April 2025

အတွေးအခေါ်မတူရင် (Philosophy)

ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်မတူရင် (Philosophy) အထင်အမြင်မတူဘူး။ (Perception) အထင်အမြင်မတူရင်အယူအဆမတူဘူး။ (Concept) အယူအဆမတူရင်လောကအမြင်မတူဘူး။ (View) လောကအမြင်မတူရင်လုပ်ရပ်တွေလဲမတူဘူး။ (Action) လုပ်ရပ်မတူရင်ရလဒ်တွေလဲမတူဘူး။ (Result) Phyo Paing @ Derek

အတွေးအခေါ်မတူရင် (Philosophy) Read More »

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။

ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။ အောင်မြင်တဲ့သူတွေကပိုအောင်မြင်တယ်။ တော်တဲ့သူတွေက ပိုတော်လာတယ်။ ဘာကြောင့်လဲ။ သညာလို့ခေါ်တဲ့ perception နဲ့ဆိုင်မယ်။ သညာက “အာရုံ”ကို “သိမြင်”၊ “ခွဲခြား”၊ “မှတ်သား”ပေးတယ်။ အဖြူ၊ အနီ၊ အပြာ၊ အဝါကိုသိသလိုချို၊ ချဥ်၊ ငံ၊ စပ်၊ ခါးကိုလဲသိတယ်။ သညာစေတသိတ်ကကောင်းတဲ့ ကုသိုလ်စေတသိတ်လဲမဟုတ်ဘူး၊မကောင်းတဲ့ အကုသိုလ်စေတသိတ်လဲမဟုတ်ဘူး။စိတ်တိုင်းတွင် မပါမနေ ပါဝင်တယ်။စိတ်အလုပ်လုပ်တိုင်း သညာပါတယ်။ အခု ဒီစာကို ဖတ်ပြီးနားလည်တာကလဲသညာစေတသိတ်က အလုပ်လုပ်နေတာ။ တစ်ယောက်နဲ့တစ်ယောက်အဓိပ္ပာယ်ဖွင့်ပုံ တူချင်မှတော့တူလိမ့်မယ်။ သူက အညာစေတသိက် ၁၃ ပါးထဲကအညာဏသာဓာရဏ ၇ ပါးထဲက တစ်ပါးဖြစ်ပါတယ်။ ဒီ သညာ Perception အထင်အမြင်ကအဓိပ္ပာယ်ဖွင့်တာလွဲသွားရင်ဘဝကလဲ လွဲသွားတတ်တယ်။ လောကုတ္တရာအဓိပ္ပာယ်ဖွင့်တာလွဲရင်လောကုတ္တရာချမ်းသာရဖို့မဖြစ်နိုင်သလိုလောကီရေးရာ အဓိပ္ပာယ်ဖွင့်တာလွဲရင်လောကီရေးရာချမ်းသာရဖို့ မဖြစ်နိုင်ဘူးလို့ဆိုရမယ်။ သညာရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကပထမအဆင့် – အာရုံကို ခံယူခြင်း

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။
Read More »

