November 2025

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။

ပေးတာက ကံယူနိုင်တာက ဥာဏ်။ကံဘယ်လောက်ရှိရှိဥာဏ်မရှိရင်ပေးလိုက်တာကိုယူနိုင်မှာ မဟုတ်ဘူး။ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ ရွှေသီးတဲ့ မြေကြီးပေါ်နေလဲဥာဏ်မရှိရင် တူးပြီးသန့်စင်တတ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ Read More »

စီးပွါးရေးလုပ်နည်းထက်
လူလုပ်နည်းပိုအရေးကြီးတယ်

အောင်မြင်တဲ့သူတွေကသူတို့အရမ်းတော်လို့တစ်ခုတည်းမဟုတ်ဘူး။သူတို့ကို ဘေးက ကူညီပေးချင်တဲ့သူတွေရှိလို့။အထောက်အပံ့ပေါ့။ဒါကြောင့် ပေါင်းသင်းတတ်ဖို့၊ပြောဆိုတတ်ဖို့၊လူလုပ်နည်းတတ်ဖို့ အရေးကြီးတယ်။ဟောင်ကောင်သူဌေးကြီးလီကာရှင်းက“စီးပွါးရေးလုပ်နည်းထက်လူလုပ်နည်းပိုအရေးကြီးတယ်” တဲ့။做人比做事重要 တဲ့။ Phyo Paing @ Derek

စီးပွါးရေးလုပ်နည်းထက်
လူလုပ်နည်းပိုအရေးကြီးတယ်
Read More »

ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။

အတိတ်ကံကကျင်လည်ရမည့် ပတ်ဝန်းကျင်ကိုသတ်မှတ်ပေးတယ်။ ပစ္စုပ္ပန်ကံကဒီပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်မလဲသတ်မှတ်ပေးတယ်။ လက်ရှိရဲ့ ပစ္စုပ္ပန်က ခဏနေရင် အတိတ်ဖြစ်တယ်။ ဒီတော့ ပစ္စုပ္ပန်ရဲ့ ရွေးချယ်မှုတိုင်းက အတိတ်ကံဖြစ်သွားတယ်။ လူတွေရဲ့ဘဝတွေကွာတာ ပစ္စုပ္ပန်ရွေးချယ်မှုတွေ ကွာလို့ဖြစ်တယ်။ ဘာကို အာရုံစိုက်မယ်။ဘယ်လိုတွေးမယ်။ဘယ်သူနဲ့တွေ့မယ်။ဘယ်အချိန်မှာဘယ်အရာကို လုပ်ဆောင်မယ်။ ဒီရွေးချယ်မှုတွေကြောင့် ဘဝတွေ ကွာသွားကြတယ်။ တော်တဲ့သူတွေနဲ့ တွေ့ဖန်များရင်တော်လာဖို့ အလားအလာများတယ်။ဘူကောင်တွေနဲ့ တွေ့ဖန်များတဲ့အခါဘူလာဖို့ အလားအလာများတယ်။ အတိတ်ကံကောင်းဖို့ပစ္စုပ္ပန်ကံသုံးပါးကာယကံဝဇီကံမနောကံကို ဂရုပြုဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။
Read More »

အာရုံတွေ လာမနောက်ပါနဲ့။

“အ” သုံးလုံးတွေကွာလို့ ဘဝတွေ ကွာကြတယ်။ အာရုံပြုတဲ့အရာပေါ်မူတည်ပြီးအတွေးဖြစ်တယ်။ အတွေးပေေါ်မူတည်ပြီး အလုပ်ဖြစ်တယ်။ လုပ်ရပ်ပေါ်မူတည်ပြီးရလဒ်တွေကွာတယ်။ အာရုံ၊ အတွေး၊ အလုပ်ဒီ “အ” သုံးလုံးကြောင့်ဘဝတွေ ကွာသွားတယ်။ Phyo Paing @ Derek

အာရုံတွေ လာမနောက်ပါနဲ့။ Read More »

ဓမ္မရေအေး Dhamma လိုတယ်။

ဘဝကို ဒရာမာ Drama နဲ့ဖြတ်သန်းလို့ဝရင် ဓမ္မ Dhamma နဲ့ဖြတ်သန်း။ ဒရာမာ Drama များရင်ထရာမာ Trauma များတယ်။ ဒဏ်ရာတွေကို ကုစားဖို့ဓမ္မရေအေး Dhamma လိုတယ်။ Phyo Paing @ Derek

