှုစက်ဝန်း။ ၁။ Struggle ရုန်းကန်မှု ဘဝမှာ ရုန်းကန်မှုတွေရှိမယ်။ ဒါကတော့ သဘာဝပဲ။ ကိုယ်ရည်မှန်းချက်တွေကလက်ရှိရှိနေတဲ့ အခြေအနေထက်ကြီးလေလေရုန်းကန်မှုရှိလေလေပဲ။ ဒါကတော့ ကောင်းတဲ့အချက်တစ်ခုလဲဖြစ်နိုင်တယ်။ပိုနေမြဲ ကျားနေမြဲ မနေချင်တာ၊ပြင်းပြတဲ့စိတ်ဆန္ဒရှိတာကောင်းတဲ့အချက်ဖြစ်တယ်။ ၂။ Search ရှာဖွေခြင်း လိုချင်တာတစ်ခုရဖို့ ဆုတောင်းတာအပြင်ရှာဖွေလို့ရတယ်။ မရှာရင် မတွေ့။ ရှာသောသူတွေ့တယ်။ ရုန်ကန်မှုတွေ ကျော်လွှားဖို့ အဖြေရှာ။အိုင်ဒီယာသစ်တွေ၊ လူတွေ၊ မသိသေးတဲ့ သတင်းအချက်အလက်တွေ၊ကျွမ်းကျင်သူတွေဆီက အဖြေရှာလို့ရတယ်။ ၃။ Solution ရှာတွေ့ခြင်း အဖြေရှာဖွေတွေ့ရှိတဲ့အခါစမ်းသပ်မယ်။ အဆင်ပြေရင် ဒါကိုဇွဲ၊ စဥ်ဆက်မပြတ်သင်ယူလေ့လာမှု၊အသုံးချမှုနဲ့ ဆက်သွယ်ရင်ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုတွေရလာနိုင်မယ်။ 4. Success အောင်မြင်မှု တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ လူတိုင်းမှာ ငယ်ဘဝအိမ်မက်တွေရှိတယ်။ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေရှိတယ်။ ဒါတွေ တစ်ခုချင်းအကောင်အထည်ဖော်နိုင်သလိုသံသရာထဲကထွက်ဖို့လဲ ရုန်းကန်မှု၊ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်တဲ့အဖြေရှာမှု၊အံဝင်ဂွင်ကျဖြစ်တဲ့အဖြေတွေ့မှုကတဆင့်လိုရာခရီးရောက်တဲ့ အောင်မြင်မှုဖြစ်လာနိုင်မယ်။ Phyo […]

တိုးတက်မှုစက်ဝန်း Read More »

လူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။

လိုချင်အောင်လုပ်ပြီးအလွယ်တကူမရအောင်လုပ်တာLuxury Brand တွေရဲ့ အထာပဲ။စားသောက်ဆိုင်ဆိုလဲ ၂၄ နာရီဖွင့်မထားသလို ကြိုတင် booking ယူရတာမျိုး။ အိတ်ဆိုလဲ ကန့်သတ်ထုတ်တဲ့limited edition လိုမျိုး။ ဆက်ဆံပုံမတူ လူရင်း၊ လူဟောင်းဦးစားပေးဆက်ဆံတာမျိုး။ ပေးတိုင်းပြန်မရပါဘူး။ သက်ရောက်မှုတိုင်းက နေရာ၊ လူ၊ အချိန်မတူရင်တန်ပြန်မှုကလဲ မတူပါဘူး။ စေတနာပေးတိုင်း စေတနာ ပြန်မရတတ်ပါဘူး။ တခါတလေ ဝေဒနာပါဖြစ်တတ်တယ်။ ဒီစာလေးကို ဖတ်နေတဲ့သူက တန်ဖိုးမြင့်အမှတ်တံဆိပ်ပဲ။ ဒီနေ့လို အချိန်မှာလူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။ Phyo Paing @ Derek

လူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။ Read More »

