July 2025

ပျော်ရွင်မှုရဲ့ ၅၀% က
မွေးရာပါတဲ့။

ပျော်ရွင်မှုရဲ့ ၅၀% က မွေးရာပါတဲ့။ စိတ်ညစ်တတ်တဲ့သူက စိတ်ညစ်တာပဲ။ပျော်တတ်တဲ့သူက ပျော်တာပဲ။ အဆွေးဓာတ်ခံကလဲဆွေးနေတတ်တာပဲ။ ပျော်ရွင်မှုရဲ့ ၄၀% က တကူးအကလုပ်တဲ့အလုပ်တွေကြောင့်တဲ့။ ကျေးဇူးတင်တတ်တဲ့စိတ်ထားတာ၊Reframing လို့ခေါ်တဲ့အဓိပ္ပာယ်ပြောင်းစဥ်းစားတာ၊ကိုယ်တန်ဖိုးထားတဲ့အလုပ်တွေလုပ်တာ၊ဘာသာတရားနဲ့ spiritual လေ့ကျင့်တာ၊ သူငယ်ချင်း၊ သမီးရည်းစားရေရှည်ဆက်ဆံရေး relationships တည်ဆောက်တာ။ ကျန်တဲ့ ၁၀% ကတော့ပြင်ပ အခြေအနေကြောင့်တဲ့။ ငွေ၊ ဂုဏ်ရှိန်၊ ကျန်းမာရေး၊ လူမှုအဆင့်အတန်း၊ အိမ်ထောင်ရေး။ ဒါက Sonja Lyubomirsky’s Happiness Pie (2005) ကနေပြီးBrickman & Campbell’s Set Point Theory ပေါ်အခြေခံပျော်ရွင်ခြင်းအကြောင်း သုတေသနလုပ်ထားတာ။ ဒါကြောင့် ထီပေါက်လို့ပျော်ပြီးရင်ပုံမှန်အခြေအနေပြန်ရောက်တာမျိုး၊ရည်စားစထားတဲ့အခါ အရမ်းပျော်ပြီးအချိန်ကြာလာတော့ပုံမှန်ပျော်ရွင်မှုအခြေအနေပြန်ရောက်တာမျိုး။ဒါမျိုးက happiness set point ကြောင့်။ ၅၀% က ရွေးချယ်လို့မရဘူး။ ၁၀% က […]

ပျော်ရွင်မှုရဲ့ ၅၀% က
မွေးရာပါတဲ့။
Read More »

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။

တစ်သက်လုံးအတွက်ဒီနေ့ကအသက်အငယ်ဆုံးပဲ။ နောက်နှစ်ငါးဆယ်ဆိုအခုကိုယ့်ဘေးကလူအများစုလဲရှိကြတော့မှာ မဟုတ်ဘူး။​ လူသားအတွေ့အကြုံကိုကြုံတုန်းဆုံတုန်းခဏလာတွေ့ကြတာ။ အသက်ရှင်တုန်းမှာအသက်ဝင်နေဖို့လိုတယ်။​ အာရုံခြောက်ပါး အလုပ်ကောင်းကောင်းလုပ်ဖို့လိုတယ်။အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေး။ဒါတွေကို သိနေဖို့လိုတယ်။ တစ်ခဏအရာကို ထာဝရလို့မခံစားပဲ၊လူသားအတွေ့အကြုံကိုသိမြင်ခံစားနိုင်ဖို့လိုတယ်။ လူတွေရဲ့ ရာခိုင်နှုန်းတစ်ခုကအသက်လာရှင်ပြီးတခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်၊​လောင်လိုက်နဲ့အသက်ဝင်ဖို့ မေ့သွားကြတယ်တဲ့။ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေထဲကအသက်ရှင်ပြီး အသက်ဝင်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကားတစ်စီးရွေ့လျားတဲ့အခါalignment အလိုင်းမန့်ညီဖို့လိုတယ်။အသိ၊ အတွေး၊ အကြံအစီ၊ အလုပ်တစ်သားတည်းကျအောင်ချိန်ငြိဖို့လိုနိုင်တယ်။ Phyo Paing @ Derek

