June 2025

ပညာရှိလာလေ
မလိုတာ မလုပ်ဖြစ်တော့လေ

ပညာရှိလာလေမလိုတာ မလုပ်ဖြစ်တော့လေဖြစ်တတ်တယ်။ ပညာရှိဖို့လိုသေးလေအရေးမပါတာကို အရာပိုပေးမိတတ်တယ်။ Phyo Paing @ Derek

ပညာရှိလာလေ
မလိုတာ မလုပ်ဖြစ်တော့လေ
Read More »

ကိုယ့်ကိုကိုယ်နားမလည်ဘဲ
တခြားသူတစ်ယောက်ကို
နားလည်ပေးဖို့မလွယ်ဘူး။

လူတစ်ယောက်ရဲ့ဘဝမှာသူ့ကိုယ်သူနားလည်သလိုနားလည်တဲ့တစ်ယောက်ရှိလာရင်လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာပဲ။လူတိုင်းက အဲ့ဒီ luxury ကိုမရတတ်ကြဘူး။ဘာကြောင့်လဲဆိုကိုယ့်ကိုကိုယ် နားလည်သင့်သလောက်နားမလည်ကြသေးလို့။ကိုယ့်ကိုကိုယ်နားမလည်ဘဲတခြားသူတစ်ယောက်ကိုနားလည်ပေးဖို့မလွယ်ဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်နားမလည်ဘဲ
တခြားသူတစ်ယောက်ကို
နားလည်ပေးဖို့မလွယ်ဘူး။
Read More »

တပ်မက်မှုမရှိခြင်းဟာ
ပါဝါတစ်ခုပဲ။

တပ်မက်မှုမရှိခြင်းဟာပါဝါတစ်ခုပဲ။လူ၊ နေရာ၊ ပတ်ဝန်းကျင်ကိုစွဲလမ်းမှုမရှိခြင်းကပါဝါတစ်ခုပဲ။ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမဖြစ်လာတာကိုဂရုမစိုက်တာကလဲSpiritual ပါဝါတစ်ခုပဲ။ လိုချင်တာရအောင်လုပ်နိုင်တာကလောကီရဲ့ ပါဝါ။လိုချင်တာကို စွန့်လွတ်နိုင်တာကလောကုတ္တရာရဲ့ပါဝါ။ Phyo Paing @ Derek

တပ်မက်မှုမရှိခြင်းဟာ
ပါဝါတစ်ခုပဲ။
Read More »

လူ၊ နေရာ၊ ပတ်ဝန်းကျင်ကို
သေချာရွေးဖို့လိုတယ်။

လူ၊ နေရာ၊ ပတ်ဝန်းကျင်မတူရင် ရတဲ့ခံစားချက်vibe ဓာတ်မတူဘူး။ အရင်ခေတ်ကတရားအားထုတ်တဲ့သူတွေဆိုလူသူနည်းတဲ့တောထွက်တာမျိုးလုပ်တာမြင်ဖူးကြလိမ့်မယ်။​ ဘဝမှာလဲ အလားတူပဲကိုယ်လိုချင်တဲ့အနာဂတ်ကိုတစ်နေ့တစ်လှမ်းလျှောက်လမ်းနိုင်ဖို့လူ၊ နေရာ၊ ပတ်ဝန်းကျင်ကိုသေချာရွေးဖို့လိုတယ်။Vibe ကောင်းကောင်း၊ Life ကောင်းကောင်း။ Phyo Paing @ Derek

လူ၊ နေရာ၊ ပတ်ဝန်းကျင်ကို
သေချာရွေးဖို့လိုတယ်။
Read More »

ဘဝမှာ စောင့်နေတာနဲ့
နေဖို့ မေ့နေတတ်ကြတယ်။

ဆယ်တန်းအောင်ဖို့စောင့်တယ်။​ဘွဲ့ရဖို့စောင့်တယ်။​အလုပ်ရဖို့စောင့်တယ်။ရာထူးတိုးဖို့စောင့်တယ်။လက်ထက်ဖို့စောင့်တယ်။ကလေးမွေးဖို့စောင့်တယ်။​ကလေးတွေကြီးဖို့စောင့်တယ်။အိမ်မက်တွေဖြစ်လာဖို့စောင့်တယ်။​ ဘဝမှာ စောင့်နေတာနဲ့နေဖို့ မေ့နေတတ်ကြတယ်။လူလာဖြစ်တာ လူသားအတွေ့အကြုံကိုအသက်ရှင်ပြီး အသက်ဝင်ဖို့ပစ္စုပ္ပန်လေးမှာ အသက်သတိလေးနဲ့ရှူပြီးရှင်သန်မှုအရသာ မကြာမကြာခံစားကြည့်ပါလား။ Phyo Paing @ Derek

ဘဝမှာ စောင့်နေတာနဲ့
နေဖို့ မေ့နေတတ်ကြတယ်။
Read More »

“အသက်ရှင်ပြီး အသက်ဝင်တာ”

ပိုကောင်းတဲ့အနာဂတ်ကို စောင့်ပြီးနေနေတာလဲမဟုတ်။ဒီတစ်နေ့ကိုအာရုံစိုက်နေထိုင်ပြီးပိုကောင်းတဲ့အနာဂတ်ကသူ့အလိုလို ကိုယ့်ဆီရောက်လာတာဒါက “အသက်ရှင်ပြီး အသက်ဝင်တာ”။ဒါက Flow.မရုန်းကန်နဲ့။ ရုပ်မနေနဲ့။Don’t struggle. Don’t settle.ဒီ “道 Dao” လမ်းစဉ်ကိုနားလည်ဖို့နှစ်ပေါင်းအတော်ကြာပေးခဲ့ရသလိုပဲ။ Phyo Paing @ Derek

“အသက်ရှင်ပြီး အသက်ဝင်တာ” Read More »

တစ်ရက်တာအတွက် goal-setting.

