လူတွေကို မွဲစေတာ
အတွေးအခေါ်။
လူတွေကို ဒုက္ခရောက်စေတာအတွေးအခေါ်။ဒါကြောင့် ဗုဒ္ဓကသမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိဖို့လိုတယ်လို့ ဟောကြားခဲ့တယ်။ Phyo Paing @ Derek
လူတွေကို မွဲစေတာ
အတွေးအခေါ်။ Read More »
လူတွေကို ဒုက္ခရောက်စေတာအတွေးအခေါ်။ဒါကြောင့် ဗုဒ္ဓကသမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိဖို့လိုတယ်လို့ ဟောကြားခဲ့တယ်။ Phyo Paing @ Derek
လူတွေကို မွဲစေတာ
အတွေးအခေါ်။ Read More »
ဆယ်စုနှစ်တစ်ခုလောက်စိတ်ရှည်ရှည်အချိန်ပေးဖို့လိုနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ လေ့လာရန်လိုတယ်။Year 1 နဲ့ Year 10 ပထမနှစ်နဲ့ နောက်ဆယ်နှစ် တူမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ နေ့ရက်တိုင်းကို Iterative Process တွေလိုစဥ်းစားတယ်။ လတိုင်းကိုလဲ အလားတူပဲ။ ရှေ့ဆက်သွားမည့် မနက်ဖြန်တွေအတွက်နေ့ရက်တိုင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာယူတယ်။ မဖြစ်သေးတဲ့ ပြဿနာတွေကို ကြိုတင်အဖြေရှာကြည့်မိတယ်။ လတိုင်းမှာလဲ အသစ်တွေသင်ယူဖို့လုပ်ကြည့်တယ်။နောက် ၂၀၃၄ မှာ အသက်ရှင်ကြအုံးမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ ပြန်တွေ့ကြမလဲ ရင်ခုန်ဖို့ သိပ်ကောင်းတယ်။ Phyo Paing @ Derek
ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။ Read More »
လူတွေခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်မတူရင်လောကအမြင်မတူဘူး။ ဒီအတွေးအခေါ်တွေက နှစ်ပေါင်းများစွာ အသွေးအသားထဲစီးဆင်းနေတဲ့ ဘိုးဘွားဘီဘင်တွေရဲ့ဒီအန်အေကတွေ လာတာဖြစ်နိုင်တယ်။ဒီအတွေးအခေါ်ယုံကြည်မှုဟာ လူအမျိုးအလိုက်ကွာနိုင်တယ်။ နောက်နေထိုင်တဲ့နေရာတစ်ခုရဲ့ယဥ်ကျေးမှုပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ နောက်ကိုးကွယ်ယုံကြည်မှု ဘာသာတရာကို “အဓိပ္ပာယ်”ဖွင့်ဆိုမှုပုံစံပေါ်မှာ မူတည်ပြီးလဲကွာနိုင်တယ်။ ပညာရေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။အဓိကအသုံးပြု လေ့လာဖတ်ရှုတဲ့ဘာသာစကားပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။လူတွေကြားထဲ ရှင်သန်ဖို့ကြိုးစားတဲ့အခါနေရာတစ်ခုရဖို့ အသုံးပြုတဲ့ မဟာဗျူဟာcoping mechanism ပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ ဖတ်တဲ့စာ၊ လေးစားအားကျတဲ့သူတွေပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ အလုပ်အကိုင်ပေါ်မှာလဲ မူတည်တယ်။ ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်၊ယုံကြည်မှုနဲ့ အတွေ့အကြုံပေါ်မူတည်ပြီးလောကအမြင်တွေ မတူကြဘူး။လောကကို အဓိပ္ပာယ်ဖွင့်ပုံတွေ မတူကြဘူး။ Phyo Paing @ Derek