ပုံသွင်းမခံနဲ့။

လူတွေကို ပုံသွင်းဖို့ ပုံစံခွက်လိုတယ်။ ကျောင်း၊ အလုပ်၊ အသိုင်းအဝိုင်း၊ ယဥ်ကျေးမှုနဲ့ ထုံးတမ်းစဥ်လာ၊အယူအဆ၊ ယုံကြည်မှုပုံစံခွက်မကြိုက်ရင်ပုံသွင်းမခံနဲ့။ ပုံစံခွက်ထဲက တွေးနည်း၊ ပုံစံခွက်ထဲက ယုံကြည်မှု၊ ပုံစံခွက်ထဲက မေးခွန်း၊ ပုံစံခွက်ထဲက ကြံစည်ပုံ၊ပုံစံခွက်ထဲက လုပ်ဆောင်ပုံ။ ပုံစံခွက်ထဲက ပုံသွင်းခံရတဲ့အိုးပုတ် ချိုးရုပ် လေးဖြစ်မှာ မလိုလားတဲ့သူတွေ အနေနဲ့ကိုယ်မကြိုက်တဲ့ အတွေး၊ ကိုယ်အထင်မကြီးတဲ့ ယုံကြည်မှု၊ကိုယ့်ကိုရင်ခုန်စေတဲ့ ဘဝနေထိုင်မှုတွေနဲ့ပုံသွင်းမခံနဲ့။ Phyo Paing @ Derek

ပုံသွင်းမခံနဲ့။ Read More »

Mastery အဆင့်ရောက်လေ
ပိုပျော်လေ ဖြစ်လာလိမ့်မယ်။

ဘဝနေပျော်ချင်ရင် Magic လိုတယ်။ ကိုယ်ကျွမ်းကျင်တဲ့အရာတစ်ခုကိုထုတ်ဖော်ပြသလိုက်တဲ့အခါWow ခနဲဖြစ်သွားတဲ့အခါခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူး။ ဒီ Magic ကို အသံကောင်းသူတွေကို အသံနဲ့ ဖော်ပြကြတယ်။အနုပညာရှင်တွေက အနုပညာဖန်တီးမှုနဲ့ဖော်ပြကြတယ်။စကားပြောကောင်းသူတွေက အဟောအပြောနဲ့ ဖော်ပြတယ်။ ကိုယ့်ရဲ့ Magic က ဘာလဲသိဖို့လိုပြီးဒီ Magic ကို သေချာပြုစုပျိုးထောင်ဖန်တီး craft လုပ်ဖို့လိုတယ်။ တချိန် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သွားတဲ့Mastery အဆင့်ရောက်လေပိုပျော်လေ ဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek

Mastery အဆင့်ရောက်လေ
ပိုပျော်လေ ဖြစ်လာလိမ့်မယ်။
Read More »

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး

ဒီလိုကြုံဖူးလား။လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး။စိတ်ထဲမှာ ဒါလေးဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။တစ်ခုခုစဉ်းစားနေတုန်းဒီအကြောင်းကို သူငယ်ချင်းကပြောလိုက်သလိုမျိုး။ကိုယ့်အတွက် ယူနီဗာ့ကလမ်းခင်းပေးထားသလိုမျိုးအချက်တွေပြတတ်တယ်။ဒါကို synchronicity လို့ခေါ်ပြီးစိတ်ပညာရှင် Carl Jung က နာမည်ပေးခဲ့တယ်။ ဒီခံစားမှုမျိုးကို တချို့ကspiritual experience လို့ဆိုတယ်။မနက်ခေါင်းထဲပေါ်လာတဲ့အရာကညနေမှာ ဖြစ်လာသလိုမျိုး။ဘာလုပ်ရမယ်ဆိုတာ အိမ်မက်ပေးသလိုမျိုး။ ဒီလို အတွေ့အကြုံမျိုးခံစားဖူးလား။ (P.S တချို့က ဒါကိုConfirmation bias လို့ခေါ်ပြီးတချို့က apopheniaဘက်လိုက်တွေးလို့ခေါ်တယ်။) Phyo Paing @ Derek

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး Read More »

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ်

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ်။ဒါက အမူအကျင့်ပြုပြင်ရေးမှာအရေးကြီးတဲ့အချက်ဖြစ်ပြီးစွမ်းဆောင်ရည်မြင့်သူတိုင်းသုံးကြတဲ့နည်းဖြစ်တယ်။ Plan က ငါဒါလုပ်မယ်လို့စီမံကိန်းချတာ။Schedule က ဘယ်နေ့ဘယ်အချိန်မှာ၊ ဘယ်လိုတဆင့်ချင်းလုပ်မယ်ကိုအစီအစဉ်ဆွဲတာ။ အားကစားလုပ်မှာလား၊စာဖတ်မှာလား၊ကျန်းမာတဲ့အစားအစာစားမှာလား၊Content တွေ စလုပ်မှာလား၊လုပ်ငန်းစနစ်ချမှာလားPlan မလုပ်နဲ့ Schedule လုပ်။ Phyo Paing @ Derek

