ကြိုးစားရတာ မခက်ဘူး။
လမ်းဖောက်ရတာ၊လမ်းရှာရတာပဲခက်တာ။ဒါကြောင့်လူအများစုကဖောက်ပြီးသားလမ်းပဲ ကြိုးစားလုပ်ဆောင်ချင်ကြတာ။မပြိုင်ဘဲနိုင်ဖို့ကလမ်းသစ်ရှာ၊ လမ်းသစ်ဖောက်ဖို့အချိန်ပိုပေးရမယ်လို့ထင်တယ်။ Phyo Paing @ Derek
ကြိုးစားရတာ မခက်ဘူး။ Read More »
လမ်းဖောက်ရတာ၊လမ်းရှာရတာပဲခက်တာ။ဒါကြောင့်လူအများစုကဖောက်ပြီးသားလမ်းပဲ ကြိုးစားလုပ်ဆောင်ချင်ကြတာ။မပြိုင်ဘဲနိုင်ဖို့ကလမ်းသစ်ရှာ၊ လမ်းသစ်ဖောက်ဖို့အချိန်ပိုပေးရမယ်လို့ထင်တယ်။ Phyo Paing @ Derek
ကြိုးစားရတာ မခက်ဘူး။ Read More »
အလုပ်ဖြစ်ပြီး ဝုန်းဒိုင်းကြီးသွားဖို့၁ လ နဲ့လဲဖြစ်တယ်။အဲ့ ၁ လ အတွက် လျှို့ဝှက်ချက်တွေမြေပြင်အနေအထားကိုလေ့လာရတာ၁၀ နှစ်လဲ ဖြစ်နိုင်တယ်။အရေးကြီးတာ လက်မလျော့ဖို့ပဲ။ Phyo Paing @ Derek
အရေးကြီးတာ လက်မလျော့ဖို့ပဲ။ Read More »
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။မသေခင်ထိ ကိုယ်နဲ့ အမြဲတမ်းရှိနေမှာ ဒီခန္ဓာကိုယ်ကြီးပဲ။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ Read More »
လွတ်နေတာ ကောင်းတယ်။ ဒီလူလွတ်နေတယ်ကြားဖူးလိမ့်မယ်။တခါတလေ အသိုင်းအဝိုင်း၊အဖြစ်အပျက်၊ အတိတ်ရဲ့ရလဒ်ကြောင့်ဖြစ်လာတဲ့ချုပ်နှောင်မှုတွေ၊ဘဝပေးအခြေအနေကနေ“လွတ်” နေတာ ကောင်းတဲ့အချက်ဖြစ်နိုင်တယ်။ အခြေအနေတွေက ကိုယ့်ကိုဖန်တီးလို့ရတယ်။ကိုယ်က အခြေအနေတွေကို ဖန်တီးလို့ရတယ်။ ဦးနှောက်မှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံနီးပါးရှိတယ်။ဒါကြီးမသုံး ဘာသွားသုံးမလဲ။ ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။ စူးစမ်းချင်စိတ်၊လေ့လာသင်ယူလိုစိတ်၊အနာဂတ်ကို အကောင်းမြင်ပြီးတွေးရဲ၊ ကြံရဲ၊ လုပ်ရဲတဲ့စိတ်နဲ့ကိုယ့်ရဲ့ အကောင်းဆုံးလူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲတဲ့ဗားရှင်းဖြစ်ဖို့ကဘဝပေးအခြေအနေထက်ကျော်ပြီးစဉ်းစားနိုင်မှ ရနိုင်တတ်တာမျိုး။ တခါတလေ လွတ်နေတာReality distortion field ထဲ နေနေတာကောင်းတဲ့အချက် အများကြီးရှိတယ်။ Phyo Paing @ Derek
ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။ Read More »
မပြောသင့်တာ မပြောတာယဉ်ကျေးမှုပဲ။ဒီနေ့ခေတ် ကလေးတွေကိုယ့်ခေတ်ကလိုမဟုတ်တော့ဘူး။ပညာတတ်လာတယ်။ယဉ်ကျေးမှုရှိလာတယ်။ကလေးတွေက ဆရာ၊ ဆရာမတွေဆီကအတုယူလေ့ရှိတယ်။ကိုယ်တောင် ဒီအကျင့်တော်တော်ပြင်ယူရတယ်။ Phyo Paing @ Derek
ကလေးတွေက ဆရာ၊ ဆရာမတွေဆီက
အတုယူလေ့ရှိတယ်။ Read More »
အလုပ်လုပ်ရလို့ မောတာမဟုတ်ဘူး။အနာဂတ်မရှိတဲ့ အလုပ်လုပ်ရလို့ မောတာ။ Phyo Paing @ Derek
အလုပ်လုပ်ရလို့
မောတာမဟုတ်ဘူး။ Read More »
