November 2025

ဘာပေါ်မူတည်လဲဆို “ဥာဏ်”ပေါ်မူတည်တယ်။

ပညာရှာတဲ့သူတိုင်းလဲ ပညာမရသွားဘူး။ငွေရှာတဲ့သူတိုင်းလဲ ငွေရမသွားဘူး။တရားရှာတဲ့သူတိုင်းလဲ တရားမရသွားဘူး။ ဥာဏ်ဆိုတာ“အမှားနဲ့ အမှန်၊အကျိုးနဲ့ အပြစ်ကို ခွဲခြားသိမြင်နိုင်စွမ်း”။ ပညာသင်ပေမယ့် ပညာဥာဏ်မပါလာရင်ပညာတတ်မှာမဟုတ်ဘူး။ငွေရှာတဲ့ဥာဏ်ပါမလာရင်အကောင်ပြလဲ အရိပ်မြင်ဖို့မလွယ်ဘူး။ဓမ္မနဲ့တွေ့ပေမယ့်ဓမ္မကိုနားလည်နိုင်တဲ့ဥာဏ်မပါလာရင်နှလုံးသွင်းနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဥာဏ်မြင့်ဖို့နေ့စဉ် ပါရမီဖြည့်ဖို့လိုတယ်။ Phyo Paing @ Derek

ဘာပေါ်မူတည်လဲဆို “ဥာဏ်”ပေါ်မူတည်တယ်။ Read More »

သာမန်တက္ကသိုလ်နဲ့ကျောင်းအများစုကဘွဲ့ရချင်လို့ လာတက်ကြတာများတယ်။

တော်တဲ့သူတွေနားရောက်ဖို့ထိပ်တန်းတက္ကသိုလ်တွေရောက်ရင်လဲတော်တဲ့သူတွေနဲ့ တွေ့ရတယ်။ ဒါကြောင့် တက္ကသိုလ်တက်တဲ့သူတိုင်းကဘဝပြောင်းလဲသွားတာမဟုတ်ဘူး။ကမ္ဘာ့၊ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တက်တဲ့သူတွေပဲအပြောင်းအလဲဖြစ်သွားတာများတယ်။ တချို့က တက္ကသိုလ်ကြောင့်မဟုတ်ဘဲဆရာကြောင့် အပြောင်းအလဲဖြစ်သွားတာများတယ်။ဥပမာ ဝါရင်ဘဖက်ဆိုရင်သူ့ဆရာ ဘန်ဂျမင် ဂရေဟန်ဆီကValue investing အတွေးအခေါ်တွေသင်ခဲ့တယ်။ ပညာရပ်တစ်ခုကို တကယ်ရူးသွပ်လို့၊လေ့လာချင်လို့၊ကိုယ့်လိုလူတွေနဲ့ထိတွေ့ဆွေးနွေးဖို့အဲ့လိုလူတွေနည်းတယ်။ ဒါကြောင့် အပြောင်းအလဲလုပ်နိုင်တဲ့သူအများစုက ကမ္ဘာ့ထိပ်တန်း၊နိုင်ငံထိပ်တန်းတက္ကသိုလ်ကလူတွေပိုများကြတာကိုတွေ့လိမ့်မယ်။ အပြောင်းအလဲလုပ်ချင်ရင်Commercial တက္ကသိုလ်တွေအစားအချိန်ပေးနိုင်ရင် ထိပ်တန်းတက္ကသိုလ်တွေဝင်အောင်လုပ်၊ဒါမှမဟုတ် ကိုယ်လေ့လာချင်တဲ့နယ်ပယ်ကဆရာကျတဲ့သူတွေကို follow လုပ်၊သူတို့ဆီကလေ့လာ။ Phyo Paing @ Derek

သာမန်တက္ကသိုလ်နဲ့ကျောင်းအများစုကဘွဲ့ရချင်လို့ လာတက်ကြတာများတယ်။ Read More »

ဘဝရဲ့လွတ်လပ်မှုရချင်ရင်အင်တာနက်က ငွေရှာ။

အင်တာနက်က ငွေရှာတတ်လာရင်ဘယ်နေရာမှာ နေနေနေလို့ရတဲ့ location independent ရမယ်။ အင်တာနက်က ငွေရှာဖို့အင်တာနက် မားကတ်တင်းနဲ့အင်တာနက် စီးပွါးရေးကိုလေ့လာ။ အင်တာနက်က ငွေမရှာဘဲလာဖို့အင်တာနက်အသုံးပြုလုပ်ငန်းနဲ့ လူ အမှတ်တံဆိပ်တည်ဆောက်နည်းပညာကို လေ့လာ။ Phyo Paing @ Derek

