September 2025

ဒီနေ့ကို အကောင်းဆုံး
အသုံးချဖို့လိုတယ်။

တချို့သူတွေအတွက်ပြန်မသွားချင်ဆုံးအရပ်ကတော့အတိတ်ပဲ။သတိရလားဆို ရတယ်။ဘယ်တော့မှတော့ ပြန်မသွားချင်ဘူး။နေ့ရက်တိုင်းကိုလဲ အကောင်းဆုံးအသုံးချခဲ့တယ်။အနာဂတ်က ပိုကောင်းမယ်လို့အမြဲယုံကြည်ထားတယ်။မသေခင်ထိပေါ့။အဲ့နောက်မှာဘာရှိလဲကိုယ်လဲမမြင်နိုင်ဘူး။ဒီနေ့ကို အကောင်းဆုံးအသုံးချဖို့လိုတယ်။ Phyo Paing @ Derek

ဒီနေ့ကို အကောင်းဆုံး
အသုံးချဖို့လိုတယ်။
Read More Âť

အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။

တန်ရဲ့လား။ အသက်ကြီးလာလို့လားမသိဘူးနောက်ပိုင်း တစ်ခုခုဆိုတန်ရဲ့လားစဥ်းစားမိတယ်။ တစ်ခုခုကို အာရုံစိုက်တော့မယ်။ငါအာရုံစိုက်ရမှာနဲ့ တန်ရဲ့လား။​ စိတ်ကသိကအောင့်ဖြစ်တော့မယ်။ငါဒီလိုခံစားရမှာနဲ့ တန်ရဲ့လား။​ တစ်ခုခုကို ခေါင်းစားရတော့မယ်။ငါ ခေါင်းစားဖို့တန်ရဲ့လား။​ အလုပ်အသစ်အခွင့်အလမ်းတွေလာပြောတယ်။ငါပေးရမည့် ငွေ၊ အချိန်၊ အာရုံနဲ့ပြန်ရမှာနဲ့ တန်ရဲ့လား။ ဒီတန်ရဲ့လားနဲ့ တွက်ချက်တတ်လာတော့ဘဝက ပိုပြီး အေးဆေးလာတယ်။ အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။ Phyo Paing @ Derek

အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။ Read More »

အလုပ်လုပ်တိုင်း မတိုးတက်ဘူး။

အလုပ်လုပ်တိုင်း မတိုးတက်ဘူး။အလုပ်လုပ်တတ်မှ တိုးတက်တာ။ Phyo Paing @ Derek

အလုပ်လုပ်တိုင်း မတိုးတက်ဘူး။ Read More »

ကိုယ်တိုင်က အသုံးဝင်နေဖို့
တိုးတက်နေဖို့လိုတယ်။

တခြားသူတွေကို တိုးတက်အောင်ကူညီပေးရင်းကိုယ်ကလဲ တိုးတက်နေဖို့လိုတယ်။ကိုယ်တိုင်က အသုံးဝင်နေဖို့တိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်တိုင်က အသုံးဝင်နေဖို့
တိုးတက်နေဖို့လိုတယ်။
Read More Âť

အသက်ရှင်ပြီး အသက်ဝင်ဖို့
ကိုယ့်အသက်မွေးမှုအလုပ်ကို
သေချာရွေးချယ်ဖို့လိုတယ်။

ကိုယ်မစဥ်းစားပဲမနေနိုင်အရာကိုအလုပ်အဖြစ်ပြောင်း။ကိုယ်ကမ္ဘာကို အခါ ၂၀ ပတ်ပြီးရင်တောင်ဆက်လုပ်နေမည့်အလုပ်တွေကိုလုပ်။ကိုယ်ငွေဘယ်လောက်ရှိရှိဆက်လုပ်နေမည့်အလုပ်တွေကိုလုပ်။​ ဘဝဆိုတာ တိုတိုလေးပဲ။အသက်ရှင်ပြီး အသက်ဝင်ဖို့ကိုယ့်အသက်မွေးမှုအလုပ်ကိုသေချာရွေးချယ်ဖို့လိုတယ်။ ဒီလိုရွေးချယ်နိုင်ဖို့အခြေခံအုတ်မြစ်ခိုင်မာအောင်အချိန်တစ်ခုပေး တည်ဆောက်ဖို့လိုတယ်။ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်ဖို့
ကိုယ့်အသက်မွေးမှုအလုပ်ကို
သေချာရွေးချယ်ဖို့လိုတယ်။
Read More Âť

