June 2024

ချောင်မပိတ်မိစေနဲ့။

ချောင်မပိတ်မိစေနဲ့။ ဘယ်လောက်ကောင်းတဲ့အခွင့်အရေးဖြစ်ဖြစ်အကုန်လုံး တစ်ခုတည်းပုံအပ်ဖို့တော်တော်စဥ်းစားရတယ်။ ကိုယ့်လုပ်ငန်းတစ်ခုကောင်းနေရင်ဝင်ငွေကို ဒီလုပ်ငန်းတစ်ခုတည်းကပဲအားကိုးနေလို့မရဘူး။ မနက်ဖြန်က ဘာဖြစ်မယ်မှန်းမသိဘူး။ ဒါကြောင့် “ကြက်ဥတွေခြင်းတောင်းတစ်ခုတည်းမထည့်ထားနဲ့ Don’t put all your eggs in one basket” လို့ဆိုကြတယ်။ ကိုယ့်လုပ်ငန်း၊ အလုပ်အကိုင်၊အနာဂတ်အတွက် ဘယ်လိုကြုံလာသည်ဖြစ်စေထွက်ပေါက်တစ်ခုတော့ထားထားတာကောင်းတဲ့အချက်တစ်ခု ဖြစ်နိုင်တယ်။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ချောင်မပိတ်မိစေနဲ့။ Read More »

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်။ပညာတတ်လေလေအဆင့်မြင့်စီးပွားလုပ်နိုင်လေလေ။ပညာတတ်တွေကိုဦးဆောင်နိုင်လေလေ။ဒါကြောင့် ပညာသင်ကြတယ်။ သားသမီးတွေကို ပညာတတ်ဖြစ်အောင်ပြုစုပျိုးထောင်ဖို့ ငွေကုန်ခံကြတယ်။“တကယ်” ပညာတတ်လေလေအဆင့်မြင့်တဲ့ အလုပ်လုပ်နိုင်လေလေ။ ခေတ်၊ စနစ်နဲ့ တတ်တဲ့ပညာအံဝင်ဂွင်ကျဖြစ်ဖို့တော့ အရေးကြီးနိုင်တယ်။နိုင်ငံသေးလေးမှာ အာကာသသွားချင်လို့မရဘူး။တတိယနိုင်ငံလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ပထမနိုင်ငံမှာလိုအပ်တဲ့ ကျွမ်းကျင်မှုမတူဘူး။နိုင်ငံသေးလေးမှာလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့နိုင်ငံကြီးမှာ လိုအပ်တဲ့ကျွမ်းကျင်မှုလဲ မတူပြန်ဘူး။​ ခေတ်၊ စနစ်နဲ့ စကေး ဒီသုံးခုအံဝင်ဂွင်ကျဖြစ်ဖို့လဲလိုနိုင်တယ်။ ကိုယ့်အတတ်ပညာက တစ်နေရာမှာသုံးမရရင်သုံးလို့ရတဲ့နေရာ သွားရမှာကယုတ္တိကျတဲ့အရာတစ်ခု ဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ် Read More »

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်။ 1665-1666 ပလိပ်ရောဂါဖြစ်တော့အိမ်တွင်းမဖြစ်မနေအောင်းရတယ်။နယူတန်ရဲ့ သိပ္ပံတွေ့ရှိချက်တွေဖြစ်တဲ့ကဲကုလတ်နဲ့ ကမ္ဘာ့စွဲငင်အားဟာအဲ့နှစ်အတွင်းမှာ ဖြစ်လာခဲ့တယ်။ 1929 နှောင်းပိုင်းမှာကမ္ဘာ့စီးပွါးရေးပျက်ကပ်ဖြစ်တယ်။ရှင်သန်ဖို့အတွက် နည်းလမ်းရှာရင်းတီထွင်ဆန်းသစ်မှုသစ်တွေနဲ့ဒစ်စနီ နဲ့ HP ကုမ္ပဏီဖြစ်လာတယ်။ 1965 မှာ မလေးကနေစလုံးကို ဖယ်ထုတ်လိုက်တယ်။သောက်သုံးရေရှားပါး၊ရှင်သန်ဖို့ခက်ခဲနေတဲ့ ကျွန်းနိုင်ငံကနေကိုယ်တိုင်ရပ်တည်လို့ရတဲ့ နိုင်ငံဖြစ်လာတယ်။ တခါတလေ အဆိုးဆုံးတွေကလဲအကောင်းဆုံးဖြစ်နိုင်တယ်လို့စိတ်ညစ်မယ်ကြံတိုင်း စဉ်းစားမိတယ်။ Phyo Paing @ Derek