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။
Read More »

လိမ္မာပါးနပ်တဲ့သူအများစုကပဲ
သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။

အတော်ဆုံးသူတိုင်းကသူ့နယ်ပယ်မှာ ထိပ်ဆုံးဖြစ်တာမဟုတ်ဘူး။လိမ္မာပါးနပ်တဲ့သူအများစုကပဲသူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။ လိမ္မာပါးနပ်တယ်ဆိုတာကိုယ့်အားသာချက်ကိုယ်သိတယ်။ကိုယ့်ရဲ့အကန့်အသတ်ကိုယ်သိတယ်။ကိုယ်လိုချင်တာကိုယ်သိတယ်။ကိုယ့်ပလန်နဲ့ ကိုယ်။ကိုယ်ရွေ့မဲ့အကွက်ကို စနစ်တကျချတယ်။ရေရှည်စဉ်းစားတယ်။စိတ်ရှည်ရှည်ထားတယ်။အချိန်ကောင်းရောက်ရင်အကွက်ရွေ့တာမြန်တယ်။ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ရှိတယ်။ Phyo Paing @ Derek

လိမ္မာပါးနပ်တဲ့သူအများစုကပဲ
သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။
Read More »

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။

တခြားသူတွေရဲ့ အောင်မြင်မှုတွေနဲ့ကိုယ်နဲ့ နှိုင်းယှဥ်ပြီးဘူမနေနဲ့။ ကိုယ့်ရည်မှန်းချက်ကိုပဲမမှိတ်မသုန်အာရုံစိုက်။ သွားချင်တဲ့ပန်းတိုင်မတူဘူး။နေချင်တဲ့ဘဝမတူဘူး။တည်ဆောက်ချင်တဲ့ အိမ်မက်တွေမတူဘူး။ Phyo Paing @ Derek

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။
Read More »

မိမိကိုယ်ကို တိုးတက်ဖို့
ဒီတစ်ချက်လိုတယ်။

ဆုံးဖြတ်ချက်တွေမှန်ဖို့၊စစ်မှန်တဲ့ relationship တည်ဆောက်ဖို့၊လောကဓံကြံ့ကြံ့ခံဖို့၊မိမိကိုယ်ကို တိုးတက်ဖို့ဒီတစ်ချက်လိုတယ်။ ဒါကို self-awarenessမိမိကိုယ်ကို သိရှိခြင်းလို့ခေါ်တယ်။ Self-awareness ဆိုတာကိုယ့်ရဲ့အတွေး၊ ခံစားချက်၊အပြုအမူကိုသိတာ။ဒါကို private self-awareness လို့ခေါ်ပြီးကိုယ့်အပြုအမူ၊ စကားပြောဆိုမှုလေယူလေသိမ်းကတခြားသူတွေဘယ်လိုထင်မြင်လဲသတိပြုမိတာ၊ကိုယ့်ရဲ့လူမှုနေထိုင်မှု ငါဘယ်သူလဲ၊ကိုယ့်ရဲ့သိစေချင်တဲံပုံစံကိုစီမံခန့်ခွဲတာကို public self-awareness လို့ခေါ်တယ်။ ဒီ self-awareness ရှိအောင်နေ့စဥ် ဘာတွေဖြစ်သွားတယ်။​ဘယ်တွေတွေးမိ၊ ခံစား၊ လုပ်ဆောင်မိတယ်ဒါကို journaling ပြန်ရေးလို့ရတယ်။ ကိုယ့်ကိုကိုယ် မေးခွန်းတွေပြန်ထုတ်ဆန်းစစ်လို့ရတယ်။​ငါဘာတွေကို ယုံကြည်သလဲ၊ဘယ်လိုဆုံးဖြတ်လေ့ရှိသလဲ၊ဘာတွေကို တန်ဖိုးထားသလဲအစရှိသည်။​ တရားထိုင်ပြီး ကိုယ့်ရဲ့အတွေးတွေ၊ခံစားချက်တွေ၊ တုန့်ပြန်မှုတွေ၊ဇောတွေကို နက်နဲစွာထိုးထွင်းသိမြင်နိုင်တယ်။ ကိုယ်ယုံကြည်ရတဲ့ coach နည်းပြ၊ဒါမှမဟုတ် သူငယ်ချင်း၊ချစ်သူရည်းစားလင်မယား ယုံကြည်ရရင်သူ့တို့ရဲ့ feedback ပြန်တောင်းလို့ရတယ်။ ကိုယ်ရည်ကိုယ်သွေးစစ်တဲ့ နည်းလမ်းတွေနဲ့ကိုယ့်ရဲ့ကိုယ်ရည်ကိုသွေးကိုရှာဖွေပြီးကိုယ်စဥ်းစား၊ ခံစား၊ တုန့်ပြန်တဲ့ပုံစံ၊အားသာချက်၊ အားမသာချက်တွေကိုသိအောင်လုပ်ဆောင်နိုင်တယ်။ ကိုယ့်ကိုကိုယ်ပြောထားတဲ့ video တွေ၊ကိုယ့်ရဲ့ social media post တွေ၊ဒါတွေကို ပြန်လည်ဆန်းစစ်ပြီးစကားပြောတဲ့ပုံစံ၊လေသံ၊ အပြောင်းအလဲတွေကိုပြန်လည်ဆန်းစစ်လို့ရတယ်။​

