November 2024

နေ့စဥ် တည်ဆောက်နေပါ။

“ဆောက်တည်” ရာရဖို့နေ့စဥ် “တည်ဆောက်” ပါ။ ဆောက်တည်တယ်ဆိုတာ “စိတ်ကိုတည်ကြည်ခိုင်မြဲစွာထားခြင်း” ဖြစ်တယ်။ စိတ်တည်ကြည်ခိုင်မြဲနေဖို့၁။ ကျန်းမာကြံ့ခိုင်ရေးတည်ဆောက်၂။ စီးပွားရေး၊ အလုပ်အကိုင်၊ ငွေကြေးအတွက် တည်ဆောက်၃။ မိသားစုနဲ့ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်၄။ စိတ်ငြိမ်းချမ်းမှု၊ တိုးတက်မှုအတွက် တည်ဆောက်။ နေ့စဥ် တည်ဆောက်နေဖို့လိုတယ်။ ဘဝမှာ အခြေအနေအပြောင်းအလဲကြားမှာဆောက်တည်ရာရဖို့နေ့စဥ် တည်ဆောက်နေပါ။ Phyo Paing @ Derek

နေ့စဥ် တည်ဆောက်နေပါ။ Read More »

စဥ်းစားပုံ အရမ်းအရေးကြီးတယ်။

တစ်သက်လုံးကြိုးစားပြီးပင်ပင်ပန်းပန်းနဲ့ ရလဒ်မထွက်တဲ့သူတွေအများကြီး တွေ့ဖူးလိမ့်မယ်။ တခါတလေ ကိုယ်လဲအဲ့အထဲပါဖူးလိမ့်မယ်။ကျွန်တော်လဲ ပါဖူးတယ်။ လောကမှာ ကြိုးစားမှုထက်ရွေးချယ်မှုက ပိုအရေးကြီးတယ်။ အမြင်သာဆုံးက ဝိတ်ချဖို့gym သွားပြီး အပြောင်းအလဲမဖြစ်တာ။ ဘာကြောင့်လဲဆိုတော့ ကြိုးစားနေရုံနဲ့မရဘူး။ရွေးချယ်မှု မှန်ဖို့အရေးကြီးတယ်။ ကိုယ်နဲ့ တွေ့တဲ့လူ၊လုပ်တဲ့အလုပ်၊အပေါင်းအသင်း၊ အသိုင်းအဝိုင်း။ နည်းနာ။ စဥ်းစားပုံ။ အရမ်းအရေးကြီးတယ်။ Phyo Paing @ Derek

စဥ်းစားပုံ အရမ်းအရေးကြီးတယ်။ Read More »

ကိုယ်ထင်နေတဲ့ အိမ်ဆိုတာ အိမ်မဟုတ်ဘူး။

ကိုယ့်အိမ်က နေရာမဟုတ်ဘူး။လူတွေ မဟုတ်ဘူး။ ကိုယ့်ရဲ့တကယ့်အိမ်က “စိတ်နဲ့ ခန္ဓာ” ပဲ။ ဒီစိတ်နဲ့ ခန္ဓာ အိမ်ကြီးကိုကောင်းအောင်မတည်ဆောက်ပဲကောင်းမွန်တဲ့ ဧည့်သည်ကိုကြာကြာလာအောင်လုပ်ဖို့မလွယ်နိုင်ဘူး။ ကိုယ်က ကျန်မာကြံ့ခိုင်တဲ့ဧည့်သည်လာစေချင်တယ်။စီးပွားတိုးတက်တဲ့ ဧည့်သည်လာစေချင်တယ်။နှလုံးသားရေးရာကောင်းတဲ့ဧည့်သည်လာစေချင်တယ်။လူတွေမမှတ်မိအောင်တိုးတက်ပြောင်းလဲတဲ့ဧည့်သည်လာစေချင်တယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့“စိတ်နဲ့ ကိုယ်” အိမ်ကို သေချာတည်ဆောက်ဖို့လိုလာပြီ။ Phyo Paing @ Derek

ကိုယ်ထင်နေတဲ့ အိမ်ဆိုတာ အိမ်မဟုတ်ဘူး။ Read More »