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ် Read More »

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ်

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ်။လောင်စာထည့်လေလေမီးကြီးလာလေလေ။ ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝနွေးရုံလောက်ဆို ကောင်းတယ်။ ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝပူလောင်စေတယ်ဆို မကောင်းဘူး။​ ရည်မှန်းချက်ကြီးတာ ကောင်းတယ်။ရည်မှန်းချက်နဲ့ ကျွမ်းကျင်မှုအစွမ်းအစ ကိုက်ညီနိုင်ရင်ပိုကောင်းတယ်။ ကြီးမားတဲ့ ရည်မှန်းချက်တွေအတွက်အစွမ်းအစတွေကလဲ တိုးတက်နေမှရမှာ။ လူတွေက ကိုယ်လိုချင်တာရတာမဟုတ်ဘူး။လူတွေက ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။အဲ့လို ပြောရင် မမှားဘူးထင်တယ်။ Phyo Paing @ Derek

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ် Read More »

Business Map

လမ်းမပျောက်ဖို့ Google Map ရှိသလိုလုပ်ငန်းမှာ ပြည်တွင်းဖြစ်ဖြစ်ပြည်ပဖြစ်ဖြစ် လမ်းမပျောက်ဖို့Business Map ရှိတယ်။ လုပ်ငန်းတစ်ခုက၁။ Start စတင်ခြင်း၂။ Speed Up ကြီးထွားခြင်း၃။ Systemize စနစ်ချခြင်း၄။ Scale ချဲ့ထွင်ခြင်း၅။ Sale အများကို ရှယ်ယာရောင်းချခြင်း အဆင့်တွေရှိတယ်။ ဘယ်အဆင့်မှာ ဘယ်လိုလုပ်ရမလဲသိမှအကောင်းဆုံးမဟာဗျူဟာ ချနိုင်မယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Business Map Read More »

တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆို

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီကအလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆို Read More »

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီက အလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Read More »

မော်တီဗေးရှင်း

အောင်မြင်ဖို့အတွက်မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။အောင်မြင်မှုက မော်တီဗေးရှင်းပဲ။ ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။တော်တဲ့သူတွေက ပိုတော်တယ်။ခန္ဓာကိုယ်လှပသူတွေကို ပိုလှပအောင်အားထုတ်ကြတယ်။ ဘာကြောင့်လဲ။ အောင်မြင်မှုက အကြီးမားဆုံးမော်တီဗေးရှင်းတစ်ခုပဲ။ ကိုယ့်ဘဝရဲ့ ရခဲ့တဲ့အောင်မြင်မှုတွေကို နေ့တိုင်းပြန်စဥ်းစားဂုဏ်ယူ ခံစားကြည့်။ မရှိသေးရင် ပထမဆုံးတစ်ခု၊ နှစ်ခုရအောင်အရင်ကြိုးစားကြည့်။ ဆယ်တန်းအောင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ မိဘတွေကို ကန်တော့နိုင်တာ ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ လုပ်ငန်းကို အောင်မြင်စွာစတင်နိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ ကိုးဗစ်တွေနဲ့ မျိုးစုံကြိုးခုံနေတဲ့ကြားဒီနေ့ဒီအချိန်ထိ အိန္ဒြေမပျက်ရပ်တည်နေနိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ အောင်မြင်မှုက အကြီးမားဆုံး မော်တီဗေးရှင်းပဲ။ Phyo Paing @ Derek

မော်တီဗေးရှင်း Read More »

