August 2024

လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲ
မပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။

အသက် ၁၀၀ မနေရလဲအမှု ၁၀၀ ကြုံရမှာပဲ နှလုံးသွင်းပြီးပြဿနာအဖြေရှာတတ်မှု၊ ဒီလိုအဖြေရှာဖို့ ပညာကိုတန်ဖိုးထားဖို့။ စိတ်ရှည်ဖို့၊ ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်တာ သိဖို့၊ လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲမပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။ အချိန်ဆိုတာ လူတစ်ယောက်ရဲ့အရေးအကြီးဆုံး အင်နာဂျီယူနစ်ဖြစ်တဲ့အကြောင်း၊ဒူပေဒါပေခံမှု၊ လဲကျပြန်ထ ဒါဘဝဆိုတဲ့ အကြောင်းကိုယ့်ကိုယ်ကိုယ် အမြဲပြောပြီးအားယူခဲ့တယ်။ Phyo Paing @ Derek

လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲ
မပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။
Read More »

ပညာသင်တဲ့ ရည်ရွယ်ချက်က
မှန်ကန်တဲ့ အမြင်ရှိဖို့။

လူတွေ ဘာကြောင့်လိုတာထက်ပိုစိတ်ဆင်းရဲကြရသလဲ။ မှန်ကန်တဲ့အမြင်မရှိလို့ပါ။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာ ပထဆုံးတစ်ပါးက သမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိရမယ်တဲ့။ ယုံကြည်မှုတစ်ခုတည်းနဲ့မရဘူး။ မှန်ကန်တဲ့အမြင်လိုပါတယ်။ တိုက် ၁၂ ပေါ်က ခုန်ချရင်မသေဘူးလို့ ယုံကြည်ပြီးသမန်သလင်းပေါ်ခုန်ချမသေရင်တောင် ခြေကျိုးလက်ကျိုးဖြစ်မှာပဲ။ ပညာသင်တယ်ဆိုတာ မှန်ကန်တဲ့အမြင်ရှိဖို့။ လောကသဘာဝအကြောင်းသိဖို့ ရူပဗေဒကိုသင်တယ်။ရေခဲတုန်းကို ပူနေတဲ့ရေထဲထည့်အရေပျော်သွားတဲ့ အစရှိတဲ့ဓာတ်ပြုမှုတွေကိုစနစ်တကျသိဖို့ ဓာတုဗေဒသင်တယ်။ လူတွေရဲ့ခန္ဓာဖွဲ့စည်းပုံသိဖို့ ခန္ဓာဗေဒ anatomy သင်တယ်။ နိုင်ငံ့စီးပွားရေး၊ ကမ္ဘာ့စီးပွားနားလည်ဖို့ဘောဂဗေဒ ပညာသင်တယ်။ အစရှိတဲ့ ပညာရပ်တွေကို “သေချာ”“ထဲထဲဝင်ဝင်” သိလေလေ မှန်ကန်တဲ့အမြင်ရှိလေလေ။ လီကွန်းယူက သူ့နိုင်ငံတည်ဆောက်တော့သူ့ဦးဆောင်သူတွေနဲ့ ဒါတွေကို မလေ့လာပဲ စလုံးကိုတည်ဆောက်လို့ ရမယ်ထင်သလား။မရနိုင်ဘူး။ ပညာသင်တဲ့ ရည်ရွယ်ချက်က မှန်ကန်တဲ့ အမြင်ရှိဖို့။ မှန်ကန်တဲ့ အမြင်ရှိရင်တွေးတတ်ကြံတတ် သမ္မာသင်္ကပ္ပ ရှိမယ်။ပြောဆိုတတ် သမ္မာဝါစာ ရှိမယ်။ လုပ်ကိုင်တတ် သမ္မာကမ္မန္တ ရှိမယ်။

ပညာသင်တဲ့ ရည်ရွယ်ချက်က
မှန်ကန်တဲ့ အမြင်ရှိဖို့။
Read More »

