May 2025

လောကအမြင်တွေမတူတော့
ဘဝတွေမတူကြတော့ဘူး။

လောကအမြင်ကိုမိဘနဲ့ အသိုင်းအဝိုင်ဆီကအများစုက သင်ယူလာကြတယ်။ ဒါကြောင့် ပညာတတ်တဲ့မိသားစုတွေက ပညာတတ်တွေပိုထွက်ကြပြီးချမ်းသာတဲ့မိသားစုတွေကချမ်းသာတဲ့သူတွေပိုထွက်တယ်။ အေးချမ်းတဲ့မိသားစုကလဲအေးချမ်းသူတွေပိုထွက်တယ်။ တိုင်ပတ်တဲ့ မိသားစုကလဲတိုင်ပတ်တဲ့သူတွေ ပိုထွက်တယ်။ ဘာကြောင့်လဲဆို လောကအမြင်ကြောင့်။ ဒါကြောင့် ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးရဲ့ပထမတစ်ပါးမှာမှန်ကန်တဲ့အမြင်ရှိရမယ်။သမ္မာဒိဋ္ဌိအရေးကြီးတယ်။ လောကအမြင်တွေမတူတော့ဘဝတွေမတူကြတော့ဘူး။ Phyo Paing @ Derek

လောကအမြင်တွေမတူတော့
ဘဝတွေမတူကြတော့ဘူး။
Read More »

အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။
အလုပ်လုပ်တတ်မှ အလုပ်ဖြစ်တယ်။

လိုချင်တာရဖို့က ၁။ လိုချင်တဲ့ ရလဒ်ကို တိတိကျကျသတ်မှတ်၂။ ရလဒ်ရဖို့ လုပ်ရမည့် လုပ်ရပ်တွေကိုရှာဖွေသုံးသပ်၃။ လုပ်ရပ်နဲ့ ရလဒ် ချိပ်ဆက်မှုကိုလေ့လာ။၄။ နည်းနည်းလုပ်များများရမည့် လုပ်ရပ်တွေကိုရွေးထုတ်၅။ အဲ့ဒီလုပ်ရပ်တွေကို ပိုကောင်းသည်ထက်ကောင်းအောင်လုပ်။ လုပ်ရပ်နဲ့ ရလဒ်ချိပ်ဆက်မှုသိရင်အရေးပါတာတွေကို အရာပေးလို့ရပြီ။ အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။အလုပ်လုပ်တတ်မှ အလုပ်ဖြစ်တယ်။ Phyo Paing @ Derek

အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။
အလုပ်လုပ်တတ်မှ အလုပ်ဖြစ်တယ်။
Read More »

“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။”

ငယ်ကတည်းက မိဘကိုပဲအကုန်အားကိုးလို့မရဘူးဆိုတာနားလည်ထားတာနဲ့အမျှကိုယ့်ဘဝအနာဂတ်ကိုယ်ကြိုတင်စိုးရိမ်ရတယ်။ ကျောင်းမပြီးသေးဘူးဘွဲ့ရတဲ့အခါ အလုပ်ရဖို့ စိုးရိမ်ရတယ်။အလုပ်ရတဲ့အခါနောက်လာမည့် အနာဂတ်မှာလက်ရှိရှိထားတဲ့ ဘဝထက်လူနေမှုအဆင့်အတန်း မကျသွားရေးစိုးရိမ်ရတယ်။ ဒီတော့ အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာရမယ်ဆိုတဲ့အသိစဝင်လာတယ်။ ဒီနေ့ပြဿနာတွေပဲ ဖြေရှင်းနေလို့မရဘူး။နောက်အနာဂတ် သုံးလေးငါးနှစ်ကစလို့ဆယ်နှစ်အတွင်းလာမည့်ပြဿနာကြိုတင်တွက်ချက်ရပြန်တယ်။ ပြဿနာတွေကြိုတင် အဖြေမရှာထားရင်နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့အခါခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်တယ်။ “အနာဂတ် ပြဿနာတွေအတွက်ကြိုတင် အဖြေရှာပါ။” Phyo Paing @ Derek

“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။”
Read More »

ဖန်တီးသူနေရာပြောင်းဖို့
Leverage ဆိုတဲ့အကြောင်း။

ဖုန်းပွတ်နေရုံနဲ့ ဘဝအပြောင်းအလဲမဖြစ်သွားပါဘူး။ စားသုံးသူနေရာကဖန်တီးသူနေရာပြောင်းဖို့Leverage ဆိုတဲ့အကြောင်း။ ဘဝကို ဖြတ်သန်းတဲ့အခါကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်ငွေရှာကိုယ်ကြိုက်တဲ့အလုပ်ကိုလုပ်တဲ့ ပုံစံ။ နောက်တစ်မျိုးက ကိုယ်ကြိုက်တဲ့အလုပ်ကိုလုပ်ငွေရှာ။ ဒီနှစ်မျိုးအကြောင်းမျှဝေပေးထားပါတယ်။ ကော်မန့်မှာ လင့်တင်ထားပေးပါတယ်။ Phyo Paing @ Derek

ဖန်တီးသူနေရာပြောင်းဖို့
Leverage ဆိုတဲ့အကြောင်း။
Read More »

ဘဝအဖြေရှာဖို့

ဘဝအဖြေရှာဖို့ ငွေအရင်ရှာဖို့လိုတယ်။ငွေကို လုပ်အားနဲ့ရှာတယ်။ငွေကို ဥာဏ်အားနဲ့ရှာတယ်။ငွေကို ငွေအားနဲ့ရှာတယ်။ငွေကို နည်းပညာအားနဲ့ရှာတယ်။ငွေကို အဆက်အသွယ်နဲ့ရှာတယ်။ငွေကို အခွင့်အလမ်းရှိတဲ့နေရာမှာရှာတယ်။ဒါတွေကိုတစ်ခုချင်းနဲ့ရှာသလိုပေါင်းပြီးတော့လဲရှာတယ်။ဒါတွေကတော့ တရားဝင်ရှာတဲ့လမ်းတချို့။ Phyo Paing @ Derek

ဘဝအဖြေရှာဖို့ Read More »