သေချာ ပြတ်ပြတ်သားသား
သိထားဖို့လိုတတ်တယ်။

ပိုက်ဆံရှာလို့ရတယ်။ ပိုက်ဆံလာအောင်လုပ်လို့ရတယ်။ စျေးကွက်ရဲ့လိုအပ်ချက်တွေကြည့်ပြီး လိုက်ဖြည့်ဆည်းလို့ရတယ်။ ကိုယ်ယုံကြည်တန်ဖိုးထားတဲ့ အမှတ်တံဆိပ်ကို တည်ဆောက်ရင်းစျေးကွက်လိုအပ်ချက်နဲ့ချိန်ငြိလို့ရတယ်။ ပိုက်ဆံရှာဖို့ အပြောင်းအလဲမြန််တဲ့စျေးကွက်လိုအပ်ချက်ဖြည့်ဆည်းတယ်။ပိုက်ဆံလာဖို့ အမှတ်တံဆိပ်တည်ဆောက်တယ်။ အမှတ်တံဆိပ်ဆိုတာ နာမည်ပြောလိုက်ရင်သူနဲ့ခေါင်းထဲ စွဲမှတ်မိနေတဲ့အကြောင်းအရာတွေ။ ဒီအကြောင်းအရာကအထင်အမြင်ကို ဖြစ်စေတယ်။ စိတ်ခံစားမှုတွေကို ဖြစ်စေတယ်။ တူညီတဲ့အကြောင်းအရာတစ်ခုကမတူညီတဲ့လူတွေကို မတူညီတဲ့ အထင်အမြင်နဲ့စိတ်ခံစားမှုတွေကို ဖြစ်စေတယ်။ စျေးကြီးတဲ့ luxury brand တစ်ခုကိုဂျင်းထည့်တယ်လို့မြင်တဲ့သူရှိရင်ရှိမယ်။ပိုက်ဆံဆိုတာ လှည့်ကြည့်စရာမလိုတဲ့စိတ်ချမ်းသာမှုသာပေးလူတန်းစားတစ်ခုအတွက်ငါတို့တွေက ဒီလို ပစ္စည်းတွေပဲသုံးတယ်။ဒီလို ခံစားရကောင်းခံစားရမယ်။ Apple ကို ကော်ပီကူးတဲ့ ကုမ္ပဏီလို့တချို့တွေက Xiaomi ကို ခံစားရကောင်းခံစားရမယ်။တီထွင်ဆန်းသစ်မှုကို လူတိုင်းဆီရောက်အောင်လုပ်ပေးတယ်လို့တချို့တွေက ခံစားရကောင်းခံစားရမယ်။ ကိုယ့်အမှတ်တံဆိပ်က လူတိုင်းအတွက် ဖြစ်အောင်အားထုတ်တဲ့အခါကုန်ကျစရိတ်၊ ငွေ၊ စွမ်းအားအများကြီးသုံးဖို့လိုသလိုလူတိုင်းအတွက်ဖြစ်တဲ့အခါလူတစ်စု၊ တစ်စုအတွက်နောက် အမှတ်တံဆိပ် သဲ့ယူတဲ့အခါအလွယ်တကူ ပါသွားတတ်တယ်။ ဒါကြောင့် အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ“ဘယ်သူတွေအတွက်လဲ”၊တပြိုင်တည်းမှာပဲ“ဘယ်သူတွေအတွက် မဟုတ်ဘူးလဲ”သေချာ ပြတ်ပြတ်သားသား သိထားဖို့လိုတတ်တယ်။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

သေချာ ပြတ်ပြတ်သားသား
သိထားဖို့လိုတတ်တယ်။
Read More »

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။

ဒါသိပြီးသားဖြစ်မှာပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ ၂ ရာခိုင်နှုန်းပဲရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင် ၂၀ ရာခိုင်နှုန်းကို သုံးတယ်။ ဒါတောင် နားနေတဲ့အချိန်မှာ။ လူတွေမှာ ပိုင်ဆိုင်ထားတဲ့အရာတစ်ခုက“အချိန်” ပဲ။ ငွေဆိုတာ ကံကောင်းရင်မြန်မြန် ပြန်ရှာရလွယ်တယ်။ ဘာသာစကား၊ နည်းပညာ၊ အရသာရှိတဲ့ ဥာဏစွမ်းအားလှုံ့ဆောင်စေတဲ့အဆင့်မြင့်အာရုံခံစာပေ၊ အတွေးအခေါ်ကို ရသာရုံခံနိုင်စွမ်း တွေကို ခံစား အသုံးချနိုင်ဖို့ နေ့စဥ် ကိုယ့်ဦးနှောက်ကို လေ့ကျင့်နေဖို့လိုတယ်။ ကိုယ့်ဘဝမှာ ဘယ်တော့မှ နောင်တမရတဲ့ အရာတစ်ခုကတစ်ရက်တာကို ဘယ်တော့မှဖြစ်သလို မဖြတ်သန်းခဲ့တာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။
Read More »