February 2025

poor, average နဲ့ excellent ပြန်ခွဲလို့ရတယ်။

လူတိုင်းက မီးလောင်နေတယ်။ဆင်းရဲမွဲသေသူကစလို့ကမ္ဘာ့အချမ်းသာဆုံးသူအထိအကုန်မီးလောင်နေတယ်။ဒါကတော့ ကိလေသာမီးဖြစ်ပြီး လောဘ၊ ဒေါသ၊ မောဟနဲ့နေ့စဥ် လောင်မြိုက်နေကြတယ်။ လိုချင်တဲ့အရာတွေပြည့်ရင်ပျော်တယ်လို့ထင်တတ်ကြတယ်။နောက်သူ့ထက်ပိုလိုတတ်ကြတယ်။လိုချင်တဲ့အရာမရတဲ့အခါဒေါသတွေဖြစ်တတ်ကြတယ်။အမှန်ကိုမမြင်နိုင်တဲ့ မောဟတွေရှိတယ်။ ကိလေသာမီးလောင်တဲ့အခါအခိုးအငွေ့တွေကအာရုံခြောက်ပါးကညစ်ညမ်းမှုမီးခိုးတွေထွက်ပေါ်လာတယ်။မီးလောင်လို့ပူလောင်နေတာ သံသရာဝဋ်ဒုက္ခ။မီးငြိမ်းသွားတဲ့အချိန်နိဗ္ဗာန်ရောက်တယ်လို့ဗုဒ္ဓက ဆုံးမခဲ့တယ်။ တောတွေရှားပါးသွားတဲ့ခေတ်မှာ တောထွက်ရအောင်ကလဲမဟုတ်သေးဘူး။ လူတောထဲမှာဘဲဘဝကို အထာကျကျဖြတ်သန်းပြီးကိလေသာမီးငြိမ်းဖို့ကပါရမီဆယ်ပါး ဖြည့်ဆည်းဖို့ပဲရှိမယ်။ ပါရမီဆိုတာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုဆယ်ပါး ဖြစ်ပြီးပါရမီ ၁၀ ပါးရှိပါတယ်။ ၁။ ဒါနပါရမီ – စွန့်ကြဲခြင်း၂။ သီလပါရမီ – ကိုယ်၊ နှုတ်၊ စိတ် စင်ကြယ်စေခြင်း၃။ နိက္ခမပါရမီ – ကာမဂုဏ်တွေကနေ ထွက်ခွာခြင်း၄။ ပညာပါရမီ – အမှန်တရားကို သိမြင်ခြင်း၅။ ဝီရိယပါရမီ – ကြိုးစားအားထုတ်ခြင်း၆။ ခန္တီပါရမီ – သည်းခံခြင်း၇။ သစ္စာပါရမီ – မှန်ကန်ခြင်း၈။ အဓိဋ္ဌာနပါရမီ – ခိုင်မြဲစွာ ဆုံးဖြတ်ခြင်း၉။ မတ်ေတာပါရမီ […]

poor, average နဲ့ excellent ပြန်ခွဲလို့ရတယ်။ Read More »

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲ
ရတတ်ကြတယ်။

အရမ်းတော်တဲ့ဝန်ထမ်းတစ်ယောက်ခပ်ညံ့ညံ့လုပ်ငန်းရှင်ဆီရောက်ရင်ကြာကြာခံမှာမဟုတ်ဘူး။ အရမ်းတော်တဲ့အမျိုးသား၊အမျိုးသမီးတစ်ယောက်ခပ်ခြာခြာပါတနာနဲ့နေတာများလာတဲ့အခါခြေကျင်းကြိုးနဲ့ ဒရွတ်တိုက်သွားနေရသလိုရှေ့ရောက်သင့်သလောက်မရောက်မောပန်းနေမှာပဲ။ အရမ်းစွမ်းတဲ့ အေအိုင်မတွေးတတ်တဲ့ ငတုံးနဲ့တွေ့တဲ့အခါငတုံးလိုဘဲ ဖြစ်နေမှာပဲ။​ လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲရတတ်ကြတယ်။ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကပိုကောင်းလာလေလေကိုယ့်ကိုကိုယ် ပိုကောင်းအောင်လုပ်လာရလေပဲ။ Phyo Paing @ Derek

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲ
ရတတ်ကြတယ်။
Read More »

လူတိုင်းက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်။

ကိုယ့်ဘဝ တိုင်မပတ်ချင်ရင်ဘယ်သူ့မှ အားအရမ်းမကိုးနဲ့။အရာရာကိုလဲ ချင့်ချိန်ယုံကြည်။လူတိုင်းက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်။အဲ့လိုပဲ အမြဲနှလုံးသွင်းတယ်။ Phyo Paing @ Derek