လောကမှာ ဦးနှောက်ကို လွှာသုံးမှရနိုင်မယ်။

ငွေကြေးကြွယ်ဝဖို့အမြန်ဆုံးလမ်းက ကိုယ်တိုင်အလုပ်လုပ်တာ။ လုပ်တဲ့သူတိုင်းက ချမ်းသာချင်မှချမ်းသာမယ်။သေချာလုပ်တတ်ရင်တော့လူနေမှုအဆင့်အတန်းတစ်ခုမှာတော့နေရမယ်။ ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အခါစျေးကွက်ပြဿနာကို သေချာသိဖို့လိုတယ်။ဒီလိုသိပြီးဖြေရှင်းနိုင်ဖို့ယဥ်ကျေးမှု၊ ဘာသာစကားနဲ့ အထာသိဖို့လိုနိုင်တယ်။ လုပ်ငန်းစဖို့နဲ့ အောင်မြင်နိုင်ခြေအများဆုံးကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ယဥ်ကျေးမှုသိ၊ ဘာသာစကားသိ၊ အထာသိပြီးတဲ့ စျေးကွက်ပေါ့။ လူဦးရေအရလဲ ကောင်းသလို၊စျေးကွက်ကို တခြားနိုင်ငံကလာလုတဲ့နှုန်းလဲနည်းတယ်။ပြဿနာကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာပြဿနာတွေပေါ့။ ငွေကြေးဖောင်းပွမှု အပါအဝင်။ သေချာတာတစ်ခုက နှစ်ပေါင်းများစွာကိုယ်တည်ဆောက်ထားတဲ့ စျေးကွက်ကို ဖယ်ပြီး တခြားနေရာတစ်ခုကိုသွားတာထက်နှစ်ခုစလုံးလုပ်လို့ရမည့်လမ်းကိုစဥ်းစားထားတာပိုကောင်းနိုင်တယ်။ တကယ့် case study တွေကြည့်ရင်အနောက်တိုင်းမှာ အပြီးအခြေချဖို့သွားပြီးပြန်လာတဲ့ အဆိုတော်၊ သရုပ်ဆောင်တွေရှိသလိုလုပ်ငန်းရှင်တွေထဲမှာ တခြားနေရာရောက်သွားတော့ကိုယ်ကစားနေရတဲ့ ဂိမ်းက မတူတော့ဘူး။ ဥပဒေသတွေက မတူတော့ဘူး။ဂိမ်းကို အစကနေ ပြန်လေ့လာရပြီ။ သေချာတာတစ်ခုက ကိုယ့်လုပ်ငန်းကို နှစ်ပေါင်းများစွာ တည်ဆောက်ပြီးသားဆို ဒါကြီးကို ပစ်ချခဲ့တာထက်ဘယ်နေရာမှာမဆို သုံးလို့ရနိုင်တဲ့ ၁။ Media Asset ကို

လောကမှာ ဦးနှောက်ကို လွှာသုံးမှရနိုင်မယ်။ Read More »

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။

နေ့စဥ်ရင်ခုန်ဖို့ကောင်းတာ မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်ပဲ။ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးလုပ်ဖို့ခြောက်နှစ်၊ ခုနှစ်နှစ်လောက်သည်းခံစောင့်ဆိုင်းရင်း ကြိုးစားပြင်ဆင်ခဲ့ဖူးတယ်။ဘဝမှာ သည်းမခံနိုင်တဲ့အရာတွေကိုအပြုံးအမပျက် ရင်ဆိုင်ပြီးဖြတ်ကျော်ခဲ့ဖူးတယ်။ ဘဝမှာ လစဥ်အတိုးတွေပေးဖို့အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ တစ်လတစ်လ အရမ်းကျေအောင်ရုန်းကန်ကြိုးစားခဲ့ဖူးတယ်။ ကတိမတည်တဲ့လူတွေကြောင့်လူတွေအကြောင်းနားလည်ခဲ့ဖူးတယ်။ကိုယ်အထောက်အပံ့ပေးသလို ဖြစ်စေချင်သလို ဖြစ်မလာတဲ့အတွက်လူတွေကို စိတ်ကုန်ခဲ့ဖူးတယ်။ သံကြိုးကြီးခြေထောက်မှာတပ်ပြီးရှေ့ကိုပြေးပေမည့် ခရီးမတွင်တဲ့အချစ်ရေးမှာ ဆယ်စုနှစ်ဝက်နီးပါးဖြတ်သန်းခဲ့ဖူးတယ်။ ဘဝကို စိတ်ကုန်လို့ ဖြစ်သလိုနေရင်းနေသလိုဖြစ် ပေါင် ၁၉၀ ကျော် ၂၀၀ နီးပါးနဲ့ဘဝကြီးဖြစ်ခဲ့ဖူးတယ်။ ဘဝရဲ့သင်ခန်းစာတွေကို ကျေညက်လာတဲ့အခါဘာက အဓိက ဘယ်အရာက သာမညလဲ နားလည်လာတယ်။ အမြင်တွေမှန်လာတဲ့အခါအမှန်တွေ မြင်လာတယ်။ ဘဝအတွက်ထားရမည့် အမြင်တွေရှင်းလာတယ်။ကျန်းမာကြံ့ခိုင်ရေး တစ်။အလုပ်၊ စီးပွားနဲ့ ငွေကြေးနှစ်။ အချစ်နဲ့မိသားစု သုံး။ စိတ်ငြိမ်းချမ်းမှု လေး။ အပေါင်းအသင်းရောင်းရင်း ငါး။ ဘဝရဲ့ သင်ခန်းစာတွေလေ့လာရင်း မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်က ရင်ခုန်ဖို့ကောင်းတယ်။ဒီနေ့ဖြစ်နေတဲ့ ကိုယ်အတွက်အတိတ်က အားထုတ်မှုတွေအတွက်ကျေးဇူးတင်မိတယ်။

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။ Read More »

“လေ့လာအဖြေရှာ”