လောကကို အဓိပ္ပာယ်ဖွင့်ပုံတွေ မတူကြဘူး။ Read More »
အာရုံထွေပြားအောင်သတင်းတုတွေနဲ့လုပ်တယ်။တစ်ခုတည်းပေါ်အာရုံမစိုက်နိုင်အောင် အပျော်အပါးတွေနဲ့ ဖြားယောင်းတယ်။ သမာဓိမရှိစူးစိုက်မှုတွေ ပျောက်အောင်ဒေါသတွေ နဲ့ နှိုးဆွတယ်။ တစ်ကမ္ဘာလုံးမှာဖြစ်နေတာ။ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ဘဝကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ကိုယ့်မိသားစု ကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ဒီနေ့လို လောကကြီးမှာ အကြည်ဓာတ်ပျောက်ဖို့လွယ်တယ်။အာရုံတွေထွေပြားဝေဝါးဖို့လွယ်တယ်။အာရုံစူးစိုက်အလုပ် လုပ်နိုင်ဖို့ ခက်တယ်။လက်လျော့လိုက်ဖို့လွယ်တယ်။အချိန်ဆွဲဖို့လွယ်တယ်။စည်းကမ်းရှိပြီး အခြေအနေဘယ်လိုဖြစ်နေပါစေနည်းလမ်းရှာပြီး စည်းကမ်းရှိရှိ ဆက်သွားဖို့ခက်တယ်။ အများဆုံးနေတဲ့နေရာကcomment ထဲက အပုပ်နံ့ပြင်းတဲ့နေရာမဖြစ်ဖို့လိုနိုင်တယ်။ ဒီနေ့ခေတ် ၁၀၀ ဘီလီယံဆဲလ်ရှိတဲ့ဦးနှောက်ကို မသုံးတတ်ရင်ပိုခက်မယ်။ အတွေးသိမ်၊ အမြင်သိမ်၊ မေးခွန်းမေးတာမှား၊ အယူအဆမှား၊ ယုံကြည်မှုမှား၊ အားကျစရာကို ဟားတိုက်၊ အားနေအပြစ်ပြော၊ အနာလို တိုက်ခိုက်နဲ့ကောင်းမွန်တဲ့ ဘဝ၊တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ်ဘဝတည်ဆောက်ဖို့ မလွယ်နိုင်ဘူး။ ဗုဒ္ဓအဆုံးအမ၊ ဆရာသမားတွေ ရဲ့အဆုံးအမ၊ပျက်စီးယိုယွင်းနေနဲ့ ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်ထက်ပိုကြီးအောင်စဥ်းစားနိုင်ဖို့ အားဖြစ်စေတဲ့ အိုင်ဒီယာတွေ၊ ပညာရှင်တွေ၊ လူတော်တွေ၊ တန်ဖိုးရှိတဲ့သူတွေကို ကျေးဇူးတင်မိတယ်။ လူတစ်ယောက်ဟာအတွေးအခေါ် အဆိပ်ခပ်ခံရရင်ပြေဖို့ အတော်ခက်တယ်။ Phyo Paing
လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။ Read More »
“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ ဒါက “အလုပ်မဖြစ်တဲ့သူ”နဲ့“အလုပ်ဖြစ်တဲ့သူ” ကိုကွာခြားစေတဲ့ အချက်ပဲ။ လူအများစုက “မသိတာ”ကို“မသိလို့ မသိမှန်း” မသိဘူး။ မရှိဘူးလို့ပဲထင်တယ်။ အဖြေမရှာ ဖင်ပိတ်ငြင်းတတ်တယ်။ ဒါကြောင့် ထာဝရတိုင်ပတ်မှုတွေနဲ့ကြုံနေကြရတာဆိုမှားမယ်မထင်ဘူး။ Phyo Paing @ Derek
“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ Read More »
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နေ့စဥ် ၂၄ နာရီပဲ သုံးရမှာပဲ။ နေ့စဥ် ၂၄ နာရီသုံးတဲ့အခါကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်စီမံတာက ဘဝကို စီမံတာပဲ။ ဝမ်းသာ၊ ဝမ်းနည်း၊ ပျော်ရွင်၊ ကြေကွဲ၊ရင်ခုန်၊ ရင်တုန်၊ တက်ကြွ၊ စိတ်ဓာတ်ကျ၊ဥာဏ်ကွန့်မြူး၊ ထိုင်းမိုင်းအကုန်လုံးက ဒီ ၂၄ နာရီအတွင်းဖြစ်တာပဲ။ ဒီ ၂၄ နာရီကို