မိမိကိုယ်ကို တိုးတက်ဖို့
ဒီတစ်ချက်လိုတယ်။
Read More »

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။

ကိုယ်ဂုဏ်ယူတဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးမှု ကောင်းကောင်းလုပ်နိုင်ခြင်းကပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Read More »

လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာ
သရုပ်ဆောင်ခြင်းအနုပညာကလဲ
လူတွေနဲ့ အဆင်ပြေစေတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းချင်ရင်နည်းလမ်းတွေအများကြီးထဲကသရုပ်ဆောင်တဲ့နည်းလမ်းတစ်ခုရှိတယ်။ စင်ပေါ်မှာ ဟောပြောတာအောင်မြင်ချင်ရင်သရုပ်ဆောင်တဲ့နည်းကလဲ အောင်မြင်နိုင်ပြန်တယ်။ လူတိုင်းက ကိုယ့်အတွေး၊ကိုယ့်ပုံပြင်နဲ့ ကိုယ်နေနေကြတာ။ သူတို့ရဲ့ပုံပြင်နဲ့ တစ်သားတည်းကျရင်ကိုယ့်ကို သဘောကျမယ်။ ကိုယ့်ပုံပြင်နဲ့ သူ့ပုံပြင်နဲ့မတူရင်သဘောထားကွဲလွဲမယ်။ တချို့ သရုပ်မဆောင်ချင်သူတွေကအပေါင်းအသင်းတော်တော်နည်းတယ်။တချို့ကျတော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့သရုပ်ဆောင်တယ်။ လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာသရုပ်ဆောင်ခြင်းအနုပညာကလဲလူတွေနဲ့ အဆင်ပြေစေတယ်။ Phyo Paing @ Derek

လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာ
သရုပ်ဆောင်ခြင်းအနုပညာကလဲ
လူတွေနဲ့ အဆင်ပြေစေတယ်။
Read More »