လူတိုင်းက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်။ Read More »

လူတွေထင်တာ
အချစ်ရေးအဆင်ပြေဖို့
Brain Level တူဖို့လိုတယ်လို့ထင်တာ။

လူတွေထင်တာအချစ်ရေးအဆင်ပြေဖို့Brain Level တူဖို့လိုတယ်လို့ထင်တာ။ ကျွန်တော့်အမြင်တော့Brain Level ထက်ခံယူချက်လို့ထင်တယ်။ ဦးနှောက်ကောင်းတဲ့သူတွေအများကြီးတွေ့ဖူးတယ်။ဦးနှောက်ကောင်းပြီးတိုင်ပတ်နေတဲ့သူတွေအများကြီးရှိတယ်။ အရေးကြီးတာခံယူချက်နဲ့ခံစားချက်ကို ထိန်းနိုင်ပြီးတစ်ယောက်စဥ်းစားပုံတစ်ယောက်ရှင်းရှင်းလင်းလင်းသိဖို့လို့ထင်တယ်။ လူအများစုက ကိုယ့်ကိုကိိုယ်တကယ်သိတယ်လို့ထင်တာ။တကယ်မသိဘူး။ ကိုယ့်ကိုကိုယ်တောင်မသိဘူး။ကိုယ့်တစ်ဖက်ပါတနာကိုယ့်ကိုသိစေချင်တယ်။ လူတိုင်းမှာ စိတ်မလှုံခြုံမှုinsecurities တွေရှိတယ်။တချို့က ရုပ်၊တချို့က အလုပ်၊​တချို့က အဿပြာ၊တချို့က အသိုင်းအဝိုင်းကြားဝင်ဆံ့မှု။ ဒီမလှုံခြုံမှုတွေကိုကိုယ့်ပါတနာနဲ့ ပြောလို့ရလားအဲ့အချက်က တော်တော်အရေးကြီးတယ်။​ပြောရင် နားလည်လားဒါကလဲ အရေးကြီးတယ်။ နားထောင်တိုင်းလဲနားလည်တာတော့မဟုတ်ဘူး။တကယ်နားလည်တယ်ဆိုဘဝက နေပျော်မယ်။မဟုတ်ရင် အိမ်ထောင်ကျပြီးအထီးကျန်နေလိမ့်မယ်။​ဒီလို ဘဝတွေက အများကြီး။ အသက်ရှင်နေပေမယ့်အသက်ဝင်မနေတော့ဘူး။ အသိုင်းအဝိုင်းမျက်နှာကြောင့်သာလောကအလယ် သရုပ်ဆောင်နေရတာ။ ပြန်ဆက်ရရင်ခံယူချက်တူဖို့အရေးကြီးတယ်။အမြင်တူချင်မှတူမယ်။ခံယူချက်တူဖို့လိုတယ်။ ခံယူချက်ဆိုတာ စိတ်ထဲမှာရှိတဲ့ခံယူချက်နဲ့ အယူအဆ။တစ်ယောက်က အလုပ်ကိုအရေးထားပြီးတစ်ယောက်က အလုပ်ကိုဖြစ်သလို လုပ်ရင်ဒါက အဆင်ပြေဖို့မလွယ်ဘူး။ တစ်ယောက်က ကိုယ့်အစွမ်းအစကိုအကောင်းဆုံးသိဖို့ တိုးတက်ချင်တယ်။တစ်ယောက်ကနေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေချင်တယ်။ အစပိုင်းမှာတော့ အဆင်ပြေလိမ့်မယ်။​ ချစ်ကျွမ်းစဝင်တဲ့အချိန်ဆိုဘာလေးစားချင်တယ်မပြောလိုက်ရသေးဘူး။ကိုယ့်ဆီအရောက်ဆိုတာမျိုး။နောက်ပိုင်းမှ အချိုးပြောင်းသွားတာ။ဒါက ဦးနှောက်မှာရှိတဲ့neurotransmitter တွေနဲ့ဖြစ်နေကျ အပြောင်းအလဲတွေပဲ။ အရေးကြီးတာ ခံယူချက်အရေးကြီးတယ်။ဒီအချက်နဲ့ပဲလူတွေကအပေါင်းအသင်းရွေးချယ်ကြတယ်။ဒီအချက်နဲ့ပဲ ဝန်ထမ်းကောင်းတွေရှာကြတယ်။ တခါတလေ