အကောင်းဆုံးအသုံးပြုနိုင်ဖို့အချိန်နဲ့ စားဝတ်နေရေး မလဲရအောင်အရင်ဖန်တီးဖို့လိုတယ်။ ဂိမ်းတစ်ခုမှာ မရှုံးအောင်ကစားတာနဲ့ နိုင်အောင် ကစားတာ မတူပါဘူး။ ခံစစ်ဖက်က ကစားတာနဲ့၊ထိုးစစ်ဖက်က ကစားတာမတူပါဘူး။ ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ရတာခံစစ်ဖက်က ကစားတာပါ။ ဘဝတိုးတက်ရေးအတွက် အလုပ်လုပ်တာထိုးစစ်ဖက်က။ ဒါကြောင့် ခံစစ်ဖက်က ကစားနေရတဲ့အချိန်ရသမျှ ငွေကို မသုံးနဲ့။ဒီနေ့အတွက်ပဲ မကြည့်နဲ့။ အနာဂတ် အချိန်တွေ ခြွေတာပေးနိုင်အောင်လုပ်။ အနာဂတ် အချိန်တွေ ပိုထွက်လာအောင်လုပ်။ ဖြစ်နိုင်ရင် ကိုယ်မရှာပဲနဲ့
၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့ Read More »
ဘယ်နေရာမှာနေမယ်။ဘာအလုပ်လုပ်မယ်။ လုပ်ငန်းကို ဘယ်လိုလည်ပတ်မယ်။နေ့စဥ် ဘယ်လိုအလုပ်တွေလုပ်မယ်။ဘယ်အချိန် ဘယ်ကိုပြောင်းမယ်။ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။ ရွေးချယ်မှုမှန်သလို ကြိုးစားမှုလဲ မှန်သွားရင်ရလဒ်ကောင်းကောင်းရတာပဲ။ Phyo Paing @ Derek
ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။ Read More »
ပျော်ရင်အချိန်ကုန်တာမြန်တယ်။စိတ်ညစ်ရင် အချိန်ကုန်တာနှေးတယ်။ဝမ်းသာရင် ခဏလို့ထင်ရပြီးအထီးကျန်ရင် တစ်ဘဝလို့ထင်ရတတ်တယ်။ Phyo Paing @ Derek
အချိန်ကုန်တာမြန်တယ်။ Read More »
၁။ မလောနဲ့။ တချို့ ကိုယ်နဲ့အမြင်မတူလို့ရတယ်။ခံယူချက်မတူတဲ့သူတွေနဲ့ ကုမ္ပဏီတစ်ခုတည်းအလုပ်လုပ်တဲ့အခါလွယ်နေတာ ရှုပ်သွားတတ်တယ်။ဒါကြောင့် လုပ်ငန်းအလုပ်ခန့်မယ်ဆို ခံယူချက်တူတဲ့သူရှာ။ ၂။ အလွယ်တကူ မရောနဲ့။ စေတနာ ဝေဒနာဖြစ်တတ်တယ်။ပေးပဲပေးနေရင် တခါတလေ ငပေါကြီးဖြစ် တန်ဖိုးမထားတာခံရတတ်တယ်။ ကိုယ်က အခါ ၁၀ ခါ ကူညီပြီးသူများ ၁ ခါ ကူညီတာကို တခြားကို ကျေးဇူးတင်မဆုံးဖြစ်တာကြုံဖူးလိမ့်မယ်။ ၃။ မပေါနဲ့။ မလောနဲ့။ မရောနဲ့။ မပေါနဲ့။ Phyo Paing @ Derek
တချို့ ကိစ္စတွေက
လောရင် ရှုပ်ကုန်တယ်။ Read More »
ရထားပြီး မလိုချင်ရင်လဲလေးလံမှုဖြစ်တယ်။ ရထားပြီး ရှုံးဆုံးမှာကြောက်ရင်ပူပန်မှုဖြစ်တယ်။ မဖြစ်သေးတဲ့အနာဂတ်ကိုတွေးပြီးကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။ ပြီးသွားတဲ့ အတိတ်ကိုပြင်ဆင်ဖို့ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။ ဘဝမှာ ရလိုက်တာ သင်ခန်းစာတွေပဲ။ သင်ခန်းစာတွေက အနာဂတ် အမြင်ခမ်းတာ၊ အမြင်ကန်းတာကို ကာကွယ်ပေးနိုင်တယ်။ အကောင်းဆုံးတည်ဆောက်ထားတဲ့ဘဝရဲ့ “အိမ်”က ကိုယ်ပဲ။ လုပ်သမျှ၊ ကြံသမျှ၊ တွေးသမျှကဒီအိမ်ကြီး ပိုကောင်းအောင်တည်ဆောက်နိုင်ဖို့ပဲ။ ကျက်သရေရှိရှိ အသက်ကြီးသွားဖို့အရေးကြီးတယ်။ Phyo Paing @ Derek
လိုချင်ပြီး မရရင်
ပူလောင်မှုဖြစ်တယ်။ Read More »