အသက်ကြီးလာတာနဲ့အမျှ

အသက်ကြီးလာတာနဲ့အမျှကိုယ့်ကိုကိုယ်ဘယ်လိုစိတ်ချမ်းသာအောင်ထားရမလဲပိုပိုနားလည်လာတယ်။အဲ့ဒါအရေးကြီးတယ်မဟုတ်လား။ Phyo Paing @ Derek

အသက်ကြီးလာတာနဲ့အမျှ Read More »

မျက်စိလေးမှိတ်ပြီး ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတစ်ကိုစဉ်းစားကြည့်ကြည့်။ အဲ့ဒီအရာကို ပုံရိပ်အနေနဲ့ပုံဖော်ကြည့်၊ သူနဲ့တွဲစပ်နေတဲ့ခံစားချက်ကို ကြည့်ကြည့်။ ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘယ်လိုခံစားရသလဲ။ ဒီလိုပုံရိပ်တွေ၊ ခံစားချက်တွေကို အမြဲတွေးပေးတာက ကိုယ့်ဦးနှောက်ကိုလေ့ကျင့်ပေးတာပဲ။ ဒါကို visualization ပုံရိပ်ဖော်ခြင်းလို့ခေါ်တယ်။ အားကစားမှာလဲ စိတ်ပိုင်းဆိုင်ရာrehearsal လေ့ကျင့်မှုပြုလုပ်ခြင်းကစွမ်းဆောင်ရည်တိုးတက်စေတာကိုတွေ့ရတယ်။ Neuroscience အာရုံကြောသိပ္ပံအရNeural overlap လို့လဲခေါ်တယ်။ တကယ်လုပ်ဆောင်တာနဲ့စိတ်ကူးပုံဖော်တာနဲ့က တူညီတဲ့ဦးနှောက်အစိတ်အပိုင်းကိုသွားလှုံ့ဆော်တယ်။ စိတ်ကျရောဂါဖြစ်ရင်လဲ Cognitive Behavioral Therapy (CBT) မှာစိတ်ညစ်စေတဲ့ပုံရိပ်ကို ပိုခွန်အားဖြစ်စေတဲ့ပုံရိပ်အနေနဲ့ပြောင်းတဲ့Imagery rescripting နည်းစနစ်နဲ့လဲအသုံးပြုတယ်။ ဘဝမှာ ဦးနှောက်ကို အလေ့အကျင့်လုပ်နိုင်ရင်ဘဝကို အကြီးအကျယ်အပြောင်းအလဲလုပ်လို့ရတယ်။ တရားထိုင်တာ၊ အားရုံစူးစိုက်မှုကောင်းအောင်လုပ်တာ၊အနာဂတ်အတွက် စိတ်ကူးပုံဖော်တာ၊ ဒါတွေက ဘဝပြောင်းလဲရေးမှာ အရေးကြီးတယ်။ ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်တွေကို ပုံဖော်စိတ်ကူးခံစားကြည့်တာကလေ့ကျင့်မှုပြုလုပ်တာပဲ။ Phyo Paing @ Derek

Read More Âť

လူတွေကို အဓိက ကန့်သတ်ထားတဲ့အရာက
အတွေးအခေါ်ပဲ။

တစ်ခုခုဆို ဒါမဖြစ်နိုင်ဘူး၊မလုပ်နိုင်ဘူး၊ ငွေဆိုတာရှာရခက်တယ်၊ ဒါမျိုးက အတိတ်ဘဝကံမပါရင်မရဘူး။ဘဝပေးအခြေအနေမတူဘူး။ ကြီးကြီးကျယ်ကျယ်လျှောက်စဥ်းစားရအောင်ကိုယ့်ကိုကိုယ်ဘာများထင်နေလဲ။ စိတ်ကြီးဝင်နေတယ်။ ဒီလိုမျိုး အတွေးအခေါ်ပတ်ဝန်းကျင်မှာကြီးတယ်။ လူတွေကို အကြီးဆုံးချုပ်နှောင်ထားတဲ့လှောင်အိမ်ကြီးက အတွေးအခေါ်လှောင်အိမ်ကြီးပဲ။ အထက်ကတွေးတဲ့ ရှားပါးတယ်။စိုးရိမ်စိတ်၊ ကြောက်စိတ်ကို scarcity mindset လို့ခေါ်တယ်။ ဒီအတွေးအခေါ်မှာ မှန်တဲ့အရာတွေရှိနိုင်ပေမယ့်လူတစ်ယောက်ရဲ့ဘဝအထက်တက်နိုင်ခြေတော်တော်များများကို ရိုက်ချိုးထားတတ်တယ်။ Strategic upside တိုးတက်ပြောင်းလဲနိုင်ဖို့များများစားစားမရှိဘူး။ ဘဝရဲ့ပထမဆုံးရုန်းထွက်လာရတဲ့လှောင်အိမ်ကအဲ့ဒီ မွဲစိတ် scarcity mindset လှောင်အိမ်ပဲ။ ငါလိုချင်တာ ဖြစ်အောင်လုပ်လို့ရတယ်။ ကိုယ်လိုချင်တဲ့ အချစ်မျိုးရနိုင်တယ်။ကိုယ်လိုချင်တဲ့ အလုပ်မျိုးနဲ့အသက်မွေးလို့ရနိုင်တယ်။ ကိုယ်နေချင်တဲ့နေရာမှာ နေလို့ရနိုင်တယ်။သွားချင်တဲ့နေရာတိုင်း သွားလို့ရနိုင်တယ်။သင်ချင်တဲ့အရာတိုင်းကို သင်ယူလို့ရနိုင်တယ်။ ပိုင်ဆိုင်ချင်တဲ့အရာတိုင်း စိတ်ရှည်ရှည်နဲ့သေချာကြံဆ လုပ်ဆောင်နိုင်ရင်ရနိုင်တယ်။ ဒါကိုလုံးဝယုံကြည်ထားတယ်။ ဒီလိုစဥ်းစားတာကိုတော့ abundance mindset လို့ခေါ်တယ်။ မှန်တယ်၊ မှားတယ်ဆိုတာတော့မရှိပါဘူး။ ခံစစ်နဲ့ဘဝ ဂိုးသွင်းမခံရအောင်နေချင်ရင်scarcity mindset မွဲစိတ်နဲ့အသက်ရှင်။ တိုက်စစ်နဲ့ဘဝကို တည်ဆောက်ချင်ရင်abundance mindset