ဘဝရဲ့လွတ်လပ်မှုရချင်ရင်အင်တာနက်က ငွေရှာ။ Read More »

ဒီတစ်ခုကိုပြောင်းတာနဲ့ဘဝကြီးတစ်ခုလုံးပေါင်းတယ်။

ဒါကတော့ တခြားမဟုတ်ဘူး။ပစ္စုပ္ပန်ပဲ။ ပစ္စုပ္ပန်မှာ အသိ၊ သတိကိုတစ်နေရာထဲအာရုံစိုက်သမာဓိနဲ့ပညာပေါ်မူတည်ပြီးမှန်ကန်တဲ့အတွေး၊ အကြံ၊ အလုပ်လုပ်ရင်ဘဝကြီးက မပေါင်းလဲစရာမရှိဘူး။ အတိတ်ကိုလဲ အစိုးမရဘူး။အနာဂတ်ကိုလဲ အစိုးမရဘူး။လူတွေအစိုးရတာ ပစ္စုပ္ပန်။အခု။ Phyo Paing @ Derek

ဒီတစ်ခုကိုပြောင်းတာနဲ့ဘဝကြီးတစ်ခုလုံးပေါင်းတယ်။ Read More »

တိုးတက်တဲ့သူတွေနားနေရင်ဘာကြောင့် တိုးတက်ဖို့အလားအလာပိုများသလဲ။

၂၄ ပစ္စည်းမှာ အာရမ္မဏပစ္စယောဆိုတဲ့အဓိပ္ပာယ်အာရုံဖြင့်အကျိုးပြုခြင်းလို့အဓိပ္ပာယ်ရတယ်။ မျက်စိကပုံကို မြင်မှ၊နားကအသံကို ကြားမှ၊တွေးစရာအတွေးတစ်ခုရှိမှစိတ်ဆိုတာဖြစ်ပေါ်တယ်။ ကိုယ်ကဆင်းရဲခြင်း၊​အမှိုက်တွေ၊အပြစ်တွေနဲ့ မကျေနပ်ချက်တွေ၊ဘူအတွေးအခေါ်တွေနဲ့ပဲအာရုံနဲ့ ထိတွေ့ခွင့်ပေးရင်စိတ်ကလဲ ညစ်ညမ်းနေမှာပဲ။​ ကိုယ်နေ့စဉ်ကြည့်တဲ့အရာတွေ၊နားထောင်တဲ့စကားတွေ၊တွေးတဲ့အတွေးတွေဟာဘဝအတွက် အင်မတန်အရေးကြီးတယ်။ ဒါကြောင့် ဘဝအတွက်အထောက်အပံ့မဖြစ်တဲ့လူတွေ၊ စကားတွေ၊ စာတွေ၊အတွေးတွေ အကုန်ရှောင်ခြင်းကသံသရာအတွက်ကောင်းသောပါရမီဖြည့်ခြင်းတစ်မျိုးပဲ။ Phyo Paing @ Derek

တိုးတက်တဲ့သူတွေနားနေရင်ဘာကြောင့် တိုးတက်ဖို့အလားအလာပိုများသလဲ။ Read More »

ဘဝရဲ့ operation system

စိတ်အေးချမ်းချင်ရင်ဗုဒ္ဓစကားနားထောင်ပါ။​ လူအများစုက ဘဝမှာနေထိုင်မှုဘဝရဲ့ operation systemရေရေရာရာမရှိကြဘူး။ ဗုဒ္ဓက ဘဝကိုဖြတ်သန်းဖို့operation system တစ်ခုပေးခဲ့တယ်။ဒါပေမယ့် အများစုကဒီ operation system ကိုအသုံးမချနိုင်ဘူး။ ဗုဒ္ဓက ဘဝကို မဂ္ဂင်ရှင်းပါးနဲ့ဖြတ်သန်းဖို့နည်းပေးလမ်းပြခဲ့တယ်။ပထမတစ်ပါးကျင့်သုံးနိုင်ရင်ကိုဘဝကြီးက တော်တော်ကောင်းမွန်လာမယ်။ ဒါကတော့ “မှန်ကန်တဲ့အမြင်”။သမ္မာဒိဋ္ဌိ ပဲ။ ငွေရေးကြေးရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်ငွေရေးကြေးရေးအရအမြဲတိုင်ပတ်မယ်။ အချစ်ရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်အချစ်ရေးမှာ အမြဲတိုင်ပတ်မယ်။ လူမှုရေးမှာ မှန်ကန်တဲ့အမြင်မရှိရင်လူမှုရေးမှာ အမြဲတိုင်ပတ်မယ်။ စီးပွါးရေးမှာ မှန်ကန်တဲ့အမြင်မထားနိုင်ရင်စီးပွါးရေးလုပ်တိုင်းတိုင်ပတ်မယ်။ ဘဝမှာ မှန်ကန်တဲ့အမြင်မရှိရင်ဘဝဖြတ်သန်းမှုမှာ အမြဲတိုင်ပတ်မယ်။​ သံသရာကလွတ်မြောက်ဖို့မှန်ကန်တဲ့အမြင်လိုသလို၊သံသရာထဲဖြတ်သန်းဖို့လဲမှန်ကန်တဲ့အမြင်လိုတယ်။ Phyo Paing @ Derek

