ကျွန်တော့်မှာ သီအိုရီတစ်ခုရှိတယ်။
ခန္ဓာကိုယ်ရဲ့ ခေါင်းအစခြေအဆုံး နေရာတိုင်းမှာ နေ့စဥ်ဘဝဖြတ်သန်းမှုကပေးတဲ့ဒဏ်တွေ ရှိတယ်။ ဒါကို မာဆယ် မှတ်ဥာဏ်အနေနဲ့မှတ်ထားတယ်။ ဒီဒဏ်တွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာကြောင့်ဖြစ်တဲ့ဒဏ်တွေဖြစ်တယ်။ ပုံမှန် အညောင်းပြေ၊ အညာပြေ နှိပ်ရုံနဲ့မရဘူး။ စိတ်နဲ့ ကိုယ်ရဲ့ ဒဏ်ကိုခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ စုထားတဲ့ အမှိုက်တွေကို လိုက်ရှင်းဖို့ ဒါလေးလုပ်ကြည့်။ မျက်စိမှိတ်ပြီး ခန္ဓာကိုယ်ကိုဦးခေါင်းထိပ်ကစပြီး နှဖူး၊မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ လျှာ၊ပါးပြင်၊ လည်ပင်း၊ ပုခုံးနှစ်ဖက်၊ ရင်ဘတ်၊ နှလုံး၊ အဆုပ်၊ အစာအိမ်၊ကျောက်ကပ်၊ အူလမ်းကျောင်းတစ်လျှောက်၊တင်ပါး၊ ဆီးခုံ၊ ပေါင်နှစ်ဖက်၊ ဒူး၊ ခြေထောက်နှစ်ဖက်စလုံးကနေခြေဖဝါးနဲ့ ခြေချောင်းမှာ ရှိတဲ့အကြောတွေ အကုန်လျော့လိုက်။ နောက်ပြီး စကြာဝဠာထဲက အလင်းတန်းဖြူတစ်ခုက ဦးခေါင်းထိပ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်ပြီး ခြေဖဝါးက ထွက်သွားတာကိုပုံဖော်ကြည့်။ ဖြတ်သွားတိုင်းမှာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အမှိုက်တွေကို ရေဆေးထုတ်သွားသလို ယူသွားတယ်လို့ မြင်ယောက်ကြည့်။ […]
ကျွန်တော့်မှာ သီအိုရီတစ်ခုရှိတယ်။ Read More »