ကျွန်တော့်အတွက်
Motivation လို့ခေါ်တဲ့
စိတ်ခွန်အားမလိုဘူး။

Inspiration လို့ခေါ်တဲ့စိတ်လှုပ်နှိုးမှုလိုတယ်။ စိတ်လှုပ်နှိုးမှုက စိတ်ဝင်စားစရာ အိုင်ဒီယာသစ်၊နေရာသစ်၊ လူသစ်၊ နည်းပညာသစ်၊ ဖြစ်နိုင်ခြေအသစ်တွေနဲ့ ဓာတ်ပြုရင်ဖြစ်တယ်။ John C. Maxwell ကတော့စိတ်လှုပ်နှိုးမှုရှိမှ အလုပ်လုပ်တာကို Inspiration Trap တဲ့။ ဒါကိုကျော်လွှားဖို့ ဥပဒေသတစ်ခုလုပ်ထားတယ်။Rituals are the Right Way, Flow Finds Its Way.နေ့စဥ်ထုံးတမ်းစဥ်လာ လုပ်စရာရှိတာလုပ်။စျာန်ဝင်ပြီး အလုပ်ပြီးမှာ တကယ်အဟုတ်။ အယ်လဲ့။ အဲ့လိုနေ့စဥ်လုပ်စရာတွေလုပ်တယ်။ အသစ်ဖြစ်နိုင်ခြေတွေအတွက်စိတ်လှုပ်နှိုးမှုရှာတယ်။ ဒီစိတ်လှုပ်နှိုးမှုက ကိုယ့်စိတ်ကိုယ်ကိုလေ့လာရာကလဲဖြစ်တယ်။ ကိုယ့်အတွေးတွေ ဖြစ်လိုက်၊ ပျက်လိုက်။လာလိုက်၊ ပျောက်သွားလိုက်။ ဒါကို အကောင်းအဆုံး မဝေဖန်judge မလုပ်ပဲ သေချာရှုနိုင်ရင်လဲစိတ်လှုပ်နှိုးမှုအသစ်တွေဖြစ်နိုင်တယ်။ ဘဝက တိုမလိုနဲ့ရှည်ပြီးရှည်မလိုနဲ့ တိုတယ်။အရေးကြီးတာ အသက်ရှင်တုန်း အသက်ဝင်နေဖို့လိုတယ်။ စိတ်လှုပ်နှိုးမှု mentally stimulated ဖြစ်နေဖို့လိုတယ်။ Phyo Paing

ကျွန်တော့်အတွက်
Motivation လို့ခေါ်တဲ့
စိတ်ခွန်အားမလိုဘူး။
Read More »

ပြန်စဥ်းစားလိုက်ရင်

အတိတ်ရဲ့မှတ်ဥာဏ်တွေကမျက်စိတစ်မှိတ်လျပ်တစ်ဖျက်မှာကလေးငယ်ဘဝ၊အဖြူအစိမ်းကျောင်းသားဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ၊အလုပ်ခွင်ဝင်၊ကြေကွဲခံစား၊ ပျော်ပါးအရာရာက အိမ်မက်တစ်ခုလိုပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကိုရှင်သန်မှုလို့ခေါ်တယ်။လောကမှာ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိဒီကိလေသာ ၄၄ ပါးနဲ့လောလောပြီး ကနေရတော့လောကီလို့ခေါ်တယ်။ ဒါရဲ့အလွန်ကိုသွားနိုင်တာကိုလောကုတ္တရာလို့ခေါ်တယ်လို့ဗုဒ္ဓက ဆုံးမခဲ့တယ်။ ဒီရှင်သန်ခြင်း ရက်ပေါင်း ၃၀၀၀၀၈၂ နှစ်နဲ့ ၄၄ ရက်မှာ“အသက်ရှင်ပြီး အသက်ဝင်ဖို့လိုတယ်။” ဓမ္မပဒ ထဲမှာ ဗုဒ္ဓက “အပ္ပမာဒေန မဃ္ဃဝါန၊ ပမာဒေန မစ္စုနော”“မမေ့လျော့သောသူသည် မသေတရားကို ရောက်၏၊ မေ့လျော့သောသူသည် သေပြီးသူနှင့် တူ၏”ဟောကြားခဲ့တယ်။ အသက်ရှင်ပြီး အသက်ဝင်ဖို့ ဘဝကို သတိနဲ့နေထိုင်ဖို့လိုလာတယ်။သတိဆိုတာ သောဘဏစေတသိတ်တစ်ပါးဖြစ်ပြီးအာရုံကို မလွတ်ကင်းအောင် စွဲကိုင်ထားတတ်ခြင်း၊အာရုံကို မမေ့အောင် မှတ်သားနိုင်ခြင်း၊စိတ်ကို အာရုံမှ မထွက်အောင် တည်စေခြင်းသဘာဝကိုလုပ်ဆောင်ပေးတယ်။ ဒီလိုသတိရှိရှိနေထိုင်တာကို Mindfulness လို့ခေါ်ပြီး ပါဠိလို့သတိပဋ္ဌာန (Satipaṭṭhāna) လို့ခေါ်တယ်။အာရုံ၊ အတွေး၊ ခံစားချက်၊ လုပ်ရှုမှုတွေကို သတိထားပြီး

ပြန်စဥ်းစားလိုက်ရင် Read More »