ဒုက္ခကြုံတိုင်း၊ လမ်းသစ်ရှာတိုင်းလုပ်ဆောင်လို့ရတာ “လေ့လာအဖြေရှာ”တာပဲ။ လူသစ်တွေနဲ့တွေ့၊စာအုပ်တွေဖတ်၊ သတင်းအချက်အလက်ရှာဖွေ၊သင်တန်းတွေတက်၊ ခရီးတွေသွား၊ ကျွမ်းကျင်မှုအသစ်တွေသင်၊ ပညာရပ်အသစ်တွေ လေ့လာ၊ကိုယ်တိုင်စမ်းသပ်ကြည့်။ ဒီလိုလုပ်နိုင်ဖို့ ဘဝမှာ ငွေကြေးစီမံတဲ့အဆင့် ငါးဆင့်လိုတယ်။ငါးနှစ်၊ ဆယ်နှစ်လောက်အချိန်ပေးပြီးဒီအဆင့် ငါးဆင့်ကို တည်ဆောက်ကြည့်။ ၁။ နောက်နှစ် သုံးလေးငါးဆယ်အတွက်ရင်းနှီးမြုပ်နှံထားမှု။ Retirement fund၂။ ပြဿနာတစ်ခုခုဖြစ် အရင်လိုသုံးဖို့ငွေEmergency fund ၃။ လစဥ်ဝင်ငွေရှာပေးနေတဲ့ရင်းနှီးမြုပ်နှံမှု Fund for monthly Cash flow ၄။ အဆောင်ထားဖို့ငွေEnergy fund ၅။ လစဥ်အသုံးငွေ Monthly income/ expense budget ကျန်မာရေး၊အလုပ်နဲ့ စီးပွား၊ ငွေကြေးပိုင်ဆိုင်မှု၊ အချစ်နဲ့ မိသားစု၊ စိတ်အေးချမ်းမှုဒါတွေအဆင့်လိုက်လာတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်မကယ်တင်ရင်လာကယ်တင်မည့်သူ မရှိသလောက်ရှားတယ်။ Phyo Paing @ Derek

“လေ့လာအဖြေရှာ” Read More »

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။

အနာဂတ်မရှိတဲ့ သူတွေနဲ့ မပေါင်းနဲ့။အနာဂတ်မရှိတဲ့ အလုပ်မလုပ်နဲ့။အနာဂတ်မရှိတဲ့နေရာ မနေနဲ့။ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Phyo Paing @ Derek

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Read More »

ဘဝမှာ လမ်းနဲ့ ပတ်သက်တဲ့
relationship နှစ်မျိုးရှိတယ်။

ပထမတစ်ခုက“လမ်းဖောက်”တာ။ဒုတိယတစ်ခုက“လမ်းလျှောက်”တာ။ “လမ်းပျောက်”တယ်ဆိုတာ“လမ်းဖောက်”ဖို့လိုလို့။ ဆယ်တန်းကျောင်းပြီးတဲ့အချိန်၊ဘွဲ့ရတဲ့အချိန်၊ အလုပ်ကထွက်လိုက်တဲ့အချိန်၊ကိုယ်တိုင်လုပ်ငန်းစရတဲ့အချိန်၊နိုင်ငံရေး၊ စီးပွါးရေးကမောက်ကမဖြစ်တဲ့အချိန်၊ဒါက လမ်းသစ်ဖောက်ရမည့်အချိန်တွေပဲ။ Phyo Paing @ Derek

ဘဝမှာ လမ်းနဲ့ ပတ်သက်တဲ့
relationship နှစ်မျိုးရှိတယ်။
Read More »

ကိုယ်ယူဆတဲ့ အယူအဆတစ်ခု

ကိုယ့်ဘဝအပြောင်းအလဲဖြစ်ဖို့အိုင်ဒီယာသစ်တစ်ခု၊ အချိတ်အဆက်တစ်ခု၊ အကူညီတစ်ခု၊ သတင်းအချက်အလက်တစ်ခု၊ တွေးခေါ်တဲ့အမြင်ပုံစံတစ်ခု အပြောင်းအလဲပဲလိုနိုင်တယ်။ အဲ့ဒီတစ်ခု ဆိုတဲ့အရာကမှန်ကန်ပြီး တကယ်လိုက်လုပ်ရင်တစ်ဆင့်တစ်ဆင့် အပြောင်းအလဲဖြစ်သွားမယ်။ ကမ္ဘာပေါ်မှာ လူအများစုက မပျော်ဘူး။ကမ္ဘာပေါ်က တချို့နေရာကလူအများစုရဲ့ခန္ဓာကိုယ်ပုံစံ ကြံ့ခိုင်မနေဘူး။ကမ္ဘာပေါ်မှာ တချို့နေရာကလူအများစု ကိုယ့်ဘဝကိုကိုယ်စိတ်တိုင်းကျမနေဘူး။ သေချာတာ လူအများစုနောက်လိုက်နေလို့ မရဘူး။ လူအများစုနောက်လိုက်ရင်လူအများစုလိုပဲဖြစ်ဖို့များနိုင်တယ်။ ဒါကတော့ ကိုယ်ယူဆတဲ့အယူအဆတစ်ခုပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။တခြားသူအတွက်တော့ မှန်ချင်မှမှန်မယ်။ Phyo Paing @ Derek

ကိုယ်ယူဆတဲ့ အယူအဆတစ်ခု Read More »