လူတွေထင်တာ
အချစ်ရေးအဆင်ပြေဖို့
Brain Level တူဖို့လိုတယ်လို့ထင်တာ။
Read More »

ကိုယ်နဲ့မထိုက်တန်သေးတာကို
လိုချင်တဲ့အခါ
နာကျင်မှုဖြစ်တတ်တယ်။

ကိုယ်နဲ့မထိုက်တန်သေးတာကိုလိုချင်တဲ့အခါနာကျင်မှုဖြစ်တတ်တယ်။ ဒီနာကျင်မှုကို ကိုင်တွယ်နိုင်ပြီးအဖြေရှာနိုင်ရင်ထိုက်တန်သွားလိမ့်မယ်။ ကိုယ်ချစ်တဲ့သူကကိုယ်နဲ့ ဘဝအခြေအနေကွာနေတာမျိုးဖြစ်ရင်ဖြစ်မယ်။ ကိုယ်လိုချင်တဲ့အိမ်မက်ကကိုယ့်ထက်အရမ်းမြင့်နေတာဖြစ်ရင်ဖြစ်မယ်။ ဒီခါးသီးမှုတချို့ကိုခါးဆီးခံပြီးအခိုက်အတန့်တွေကိုအကောင်းဆုံးခိုင်းနိုင်ရင်အခွင့်အခါကောင်းတွေဖြစ်လာမှာပဲ။ ဘဝမှာ ကိုယ်နဲ့မထိုက်တန်တာတွေကိုထိုက်တန်အောင်လုပ်ခဲ့ဖူးတယ်။ ကျန်းမာကြံ့ခိုင်ရေး၊အလုပ်စီးပွား၊အချစ်၊ မိသားစု၊အသိုင်းအဝိုင်း၊တိုးတက်မှုတွေ။ မထိုက်တာတွေထိုက်တန်လာအောင်အခိုက်အတန့်တော့နာကျင်မှုတွေနဲ့ခဏလောက် နေရနိုင်တယ်။ဒါက ခဏတာပါပဲ။ Phyo Paing @ Derek

ကိုယ်နဲ့မထိုက်တန်သေးတာကို
လိုချင်တဲ့အခါ
နာကျင်မှုဖြစ်တတ်တယ်။
Read More »

အလုပ်ဖြစ်တဲ့အချိန်ရောက်ရင်
အခွင့်အရေးကို မဖြုန်းတီးဖို့လိုတယ်။

တစ်ရက်ဝင်ငွေကတစ်လဝင်ငွေထက်ပိုများနိုင်တဲ့နေ့တွေရှိနိုင်တယ်။​ တစ်လဝင်ငွေက တစ်နှစ်ဝင်ငွေထက်ပိုများနိုင်တဲ့ လတွေရှိနိုင်တယ်။​ တစ်နှစ်ဝင်ငွေက တစ်သက်ဝင်ငွေထက်ပိုများနိုင်တဲ့ နှစ်တွေရှိနိုင်တယ်။​ နေ့ရက်တိုင်း၊ လတိုင်း၊နှစ်တိုင်းရဲ့ အလေးချိန်တွေကမတူတတ်ကြဘူး။ ဒါကြောင့် စိတ်ရှည်ဖို့လိုသလိုအမြဲအပြတ် အခွင့်အလမ်းကိုအနံ့ခံနေဖို့လိုတယ်။ အလုပ်ဖြစ်တဲ့အချိန်ရောက်ရင်အခွင့်အရေးကို မဖြုန်းတီးဖို့လိုတယ်။ လူတစ်ယောက်နဲ့တစ်ယောက်အလုပ်ဖြစ်တဲ့အချိန်မတူဘူး။ Phyo Paing @ Derek

အလုပ်ဖြစ်တဲ့အချိန်ရောက်ရင်
အခွင့်အရေးကို မဖြုန်းတီးဖို့လိုတယ်။
Read More »