ဥာဏ်ဆိုတာ နားလည်သိမြင်ပြီး
ပြဿနာကို အဖြေရှာနိုင်စွမ်း။

ဥာဏ်ရှိနဲ့သူတွေကို စီမံဖို့ကိုယ်ကလဲ ဥာဏ်ရှိဖို့လိုတယ်။ဥာဏ်ရှိတဲ့ ထုတ်ကုန်တွေစီမံဖို့လဲကိုယ်က ဥာဏ်ရှိဖို့လိုတယ်။ ဥာဏ်ဆိုတာ နားလည်သိမြင်ပြီးပြဿနာကို အဖြေရှာနိုင်စွမ်း။ Phyo Paing @ Derek

ဥာဏ်ဆိုတာ နားလည်သိမြင်ပြီး
ပြဿနာကို အဖြေရှာနိုင်စွမ်း။
Read More »

ဒီ ၂၀၂၅ က Agentic AI ခေတ်။

ဒီနေ့ခေတ် အေအိုင်ရဲ့အပြောင်းအလဲကတစ်ပတ်နဲ့တစ်ပတ်တောင်မတူဘူးလို့ပြောရမယ်။ ဘယ်နေရာမှာနေနေ၊ဘာအလုပ် လုပ်နေနေ၊ဒီနည်းပညာရဲ့တိုးတက်ပြောင်းလဲမှုကို မျက်ခြေမပျက်လေ့လာနေမှနောက်ကျမကျန်ခဲ့မှာ။ ဒီ ၂၀၂၅ က Agentic AI ခေတ်။ ဒီအကြောင်းကို ဒီနေ့ YouTube မှာ ဗီဒီယိုတင်ပေးထားပါတယ်။ Phyo Paing @ Derek

ဒီ ၂၀၂၅ က Agentic AI ခေတ်။ Read More »

ဘဝကို
အသက်ရှင်ပြီး အသက်ဝင်ချင်ရင်
အဿပြာတွေရှာနေရင်းနဲ့
အဓိပ္ပာယ်ပါရှာဖို့လိုတတ်တယ်။

အဿပြာပြည့်စုံရင်အဓိပ္ပာယ်ရှာတတ်တာလူတွေရဲ့သဘော သဘာဝ။ Money ပြီးရင်Meaning ရှာတယ်။ ရှင်သန်မှုရဲ့အဓိပ္ပာယ်ကိုတချို့က အချစ်ကရှာတယ်။တချို့က အလုပ်ကရှာတယ်။တချို့က အောင်မြင်မှုကရှာတယ်။တချို့က အာဏာပါဝါက ရှာတယ်။တချို့က ပေးဆပ်မှုကရှာတယ်။တချို့က တွေ့ရှိမှုကရှာတယ်။တချို့က မျှဝေမှုကရှာတယ်။တချို့က ဘာသာတရားကိုးကွယ်မှုကရှာတယ်။ ရှင်သန်မှုရဲ့ အဓိပ္ပာယ်ရှာမတွေ့တဲ့အခါလောကမှာ လမ်းတွေပျောက်တယ်။သောကတွေများပြီးဒေါသတွေပွားတယ်။အခြေခံကကိုယ့်ရဲ့ရှင်သန်ခြင်းအဓိပ္ပာယ်ကိုမသိနားမလည်ခြင်း မောဟကလာတယ်။ သောကတွေနည်း၊ဒေါသတွေစဲဖို့ကိုယ့်ရှင်သန်ဖို့ရဲ့အဓိပ္ပာယ်ရှာဖို့လိုတယ်။ Logo ဆိုတာ အဓိပ္ပာယ်။ဘဝရဲ့အဓိပ္ပာယ်ရှာဖွေခြင်းနဲ့လူတွေရဲ့စိတ်ရောဂါကိုကုသပေးတဲ့Logotherapy ဆိုတာစိတ်ပညာမှာ ရှိတယ်။Man’s search for meaningဘဝအဓိပ္ပာယ်ရှာဖွေခြင်းလို့ဆိုတဲ့ကမ္ဘာကျော်စာအုပ်ကိုရေးခဲ့တဲ့Dr. Viktor Frankl ဖန်တီးထားတာ။ ဘဝကိုအသက်ရှင်ပြီး အသက်ဝင်ချင်ရင်အဿပြာတွေရှာနေရင်းနဲ့အဓိပ္ပာယ်ပါရှာဖို့လိုတတ်တယ်။ Phyo Paing @ Derek

ဘဝကို
အသက်ရှင်ပြီး အသက်ဝင်ချင်ရင်
အဿပြာတွေရှာနေရင်းနဲ့
အဓိပ္ပာယ်ပါရှာဖို့လိုတတ်တယ်။
Read More »

ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတာကျွမ်းကျင်ဖို့လိုတယ်

ဒီနေ့ခေတ်မှာအရေးအကြီးဆုံးကဘာကျွမ်းကျင်မှုရှိရမလဲဆိုရင်“ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတာကျွမ်းကျင်ဖို့လိုတယ်” လို့ထင်တာပဲ။ တခြားကျွမ်းကျင်မှုတွေထက်ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့အဖြေရှာတာကိုပဲ အဓိကလုပ်တယ်။ ကျန်းမာကြံ့ခိုင်မှုမရှိဘူး။ဝိတ်တတ်၊ စွမ်းအင်မရှိ၊ အမြဲအိပ်ချင်၊သန်စွမ်းမှုနည်းဖြစ်နေတယ်။ဒီပြဿနာ အဖြေရှာရပြန်တယ်။ အင်္ဂလိပ်စာမဖတ်တတ်။စာဖတ်ရင်နှေး။ပြီးရင်မမှတ်မိ။ဗဟုသုတနည်း။သင်ယူမှုနှေး။ဒီပြဿနာတွေ ဖြေရှင်းရပြန်တယ်။ အပေါင်းအသင်းမတတ်။ကိုယ်ပြောချင်တာကို မရေးတတ်။ကိုယ်ဆိုလိုတာကို မပြောတတ်။လူရှေ့မှာထွက်စကားပြောဖို့ ကြောက်။ဒီပြဿနာဖြေရှင်းရပြန်တယ်။ ဝင်ငွေနဲ့ ထွက်ငွေမမျှ။ဝင်သမျှအကုန်ကုန်။ဝင်ငွေတိုးဖို့ ကိုယ်တိုင်လုပ်ငန်းလုပ်။လုပ်ငန်းလုပ်တော့ရောင်းရအမြတ်မကျန်။အမြတ်ကျန် ဝန်ထမ်းမမြဲ။ဝန်ထမ်းမြဲ ဥစ္စာစောင့်ဖြစ်။ဒီပြဿနာတွေ ဖြေရှင်းရပြန်တယ်။ ကိုယ်မပါဘဲ လည်ပတ်ပြန်တော့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေကြားရှေ့ဆက်ရမည့် အနာဂတ်မသေချာ။ဒီအတွက် အဖြေရှာရပြန်တယ်။ မားကတ်တင်းအလုပ်မဖြစ်။အလုပ်ဖြစ်တော့ ကြော်ငြာစရိတ်များ။လုပ်ငန်းတူတွေကော်ပီကူး။အလုပ်ဖြစ်တော့ အဆဲမလွတ်။ဒီအတွက် အဖြေရှာရပြန်တယ်။ အချစ်ရေး အဆင်မပြေ။အဆင်ပြေတော့ ကြာကြာမခံ။ကိုယ်အဆင်ပြေ သူအဆင်မပြေ။သူအဆင်ပြေ ကိုယ်အဆင်မပြေ။မိဘက ကိုယ့်စကားနားမထောင်။ကူပေးလေမောလေ။ဒီပြဿနာတွေ အဖြေရှာရပြန်တယ်။ ကိုယ့်စကားကိုယ်နားမထောင်။နားထောင်တော့လဲ ခဏ။ဒီအတွက် အဖြေရှာရပြန်တယ်။ တခါတလေ ဘာအလုပ်လုပ်လဲမေးရင်“ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတဲ့အလုပ် လုပ်တယ်”ဒီလိုပဲ ဖြေလိုက်တယ်။ Phyo Paing @ Derek

ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတာကျွမ်းကျင်ဖို့လိုတယ် Read More »