ဓမ္မရေအေး Dhamma လိုတယ်။ Read More »

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။

Risk အန္တရာယ်ကို မြင်တဲ့ကျွန်တော့်အမြင်လေး နည်းနည်းပြောကြည့်မယ်။ လုပ်သင့်တဲ့အချိန် လုပ်သင့်တဲ့အရာမလုပ်လိုက်မိတာက အန္တရာယ်ပဲ။ မလုပ်သင့်တဲ့အချိန် မလုပ်သင့်တဲ့အရာကို လုပ်လိုက်မိတာကလဲ အန္တရာယ်။ မထင်မှတ်ထားတဲ့အရာက မထင်မှတ်ထားတဲ့နေရာကမထင်မှတ်ထားသလို ဖြစ်လာတာကလဲအန္တရာယ်။ အန္တရာယ်ဆိုတာ ကိုယ်သတိမထားမိမပြင်ဆင်လိုက်လို့ ကြိုတင် မလုပ်ဆောင်မိလို့ဖြစ်လာတဲ့အရာ။ လူမှုကွန်ယက် social media ခေတ်မှာသူ့ကို လုပ်ငန်းအတွက် သုံးလိုက်တာကမသုံးလိုက်တာထက် အန္တရာယ်ပိုနည်းတယ်။ အလားတူပဲ အနာဂတ်မှာအန္တရာယ်တွေ အများကြီးရှိတယ်။ပထမတစ်ခုက ငွေကြေး၊ ဒုတိယတစ်ခုက နည်းပညာ။ ငွေကြေးအနေနဲ့ကြည့်မယ်ဆို ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ နိုင်ငံသားတိုင်းအတွက် အခွန်တစ်ခုပဲ။ သွယ်ဝိုက်ပြီးပေးနေရတဲ့ အခွန်။ နိုင်ငံကြီးတွေအတွက် ငွေကြေးဆိုတာ ထုတ်ကုန်၊ ပို့ကုန်တစ်ခုဖြစ်လာနေတယ်။ ကမ္ဘာကြီးက အမေရိကန်ဦးဆောင်တဲ့နောက်လိုက်ရတယ်။ခုနောက်ပိုင်း တရုတ်ကနည်းနည်းနေရာရလာတော့ဒေါက်ဖြုတ်တဲ့အချိန်။ အမေရိကန်ရဲ့အကြွေးက $38 trillion ရှိတယ်။တစ်ပတ်ကို $50 billion ချေးနေရတယ်လို့ဆိုတယ်။ အမေရိကန်အစိုးရက တစ်နှစ်အသုံးစရိတ် ဒီနှစ် ၂၀၂၅

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။
Read More »

တတ်တိုင်းလဲမတော်ဘူး။

ပညာရှိက စိတ်ချမ်းသာတယ်။ လူတော်က သူလိုချင်တာရအောင်ယူနိုင်တယ်။ လူကောင်းက သူတပါးထိခိုက်တာမလုပ်ဘူး။ လူတတ်က ပညာရပ်တစ်ခုကို ကျွမ်းကျင်တယ်။ ပညာတတ်ဆိုတာ ပညာတစ်ခုကို တတ်ကျွမ်းတာ။ပညာတတ်တိုင်း မချမ်းသာဘူး။ လူကောင်းတိုင်းလဲ လိုချင်တာမရဘူး။ လူတော်တိုင်း လိုချင်တာရလဲ မပျော်ဘူး။ ပညာရှိဖို့က ဥာဏ်ပညာလိုတယ်။ Graphic design လုပ်တတ်တာ၊ Video editing လုပ်တတ်တာ၊ Ads run တတ်တာ၊ Content ရေးတတ်တာဒါက လူတတ်။ တတ်တိုင်းလဲမတော်ဘူး။ လုပ်တတ်တိုင်း လိုချင်တာရအောင်တော်ချင်မှ တော်တာ။ တော်တဲ့သူတိုင်းကလဲ သမ္မာအာဇီဝကျကျလုပ်ဆောင်တဲ့လူကောင်းဖြစ်ချင်မှဖြစ်မှာ။ လူကောင်းဖြစ်ရင်လဲ ဂိမ်းရဲ့သဘောတရားအကုန်လုံးကို မြင်နိုင်တဲ့ ဥာဏ်ပညာရှိချင်မှရှိမှာ။ Phyo Paing @ Derek

