May 2025

အခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။

ရည်မှန်းချက် သေးရင်ပြဿနာတွေက ကြီးသွားတယ်။ရည်မှန်းချက် ကြီးရင်ပြဿနာတွေက သေးသွားတယ်။ ရည်မှန်းချက်သေးရင်ခံစစ်နဲ့ဆော့ဖို့ပဲ စဥ်းစားမိတယ်။ရည်မှန်းချက်ကြီးရင်ဖြစ်လာတဲ့ ပြဿနာအဖြေရှာအခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။ Phyo Paing @ Derek

အခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။ Read More »

အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာ

စိတ်ပိုင်းဆိုင်ရာအရမရှိဘဲမနေနိုင်တာကို အချစ်လို့ခေါ်ကြတယ်။ ဘေးနားမှာရှိရင်ရှိမယ်။အတွေးထဲမှာ ရှိရင်ရှိမယ်။ လူတွေကို ချစ်လို့ရတယ်။အရာဝတ္ထုတွေကိုချစ်လို့ရတယ်။တိရစ္ဆာန်လေးတွေကိုချစ်လို့ရတယ်။ဝါဿနာတွေကို ချစ်လို့ရတယ်။ အစားအစာတွေကို ချစ်လို့ရတယ်။ တချို့က အချစ်တွေရှားတယ်။တချို့က အချစ်တွေများတယ်။ တချို့က ဒီအလုပ်တစ်ခုတည်းကိုချစ်တယ်။တချို့က အလုပ်တွေ အများကြီးကိုချစ်တယ်။ တချို့က ဝါဿနာပါတာ တစ်ခုတည်း။တချို့က ဝါဿနာပါတာ အများကြီး။ ရင်ခုန်တာမရှိရင် မနေနိုင်သူအတွက်ရင်ခုန်မှုပေးတာက အချစ်။ လုံခြုံတာကြိုက်တဲ့သူအတွက် လုံခြုံတာပေးနိုင်တာကအချစ်။ အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာ ကိုယ့်အမှတ်တံဆိပ်ကို ချစ်အောင်လုပ်တာ။ကိုယ့်ပရိသတ်တွေ ကိုယ့်အမှတ်တံဆိပ်မရှိဘဲ မနေနိုင်အောင်လုပ်တာ။ မစဥ်းစားဘဲ မနေနိုင်အောင်လုပ်တာ။ Phyo Paing @ Derek

အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာ Read More »

နားမလည်ရင် မှားမယ်။

လူတွေရဲ့ဘဝကရွေးချယ်မှုတွေကြောင့်ကွာသွားတယ်။ ဘယ်မှာနေ၊ ဘာအလုပ်လုပ်၊ ဘယ်လိုတွေး၊ဘယ်လိုကြံစီ၊ဘယ်လို အကောင်အထည်ဖော်၊ဘယ်သူတွေနဲ့ပေါင်းဒီရွေးချယ်မှုတွေလုပ်ရတယ်။ ဘယ်အရာကို ရပ်ပြီး၊ဘယ်အရာတွေကို စရမယ်။ ဘယ်အရာတွေကို အာရုံစိုက်ပြီးဘယ်အရာတွေကို လျစ်လျူရှုရမယ်။ ဒီရွေးချယ်မှုတွေပြုလုပ်ရတယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ဖို့မှန်ကန်တဲ့ အမြင်လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့မှန်ကန်တဲ့ နားလည်မှုလိုတယ်။ နားလည်ဖို့ လေ့လာရတယ်။စဥ်းစားသုံးသပ်ရတယ်။သင်ခန်းစာယူတတ်ရတယ်။ စီးပွားရေးအကြောင်းနားမလည်ရင်စီးပွားရေးမှာ မှားတဲ့ဆုံးဖြတ်ချက်တွေအများကြီးချမိမယ်။ မားကတ်တင်းအကြောင်းနားမလည်ရင်မားကတ်တင်းမှာ မှားတဲ့ဆုံးဖြတ်ချက်တွေအများကြီးချမိမယ်။ ကိုယ့်ကိုကိုယ် နားမလည်ရင်ကိုယ့်ဘဝရဲ့ဆုံးဖြတ်ချက်အမှားကြီးတွေ အများကြီးချမိမယ်။ နားမလည်ရင် မှားမယ်။ Phyo Paing @ Derek

နားမလည်ရင် မှားမယ်။ Read More »

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။

လူတိုင်းက ကိုယ့်အောင်မြင်ရေးဖော်မြူလာနဲ့ကိုယ်။ကိုယ့် flow ဖလိုး ကိုယ်မိဖို့ကိုယ့်လမ်းကိုယ်ဖောက်၊ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Read More »

