အရေးမပါတာတွေကို
အရာမပေးခြင်းက
စည်းကမ်းတစ်ခုပဲ။
လူတိုင်းဟာ သူ့အကန့်အသတ်နဲ့သူ။ ဒီအကန့်အသတ်ကိုသိဖို့လိုတယ်။နောက် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုသိဖို့လိုတယ်။ပန်းတိုင်သွားတဲ့အချိန် ကြုံရနိုင်တဲ့အတားအဆီကိုသိဖို့လိုတယ်။ အကန့်အသတ်ပန်းတိုင်နဲ့အတားအဆီးကြားမှာ“မှန်ကန်တဲ့ ရွေးချယ်မှု” ကို ပြုလုပ်ကြရတယ်။ လူတိုင်းမှာ အချိန်အကန့်အသတ်ရှိတယ်။အာရုံစိုက်နိုင်စွမ်း အကန့်အသတ်ရှိတယ်။စွမ်းဆောင်ရည် အကန့်အသတ်ရှိတယ်။ထူးချွန်နိုင်တဲ့ပါရမီ အကန့်အသတ်ရှိတယ်။ လူတိုင်းဖြစ်ချင်တဲ့ပန်းတိုင်တွေရှိတယ်။ ကျန်းမာကြံ့ခိုင်၊ ချမ်းသာကြွယ်ဝ၊ ချစ်ခင်လေးစား၊ တိုးတက်ပျော်ရွင်ချင်ကြတယ်။အိမ်မက်တွေ၊ ပန်းတိုင်တွေရှိကြတယ်။ ဒါကိုသွားဖို့လမ်းမှာ အတားအဆီးတွေရှိတယ်။အခြေအနေ၊ အခါသမယ ဒီအတားအဆီးတွေကို သိဖို့လိုပြန်တယ်။ ဒီထဲကမှ မှန်ကန်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်ကြရတယ်။ ဘယ်အရာကို လုပ်မယ်။ဘယ်အချိန်မှာ လုပ်မယ်။ဘယ်အရာကို များများလုပ်မယ်။ဘယ်အရာကို နည်းနည်းလုပ်မယ်။ဘယ်အရာကို မလုပ်ဘူး။ ဒီရွေးချယ်မှုတွေက ၂၄ နာရီအတွင်းမှာပဲဖြစ်တယ်။ဒီ ၂၄ နာရီအတွင်းမှာ အိပ်ရသေးတယ်။စားရသေးတယ်။ဝေယျာဝိစ္စလုပ်ရသေးတယ်။ဒီထဲကမှ ကျန်တဲ့အချိန်ကိုအကောင်းဆုံးရွေးချယ်မှု ပြုနိုင်ဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်အတွက်အရေးမပါတာတွေကိုအရာမပေးခြင်းကစည်းကမ်းတစ်ခုပဲ။ Phyo Paing @ Derek
အရေးမပါတာတွေကို
အရာမပေးခြင်းက
စည်းကမ်းတစ်ခုပဲ။ Read More »