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ် Read More »

ကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့

ကိုယ်မလုပ်ချင်တာကို လုပ်နေရရင်Stressကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့။အမှန်တော့ ကိုယ့်ပျင်းတာဟုတ်ချင်မှ ဟုတ်မှာ။အလုပ်နဲ့ဘဝ တစ်သားတည်းမကျသေးတယ်လဲဖြစ်နိုင်တယ်။တချို့က အလုပ်ကိုရွေးချယ်ခွင့်ရတယ်။တချို့က ရွေးချယ်ခွင့်မရှိသေးဘူး။ Phyo Paing @ Derek

ကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့ Read More »

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ

သူများအတွက်တော့မသိဘူး။ကိုယ့်အတွက်တော့ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင်စည်းကမ်းရှိအောင်လုပ်လို့ရတယ်။ကိုယ်တွေးချင်တဲ့အတွေးတွေးခိုင်းလို့ရတယ်။​ကိုယ်တတ်စေချင်တဲ့ ပညာတွေလေ့လာခိုင်းလို့ရတယ်။​ကိုယ်လိုချင်တဲ့ အပြုအမူထည့်ပေးလို့ရတယ်။ ကိုယ့်မှာရှိတဲ့ နတ်ဆိုးကကိုယ့်ကို ထိန်းချုပ်တာနည်းသွားမယ်။ လူတိုင်းမှာ နတ်ဆိုးရှိတယ်။တချို့က ဒါကို အမှောင်ဖက်ခြင်းdark side လို့ခေါ်တယ်။ ဒီ နတ်ဆိုးနဲ့ ချစ်ကြည်ရေးယူပြီးသူလိုချင်တာကို ကိုယ်လိုချင်တာနဲ့တူညီဖို့ ဖျောင်းပြရတာ မလွယ်ဘူး။ နတ်ဆိုးက ပျင်းစေချင်တယ်။ဘဝကို ဖြစ်သလို နေစေချင်တယ်။အကြောက်တရားတွေ ဝင်စေချင်တယ်။လောဘတွေကြီးစေချင်တယ်။အားငယ်စေချင်တယ်။မနာလိုမှုကို ဖြစ်စေချင်တယ်။​ကိုယ့်အတ္တကိုထိတာနဲ့အမှုန့်ချေစေချင်တယ်။ ဘဝက နတ်ဆိုးကိုလူကောင်းသူကောင်းဖြစ်အောင်ဖျောင်းပြနားချ ပြုပြင်ရတာမလွယ်ဘူး။ ဒါက တစ်ဘဝလုံးရဲ့ ခရီးစဥ်ပဲ။ အဲ့ဒီ မာရ်နတ် ကိုကျော်နိုင်တဲ့အရည်အချင်းရှိမှဘဝက ကြိုးကိုင်ခြင်းမခံရမှာ။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ Read More »