ရုန်းကန်တာ ထုံးစံဖြစ်နေပါပြီ။ အနိုင်အရှုံးအကုန်လုံးကို လုံ့လသုံးပြီး ဖြစ်လာလာမလာလာပြုံပြတတ်နေပြီ။ ဘဝရဲ့ ပထမပြဿနာကအလုပ်မရှိတာ။ဒုတိယ ပြဿနာက အလုပ်က ဘဝရပ်တည်ဖို့ငွေမလုံလောက်တာ။ တတိယပြဿနာက လုံလောက်ပြီး ပိုကောင်းတဲ့ဘဝအနာဂတ်မရှိတာ။ အလုပ်ရှိအကိုင်ရှိ၊ဝင်ငွေရှိ၊ပိုကောင်းတဲ့အနာဂတ်ရှိဒီသုံးခုရှိနေမှ ဘဝက ဖရိုဖရဲမဖြစ်မှာမို့၊တစ်ဆင့်ချင်းလုပ်နေရတာပဲ။ စိတ်ရှည်ရမယ်။သည်းခံရမယ်။နေ့စဥ်သင်ယူရမယ်။ တွေးတတ်ရမယ်။အရေးကြီးတာကို အာရုံစိုက်တတ်ရမယ်။လူကြောနပ်ရမယ်။ ပေါင်းသင်းဆက်ဆံတတ်ရမယ်။ Phyo Paing @ Derek
အရေးကြီးတာကို အာရုံစိုက်တတ်ရမယ်။ Read More »
ပညာမတတ်ရင် ပညာတတ်တွေနဲ့ချိပ်ဆက်လို့ အံဝင်ဂွင်ကျမဖြစ်ဘူး။ပညာတတ်တွေကို လွမ်းမိုးဖို့မလွယ်ဘူး။ ကိုယ့်စကားနားထောင်ပြီးကိုယ့်ဦးဆောင်မှုနောက်လိုက်ဖို့မလွယ်ဘူး။ဝေးဝေးမြင်နိုင်ဖို့မလွယ်ဘူး။ တကယ့်အပြောင်းအလဲကြီးလုပ်ခဲ့တဲ့သူအများစုကိုကြည့်ရင်ဥာဏ်ပညာအမြော်အမြင်ဆိုတာ ဥာဏ် + ပညာ က ဖြစ်လာတယ်။ ဒါကြောင့် ငယ်တုန်းငွေတစ်ခုတည်းမရှာဘဲ ပညာပါအချိန်ပေးသင်ဖို့လိုတာ။ ပညာမတတ်တဲ့သူတွေကြားမသိသာပေမယ့်တကယ့်ပညာတတ်တွေကြားဆို လူတောတိုးဖို့ ပညာကတော့ သင်ကြရတယ်။ ဒါကတော့ ကြုံဖူးမှသိမယ်လို့ထင်တယ်။ Phyo Paing @ Derek
ဥာဏ်ပညာအမြော်အမြင်ဆိုတာ
ဥာဏ် + ပညာ က ဖြစ်လာတယ်။ Read More »
အောင်မြင်ချင်ရင် ဒါလုပ်တဲ့။လူတွေကိုယ့်ကိုအောင်မြင်ဖို့ကူညီပေးချင်အောင်ပြောတတ်ရတယ်။လူလုပ်တတ်ရတယ်။ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်ရတယ်။သူဌေးကြီးလီကာရှင်းက做人比做事重要 တဲ့။လူလုပ်တတ်ဖို့ကအလုပ်လုပ်တတ်ဖို့ထက်ပိုအရေးကြီးတယ်တဲ့။ Phyo Paing @ Derek
လူလုပ်တတ်ဖို့က
အလုပ်လုပ်တတ်ဖို့ထက်ပိုအရေးကြီးတယ်တဲ့။ Read More »
ပေးထားချက်နဲ့ မေးထားချက်ရှိတယ်။ ဘဝရဲ့ပေးထားချက်က ပြင်မရတဲ့ မွေးဖွားရာဒေသ၊မိသားစု၊ ငယ်ဘဝဖြတ်သန်းမှု။ မေးထားချက်က ကိုယ့်ရဲ့စူပါပါဝါကို ဘယ်လိုရှာမလဲ။ဘယ်လို ပျိုးထောင်မလဲ။ဘယ်လိုအသုံးချပြီးကိုယ်ဖြစ်ချင်တာတွေကို အကောင်အထည်ဘယ်လိုဖော်မလဲ။ ပေးထားချက်တိုင်းမှာ အဓိပ္ပာယ်တွေ အများကြီးပါတယ်။ ချမ်းချမ်းသာသာမွေးလာတိုင်းလဲတစ်သက်လုံးဒီအတိုင်းဖြစ်သွားတာမဟုတ်သလိုဆင်းဆင်းရဲရဲ မွေးလာတိုင်းလဲတစ်သက်လုံး ဒီအတိုင်းဖြစ်သွားတာမဟုတ်ဘူး။ လူတိုင်းမှာ ရွေးချယ်မှုတွေရှိတယ်။ ထိုင်နေမှိုင်နေပြီး လူအများလုပ်နောက်တွေနောက်ဟိုယိုင်ဒီယိုင် ယိမ်းယိုင်နေလို့ရတယ်။ ဘေးထိုင်ဘုပြော၊ စိတ်ဓာတ်ကျအားငယ်နေလို့ရတယ်။ ဘဝကို ထုံးစံအတိုင်း အခက်အခဲကြုံရင်ရုန်းကန်ပြီး အဖြစ်အပျက်တိုင်းကအဓိပ္ပာယ်ရှာပြဿနာတွေကျော်လွှားပြီးနောက်တစ်ဆင့်တက်လို့ရတယ်။ ဘဝကို Pro ပရိုကျကျ ဖြတ်သန်းဖို့ပေးထားချက်ကိုအသုံးပြုပြီးမေးထားချက်ကို သေချာနားလည်ဖို့လိုတယ်။ Phyo Paing @ Derek
ဘဝက စာအုပ်တစ်အုပ်ပဲ။ Read More »