တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။
တစ်ရက်စာ။ ဒီတစ်ရက်စာကို အရင်စဥ်းစားတယ်။ ငါနေ့စဥ် ဘယ်လို ဘဝမျိုးနေချင်သလဲ။ ဘယ်လိုမျိုးနေရာမှာဘယ်လိုလူတွေနဲ့ ဝန်းရံမလဲ။ နေ့စဥ် ဘာတွေလုပ်နေချင်သလဲ။တစ်ရက်တာကို ဘယ်လိုခံစားမှုမျိုးနဲ့ဖြတ်သန်းပြီး တစ်ရက်ကုန်သွားတိုင်းကုသိုလ်၊ ဥစ္စာ၊ ပညာဘာတွေကျန်ခဲ့မလဲ။ ဒီလိုနေဖို့အတွက် ကုန်ကျစရိတ်ဘယ်လိုရှိနိုင်မလဲ။ဘယ်လောက်ဝင်ဖို့လိုမလဲ။ တစ်ရက်စာပြီးရင်တစ်သက်စာ စဥ်းစားဖို့လိုလာပြန်တယ်။ ကမ္ဘာကြီးဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝပုံစံဖြစ်တဲ့ဘဝရဲ့ ဇိမ်ခံပစ္စည်း luxury ဖြစ်တဲ့လွတ်လပ်မှုနဲ့ အေးချမ်းမှုရဖို့စိတ်ကို ဘယ်လိုထားဖို့လိုမလဲ။ဘာတွေပြင်ဆင်ဖို့လိုမလဲ။ အနာဂတ်မှာ ကိုယ့်ကို ဒုက္ခပေးနိုင်မည့်အရာတွေကဘာတွေရှိနိုင်မလဲ။ကိုယ့်အတွက် အဆိုးဆုံးဖြစ်နိုင်ခြေဘာတွေရှိနိုင်မလဲ။ဒါတွေကို ဖြစ်လာတဲ့အခါဘယ်လို ရင်ဆိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ဘဝမှာ ကိုယ့်အနာဂတ်ကို define လုပ် အဓိပ္ပာယ်ဖွင့်မည့်အရာကကိုယ့်ဘဝရဲ့ ပုံစံdesign ပဲ။ တစ်သက်စာအတွက်တစ်ရက်စာနဲ့ စတင်ပါ။ Phyo Paing @ Derek
တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။ Read More »