တတ်တိုင်းလဲမတော်ဘူး။ Read More »

ပိုပေးဖို့ ကြိုးစားကြည့်ပါ။

Relationship တစ်ခု အဆင်ပြေချင်ရင်ကိုယ့်ဖက်က ပိုပေး။ အမြဲပိုယူချင်တဲ့အခါဘယ် relationship မှရေရှည်အဆင်မပြေနိုင်ဘူး။ သမီးရည်းစားဖြစ်ဖြစ်၊ မိသားစု၊ အလုပ်ရှင်နဲ့ ဝန်ထမ်း၊ လုပ်ငန်းနဲ့ ဖောက်သည်၊ စီးပွါးရေး ပါတနာအချင်းချင်း။ ပိုပေးဖို့ ကြိုးစားကြည့်ပါ။ ပိုပေးလို့ အဆင်မပြေရင်ပြောင်းနိုင်ရင်ပြောင်း၊ မပြောင်းနိုင်ရင် သည်းခံပေါင်း။ Phyo Paing @ Derek

ပိုပေးဖို့ ကြိုးစားကြည့်ပါ။ Read More »

ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့
ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။

အောက်ကြေးပဲ နှိုက်တတ်သူကလဲအောက်ကြေးထုတ်ကုန်ပဲရောင်းရတတ်တယ်။တန်ဖိုးမြင့် စျေးကြီးထုတ်ကုန်ကိုလူကုံထံတွေကို ဘယ်လိုရောင်းရမလဲနားလည်သဘောပေါက်ဖို့ ခက်တတ်တယ်။ အလကားပဲရချင်သူကအဲ့လိုလူတွေနဲ့ ပြန်ပြန်ကြုံဆုံရတတ်တယ်။ ဘဝမှာ တန်ရာတန်ကြေးပေးတတ်ဖို့လိုတယ်။ အချောင်လိုစိတ် ဖျောက်တတ်ဖို့လိုတယ်။ ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။ လူတစ်ယောက်က ဥာဏ်အရမ်းကောင်းလို့ရတယ်။ဥာဏ်မြင့်ပြီး စိတ်ဓာတ်မမြင့်ရင်လဲ အမြင့်မရောက်ဘူး။ Phyo Paing @ Derek

ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့
ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။
Read More »

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတယ်ဆိုတာ
ဗုဒ္ဓဘာသာကို ကိုးကွယ်လို့မဟုတ်ဘူး။

မဆင်းရဲချင်ရင် ဗုဒ္ဓစကားကို သေချာနားလည်အောင်လုပ်။ ဘဝရဲ့ အရည်အသွေးက ကိုယ့် စိတ်နဲ့ ခန္ဓာရဲ့အရည်အသွေးပဲ။ ကိုယ့်စိတ်ရဲ့ အရည်အသွေးက ကိုယ့်စိတ်အပေါ်လွမ်းမိုးနေတဲ့စေတသိတ် တွေရဲ့ အရည်အသွေးပဲ။ စိတ်က ရေသန့်ဆိုရင်စေတသိတ်က ဆား၊ သကြား၊ ဆီဒီလို အတူယှဥ်တွဲတဲ့အရာ။ စေတသိတ်ရဲ့ အရည်အသွေးက နှလုံးသွင်းမှု မနသိကာရ ရဲ့အရည်အသွေးပဲ။ ဥပမာ သူတို့က ငါတို့ထက် ပိုတော်နေလို့ အောင်မြင်တာပဲ။ ငါတို့က ရှုံးပြီ။ ဒါဟာ ငါ့ရဲ့ ကျရှုံးမှု ကို ပြသနေတာပဲ။ဣဿာ (မနာလိုမှု)၊ မာန၊ ဒေါသ ဖြစ်ပြီး ရလဒ် အနေနဲ့စိတ်ဓာတ်ကျ၊ ဖိစီးမှုများ၊ အလုပ်ကို အကောင်းဆုံး မလုပ်နိုင်ပြိုင်ဘက်ကို အနိုင်ယူရေး ကိုပဲ အဓိကထားပူလောင်နေမယ်။ဒါက အယောနိသော မနသိကာရ ကောင်းစွာ နှလုံးမသွင်းနိုင်လို့။ ဒါမှမဟုတ် ဒီအောင်မြင်မှုဟာ

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတယ်ဆိုတာ
ဗုဒ္ဓဘာသာကို ကိုးကွယ်လို့မဟုတ်ဘူး။
Read More »