စိတ်ရှည်မှုဆိုတာ အရေးကြီးတဲ့
စိတ်ထားတစ်ခုဖြစ်ပါတယ်။

ကိုယ့်သားသမီးလေးကိုတစ်ခုသင်ပေးရမယ်ဆို“စိတ်ရှည်”ဖို့သင်ပေးမယ်။ ဒီနေ့လို လိုချင်တာချက်ချင်းရတဲ့ခေတ်မှာစိတ်ရှည်တာက စူပါပါဝါပဲ။ တရုတ်စကားပုံမှာဆို“铁杵磨成针” (Tiě chǔ mó chéng zhēn)“စိတ်ရှည်သူသည် သံချောင်းကို အပ်အဖြစ် သွန်းလုပ်နိုင်သည်”လို့ဆိုတယ်။​ Joyce Meyer ပိုတောင်မိုက်သေးတယ်။“Patience is not the ability to wait,but the ability to keep a good attitude while waiting”“စိတ်ရှည်ခြင်းဆိုတာ စောင့်ဆိုင်းနိုင်တဲ့စွမ်းရည်မဟုတ်ဘူး။စောင့်ဆိုင်းနေစဉ်မှာ ကောင်းမွန်တဲ့စိတ်သဘောထားကို ထိန်းသိမ်းထားနိုင်တဲ့စွမ်းရည်သာ ဖြစ်တယ်” တဲ့။ စိတ်တိုရင် ချက်ချင်းတုန့်ပြန်။ကိုယ့်အထင်အမြင်နဲ့ မတိုက်ဆိုင်ရင်ခံစားမှုတွေနဲ့ချက်ချင်းထုတ်ပြော။အတိတ်နဲ့ အနာဂတ်နဲ့တူတူလို့ထင်တာ။ပစ္စုပ္ပန်အတိုင်းအနာဂတ်မှာတစ်ပုံစံထဲဖြစ်နေမယ်လို့ထင်တာ။ မဟုတ်ပါဘူး။နေ့တိုင်းအလုပ်ဖြစ်တာကိုရှာ။နေ့တိုင်းဘဝကိုပိုကောင်းအောင်လုပ်သွား။တစ်နေ့ကျရင် ကိုယ့်ထက်အများကြီးအရှေ့ရောက်နေသူတွေထက်ပိုရောက်လာနိုင်မှာပါ။ စိတ်ရှည်မှုဆိုတာ အရေးကြီးတဲ့စိတ်ထားတစ်ခုဖြစ်ပါတယ်။ Phyo Paing @ Derek

စိတ်ရှည်မှုဆိုတာ အရေးကြီးတဲ့
စိတ်ထားတစ်ခုဖြစ်ပါတယ်။
Read More »

တိုက်ရိုက်ပြိုင်တယ်ဆိုတာ
ဦးနှောက်မရှိတဲ့သူတွေလုပ်တာ။

တိုက်ရိုက်ပြိုင်တယ်ဆိုတာ ဦးနှောက်မရှိတဲ့သူတွေလုပ်တာ။ ဦးနှောက်မရှိရင်ဂျိုချင်းခွေ့မယ်။ဟိုဖက်က စျေးလျော့ရင်စျေးလိုက်လျော့မယ်။တဖက်က ဒါလုပ်ကိုယ်လိုက်လုပ်မယ်။ ရေတိုကြည့်တဲ့အပိုင်းမှာပဲစဥ်းစားပြီးအစီအစဥျတကြ စဥျးစားထားပွိးတစ်ကွက်ချင်းရွေ့တဲ့ကစားကွက်မရှိတဲ့သူမျိုးမှာတိုက်ရိုက်ပြိုင်တာကိုတွေ့ရတတ်တယ်။ စိတ်ခံစားမှုနဲ့စဥ်းစားတယ်။အထင်အမြင်ကိုရှေ့တမ်းတင်တယ်။ ငါ့ကိုဒါလုပ် ချက်ချင်းဒါပြန်လုပ်မယ်လို့စဥ်းစားတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့ကိုပဲအားပြင်တတ်တယ်။ မဟာဗျူဟာရဲ့အခြေခံက“မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့”ပါ။ ကုမ္ပဏီကြီးတွေကဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။ Apple ထုတ်ကုန်တွေမှာGoogle Search ကိုထည့်ထားတဲ့အတွက်တစ်နှစ်ကို Google က Apple ကို ဘီလီယံနှစ်ဆယ်ကျော်ပေးရတယ်။ တစ်ဘီလီယံ သန်း ၁၀၀၀ ရှိတယ်။ ဘာကြောင့်လဲ။ Apple က သူကိုယ်တိုင် ရှာဖွေရေးအင်ဂျင် Search Engine ထုတ်မည့်အစားGoogle ကိုသုံးတာ သူ့အတွက် ပိုကိုက်တယ်။ နောက်ဒါက သူအထူးပြုတဲ့နေရာမဟုတ်ဘူး။ Apple က consumer tech ကိုသွားတယ်။Microsoft က လုပ်ငန်းတွေရဲ့နည်းပညာပံ့ပိုးမှုကိုသွားတယ်။Google က ကမ္ဘာ့သတင်းအချက်စီးစဥ်မှုကိုကြော်ငြာလုပ်ငန်းမော်ဒယ်နဲ့သွားတယ်။Meta က လူမှုကွန်ယက်ပိုင်းသွားတယ်။ အကုန်လုံးကတော့ ပြိုင်ရတယ်။ဒါပေမယ့် တိုက်ရိုက်မပြိုင်ကြဘူး။