ရည်မှန်းချက်ပန်းတိုင် အကြီးကြီးတွေခဏမေ့ထားလိုက်။တစ်ရက်တာကိုဘယ်သူတွေနဲ့၊ဘယ်မှာ၊ဘာတွေလုပ်၊ဘယ်လောက်ငွေဝင်ပြီးဘယ်လို ဖြတ်သန်းချင်သလဲ။​နေ့စဉ်လုပ်နေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုပဲမြင့်သွားတာ ကောင်းတဲ့အချက်တစ်ခုဖြစ်နိုင်တယ်လို့ထင်တယ်။ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇အသက်ရှင်နေသေးရင်နောက်လာမည့်နှစ်တွေကိုကိုယ့်ရဲ့တစ်ရက်တာဖြတ်သန်းချင်တဲ့ပုံစံကိုနှစ်အလိုက်၊ လအလိုက် စီမံထားလို့ရနိုင်တယ်။ ဒါက ဒီနောက်ပိုင်းကျင့်သုံးဖြစ်တဲ့တစ်ရက်တာအတွက် goal-setting. Phyo Paing @ Derek

တစ်ရက်တာအတွက် goal-setting. Read More »

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေအရေးကြီးတယ်။လူတော်၊ လူကောင်းတွေနဲ့ဝန်းရံထားရင်ကိုယ့်ကိုကိုယ်ထားတဲ့စံနှုန်းတွေမြင့်လာမယ်။မမြင်သေးတဲ့ အခွင့်အလမ်းတွေမြင်စေတယ်။တိုးတက်မှုကိုအရှိန်မြင့်တင်ပေးနိုင်တယ်။ယုံံကြည်မှုတွေအပေါ်သက်ရောက်မှုရှိတယ်။ကိုယ့်အားသာချက်၊ အားနည်းချက်၊တန်ဖိုးထားမှု၊ အမူအကျင့်တွေကိုပြန်ပြီးမြင်စေတယ်။Choose your own tribe. Phyo Paing @ Derek

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။
Read More »

အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။

အိမ်မက်တွေအကောင်အထည်ပေါ်မှမပျော်နဲ့။ အိမ်မက်တွေဖြစ်လာမှ မငြိမ်းချမ်းနဲ့။ ပျက်နေတာတွေ အကုန်ပြင်ပြီးမှစိတ်အေးချမ်းမယ်လို့မစဉ်းစားနဲ့။ နေ့စဉ် အသက်ရှင်နေတာအံ့ဖွယ်တစ်ခုလို့စဉ်းစားကြည့်။ ဆရာတော် Thich Nhat Hanh ပြောသလိုရေပေါ်မှာလမ်းလျှောက်မှမဟုတ်ဘူးမြေပေါ်မှာ လမ်းလျှောက်နေနိုင်တာကလဲအံ့ဖွယ် miracle တစ်ခုပဲ။ ဘဝမှာ ကိုယ့်နှလုံးသားထဲကအသံနဲ့လူရဲ့အတွေး၊ အကြံ၊ အလုပ်တွေတစ်သားတည်းကျပြီး အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။ ဒါမှ အသက်ရှင်ပြီး အသက်ဝင်နေမှာ။ Phyo Paing @ Derek

အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။ Read More »

တစ်ခုခုကို သေချာနားလည်သွားတဲ့အခါ
အမြင်တွေရှင်းသွားတယ်။
ရှင်းလင်းသွားရင် ဘာလုပ်ရမလဲသိသွားတယ်။

ဒီနေ့ရဲ့ရည်ရွယ်ချက်က ဒီတစ်နေ့ကို အကောင်းဆုံးဖြစ်အောင်ဖြတ်သန်းဖို့ပဲ။ မနက်ဖြန်တွေက မရောက်သေးဘူး။မနေ့က ပြီးသွားပြီ။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်ဖို့ဒီနေ့ပဲရှိတာ။ ကိုယ့်ကိုကိုယ် ပိုနားလည်လာလား။ လူတွေကို ပိုနားလည်လာလား။ ကိုယ့်အလုပ်နဲ့ပတ်သက်လို့ ပိုနားလည်လာလား။ လောကအကြောင်းပိုနားလည်လာလား။ တိုးတက်မှုတွေထဲမှာ နားလည်သဘောပေါက်မှုကအခရာတော်တော်ကျတယ်။ လုပ်သင့်ပြီး မလုပ်ဖြစ်တာ သေချာနားမလည်သေးလို့။ တစ်ခုခုကို သေချာနားလည်သွားတဲ့အခါအမြင်တွေရှင်းသွားတယ်။ ရှင်းလင်းသွားရင် ဘာလုပ်ရမလဲသိသွားတယ်။ Phyo Paing @ Derek

တစ်ခုခုကို သေချာနားလည်သွားတဲ့အခါ
အမြင်တွေရှင်းသွားတယ်။
ရှင်းလင်းသွားရင် ဘာလုပ်ရမလဲသိသွားတယ်။
Read More »