လူတွေရဲ့ မှောင်နေတဲ့အခြမ်း dark side တွေကို မြင်နေကျဆို လူတွေရဲ့ သဘောမနောကို နားလည်သွားမယ်။ ဘဝမှာ လူတွေရဲ့ မျက်နှာဖုံးတွေအမျိုးမျိုးတွေ့ဖူးတယ်။ကံကောင်းတယ်လို့ဆိုရမယ်။ ငယ်ကတည်းက မတူညီတဲ့နေရာမတူညီတဲ့ဘဝအခြေအနေကြားမှာလူတွေရဲ့မတူညီတဲ့ သရုပ်တွေကို စောစောစီးစီး လေ့လာသိရှိခဲ့ရတယ်။ ငါတို့တွေ အေးအတူပူအမျှပေါ့ဆိုတဲ့ဟာကဒုက္ခနည်းနည်းရောက်နေရင်အဆင်ပြေတယ်။ ဒုက္ခတော်တော်ရောက်ရင် အေးအတူပူအမျှမဟုတ်တော့ဘူး။ ချမ်းသာမှုများများရတဲ့အခါသာတူညီမျှဖြစ်ချင်မှ ဖြစ်မယ်လေ။ ကလေးတွေထဲမှာ ကိုယ့်ကလေးကိုတော့အချစ်ဆုံးပဲလေ။ ကလေးငါးယောက်ရှိတယ်။နှစ်ယောက်ပဲကယ်ရမယ်ဆို ကိုယ့်ကလေးကိုယ်ပဲ အရင်ကယ်မှာပဲ။ ဒါကတော့ လူအများစု ဒီလိုပဲ စဉ်းစားမယ်လို့ထင်တယ်။ ကမ္ဘာလောကကြီးကိုလဲ အဲ့လိုပဲမြင်တယ်။ လူတိုင်းသည် ကိုယ့်အကျိုးစီးပွါးနဲ့ကိုယ်ပဲ။ ရေရှည်မှာ ဘာကြီးကိုဘယ်လောက်ချစ်ချစ်၊ဘယ်လောက်ယုံကြည်ကြည်ကိုယ့်အကျိုးစီးပွါးကို အဓိကရှေးရှုရွေးချယ်ကြတာပဲ။ဒါက ထူးခြားတဲ့အရာမဟုတ်ဘူး။လူ့သဘောတရားတစ်ခုပဲ။ နားထောင်ရတာ ခါးသလိုလိုရှိပေမယ့်ဒါက ဘဝ အမှန်တရားပဲ။ ကိုယ့်ဘဝ ဘယ်သူမှလာကယ်နေမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ်ပဲ ကယ်ရမှာ။ ဗုဒ္ဓက လမ်းပြပေးခဲ့တယ်။ ကိုယ့်ဘဝ ကိုယ်ပဲကယ်ရမှာ။ ဒါကတော့ ကိုယ်ယုံကြည်တဲ့ပုံပေါ့။ မိတ်ဆွေက ခရစ်ယန်ဆိုရင်တော့တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်။