ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။
ကိုယ်ဒီနေ့ဘာလုပ်ချင်သလဲ၊ကိုယ်ဒီနှစ်ထဲဘာလုပ်ချင်သလဲ၊နောက် သုံးနှစ်အတွင်းဘာဖြစ်ချင်သလဲ၊ကိုယ့်အနာဂတ်မှာ ဖြစ်ချင်သမျှဖြစ်နိုင်မယ်ဆိုအနာဂတ်အမြင်က ဘာဖြစ်မလဲ။ လောကီမှာ အသက်ရှင်နေရုံမဟုတ်ဘဲတည်ဆောက်ဖို့အတွက်ဆို “ရည်ရွယ်ချက်” တစ်ခုလိုတယ်။ ဒီရည်ရွယ်ချက်ကို ရည်မှန်းချက်အနေနဲ့ပြောင်း။ လိုချင်တာတွေလက်တွေ့ဖြစ်ဖို့ ၁။ အတွေးအခေါ်နဲ့ လက်ခံရရှိတဲ့ သတင်းအချက်အလက်ကိုပြောင်းရင်ပြောင်း၂။ အစွမ်းအစကိုပြောင်းရင်ပြောင်း၃။ အပေါင်းအသင်းကိုပြောင်းရင်ပြောင်း၄။ အခြေအနေနဲ့ ပတ်ဝန်းကျင်ကိုပြောင်းရင်ပြောင်း၅။ အလုပ်နဲ့ လုပ်ပုံကိုင်ပုံကိုပြောင်းရင်ပြောင်းဒီငါးချက်ကိုပြောင်းရမှာပဲ။ ဒီငါးချက်လုပ်လို့မှ မရတော့ရင်ကိုယ့်ရည်မှန်းချက်ကိုပြောင်း။ ရည်ရွယ်ချက်ကိုတော့ မပြောင်းနဲ့။ ရည်မှန်းချက်က Objective ရည်ရွယ်ချက်က Purpose ဥပမာ ကျွန်တော့်ရည်ရွယ်ချက်က“ပညာရေးနဲ့နည်းပညာအသုံးပြုဘဝတွေ တိုးတက်အောင်ကူညီပေးဖို့” ဒါကို ရည်မှန်းချက်အနေနဲ့ပြောင်းတော့“ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာကိုယ်တိုင် ကျောင်းတွေဖွင့်မယ်။ဆရာ၊ ဆရာမတွေကို သင်တန်းပေးမယ်။” နိုင်ငံတွင်းအခြေအနေတွေကြောင့်ရည်ရွယ်ချက်ကိုမပြောင်းဘူး၊ရည်မှန်းချက်ကို နည်းနည်းပြောင်းလိုက်တယ်။ ပညာရေးနဲ့နည်းပညာအသုံးပြုတိုးတက်ပြောင်းလဲအောင်ကူညီဖို့အင်တာနက်ကနေပဲသွားမယ်။ မြန်မာတစ်နိုင်ငံလုံးကိုသွားတဲ့ဖြစ်စဥ်အတွက်ကိုယ်တစ်ယောက်တည်းမသွားတော့ဘူး။ဦးဆောင်နိုင်တဲ့သူတစ်ယောက်နဲ့တွဲသူ့ကိုကူညီပေးလိုက်မယ်။ ဘဝမှာ အပြောင်းအလဲတွေအတွက်အမြဲပြောင်းနေရမှာပဲ။ မပြောင်းလဲပဲဆက်ရှိနေမှာကျွန်တော်တို့ဘာကြောင့် ရပ်တည်နေလဲဆိုတဲ့ “လောကတာဝန်”ပဲ။ ဂေါတမဗုဒ္ဓကတော့ သတ္တဝါတွေကို ကယ်တင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါရမီဖြည့်ခဲ့တာကို လက်တွေ့ဘဝမှာ စံထားပြီးလုပ်ဆောင်လို့ရတယ်။ ကိုယ့်ဘဝရဲ့ […]
ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။ Read More »