March 2025

တိုးတက်ဖို့က ကြိုးစားရုံနဲ့မရဘူး။

ရှိတာလေးနဲ့ ဖြစ်သလိုနေလဲဖြစ်တယ်။ဒါက ကိုယ့်ကိုရင်ခုန်စေတဲ့ဘဝမဟုတ်ဘူး။ ကိုယ့်ကိုရင်ခုန်စေတာလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲချင်တာ။ တိုးတက်ဖို့က ကြိုးစားရုံနဲ့မရဘူး။ပေးထားတဲ့ဘဝပေးအခြေအနေပေါ်မူတည်ပြီးရွေးချယ်မှု strategic choice တွေလုပ်ရတယ်။ Phyo Paing @ Derek

တိုးတက်ဖို့က ကြိုးစားရုံနဲ့မရဘူး။ Read More »

အရေခွံလဲသင့်ရင် လဲပါ။

မနက်ဖြန် ဆက်ရန်ခရီိးတွေအတွက်ကိုယ့်ကိုကိုယ်အပြောင်းအလဲလုပ်ရင်းတန်ဖိုးထားမှုတွေပြောင်းသွားတယ်။ခံယူချက်တွေပြောင်းသွားတယ်။လောကအမြင်ပြောင်းသွားတတ်တယ်။ လူတွေ အရင်ကိုယ့်ကိုမမှတ်မိတော့ဘူး။အရင်ကိုယ့်ကိုသဘောကျတဲ့သူသဘောမကျတော့ဘူး။အရင်မသိတဲ့သူတွေနဲ့သိလာတယ်။​အရင်မကြုံဖူးတဲ့အတွေ့အကြုံတွေကြုံဖူးလာတယ်။ ကိုယ့်ရဲ့ပြောင်းလဲမှုဖြစ်စဥ်တိုင်းကညင်သာနေမှာတော့မဟုတ်ဘူး။ မြွေတွေလိုပဲ အရေခွံတွေလဲနေရတယ်။မြွေတွေ အရေခွံမလဲရင်သူ့ရဲ့ကြီးထွားမှုကို ထိခိုက်စေတယ်။ အရေခွံလဲသင့်ရင် လဲပါ။ Phyo Paing @ Derek

အရေခွံလဲသင့်ရင် လဲပါ။ Read More »

မဝုန်းခင် မရှုံးအောင်လေ့လာပါ။

တစ်ခုခုကို အားကုန်ထည့်မဝုန်းခင်ဝုန်းသင့်မဝုန်းသင့်အချိန်ပေး၊စမ်းသပ်၊ လေ့လာပါ။Discovery before Dedication. မဝုန်းခင် မရှုံးအောင်လေ့လာပါ။ Phyo Paing @ Derek

မဝုန်းခင် မရှုံးအောင်လေ့လာပါ။ Read More »

လောကကြီးက မတရားဘူး။ ကျင့်သားရအောင်လုပ်။

လောကကြီးက မတရားဘူး။ကျင့်သားရအောင်လုပ်။ဒါက ဘီဂိတ်တစ်ခါကပြောခဲ့တဲ့နာမည်ကြီး စကားပဲ။“Life is not fair, get used to it.” စတိုးဝတ် အတွေးအခေါ်Stoic Philosophy အရဆိုဘဝကြီးကမတရားဘူး။ငါထိန်းချုပ်လို့ရတာကိုပဲငါအာရုံစိုက်မယ်။​ဒီလိုစဥ်းစားတယ်။ ဘဝမှာ ထိန်းချုပ်လို့မရတာအများကြီးပဲ။​ စတိုးဝတ် Stoics တွေတန်ဖိုးထားတာ လေးခုရှိတယ်။​ ၁။ မှန်ကန်တဲ့အမြင်ဒါကို ဥာဏ်ပညာ (Wisdom) လို့ခေါ်တယ်။​ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိနဲ့တူပေမယ့်အဓိပ်ပာယျမတူဘူး။ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိက ပညာ။သစ္စာလေးပါးဖြစ်တဲ့ဘဝဆိုတာ ဒုက်ခ။ဒုက္ခဆိုတာ တပ်မက်မှုတွေကလာတယ်။အဆုံးသတ်တဲ့နေရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။သူကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။​ကံ ကံ၏အကျိုးသိရမယ်။ စတိုးဝတ်အတွေးအခေါ်Stoic Philosophy ရဲ့မှန်ကန်တဲ့အမြင် (ပညာ)ကလောကမှာ ထိန်းချုပ်လို့ရတဲ့အရာရှိတယ်။ထိန်းချုပ်လို့မရတဲ့အရာရှိတယ်။ထိန်းချုပ်လို့ရတဲ့အရာကိုအဓိက အာရုံစိုက်။ ဥပမာ အတိတ်ကို သွားပြင်လို့မရဘူး။အဓိပ္ပာယ်ဖွင့်တာကိုပဲပြောင်းလို့ရတယ်။မနေ့ကကို သွားပြင်လို့မရဘူး။ဒီနေ့ကိုပြင်လို့ရသေးတယ်။ ၂။ သတ္တိ (အကြောက်တရားတွေကိုရင်ဆိုင်ပါ။)Courage သတ်တိဆိုတာကြောက်နေတာကိုကြောက်ကြောက်နဲ့လုပ်ဆောင်ခြင်း။ဒီမှာပြောတဲ့ သတ္တိဆိုတာအကြောက်တရားကင်းမဲ့တာကိုပြောတာမဟုတ်ပဲဆင်ခြင်တုံးတရားရှိရှိရှေ့ဆက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ ဥပမာ စင်ပေါ်တက် စကားပြောရမှာကြောက်ကြောက်နဲ့ လုပ်စရာရှိတာအကောင်းဆုံးသတ္တိရှိရှိလုပ်တာ။

လောကကြီးက မတရားဘူး။ ကျင့်သားရအောင်လုပ်။ Read More »

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခု

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခုကမနေ့က ငါလုပ်ခဲ့တဲ့ဂုဏ်ယူတဲ့အရာတစ်ခုဆိုဘာများဖြစ်မလဲ။ နေ့စဥ် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေလုပ်ရင်ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလဲဂုဏ်ယူလာမယ်။ Phyo Paing @ Derek

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခု Read More »