တိုက်ရိုက်ပြိုင်တယ်ဆိုတာ
ဦးနှောက်မရှိတဲ့သူတွေလုပ်တာ။
Read More »

သော့ဖွင့်နိုင်ရင်
ကျန်တာတွေ အကုန်လွယ်သွားတတ်တယ်။

ဘာသာစကားလေ့လာတဲ့အခါမှတ်ဥာဏ်နဲ့လေ့လာရတဲ့အပိုင်းရှိတယ်။ဖော်မြူလာနဲ့အပိုင်းရှိတယ်။ စား၊ သွား၊ လာ၊ ထိုင်။ ဒါတွေက မှတ်ဥာဏ်နဲ့မှတ်ရပြီးနေ၊ ခဲ့၊ ပြီး၊ လိုက်၊ တော့။ ဒါတွေက ဖော်မြူလာနဲ့သွားလို့ရတယ်။ စားနေတယ်။စားခဲ့တယ်။ စားပြီးတယ်။စားလိုက်တယ်။ စားတော့။ အဲ့ဖော်မြူလာထဲထည့်လိုက်ရင်အဓိပ္ပာယ်တွေကပြောင်းသွားတယ်။ အင်္ဂလိပ်ဘာသာအရဆို eat + ing = eating (စားနေဆဲ)eat + ed = ate (စားပြီး)have + eaten = have eaten (စားပြီးပြီ)just + ate = just ate (ယခုပဲစားပြီး) တရုတ်ဘာသာ: 吃 + 着 = 吃着 (chī zhe) (စားနေတယ်)吃 + 了 = 吃了 (chī

သော့ဖွင့်နိုင်ရင်
ကျန်တာတွေ အကုန်လွယ်သွားတတ်တယ်။
Read More »

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။

တချို့သူတွေက စာဖတ်တာအလကား။Theory ကြီးထဲပဲမပိတ်မိစေနဲ့။ စာအုပ်ထဲအဖြေမရှိဘူး။ဘဝထဲမှာ အဖြေရှိတယ်ဆိုပြီးကိုယ့်ကိုဂျင်းထည့်လိမ့်မယ်။မယုံနဲ့။သူတို့ကျခိုးဖတ်ပြီးစာအုပ်ထဲမှာ အဖြေမရှိဘူးဖြစ်နိုင်မလား။ စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့လဲမလွယ်ဘူး။လောကီပညာလဲမတတ်ဘူး။လောကုတ္တရာလဲသေချာနားမလည်နိုင်ဘူး။ သီအိုရီရဲ့အဓိပ်ပာယျကဘာလဲပြန်မေးကြည့်ရင်အင်းအင်းအဲအဲဖြစ်နေလိမ့်မယ်။ သီအိုရီဆိုတာအကြောင်းအရာတစ်ခုကို စနစ်တကျသိပ္ပံနည်းကျ အယူအဆနဲ့ ရှင်းလင်းချက်တွေပါ။ အခြေခံမူ၊ စည်းမျဥ်း။ ဥပမာဂီတသီအိုရီ၊ စီးပွားရေးသီအိုရီ။ ရူပဗေဒမှာကျတော့လက်တွေ့လုပ်ဆောင်ဖို့အစပိုင်းမှာအခက်အခဲရှိနေနိုင်သေးတယ်။သီအိုရီအရဖြစ်နိုင်ပြီ။ ဒါလေးကို ကြားဖူးနားဝဖြစ်ပြီးသီအိုရိတွေမပြောနဲ့ဆိုတာဖြစ်လာတာ။ ဂျင်းထည့်တာမယုံပါနဲ့။အတွေးအခေါ် အဆိပ်ခပ်တာမယုံပါနဲ့။ စဥ်းစားကြည့်ပါ။သုတေသနတွေကြည့်ပါ။ ဒီနေ့ခေတ် အေအိုင်ခေတ်မှာသုတေသနလုပ်ရတာလွယ်လွန်းလို့။ ဒီလို ဂျင်းကောင်တွေ ဟန်ရှိပြီး အဆံမရှိသူတွေကျဆုံးချိန်။ Phyo Paing @ Derek

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။ Read More »