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ

ဒီလိုကြုံဖူးလားမသိဘူး။လူတစ်ယောက်အကြောင်းစဉ်းစားနေတုန်းသူ့ဆီက မက်ဆေ့ပို့လာတာမျိုး။တစ်ယောက်ယောက်ကို တွေးနေတုန်းသူနဲ့လမ်းမှာ ဆုံတာမျိုး။ ဒါကို စိတ်ပညာရှင်ကြီးCarl Jung က synchronicityအဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများလို့နာမည်ပေးခဲ့တယ်။ ဒါဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။လူတချို့ ဘဝမှာ မကြာမကြာကြုံဖူးတတ်ကြတယ်။အထူးသဖြင့် intuitive ဖြစ်တဲ့သူတွေမှာဒီလိုအဖြစ်အပျက်ပိုတွေ့တတ်တယ်လို့ဆိုတယ်။ ဒါကို တချို့က cognitive biasစဉ်းစားမှုဆိုင်ရာဘက်လိုက်မှုလို့ဆိုသလို၊တချို့က ရာခိုင်နှုန်းအရကြည့်ရင်ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုလို့ဆိုပြီး၊Carl Jung ကတော့Collective unconsciousness ကြောင့်လို့ဆိုတယ်။ ဘဝမှာ အဲ့လို ကြုံဖူးသလား။ Phyo Paing @ Derek

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ Read More »

ကိုယ်စိတ်ထဲက အမှိုက်တွေ
နေ့စဥ်ရှင်းနေဖို့လိုတယ်။

လူတွေရဲ့စိတ်ကအမှိုက်တွေနဲ့ရှုပ်ပွနေတယ်။မယုံရင် ခဏလောက်ဒီအတိုင်းလေးထိုင်ပြီးနှာသီးဖျားမျာ ဝင်လေထွက်လေမှတ်ကြည့်။ပုံတွေ၊ အသံတွေ၊ အတွေးပေါင်းစုံရောက်လာလိမ့်မယ်။ လူတွေက ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်တယ်လို့ထင်တာ။အမှန်တော့ ဗုဒ္ဓအဆုံးအမအရစိတ်ကို စေတသိတ် ၅၂ ပါးကအစဥ်ခြယ်လှယ်နေတယ်။ ကောင်းတဲ့စေတသိတ်တွေအပြင်မကောင်းတဲ့ စေတသိတ်တွေပါပါတယ်။ သဒ်ဒါ၊ သတိ၊အကောင်းမှုပြုလုပ်ရမှာရှက်ခြင်း ဟီရိ၊သနားညာတာတဲ့ ကရုဏာ၊သူတစ်ပါးဝမ်းသာမှုကို ဝမ်းမြောက်တဲ့ မုဒိတာ၊အမှန်ကိုသိမြင်သောဉာဏ် ပညာကို ပွားများတာကောင်းတဲ့စေတသိတ်တွေကိုပွားများတာပဲ။ လောဘ၊ ဒေါသ၊ မောဟ၊မာန၊ မနာလိုခြင်းဖြစ်တဲ့ ဣဿာ၊မှားယွင်းသောအယူ ဒိဋ္ဌိ၊မကောင်းမှုပြုရန် မရှက်ခြင်း အဟိရိကဒါတွေကို ကိုယ်စိတ်နှုတ်ကနေလုပ်ပြီးပွားများနေခြင်းကမကောင်းတဲ့စေတသိတ်တွေပွားနေတာပဲ။ လူမှုကွန်ယက် social media ဆိုတာအလိုမပြည့်ခြင်း၊​ လောဘ၊ဒေါသ၊ မောဟ ကို လောင်စာဆီသုံးတဲ့အခါပိုမိုပေါက်ကွဲတယ်။ သံသရာခရီးသည်ဖြစ်တဲ့အတွက်ဒီသံသရာခရီး ဒီဘဝနဲ့အဆုံးသတ်နိုင်ဖို့နေ့စဥ်အမှိုက်ရှင်းဖို့လိုတယ်။ နောက်ပြီးနေ့စဥ်သတိ၊ ပညာ၊ သဒ္ဒါပွားများနိုင်ဖို့လိုတယ်။ ကိုယ့်စိတ်ကိုယ်တောင် မပိုင်တာ၊တခြားသူတွေကို အပြစ်ပြောနေတာလဲထိရောက်မှု အများကြီးရှိချင်မှရှိမယ်။​ ကိုယ်စိတ်ထဲ့က အမှိုက်တွေနေ့စဥ်ရှင်းနေဖို့လဲလိုတယ်။ ကိုယ့်ကိုကိုယ် သတိပေးရင်းမှတ်စုထုတ်ဖြစ်တာလေး ပြန်မျှဝေဖြစ်တာ။ Phyo Paing @

ကိုယ်စိတ်ထဲက အမှိုက်တွေ
နေ့စဥ်ရှင်းနေဖို့လိုတယ်။
Read More »