ပေးထားချက်ပေါ်မှာ
ရွေးချယ်မှုတွေပြုလုပ်ရတယ်။

တချို့လူတွေက ကံကိုကောင်းတယ်။တောင့်တစရာကို မလိုဘူး။လိုချင်တာတွေ အလိုလိုရောက်လာတတ်တယ်။ တချို့လူတွေက စိုက်ပျိုးပြီးမရိတ်သိမ်းလိုက်ရဘူး။ တချို့ကျတော့ လိုချင်တာရဖို့ကြံရဖန်ရ တတ်ပြန်တယ်။ တချို့ကျတော့ လမ်းဖောက်ပေးထားတဲ့သူအမြဲရှိတတ်တယ်။သူ့အလုပ်က လုပ်ရုံပဲ။ တချို့ကျတော့ အလုပ်တွေလုပ်တယ်။လုပ်သလောက်ပြန်မရဘူး။လုပ်မောကြီးဖြစ်နေတတ်တယ်။ အဲ့လို pattern ပုံစံတွေတွေ့ရတတ်တယ်။ ကံကြမ္မာဆိုတဲ့အရာကို ဗုဒ္ဓဘာသာအနေနဲ့စဉ်းစားတဲ့အခါအတိတ်ပေးထားတဲ့ကံကြမ္မာနဲ့ပစ္စုပ္ပာန်ရွေးချယ်မှုဒီနှစ်ခုကြားက middle way အလယ်လမ်း။ Conditional Choice လို့ခေါ်တယ်။ ပေးထားချက်ပေါ်မှာ ရွေးချယ်မှုတွေပြုလုပ်ရတယ်။ ကိုယ့်ရဲ့ပေးထားချက်တွေသိရင်ရွေးချယ်မှုတွေကို မှန်ကန်အောင်လုပ်လို့လွယ်သွားနိုင်တယ်။ Phyo Paing @ Derek

ပေးထားချက်ပေါ်မှာ
ရွေးချယ်မှုတွေပြုလုပ်ရတယ်။
Read More »

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။

ငယ်ငယ်တည်းက အားပေးမှုနဲ့မကြီးပြင်းခဲ့တဲ့သူတွေရှိတယ်။ အမေက အပြစ်တင်၊အဖေက အပြစ်တင်၊ အဒေါ် အပြစ်တင်၊ ဦးလေး အပြစ်တင်၊ဆရာ၊ ဆရာမက အပြစ်တင်။ အားပေးမှုနဲ့ မကြီးအပြစ်တင်မှုနဲ့ ကြီးလာတဲ့သူတွေရှိတတ်တယ်။ ဒီထဲမှာ ဒီအပြစ်တင်မှုကိုအပြုံးလေးနဲ့ ချွဲပြီးအားလုံးနဲ့အဆင်ပြေအောင်ပေါင်းသင်းကြီးပြင်းလာသူတွေရှိတယ်။ ဒီအပြစ်တင်မှုတွေကြားအားတင်းပြီး ရှင်သန်မှုခဲ့သူတွေရှိတယ်။ အားတင်းရှင်သန်ခဲ့သူတွေမှာကိုယ့်ကိုကိုယ် အကြီးအကျယ်ဝေဖန်တတ်တဲ့အကျင့်တစ်ခု အမြဲရှိတတ်တယ်။ ဘဝရဲ့ တချို့အစိတ်အပိုင်းတွေမှာကိုယ့်ကိုအမြဲဝေဖန်သူနဲ့ ချစ်ကျွမ်းဝင်တဲ့အခါဘဝက သံကြိုးနဲ့ရှေ့ဆက်ရသလိုဖြစ်တတ်တယ်။ ကိုယ့်ကိုကိုယ်မြင်တာထက်ပိုကောင်းအောင်မြင်တဲ့သမီးရည်စားနဲ့တွေ့လာတဲ့အခါဘဝက ထင်မှတ်မထားလောက်အောင်ပိုကောင်းလာတတ်တယ်။ လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေမတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။
Read More »

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။

ဘယ်သူနဲ့မှ မနှိုင်းယှဉ်နဲ့။ဘာကြောင့်လဲဆိုတော့လူတိုင်းက သူ့စူပါပါဝါနဲ့သူ။Personalized approach ကအကောင်းဆုံးပဲ။ မဟာဗျူဟာဆိုတာကိုယ့်အားသာချက်ပေါ်မူတည်ပြီးဖန်တီးယူရတာပဲ။ Phyo Paing @ Derek

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။
Read More »