လူတိုင်းက ကိုယ်နဲ့ တန်တဲ့သူတွေကိုပဲ
တွေ့တတ်ကြတယ်။

လူတိုင်းက ကိုယ်နဲ့ တန်တဲ့သူတွေကိုပဲတွေ့တတ်ကြတယ်။လုပ်ငန်းတိုင်းက သူနဲ့တန်တဲ့ဖောက်သည်တွေနဲ့တွေ့တတ်ကြတယ်။ Phyo Paing @ Derek

လူတိုင်းက ကိုယ်နဲ့ တန်တဲ့သူတွေကိုပဲ
တွေ့တတ်ကြတယ်။
Read More »

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေသလား။

ဒီတစ်နေ့ကို အလေအလွင့်မရှိအောင်ပါရမီဖြည့်ကြည့်လို့ရနိုင်ပါတယ်။ ကိုယ့်မှာရှိထားတဲ့အရာတွေကိုမျှဝပေးတဲ့ ဒါန ပါရမီ။ ကိုယ့်ကိုလုပ်တာမကြိုက်တာကိုသူများကိုလဲမလုပ်နဲ့။သီလပါရမီ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်ဥာဏ်ပညာတိုးတက်အောင်လုပ်ခြင်းပညာပါရမီ။ ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်းသိပြီးအာရုံစူးစိုက်မှုရှိပြီးလုပ်မယ်ဆို ပြတ်ပြတ်သားသားလုပ်နိုင်တဲ့အဓိဋ္ဌာနပါရမီ။ ကိုယ်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်းကိုတစ်နေ့တစ်လှမ်းပုံမှန်ကြိုးစားခြင်းဝီရိယပါရမီ။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းလူတွေစဉ်းစားတုန့်ပြန်မှုမပြုတဲ့အခါစိတ်ရှည်ရှည်ထားရတဲ့ခန်တိပါရမီ။ ပေးထားတဲ့ကတိ တည်ဆောက်လုပ်တဲ့သစ္စာပါရမီ။ လူတွေ သတ္တဝါတွေကို နားလည်ပြီးကိုယ့်အကျိုးစီးပွါးအတွက်မပါဘဲဂရုဏာထားနိုင်တဲ့မတျတောပါရမီ။ အဖြစ်အပျက်တွေကို အကောင်း၊ အဆိုးဖြစ်လာတိုင်းမတုန်လှုပ်ပဲ စိတ်ထားနိုင်တဲ့ဥပေက္ခာပါရမီ။ ဒီကိုးပါးကတော့ နေ့စဉ်ဘဝမှာကျင့်သုံးလို့ရတယ်။ နောက်ဆုံးတစ်ခုကတော့ရံဖန်ရံခါဖြစ်ဖြစ်၊ အမြဲတန်းဖြစ်ဖြစ်လောကီသုခကို စွန့်လွတ်ပြီးရဟန်းဝတ်တဲ့ နေက္ခမ္မပါရမီ။ နေ့စဉ်ဘဝမှာ ပါရမီတွေဖြည့်နေလား။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို နေနေသလား။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေသလား။
Read More »

အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။

လူတစ်ယောက်အကြောင်းသိချင်သူကြီးပျင်းတဲ့ပတ်ဝန်းကျင်မှာထိတွေ့ခဲ့တဲ့သူတွေကို လေ့လာကြည့်။ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ဦးလေး၊ အဒေါ်၊ဆရာ၊ ဆရာမ၊ သူငယ်ချင်း၊အသိုင်းအဝိုင်း။ ဒါတွေက လူတွေရဲ့လောကအဓိပ္ပာယ်ဖွင့်ဆိုမှုကိုတော်တော် ကြီးလွမ်းမိုးထားတတ်တယ်။ ဟာဗတ်သုတေသနမှာ Social contagion theory အရဝတဲ့သူနဲ့ပေါင်းရင် ဝဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ပေါင်းရင်၅၇% လေ့ကျင့်ခန်းပိုလုပ်ဖို့များတယ်။ အရက်သမားနဲ့ပေါင်းရင် အရက်သောက်ဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ဘူတဲ့သူနဲ့ ပေါင်းရင် ဘူဖို့၅၇% ပိုများတယ်။ မွဲတဲ့သူနဲ့ပေါင်းရင် မွဲဖို့ ၅၇% ပိုများတယ်။ တရားသမားနဲ့ပေါင်းရင် တရားလုပ်ဖြစ်ဖို့၅၇% ပိုများတယ်။ အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းကကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။ ကိုယ်လိုချင်တဲ့အသိုင်းအဝိုင်းထဲဝင်ဖို့ကြိုးစားနိုင်ခြင်းက ကိုယ့်ရဲ့အားထုတ်မှုပဲ။ Phyo Paing @ Derek

အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။
Read More »