ဘဝရဲ့ operation system Read More »

လုပ်ချင်တာလုပ်ပြီးရချင်တာရနေတဲ့ဘဝဖြစ်ဖို့

မလုပ်ချင်တာလုပ်ပြီးရချင်တာရလာဖို့အထောက်အပံ့ကာလတည်ဆောက်ရတယ်။အခုရေတွင်းတူးအခုရေကြည်သောက်ဖို့ဆိုတာရာခိုင်နှုန်းနည်းတယ်။ Phyo Paing @ Derek

လုပ်ချင်တာလုပ်ပြီးရချင်တာရနေတဲ့ဘဝဖြစ်ဖို့ Read More »

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။

ဒါကြောင့် ခံစားချက်များတဲ့သူတွေနဲ့အလုပ်လုပ်ဖို့ကို တတ်နိုင်သမျှရှောင်တယ်။ပုံပြင်ပေါင်းများစွာနဲ့။ ကိုယ်ပျော်ပျော်မပျော်ပျော်ထမင်းစားဖို့ အလုပ်ကလုပ်ရအုံးမှာပဲ။ပိုက်ဆံတွေအရမ်းချမ်းသာနေရင်တော့မပြောတတ်ဘူး။ ပျော်ပျော်မပျော်ပျော်customer serviceဖောက်သည်ဝန်ဆောင်မှုလုပ်ရင်တော့ပြုံးပြ စကားပြောချိုသာရမှာပဲ။ကိုယ်က ဒီအလုပ်အတွက်ပိုက်ဆံယူထားတာမဟုတ်လား။ ခံစားချက်များတဲ့သူတွေကအမြဲ play ခံနေရမှာ။မီဒီယာက ပလေးသွားလိုက်၊ဒုက္ခပေး၊ ထိန်းချုပ်ချင်သူကပလေးသွားလိုက်နဲ့။ ခံစားချက်တွေ ဘေးဖယ်ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။ Read More »

အမှားလုပ်ချင် လူတိုင်းစကားနားထောင်။

၂၀၁၃ မှာ အစ်မတစ်ယောက်ကဖြိုးပိုင် နင်တစ်ရက်တစ်ရက်Facebook မှာ တင်နိုင်တယ်နော်တဲ့။ဘာတွေ လျှောက်တင်လဲမသိဘူးတဲ့MBA အတန်းမှာ။ ၂၀၁၆ ဂျန်နဝါရီလကျတော့ဖြိုးပိုင်နင့်သင်တန်းကျောင်းကဖွင့်တာမှ ခြောက်လပဲရှိသေးတယ်ကျောင်းသား ၅၀၀ ကျော်ဆိုတော့ကံကောင်းတယ်နော်တဲ့။ အခုကျတော့ကိုယ်တိုင်အေအိုင်လုပ်ဖို့လွယ်လားတဲ့။ အစ်မကြီး ဒါ ဆယ်နှစ်ကျော်ရေးထားတဲ့စာနဲ့ကိုယ့် model မော်ဒယ်ကို train ထားတာလို့။ ကျွန်တော်တို့ ဖြစ်ချင်တာတွေမတူဘူး။အနာဂတ်အမြင်တွေ မတူဘူး။​မဟာဗျူဟာတွေမတူဘူး။​ အရေးအကြီးဆုံးကကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။ တခြားသူတစ်ယောက် လုပ်နေတဲ့ကိုယ့်အတွက် အဓိပ္ပာယ်မရှိတဲ့အရာကသူ့အတွက် တည်ဆောက်နေတဲ့Puzzle ထဲက တစ်စိတ်တစ်ပိုင်းလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

အမှားလုပ်ချင် လူတိုင်းစကားနားထောင်။ Read More »

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။

ပေးတာက ကံယူနိုင်တာက ဥာဏ်။ကံဘယ်လောက်ရှိရှိဥာဏ်မရှိရင်ပေးလိုက်တာကိုယူနိုင်မှာ မဟုတ်ဘူး။ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ ရွှေသီးတဲ့ မြေကြီးပေါ်နေလဲဥာဏ်မရှိရင် တူးပြီးသန့်စင်တတ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ Read More »