အဖြစ်အပျက်တွေကို လက်ခံတတ်လာပြီး
ဘဝရှေ့ဆက်ရတာ ပိုအေးချမ်းလာနိုင်တယ်။
အဖြစ်အပျက်တွေက ကိုယ်ဖြစ်စေချင်သလိုမဖြစ်လာတဲ့အခါ စိတ်မညစ်လိုက်ပါနဲ့။ ကိုယ့်မိဘ၊ သားသမီး၊ ချစ်သူရည်းစားလင်မယား၊အဖြစ်အပျက်၊ ဘဝဖြတ်သန်းခဲ့မှု။ ဒါတွေအကုန်လုံးမှာ ကြီးမားတဲ့နောက်ကွယ်က အဓိပ္ပာယ်တွေရှိတတ်တယ်။ လူတိုင်းကတော့ အကောင်းဆုံးတွေပဲဖြစ်စေချင်ကြတာပဲ။တခါတလေ ကိုယ်ထင်ထားတဲ့အကောင်းဆုံးထက်အကောင်းဆုံးဖြစ်အောင် စီစဉ်ထားတာမျိုးဖြစ်တတ်တယ်။ ဥပမာ ကိုယ့်ကိုစိတ်ဒုက္ခပေးတတ်တဲ့အနီးဆုံးသူတွေဆီက သာမန်ထက်နက်နဲတဲ့အသိရတတ်သလိုမျိုး။ တချို့အရာတွေက ကိုယ်လိုချင်တာမရတဲ့အခါပိုကောင်းတာမျိုးရလာတတ်တယ်။ ဒီလိုကြုံဖူးလားမသိဘူး။ငယ်ငယ်က ကိုယ်အရမ်းလိုချင်တဲ့အရာတစ်ခုရူးရူးသွပ်သွပ်လိုချင်တယ်။မရခဲ့ဘူး။ယူကြုံးမရဖြစ်တယ်။နောက် သူ့ထက်ပိုကောင်းတဲ့အရာတွေရလာတယ်။တချို့သူတွေကြုံဖူးလိမ့်မယ်။ လိုချင်တာမရရင်ပိုကောင်းတာရလာတတ်တယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာပါလို့နှလုံးသွင်းကြည့်ရင်အဖြစ်အပျက်တွေကို လက်ခံတတ်လာပြီးဘဝရှေ့ဆက်ရတာ ပိုအေးချမ်းလာနိုင်တယ်။ Phyo Paing @ Derek
အဖြစ်အပျက်တွေကို လက်ခံတတ်လာပြီး
ဘဝရှေ့ဆက်ရတာ ပိုအေးချမ်းလာနိုင်တယ်။ Read More »