Equanimity

အရာရာက ခဏပါ။ ပျော်စရာ၊ ကြေကွဲစရာ၊ တက်ကြွစရာ၊ စိတ်ဓာတ်ကျစရာ၊ရင်ခုန်စရာ၊ ပျင်းစရာ၊ချစ်ခြင်း၊ မုန်းခြင်း၊အားပေးခြင်း၊ ရှုံ့ချခြင်းတွေကြားထဲမှာဥပက္ခာတရားက အစွန်းနှစ်ဖက်မသွားတဲ့မဇ္ဈိမပဋိပဒါလမ်းပဲ။ ဒီလမ်းသွားဖို့ စိတ်ထားတတ်ဖို့လိုတယ်။ဒါကိုတော့ အင်္ဂလိပ်လိုတော့Equanimity လို့ခေါ်တယ်။ Phyo Paing @ Derek

Equanimity Read More »

Cognitive Behavior Therapy (CBT) မှာ
Thought -> Feeling -> Action ဆိုတာရှိတယ်။
အတွေး၊ ခံစားချက်၊ အလုပ်။

ဒါမျိုးကြုံဖူးလားမသိဘူး။ တခါတလေ ငါဒါလုပ်လိုက်ရင်ကောင်းမယ်။အကြံက ကောင်းတယ်။လုပ်ကြည့်တဲ့အချိန်ကျတော့ကိုယ့်ခံစားချက်က ကောင်းမနေဘူး။ ဥပမာ တချို့လူတွေအတွက်ကိုယ့်မျက်နှာကြီးနဲ့ ဗီဒီယိုရိုက်ပြီးလုပ်ငန်းအကြောင်းသိအောင်လုပ်တာဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်ကျတော့ နေရာအသစ်မှာ အေးဆေးလေးနေမယ်စဥ်းစားတယ်။ တကယ်တမ်းနေတော့လဲ စိတ်တိုင်းမကျနေပြန်သေးဘူး။ လေ့ကျင့်ခန်းလုပ်မယ်။ ပြီးရင် အပြောင်းအလဲဖြစ်မယ်ကောင်းတဲ့အကြံပဲ။ တကယ်သွားလုပ်တော့မောလိုက်၊ နာလိုက်နဲ့ကိုယ်နဲ့ တစ်သားတည်းမကျပြန်ဘူး။ ဒါက alignment သဟဇာတမဖြစ်တဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ လူတစ်ချို့ကတော့ အခုပြောတာကိုဆက်စပ်ခံစားမိလိမ့်မယ်။ ဘာကြောင့် ဒီလိုဖြစ်နေသလဲဆိုရင် “ငါဘယ်သူလဲ” ဆိုတဲ့ခံယူထားတဲ့ identity ကိုတည်ဆောက်ထားတဲ့ အရာနဲ့“အတွေး”၊ “အကြံ”၊ “အလုပ်” တစ်သားတည်းမဖြစ်နေလို့ဖြစ်ပါတယ်။ ဥပမာ ငါက အားကစားသမားတစ်ယောက်လို့ခံယူထားတဲ့သူကအားကစားလုပ်တာကို တွေး၊ ကြံ၊ လုပ်တာ သူ့အတွက် သဟဇာတဖြစ်တယ်။ ငါက “အလုပ်ဖြစ်တာကို လုပ်တဲ့သူ”လို့စဥျးစားလိုကျတဲ့အခါအတွေး၊ အကြံ၊ အလုပ်ကpersonal brand တည်ဆောက်ရတာ မကြိုက်ဘူး။ဒါပေမယ့် လုပ်ငန်းအတွက်လိုလာရင်လုပ်လိုက်နိုင်တယ်။ အမြင်သာဆုံးကြည့်ရင်Elon Musk ကို

Cognitive Behavior Therapy (CBT) မှာ
Thought -> Feeling -> Action ဆိုတာရှိတယ်။
အတွေး၊ ခံစားချက်၊ အလုပ်။
Read More »

အနာဂတ်စိတ်သွားလမ်းအတွက်
ကြိုတင်စဉ်းစား။

စိတ်အမှိုက်ရှင်းဖို့တရားထိုင်။ကိုယ်အမှိုက်ရှင်းဖို့လေ့ကျင့်ခန်း။ စိတ်အားဖြည့်ဖို့စာကောင်းပေကောင်းဖတ်။ခန္ဓာကိုယ်အားဖြည့်ဖို့ကောင်ကောင်းအိပ်စက်အနားယူ။ အနာဂတ်စိတ်သွားလမ်းအတွက်ကြိုတင်စဉ်းစား။အနာဂတ်ကိုယ်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေနေ့စဉ်ဖြည့်။ Phyo Paing @ Derek

အနာဂတ်စိတ်သွားလမ်းအတွက်
ကြိုတင်စဉ်းစား။
Read More »