competitive advantage

ပြိုင်ဖက်တွေ လုံးဝလိုက်မယှဥ်နိုင်တဲ့ကိုယ့်လုပ်ငန်းရဲ့ “ပြိုင်တိုင်းနိုင်နိုင်တဲ့”competitive advantage က ဘာလဲ။ လုပ်ငန်းသေးသေးကြီးကြီး“ပြိုင်တိုင်းနိုင်နိုင်တဲ့”competitive advantage လိုတယ်။ တချို့အတွက် အရင်းအနှီးအများကြီးရှိတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်လုပ်ငန်းနှံ့စပ်မှုကျွမ်းကျင်တာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်အဆက်အသွယ် အချိပ်အဆက်ကောင်းတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်စျေးကွက် အနံ့ခံ ကောင်းတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်အိုင်ဒီယာအသစ်တွေနဲ့ စိတ်ဝင်စားအောင်လုပ်နိုင်တာ ဖြစ်ရင်ဖြစ်မယ်။တချို့အတွက်ဝန်ထမ်းကောင်းတွေကိုယ်နဲ့တစ်သားတည်းရှိအောင်လုပ်ဆောင်နိုင်တာ ဖြစ်ရင်ဖြစ်မယ်။တချို့အတွက်စည်းစနစ်ကောင်းတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်ကုန်ကျစရိတ်ချွေတာနိုင်တာ ဖြစ်ရင်ဖြစ်မယ်။ ကိုယ်”ပြိုင်တိုင်းနိုင်နိုင်တဲ့” အားကိုကိုယ့်ကိုယ်ကိုယ်သိဖို့လိုတယ်။ကိုယ့်ဖောက်သည်တွေ သိဖို့လိုတယ်။ ဒီကမှ တဆင့် မီဒီယာအားကိုသုံး အလားအလာရှိတဲ့ဖောက်သည်တွေသိဖို့လိုတယ်။သိပြီးဝယ်အောင်လုပ်ဖို့လိုတယ်။ ပြိုင်တိုင်းနိုင်နိုင်တဲ့အားနဲ့စီးပွားရေးစီမံခန့်ခွဲမှုအားနဲ့ပေါင်းနိုင်ဖို့လိုတယ်။ နိစ္စဓူဝလည်ပတ်တဲ့ စီမံခန့်ခွဲမှု၊နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာအပြောင်းအလဲကြောင့်ဖြစ်ပေါ်လာတဲ့စျေးနှုန်း၊ လည်ပတ်မှု၊ မားကတ်တင်း၊ အုပ်ချုပ်မှုအပြောင်းအလဲအတွက်အပြောင်းအလဲ စီမံခန့်ခွဲမှုလိုတယ်။ တိုက်ရိုက် မပြိုင်ဘဲ နိုင်အောင်လုပ်ချင်ရင်ပြိုင်တိုင်းနိုင်နိုင်တဲ့ အားသုံးပါ။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

competitive advantage Read More »

စွန့်လွတ်ရဲတဲ့သတ္တိရှိဖို့လိုနိုင်တယ်။

အလုပ်ပဲ လုပ်နေလို့မရဘူး။ လုပ်ငန်းတစ်ခုမှာ လုပ်ငန်းရှင်ကDo ပဲ လုပ်နေလို့မရဘူး။ လုပ်ငန်းရှင်ကDecide ဆုံးဖြတ်ချက်ချရတယ်။နောက် အလုပ်တာဝန်လွဲပြောင်းမှုDelegate လုပ်ရတယ်။ အဲ့ဒါထက် အရေးကြီးတာကကိုယ့်လုပ်ငန်းကို ဘယ်လိုပုံစံလည်ပတ်မလဲဘာထုတ်ကုန်တွေရောင်းမလဲ၊ဘယ်လိုဝန်ထမ်းတွေခန့်မလဲ၊ ဘာနည်းပညာတွေသုံးမလဲ၊ပြဿနာအဖြေရှာဖို့ ဘယ်လိုစဥ်းစားမလဲDesign လုပ်ရပါတယ်။ လုပ်ငန်းစတဲ့အချိန်အကုန်ကိုယ်လုပ်ရမှကျေနပ်တာ Okay တယ်။ဒါပေမယ့် အချိန်တစ်ခုရောက်လာရင်ကိုယ်ကြီးလုပ်လို့မရတော့ဘူး။ဘယ်အလုပ်တွေကို လွဲမယ်၊ဘယ်ဆုံးဖြတ်ချက်ကိုယ်ချမယ်။ဘယ်ဆုံးဖြတ်ချက်ကိုတော့ ဝန်ထမ်းတွေကို ချဖို့ပေးမယ်။ တာဝန်တွေလွဲပြောင်းဖို့ စဥ်းစားရပြီ။လုပ်ငန်းဘယ်လိုလည်မလဲဒီဇိုင်း Design သေချာလုပ်ရမယ်။ အလုပ်အကြိုးစားဆုံးသူသာ အောင်မြင်ကြေးဆို အလုပ်ကြိုးစားသူတိုင်းအောင်မြင်နေနိုင်တယ်။ နောက်တစ်ဆင့်တက်ဖို့အရင်နည်းဟောင်းတွေ၊အတွေးအခေါ်အဟောင်းတွေကိုစွန့်လွတ်သင့်ရင် စွန့်လွတ်ရဲတဲ့သတ္တိရှိဖို့လိုနိုင်တယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စွန့်လွတ်ရဲတဲ့သတ္တိရှိဖို့လိုနိုင်တယ်။ Read More »