အားကိုးမရှိပဲ ဘဝကို ဖြတ်သန်းလာတော့ အရာရာ ကိုယ်တိုင်ကြိုစီမံရတယ်။ ကျောင်းမပြီးခင်ကတည်းက ကျောင်းပြီးအလုပ်ရဖို့ ကြိုစဥ်းစားရတယ်။ ရပ်တည်နိုင်အောင် ကြားအလုပ်လေးတွေနဲ့အလွတ်တန်းပညာရှင်အဖြစ်ငွေရှာရတယ်။ ကိုယ့်ဘဝရဲ့ မအေးအေးဝင်းကလဲကိုယ်တိုင်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်လက်ကိုင်ထားတဲ့အတွေးအခေါ်တစ်ခုရှိတယ်။ဒါကတော့ “အနာဂတ်ပြဿနာတွေအတွက်ကြိုတင် အဖြေရှာပါ” ပဲဖြစ်ပါတယ်။ အိမ်ကိုကတိပေးထားတဲ့အတိုင်းဆရာဝန်ဘွဲ့ရအောင်တက်ပေးမယ်။အဲ့အချိန် ဆေးကျောင်းတက်နေတုန်းက ကျောင်းပြီးဘွဲ့ရတဲ့အခါ စီးပွားရေးလုပ်မယ်စဥ်းစားထားတော့ကျောင်းပြီးတဲ့အခါ မြန်မြန်ဆန်ဆန်လေ့လာလို့ရအောင်စာမြန်မြန်ဖတ်နည်း၊ မှတ်ဥာဏ်ကောင်းနည်းAccelerated learning တွေကြိုတင်လေ့ကျင့်ထားလိုက်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့နည်းပညာအပြောင်းအလဲရိုက်ခတ်မှုတွေကြောင့်တစ်နှစ်နဲ့ တစ်နှစ် လုပ်ရကိုင်ရတဲ့ပုံစံမတူကြဘူး။ ၂၀၁၂ ဂျန်နဝါရီလမှာ ဘွဲ့ရတော့ဖေဖော်ဝါရီမှာ ရန်ကုန်သွားတယ်။ RC-2 မှာ အိန္ဒိယနဲ့တွဲသင်တဲ့HR သင်တန်းသွားတက်တယ်။Bus ကားလေးနဲ့သွားတယ်။တချို့ကိုယ်ပိုင်ကားနဲ့လာတဲ့သူတွေကကိုယ့်ကို စကားမပြောဘူး။ပြန်စဥ်းစားကြည့်တယ်။ ငါ့ဘဝ အပြောင်းအလဲဖြစ်ဖို့ကိုယ်တိုင်ကားဝယ်ဖို့ social mobility အတွက်ဘာတွေ လုပ်ဖို့လိုမလဲ။ အဆောင်နေတယ်။ ဘေးအခန်းက သူက ကိုယ့်ပိုက်ဆံခိုးသွားတယ်။ အလုပ်တွေ တစ်ခုပြီးတစ်ခုလိုက်လျှောက်တယ်။မရဘူး။ June လမှာ မန္တလေးပြန်လာတယ်။