လူတွေကို အဓိက ကန့်သတ်ထားတဲ့အရာက
အတွေးအခေါ်ပဲ။
Read More Âť

“မပြိုင်ဘဲ နိုင်အောင်လုပ်ပါ”
ဒီအတွေးအခေါ်လိုပဲ။

တခြားတစ်ယောက်နဲ့ တိုက်ရိုက်ပြိုင်ရအောင် ကိုယ့်ရည်မှန်းချက်က အဲ့လောက် မနိမ့်ဘူး။ ဒါကတော့ ကျွန်တော်စဥ်းစားတဲ့ပုံစံတစ်ခုပေါ့။ ဘာကြောင့်လဲဆိုတော့ကျောင်းတုန်းက အဆင့် ၁ ပြိုင်ပြီးအဆင့် ၁ ရခဲ့တဲ့သူတွေအခုဘယ်ရောက်သွားပြီလဲ။ အလုပ်ခွင်တုန်းက ရာထူးတိုးဖို့ စကားတွေဟိုပို့ဒီပို့ရုံးတွင်းပါဝါပြိုင်တဲ့သူတွေဘယ်ရောက်သွားပြီလဲ။ ဆိုင်ဖွင့်တုန်းက အမြဲကိုယ့်ဆိုင်လာစျေးမေးပြီးပြိုင်တဲ့သူတွေ ဘယ်ရောက်သွားပြီလဲ။ ကိုယ်ဖွင့်နာမည်ပေးခဲ့တဲ့ဒီပလိုမာပုံစံမျိုးကိုပဲနာမည်တူလိုက်ပေးပြီးတူယောင်လိုက်ကူးတဲ့သူတွေဘယ်ရောက်သွားပြီလဲ။ ကိုယ့်သင်တန်းအပေါ်မှာကိုယ်ဖွင့်တဲ့သင်တန်းနဲ့တစ်ပုံစံထဲကသင်တန်းကြေး တစ်ဝက်နဲ့သင်တဲ့ကျောင်းတွေဘယ်ရောက်သွားပြီလဲ။ ကိုယ်တင်တဲ့ ပိုစ့်တိုင်းကိုပေ့နောက်တစ်ခုထောင်အကုန်လိုက်ကူးတဲ့ ပေ့တွေဘယ်ရောက်သွားပြီလဲ။ အဲ့လိုမျိုးပဲ စဥ်းစားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ “မပြိုင်ဘဲ နိုင်အောင်လုပ်ပါ” ဒီအတွေးအခေါ်လိုပဲ။ လူတိုင်းသွားနေတဲ့လမ်းကြောင်းတွေမတူကြဘူး။ ကိုယ်ဖြစ်ချင်တာနဲ့ တခြားသူဖြစ်ချင်တာမတူဘူး။ ကိုယ်သွားတဲ့လမ်းမှာ ကိုယ့်မဟာဗျူဟာရေရှည်ရည်မှန်းချက်ပန်းတိုင်နဲ့ကိုယ်ပဲ။ တခြားသူတစ်ယောက်နဲ့တိုက်ရိုက်ပြိုင်ရအောင်ကိုယ့်ရည်မှန်းချက်က အဲ့လောက်မနိမ့်ဘူး။ ဒါကြောင့် မပြိုင်ဘဲနိုင်အောင်လုပ်ပါဒီအတွေးအခေါ်ကို လက်ကိုင်ထားမိတယ်။ Phyo Paing @ Derek