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။

အသက်ရှင်တုန်းကိုယ့်ရဲ့ အစွမ်းအစဘယ်လောက်ရှိလဲသေချာ သိသွားချင်တယ်။ ဘဝရဲ့ ပန်းတိုင်ကဒါပဲ။ အစွမ်းအစ ထွက်လာမထွက်လာက“လူတွေ မမှတ်မိလောက်အောင်တိုးတက် မတိုးတက်နဲ့ ကြည့်တယ်။” အင်္ဂလိပ်လို မပြောတတ်ရာကမွတ်နေအောင်။ခန္ဓာကိုယ်ပုံပျက်နေရာကကျန်းမာသန်စွမ်းနေအောင်။ချွတ်ခြုံကျနေရာမှငွေကြေး တိုးတက်နေအောင်။တိုင်ပတ်တဲ့ အချစ်ရေးမှပျော်ရွင်တဲ့ စိတ်အေးချမ်းမှု။ ဒါတွေအားလုံးလုပ်ဖို့ တိုးတက်ရေးအရေးကြီးတယ်။ လူတိုင်းကို အပြောင်းအလဲလုပ်နိုင်ဖို့မလွယ်ဘူး။ ကိုယ့်မိဘ၊ မောင်နှမ၊ သားသမီးတောင်ပြင်ဖို့ သိပ်မလွယ်တာလူတိုင်းပြင်ဖို့ဆိုတာ မလွယ်ဘူး။ဒီတော့ ပြင်ချင်တဲ့သူကိုပဲ ကူညီဖို့ဆုံးဖြတ်တယ်။ တခြားသူတွေက ကိုယ့်ထိန်းချုပ်မှုအောက်မရှိဘူး။ ကိုယ့်ဘဝဘဲ ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။ဒါကိုဘဲ အာရုံစိုက်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။ Read More »

ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။

ပိုက်ဆံများများရှာချင်ရင်မွဲနေတဲ့သူကို ပိုက်ဆံရှာနည်းဆရာတင်လို့မရဘူး။ ခန္ဓာကိုယ်အချိုးအစားကျချင်ရင်ပုံပျက်နေတဲ့သူရဲ့အကြံကို ယူလို့ မရဘူး။ အချစ်ရေးတိုင်ပတ်နေတဲ့သူဆီကအချစ်ရေးအကြံယူလို့အကောင်းဆုံးအကြံရမှာမဟုတ်ဘူး။ ဘဝမှာ ဘယ်အချိန်ဘယ်သူ့ဆီကသတင်းအချက်အလက်အတွေးအခေါ်ရယူရမယ်ဆိုတာ အရေးကြီးတယ်လို့ ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။ Read More »

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။

ဖြစ်ချင်တာထက် ဖြစ်လာတာပိုအရေးကြီးတယ်။ လူတိုင်းက ဘာဖြစ်ချင်တယ်။ဘာရချင်တယ်။ဆန္ဒတွေ ရှိကြမယ်။ ဆန္ဒရှိတိုင်းဖြစ်လာမယ်ဆိုရင်လူတိုင်း ကြိုးစားကြံဆစရာတောင်လိုမှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေကို ၁၀% အချိန်ပေးပြီးရင်ဖြစ်လာတာတွေကို ၉၀% အချိန်ပေးဖို့လိုနိုင်တယ်။ နေ့တိုင်းက အသစ်တွေဖြစ်လာနေတယ်။ကောင်းတာရှိတယ်။ သိပ်မကောင်းတာရှိတယ်။ အရေးကြီးတာ ဖြစ်ချင်တာဖြစ်လာဖို့ဖြစ်ချင်တာထက်နေ့စဥ်ဖြစ်လာတာတွေကို ပိုအာရုံစိုက်ပါ။ ဒီနှစ်ခုကို ချိန်ငြိပါ။ အသေးစိတ်ထပ်ရှင်းပြပါရစေ။ အိပ်မက်နဲ့ လက်တွေ့ကျွန်တော်တို့ လူတိုင်းမှာ အိပ်မက်တွေရှိကြပါတယ်။ “ကားလှလှလေး တစ်စီးလိုချင်တယ်”“အိမ်ကြီးကြီးလေး ပိုင်ချင်တယ်”“စီးပွားရေးလုပ်ငန်းကြီး ထူထောင်ချင်တယ်”ဒါပေမယ့် အိပ်မက်ချည်းပဲ မက်နေလို့ မရပါဘူး။ လက်တွေ့မှာ နေ့တိုင်း ဘာတွေဖြစ်နေလဲ၊ ဘယ်လိုကိုင်တွယ်နေလဲက ပိုအရေးကြီးပါတယ်။ ဥပမာ –မနက်အိပ်ယာထ အလုပ်သွား၊ လုပ်ငန်းခွင်မှာ ကြိုးစား၊ ညနေအိမ်ပြန်၊ မိသားစုနဲ့အတူနေ။ဒါတွေက ပုံမှန်ဖြစ်နေတဲ့ အရာတွေပါ။တချို့ရက်တွေ ကောင်းမယ်။ တချို့ရက်တွေ မကောင်းဘူး။ဒါပေမယ့် ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှ ရည်မှန်းချက်တွေ တဖြည်းဖြည်း ဖြစ်လာမှာပါ။

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။
Read More »