“မပြိုင်ဘဲ နိုင်အောင်လုပ်ပါ”
ဒီအတွေးအခေါ်လိုပဲ။
Read More Âť

ဒီလိုကြုံဖူးလား။

ဒီလိုကြုံဖူးလား။ငါအခုပဲ ဒါစဥ်းစားနေတာဒီစာက Facebook ကနေကိုယ့်ရှေ့ရောက်လာတာမျိုး။ မတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်ကိုစဥ်းစားနေတုန်း၊သူ့ဆီက မက်ဆေ့ဝင်လာတာမျိုး။တခါတလေ အိပ်မက်မက်တဲ့အတိုင်းအပြင်မှာဖြစ်နေသလိုမျိုး။ ထူးခြားတဲ့တိုက်ဆိုင်မှုပေါ့။စိတ်ပညာရှင်ကြီး Carl Jung ကာယွန်းကဒါကို Synchronicity စန်ခရိုနီစတီလို့ခေါ်တယ်။ လူတွေရဲ့ စိတ်အတွင်းကမ္ဘာနဲ့ရုပ်ဝတ္ထုအပြင်ကမ္ဘာက ချိပ်ဆက်နေတယ်။လူတွေရဲ့သဘောတရားကပက်တန် pattern တွေကို အဓိပ္ပာယ်ဖွင့်တဲ့သတ္တဝါဖြစ်တဲ့အတွက်တခြားကိုယ့်ပက်တန်ထဲမဝင်တဲ့အရာတွေကိုကျော်သွားတတ်တယ်။ လူတွေအကုန်လုံးရဲ့အခြေခံအားလုံးကိုချိပ်ဆက်ပေးနေတဲ့Unus Mundus – The One ဆိုတာရှိတယ်လို့Carl Jung က ဆိုတယ်။ဥပမာ အပေါ်ယံမှာတွေ့နေရတဲ့သမုဒ္ဒရာရေလိုင်းတစ်ခုချင်းစီအောက်မှာသမုဒ္ဒရာရေကြီးရှိတယ်။အကုန်လုံးက တစ်ခုတည်းကလာတယ်။ချိပ်ဆက်နေတယ်။ တိုက်ဆိုင်မှု coincidence မှာကဘာတစ်ကိုယ်ရည်ခံစားချက်မှမရှိဘူး။ဖြစ်တော့မယ်ဆိုတာ အလိုလိုသိနေတာဒါက Intuition ဖြစ်ပြီးငါတွေးလိုက်မိသလိုအဓိပ္ပာယ်ရှိရှိဖြစ်လာတာမျိုးဒါကို Synchronicity လို့ခေါ်တယ်။ ကိုယ့်ဘဝမှာ အဓိပ္ပာယ်အရမ်းရှိတဲ့အချိန်တွေကြုံဖူးလိမ့်မယ်။ ဥပမာကျွန်တော့်ဘဝမှာဆိုလူတစ်ယောက်နဲ့တွေ့ပြီး၂၀၁၅ August တုန်းကတစ်ခါ၂၀၂၁ နှစ်ကုန်မှာတစ်ခါအချိန်တွေကိုခဏလောက်ရပ်တန့်ချင်စိတ်ဖြစ်တယ်။ဒီလိုဖြစ်တိုင်း ဘဝက ပြန်လည်စတင်restart လုပ်ပြီး ပိုကောင်းဖို့ဖြစ်လာမည့် အချိန်မျိုး။အဲ့လိုပဲ ကားမောင်းနေရင်းနဲ့မီးပွိုင့်စောင့်နေတုန်းမှာငါလမ်းသစ်ပြန်စရတော့မယ်ဆိုတဲ့ခံစားချက်နဲ့ထူးထူးခြားခြား ဒါလေးလုပ်ဖို့လိုတယ်ဆိုတဲ့အတွေးရောက်ရောက်လာတယ်။အဲ့ဒါတွေထလုပ်တိုင်းဘဝက နောက်တစ်ဆင့်ရောက်ရောက်သွားတယ်။​ ဘဝရဲ့အဓိပ္ပာယ်ရှိတဲ့တိုက်ဆိုင်မှုတွေကိုသိဖို့ကိုယ့်ရဲ့အသိ

ဒီလိုကြုံဖူးလား။ Read More »